စပိန်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုတဲ့ ချီတက်ဆန္ဒပြမှုများဖြစ်ပွား

568

ရောင်နီ (NP News) - နိုဝင်ဘာ ၂၆
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မက်ဒရစ်နဲ့ ဘာစီလိုနာမှာ ထောင်နဲ့ချီသော လူများ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ခရမ်းရောင်ဆင်တူ ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူ အများအပြားဟာ သောကြာနေ့ (နိုဝင်ဘာလ ၂၅ ရက်)ညနေပိုင်းက မက်ဒရစ်မြို့လယ်ရှိ Gran Via မှာ ချီတက်ဆန္ဒပြခဲ့ကြပြီး ဘာစီလိုနာမှာတော့ ဒရမ်တွေ၊ မီးတောက်တွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှစကာ ၂ဝ၂၂ ခုနှစ်အတွင်း စပိန်နိုင်ငံမှာ ကျားမရေးရာ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး (၁၁၇၁) ဦး သေဆုံးခဲ့ကြောင်း တန်းတူညီမျှရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
“ကျားမရေးရာ အကြမ်းဖက်မှုပြဿနာကြောင့် ကျွန်မ ဒီကိုလာရောက်ရတာပါ၊ အမျိုးသမီးတွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ၊ သေဆုံးမှုတွေကြောင့်ပါ” လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မက်ဒရစ်မြို့ခံ အသက် ၄၂ နှစ်အရွယ် ဆရာမတစ်ဦးက ပြောပါတယ်။ စပိန်ဝန်ကြီးချုပ် ပက်ဒ်ရိုဆန်ချက်ဇ်က အမျိုးသား၊ အမျိုးသမီး ဘယ်သူကိုမဆို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်ကြဖို့ သောကြာနေ့က တောင်းဆိုခဲ့ပြီး “ အကြမ်းဖက်မှုဟာ ကျွန်တော်တို့ကို နေ့စဉ်အရှက်ရစေမယ့် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုပါ” လို့ ဆိုရှယ်လစ်ပါတီပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ယင်းအပြင် နိုင်ငံမှာ အငြင်းပွားဖွယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများအတွက် ပြစ်ဒဏ်များဆိုင်ရာ ဥပဒေအသစ်မှာ အမျိုးသားအချို့ကို ထောင်ဒဏ်များ လျှော့ ပေါ့ပေးခဲ့ခြင်းကြောင့်လည်း ယခုလို ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ဥပဒေဟာ နှစ်ဦးသဘောတူ မဟုတ်သော လိင်ကိစ္စကို မုဒိမ်းမှုအဖြစ် ခွဲခြားသတ် မှတ်ထားပြီး အချို့သော လိင်မှုဆိုင်ရာ ရာဇဝတ်မှုများအတွက် ပေါ့ပါးသော ပြစ်ဒဏ်များကိုလည်း ချမှတ်ထားပါတယ်။ ပြစ်ဒဏ်ကျခံနေရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားသူ ၁၁ ဦးထက်မနည်းဟာ ၎င်းတို့ရဲ့ ပြစ်ဒဏ်များ လျော့ကျခဲ့ပြီး အမျိုး သားငါးဦးကို အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း Europa Press သတင်းဌာနမှ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version
