ယူကရိန်းစစ်ပွဲမှာ ရုရှားက ဆောင်းရာသီကို လက်နက်သဖွယ် အသုံးပြုနေ

835

ရောင်နီ (NP News) - နိုဝင်ဘာ ၂၉
ယူကရိန်းမှာ အပတ်စဉ် တနင်္လာနေ့တိုင်း စွမ်းအင်နဲ့ အခြားအရေးပါသော အခြေခံအဆောက်အအုံများကို ရုရှားက တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ဖို့ ပြင်ဆင်ထားတာကြောင့် နေထိုင်သူများအနေနဲ့ မြို့တော်မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရနိုင်ကြောင်း သတိပေးထားပါတယ်။
အက်စ်တိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဟာ ဘောလ်တစ်နဲ့ နော်ဒစ်နိုင်ငံ ခြောက်နိုင်ငံမှ မိတ်ဖက်နိုင်ငံများမှ လျှပ်စစ် မီးစက်များ၊ အနွေးထည်များနဲ့ အစားအစာများကို ယူကရိန်းနိုင်ငံသို့ထောက်ပံ့ရန် ကတိပြုခဲ့ပါတယ်။ ရည်ရွယ်ချက် ကတော့ ယူကရိန်းနိုင်ငံသားများကို ၎င်းတို့ရဲ့အအေးဆုံးလများအတွင်း လိုအပ်ချက်တွေ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အတွက်ဖြစ်တယ်လို့ သိရပါတယ်။
“ရုရှားဟာ အရပ်သား စွမ်းအင်တွေကို လက်နက်သဖွယ် အသုံးပြုနေတာဖြစ်ပြီး ဒါဟာ တကယ့်ကို ရှက်စရာပါပဲ” လို့ အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီး အားမတ်ရိန်းဆာလူ က ပြောကြားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး က ရုရှားတပ်များဟာ တိုက်ခိုက်မှုအသစ်များ ပြင်ဆင်နေပြီး ၎င်းတို့မှာ ဒုံးကျည်များ ရှိနေသရွေ့ ၎င်းတို့ကို ရပ်တန့်မှာ မဟုတ်ကြောင်း နိုဝင်ဘာလ ၂၇ ရက်၊ တနင်္ဂနွေနေ့ နှောင်းပိုင်းက သတိပေးခဲ့ကာ နိုဝင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့က အစိုးရအကြီးတန်းအရာရှိများနဲ့တွေ့ဆုံရာမှာ မည်သို့ အရေးယူဆောင်ရွက်ရမှာကို ဆွေးနွေးခဲ့ပါတယ်။ ရုရှားဟာ အောက်တိုဘာလ အစောပိုင်းကတည်းက ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံများကို အပတ်စဉ် ဒုံးကျည်အမြောက်အမြားနဲ့ ဗုံးကြဲတိုက်ခိုက်နေခဲ့တာ ဖြစ်တာ ကြောင့် အအေးလွန်ကဲသော ဆောင်းရာသီဟာ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများကို ပိုမိုအကျိုးသက်ရောက်စေနိုင် ပါတယ်။
နေတိုးအတွင်းရေးမှူးချုပ် ဂျင်းစတောတန်ဘက် က ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ စစ်မြေပြင်မှာ ၄င်းတို့ ဘက်က အသာစီးရနိုင်ဖို့အတွက် နှင်းခဲတွေ၊ ဆီးနှင်းတွေနဲ့ ရေခဲတွေကို အသုံးချဖို့ ရည်ရွယ်ထားတယ်လို့ အခိုင် အမာ ပြောဆိုပါတယ်။
