ထိုင်းနိုင်ငံတွင် တံတားပေါ်မှ ခုန်ချရန်ကြံစည်ခဲ့သည့် ဘားအံမြို့မှအမျိုးသားအား နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် မြန်မာသံရုံးစီစဉ်နေ

1527

ယွန်း (NP News) - နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံတွင် တံတားပေါ်မှ ခုန်ချရန်ကြံစည်ခဲ့သည့် ဘားအံမြို့မှအမျိုးသားအား နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း မြန်မာသံရုံး (ဘန်ကောက်)မှ အသိပေးထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံရှိ မြန်မာသံရုံး(ဘန်ကောက်)မှ ယနေ့(နိုဝင်ဘာလ ၂၆ရက်) နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၁၃)ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလမ်ကောင်း(၉) လမ်းရှိ တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချရန် ကြံစည်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ဘားအံမြို့၊ တောင်ကလေးကျေးရွာတွင် နေထိုင်သူ ကိုအဒီး(၃၆)နှစ်ဖြစ်ပြီး ပွဲစားနှင့်အတူ ဘန်ကောက်မြို့သို့ အောက်တိုဘာလကုန်ရက်တွင် ရောက်ရှိလာကာ ပွဲစားမှ၎င်းအားထားခဲ့ပြီး ရှောင်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာသံရုံး ဘန်ကောက်မြို့မှ သိရသည်။
ဘာသာစကားမပြောတတ်ခြင်း၊ အလုပ်ရှာ၍မရခြင်းနှင့် နေထိုင်စားသောက်မှုခက်ခဲခြင်းတို့ကြောင့် စိတ်ကျရောဂါရရှိကာ ကိုအဒီးသည် တံတားပေါ်မှ ခုန်ချရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအား ဘန်ကောက်မြို့၊ မက္ကဆန်ရဲစခန်းမှ ရဲမှူး Narongdet Butnamphet က ခုန်မချရန်စည်းရုံးပြောဆိုခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းမှုစင်တာ (ဘန်းခင်း)တွင် Quaratine ဝင်ခိုင်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာသံရုံး(ဘန်ကောက်)မှ တာဝန်ရှိသူများက အဆိုပါရဲမှူးနှင့် ဆက်သွယ်ကာ ကိုအဒီးကို တွေ့ဆုံခဲ့ပြီး ခရီးစရိတ်ထောက်ပံ့ပြီး နေရပ်သို့ပြန်ပို့ရန် စီစဉ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ကိုအဒီးအား နိုဝင်ဘာလ(၂၅)ရက်တွင် ညကားဖြင့် ဘန်ကောက်မှ မဲဆောက်သို့ ပို့ဆောင်ခဲ့ပြီး ယနေ့(နိုဝင်ဘာလ ၂၆ ရက်) နံနက်တွင် မဲဆောက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းအား ဌာနေအလုပ်သမားသံအရာရှိ နှင့် ဌာနေဆိုင်ရာတာဝန်ရှိသူများက နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာသံရုံး၊ ဘန်ကောက်မြို့မှ ထုတ်ပြန်ထားသည်။

zawgyi version
ထိုင္းႏိုင္ငံတြင္ တံတားေပၚမွ ခုန္ခ်ရန္ႀကံစည္ခဲ့သည့္ ဘားအံၿမိဳ႕မွအမ်ိဳးသားအား ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ရန္ ျမန္မာသံ႐ုံးစီစဥ္ေန
ယြန္း (NP News) - ႏိုဝင္ဘာ ၂၆
ထိုင္းႏိုင္ငံတြင္ တံတားေပၚမွ ခုန္ခ်ရန္ႀကံစည္ခဲ့သည့္ ဘားအံၿမိဳ႕မွအမ်ိဳးသားအား ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ရန္ စီစဥ္ေနေၾကာင္း ျမန္မာသံ႐ုံး (ဘန္ေကာက္)မွ အသိေပးထုတ္ျပန္ခဲ့သည္။
ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံး(ဘန္ေကာက္)မွ ယေန႔(ႏိုဝင္ဘာလ ၂၆ရက္) ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၃)ရက္တြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၊ ဖလမ္ေကာင္း(၉) လမ္းရွိ တံတားေပၚမွ အမ်ိဳးသားတစ္ဦး ခုန္ခ်ရန္ ႀကံစည္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအမ်ိဳးသားသည္ ဘားအံၿမိဳ႕၊ ေတာင္ကေလးေက်း႐ြာတြင္ ေနထိုင္သူ ကိုအဒီး(၃၆)ႏွစ္ျဖစ္ၿပီး ပြဲစားႏွင့္အတူ ဘန္ေကာက္ၿမိဳ႕သို႔ ေအာက္တိုဘာလကုန္ရက္တြင္ ေရာက္ရွိလာကာ ပြဲစားမွ၎အားထားခဲ့ၿပီး ေရွာင္ထြက္သြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာသံ႐ုံး ဘန္ေကာက္ၿမိဳ႕မွ သိရသည္။
ဘာသာစကားမေျပာတတ္ျခင္း၊ အလုပ္ရွာ၍မရျခင္းႏွင့္ ေနထိုင္စားေသာက္မႈခက္ခဲျခင္းတို႔ေၾကာင့္ စိတ္က်ေရာဂါရရွိကာ ကိုအဒီးသည္ တံတားေပၚမွ ခုန္ခ်ရန္ႀကံစည္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
၎အား ဘန္ေကာက္ၿမိဳ႕၊ မကၠဆန္ရဲစခန္းမွ ရဲမႉး Narongdet Butnamphet က ခုန္မခ်ရန္စည္း႐ုံးေျပာဆိုခဲ့ၿပီးေနာက္ လူဝင္မႈႀကီးၾကပ္ေရး ထိန္းသိမ္းမႈစင္တာ (ဘန္းခင္း)တြင္ Quaratine ဝင္ခိုင္းခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာသံ႐ုံး(ဘန္ေကာက္)မွ တာဝန္ရွိသူမ်ားက အဆိုပါရဲမႉးႏွင့္ ဆက္သြယ္ကာ ကိုအဒီးကို ေတြ႕ဆုံခဲ့ၿပီး ခရီးစရိတ္ေထာက္ပံ့ၿပီး ေနရပ္သို႔ျပန္ပို႔ရန္ စီစဥ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေနာက္ ကိုအဒီးအား ႏိုဝင္ဘာလ(၂၅)ရက္တြင္ ညကားျဖင့္ ဘန္ေကာက္မွ မဲေဆာက္သို႔ ပို႔ေဆာင္ခဲ့ၿပီး ယေန႔(ႏိုဝင္ဘာလ ၂၆ ရက္) နံနက္တြင္ မဲေဆာက္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎အား ဌာေနအလုပ္သမားသံအရာရွိ ႏွင့္ ဌာေနဆိုင္ရာတာဝန္ရွိသူမ်ားက ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ေပးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာသံ႐ုံး၊ ဘန္ေကာက္ၿမိဳ႕မွ ထုတ္ျပန္ထားသည္။