စပိန္ႏိုင္ငံမွာ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔ ေတာင္းဆိုတဲ့ ခ်ီတက္ဆႏၵျပမႈမ်ားျဖစ္ပြား
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၆
အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရးေန႔ အထိမ္းအမွတ္အျဖစ္ မက္ဒရစ္နဲ႔ ဘာစီလိုနာမွာ ေထာင္နဲ႔ခ်ီေသာ လူမ်ား ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။
ခရမ္းေရာင္ဆင္တူ ဝတ္ဆင္ထားၾကတဲ့ ဆႏၵျပသူ အမ်ားအျပားဟာ ေသာၾကာေန႔ (ႏိုဝင္ဘာလ ၂၅ ရက္)ညေနပိုင္းက မက္ဒရစ္ၿမိဳ႕လယ္ရွိ Gran Via မွာ ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး ဘာစီလိုနာမွာေတာ့ ဒရမ္ေတြ၊ မီးေတာက္ေတြ ကိုင္ေဆာင္ကာ ဆႏၵျပခဲ့ပါတယ္။ ၂ဝဝ၃ ခုႏွစ္မွစကာ ၂ဝ၂၂ ခုႏွစ္အတြင္း စပိန္ႏိုင္ငံမွာ က်ားမေရးရာ အၾကမ္းဖက္မႈမ်ားေၾကာင့္ အမ်ိဳးသမီး (၁၁၇၁) ဦး ေသဆုံးခဲ့ေၾကာင္း တန္းတူညီမွ်ေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။
“က်ားမေရးရာ အၾကမ္းဖက္မႈျပႆနာေၾကာင့္ ကြၽန္မ ဒီကိုလာေရာက္ရတာပါ၊ အမ်ိဳးသမီးေတြအေပၚ ညႇင္းပန္းႏွိပ္စက္မႈေတြ၊ ေသဆုံးမႈေတြေၾကာင့္ပါ” လို႔ ဆႏၵျပရာမွာပါဝင္တဲ့ မက္ဒရစ္ၿမိဳ႕ခံ အသက္ ၄၂ ႏွစ္အ႐ြယ္ ဆရာမတစ္ဦးက ေျပာပါတယ္။ စပိန္ဝန္ႀကီးခ်ဳပ္ ပက္ဒ္႐ိုဆန္ခ်က္ဇ္က အမ်ိဳးသား၊ အမ်ိဳးသမီး ဘယ္သူကိုမဆို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား ရပ္တန႔္ၾကဖို႔ ေသာၾကာေန႔က ေတာင္းဆိုခဲ့ၿပီး “ အၾကမ္းဖက္မႈဟာ ကြၽန္ေတာ္တို႔ကို ေန႔စဥ္အရွက္ရေစမယ့္ ေၾကကြဲဖြယ္ျဖစ္ရပ္တစ္ခုပါ” လို႔ ဆိုရွယ္လစ္ပါတီပြဲတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။
ယင္းအျပင္ ႏိုင္ငံမွာ အျငင္းပြားဖြယ္ လိင္ပိုင္းဆိုင္ရာ အလြဲသုံးစားမႈမ်ားအတြက္ ျပစ္ဒဏ္မ်ားဆိုင္ရာ ဥပေဒအသစ္မွာ အမ်ိဳးသားအခ်ိဳ႕ကို ေထာင္ဒဏ္မ်ား ေလွ်ာ့ ေပါ့ေပးခဲ့ျခင္းေၾကာင့္လည္း ယခုလို ဆႏၵျပမႈမ်ား ေပၚေပါက္လာျခင္း ျဖစ္ပါတယ္။ ဥပေဒဟာ ႏွစ္ဦးသေဘာတူ မဟုတ္ေသာ လိင္ကိစၥကို မုဒိမ္းမႈအျဖစ္ ခြဲျခားသတ္ မွတ္ထားၿပီး အခ်ိဳ႕ေသာ လိင္မႈဆိုင္ရာ ရာဇဝတ္မႈမ်ားအတြက္ ေပါ့ပါးေသာ ျပစ္ဒဏ္မ်ားကိုလည္း ခ်မွတ္ထားပါတယ္။ ျပစ္ဒဏ္က်ခံေနရတဲ့ လိင္ပိုင္းဆိုင္ရာ ေစာ္ကားသူ ၁၁ ဦးထက္မနည္းဟာ ၎တို႔ရဲ႕ ျပစ္ဒဏ္မ်ား ေလ်ာ့က်ခဲ့ၿပီး အမ်ိဳး သားငါးဦးကို အက်ဥ္းေထာင္မွ လႊတ္ေပးခဲ့ေၾကာင္း Europa Press သတင္းဌာနမွ ေဖာ္ျပခ်က္အရ သိရပါတယ္။