“သမ္မတပူတင်ဟာ အခုဆောင်းရာသီကို စစ်လက်နက်အဖြစ် အသုံးပြုဖို့ကြိုးစားနေပြီး ဒါဟာ ကြောက်မက်ဖွယ် ကောင်းတာကြောင့် နောက်ထပ် တိုက်ခိုက်မှုတွေအတွက် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါဟာ နေတိုးရဲ့ မဟာမိတ်တွေက ယူကရိန်းကို ပေးအပ်တဲ့အထောက်အပံ့တွေ တိုးလာရတဲ့အကြောင်းရင်းပါပဲ” လို့ ဘူခါရက်စ်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အကြိုမှာ ပြောကြားခဲ့ပါတယ်။
ကိယက်ဗ်မြို့တော်ဝန် ဗီတာလီကယ်စခ်ျကို က မြို့တော်ရှိ လူ ၃ သန်းအနက် အချို့ဟာ ဒုံးကျည်တိုက်ခိုက်မှုများ ကြောင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ နည်းပါးနေရာများသို့ ရွှေ့ပြောင်းရဖွယ်ရှိကြောင်း ပြောကြားပါ တယ်။
ယူကရိန်းဟာ ယခုအချိန်မှာတော့ အိမ်နီးချင်း ရိုမေးနီးယားမှ လျှပ်စစ်ဓာတ်အား တင်သွင်းနေတယ်လို့ သိရပါ တယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ “ယူကရိန်းကို အလင်းရောင်မရှိ၊ လျှပ်စစ်မီးမရှိ၊ အပူစွမ်းအင် မရှိတဲ့ အမှောင်နဲ့ အအေးထုထဲ သွင်းဖို့ ကြိုးစားနေပါတယ်” လို့ ဥရောပသမဂ္ဂအစည်းအဝေးကို ဦးဆောင်နေတဲ့ ဥရောပ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘိုရယ်လ် က ပြောကြားပါတယ်။
ယူကရိန်းရဲ့ နှင်းများထူထပ်စွာ ကျရောက်သော ဆောင်းရာသီမှာ ရာသီဥတုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ အများအပြား အရေးပေါ် ပိတ်ခဲ့ရပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာလည်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲမွာ ႐ုရွားက ေဆာင္းရာသီကို လက္နက္သဖြယ္ အသုံးျပဳေန
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၉
ယူကရိန္းမွာ အပတ္စဥ္ တနလၤာေန႔တိုင္း စြမ္းအင္နဲ႔ အျခားအေရးပါေသာ အေျခခံအေဆာက္အအုံမ်ားကို ႐ုရွားက တိုက္ခိုက္မႈမ်ား ထပ္မံျပဳလုပ္ဖို႔ ျပင္ဆင္ထားတာေၾကာင့္ ေနထိုင္သူမ်ားအေနနဲ႔ ၿမိဳ႕ေတာ္မွ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းရႏိုင္ေၾကာင္း သတိေပးထားပါတယ္။
အက္စ္တိုးနီးယားႏိုင္ငံျခားေရးဝန္ႀကီးဟာ ေဘာလ္တစ္နဲ႔ ေနာ္ဒစ္ႏိုင္ငံ ေျခာက္ႏိုင္ငံမွ မိတ္ဖက္ႏိုင္ငံမ်ားမွ လွ်ပ္စစ္ မီးစက္မ်ား၊ အေႏြးထည္မ်ားနဲ႔ အစားအစာမ်ားကို ယူကရိန္းႏိုင္ငံသို႔ေထာက္ပံ့ရန္ ကတိျပဳခဲ့ပါတယ္။ ရည္႐ြယ္ခ်က္ ကေတာ့ ယူကရိန္းႏိုင္ငံသားမ်ားကို ၎တို႔ရဲ႕အေအးဆုံးလမ်ားအတြင္း လိုအပ္ခ်က္ေတြ ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ အတြက္ျဖစ္တယ္လို႔ သိရပါတယ္။
“႐ုရွားဟာ အရပ္သား စြမ္းအင္ေတြကို လက္နက္သဖြယ္ အသုံးျပဳေနတာျဖစ္ၿပီး ဒါဟာ တကယ့္ကို ရွက္စရာပါပဲ” လို႔ အက္စ္တိုးနီးယား ႏိုင္ငံျခားေရးဝန္ႀကီး အားမတ္ရိန္းဆာလူ က ေျပာၾကားပါတယ္။
ယူကရိန္းသမၼတ ဗိုလိုဒီမာဇီလန္စကီး က ႐ုရွားတပ္မ်ားဟာ တိုက္ခိုက္မႈအသစ္မ်ား ျပင္ဆင္ေနၿပီး ၎တို႔မွာ ဒုံးက်ည္မ်ား ရွိေနသေ႐ြ႕ ၎တို႔ကို ရပ္တန႔္မွာ မဟုတ္ေၾကာင္း ႏိုဝင္ဘာလ ၂၇ ရက္၊ တနဂၤေႏြေန႔ ေႏွာင္းပိုင္းက သတိေပးခဲ့ကာ ႏိုဝင္ဘာလ ၂၈ ရက္၊ တနလၤာေန႔က အစိုးရအႀကီးတန္းအရာရွိမ်ားနဲ႔ေတြ႕ဆုံရာမွာ မည္သို႔ အေရးယူေဆာင္႐ြက္ရမွာကို ေဆြးေႏြးခဲ့ပါတယ္။ ႐ုရွားဟာ ေအာက္တိုဘာလ အေစာပိုင္းကတည္းက ယူကရိန္းရဲ႕ စြမ္းအင္အေျခခံအေဆာက္အအုံမ်ားကို အပတ္စဥ္ ဒုံးက်ည္အေျမာက္အျမားနဲ႔ ဗုံးႀကဲတိုက္ခိုက္ေနခဲ့တာ ျဖစ္တာ ေၾကာင့္ အေအးလြန္ကဲေသာ ေဆာင္းရာသီဟာ တိုက္ခိုက္မႈေၾကာင့္ ထိခိုက္မႈမ်ားကို ပိုမိုအက်ိဳးသက္ေရာက္ေစႏိုင္ ပါတယ္။
ေနတိုးအတြင္းေရးမႉးခ်ဳပ္ ဂ်င္းစေတာတန္ဘက္ က ႐ုရွားသမၼတ ဗလာဒီမာပူတင္ဟာ စစ္ေျမျပင္မွာ ၄င္းတို႔ ဘက္က အသာစီးရႏိုင္ဖို႔အတြက္ ႏွင္းခဲေတြ၊ ဆီးႏွင္းေတြနဲ႔ ေရခဲေတြကို အသုံးခ်ဖို႔ ရည္႐ြယ္ထားတယ္လို႔ အခိုင္ အမာ ေျပာဆိုပါတယ္။
“သမၼတပူတင္ဟာ အခုေဆာင္းရာသီကို စစ္လက္နက္အျဖစ္ အသုံးျပဳဖို႔ႀကိဳးစားေနၿပီး ဒါဟာ ေၾကာက္မက္ဖြယ္ ေကာင္းတာေၾကာင့္ ေနာက္ထပ္ တိုက္ခိုက္မႈေတြအတြက္ ျပင္ဆင္ထားဖို႔ လိုအပ္ပါတယ္။ ဒါဟာ ေနတိုးရဲ႕ မဟာမိတ္ေတြက ယူကရိန္းကို ေပးအပ္တဲ့အေထာက္အပံ့ေတြ တိုးလာရတဲ့အေၾကာင္းရင္းပါပဲ” လို႔ ဘူခါရက္စ္မွာ ႏွစ္ရက္ၾကာ က်င္းပခဲ့တဲ့ ေနတိုးႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး အႀကိဳမွာ ေျပာၾကားခဲ့ပါတယ္။
ကိယက္ဗ္ၿမိဳ႕ေတာ္ဝန္ ဗီတာလီကယ္စခ္်ကို က ၿမိဳ႕ေတာ္ရွိ လူ ၃ သန္းအနက္ အခ်ိဳ႕ဟာ ဒုံးက်ည္တိုက္ခိုက္မႈမ်ား ေၾကာင့္ မရွိမျဖစ္လိုအပ္ေသာ ဝန္ေဆာင္မႈမ်ား နည္းပါးေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းရဖြယ္ရွိေၾကာင္း ေျပာၾကားပါ တယ္။
ယူကရိန္းဟာ ယခုအခ်ိန္မွာေတာ့ အိမ္နီးခ်င္း ႐ိုေမးနီးယားမွ လွ်ပ္စစ္ဓာတ္အား တင္သြင္းေနတယ္လို႔ သိရပါ တယ္။ ႐ုရွားသမၼတ ဗလာဒီမာပူတင္ဟာ “ယူကရိန္းကို အလင္းေရာင္မရွိ၊ လွ်ပ္စစ္မီးမရွိ၊ အပူစြမ္းအင္ မရွိတဲ့ အေမွာင္နဲ႔ အေအးထုထဲ သြင္းဖို႔ ႀကိဳးစားေနပါတယ္” လို႔ ဥေရာပသမဂၢအစည္းအေဝးကို ဦးေဆာင္ေနတဲ့ ဥေရာပ ႏိုင္ငံျခားေရးမူဝါဒအႀကီးအကဲ ဂ်ိဳးဆက္ဘိုရယ္လ္ က ေျပာၾကားပါတယ္။
ယူကရိန္းရဲ႕ ႏွင္းမ်ားထူထပ္စြာ က်ေရာက္ေသာ ေဆာင္းရာသီမွာ ရာသီဥတုေၾကာင့္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ အမ်ားအျပား အေရးေပၚ ပိတ္ခဲ့ရၿပီး လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္မွာလည္း ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။