အမေရိကန်အစိုးရရဲ့ထောက်လှမ်းရေးအချက်အလက်တွေကို ဖွင့်ချခဲ့တဲ့ စနိုးဒန်ကို ရုရှားနိုင်ငံသား passport ထုတ်ပေး

961

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃
အမေရိကန် CIA နဲ့ NSA အရာရှိဟောင်း အက်ဝက်ဒ်စနိုးဒန်ဟာ ရုရှားနိုင်ငံသား passport ပက်စ်ပိုစ့်ကို လက်ခံရရှိခဲ့ကြောင်း ၄င်းရဲ့ရှေ့နေဖြစ်သူကပြောပါတယ်။
ရုရှား သမ္မတပူတင်ဟာ ဒီနှစ်အစောပိုင်းက စနိုးဒန်းကို ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုပေးခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ passport ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ စနိုးဒန်ရဲ့ရှေ့နေဖြစ်သူ Anatoly Kucherena ကစနိုးဒန်ဟာ ရုရှားနိုင်ငံ သား passport ကိုင်ထားတဲ့အတွက် သူ့အပေါ် စွဲချက်တင်ဖို့ ပြည်ပနိုင်ငံတွေထံ လွှဲပြောင်းပေးစရာမလိုတော့ကြောင်းပြောပါတယ်။ အမေရိကန်အစိုးရက စနိုးဒန်းကို သူလျှိုလုပ်မှု၊ နိုင်ငံတော်ပိုင် ပစ္စည်းခိုးယူမှုတွေအတွက် စွဲချက်တင်ထားကြောင်းသိရပါတယ်။ စနိုးဒန်ဟာ ရုရှားနိုင်ငံသားအဖြစ် စက်တင်ဘာလနောက်ပိုင်းမှာခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ရုရှားစစ်တပ်အတွက် စစ်မှုထမ်းဖို့ နဲ့ ယူကရိန်းစစ်ပွဲကို ပါဝင်တိုက်ခိုက်ဖို့ စေလွှတ်ခံရမှာ စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်းသိရပါတယ်။
သို့ပေမယ့်လည်း စနိုးဒန်းရဲ့အသက်အရွယ်ကြောင့် ရုရှားစစ်တပ်မှာ ဘယ်တော့မှ စစ်မှုထမ်းစရာမလိုကြောင်း ၄င်းရဲ့ရှေ့နေဖြစ်သူကပြောပါတယ်။ စနိုးဒန်းဟာ ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်အမျိုးသားလုံခြုံရေး (NSA) ရဲ့ ပြည်သူတွေအပေါ် ပြုလုပ်နေတဲ့ ထောက်လှမ်းရေးလုပ်ငန်းများ၊ အချက်အလက်နဲ့ ဖုန်းမှတ်တမ်းတွေထောက်လှမ်းရယူနေတဲ့အချက်အလက်တွေကို လူသိရှင်ကြားဖွင့်ချခဲ့သူဖြစ်ပါတယ်။ ၄င်းဟာ အမေရိကန်ထောက်လှမ်းရေးရဲ့အချက်အလက်များကို ဖွင့်ချခဲ့ပြီးနောက် အမေရိကန်အစိုးရက ၄င်းရဲ့နိုင်ငံသားဖြစ်မှုကို ပြန်ရုတ်သိမ်းခဲ့ရာ ဟောင်ကောင်၊ လက်တင်အမေရိကနိုင်ငံတို့ကို ထွက်ပြေးခိုလှုံခဲ့ပြီး ရုရှားနိုင်ငံကို ထပ်မံထွက်ပြေးခဲ့ကြောင်း၊ ရုရှားအစိုးရက စနိုးဒန်ကို ခိုလှုံခွင့်ပေးဖို့ ကနဦးခွင့်ပြုခဲ့ပြီးနောက်နိုင်ငံသားအဖြစ် ထပ်မံခွင့်ပေးခဲ့ကာ passport ထုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

zawgyi version
အေမရိကန္အစိုးရရဲ႕ေထာက္လွမ္းေရးအခ်က္အလက္ေတြကို ဖြင့္ခ်ခဲ့တဲ့ စႏိုးဒန္ကို ႐ုရွားႏိုင္ငံသား passport ထုတ္ေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃
အေမရိကန္ CIA နဲ႔ NSA အရာရွိေဟာင္း အက္ဝက္ဒ္စႏိုးဒန္ဟာ ႐ုရွားႏိုင္ငံသား passport ပက္စ္ပိုစ့္ကို လက္ခံရရွိခဲ့ေၾကာင္း ၄င္းရဲ႕ေရွ႕ေနျဖစ္သူကေျပာပါတယ္။
႐ုရွား သမၼတပူတင္ဟာ ဒီႏွစ္အေစာပိုင္းက စႏိုးဒန္းကို ႐ုရွားႏိုင္ငံသားအျဖစ္ ခြင့္ျပဳေပးခဲ့ၿပီးေနာက္ လအနည္းငယ္အၾကာမွာ passport ထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ စႏိုးဒန္ရဲ႕ေရွ႕ေနျဖစ္သူ Anatoly Kucherena ကစႏိုးဒန္ဟာ ႐ုရွားႏိုင္ငံ သား passport ကိုင္ထားတဲ့အတြက္ သူ႔အေပၚ စြဲခ်က္တင္ဖို႔ ျပည္ပႏိုင္ငံေတြထံ လႊဲေျပာင္းေပးစရာမလိုေတာ့ေၾကာင္းေျပာပါတယ္။ အေမရိကန္အစိုးရက စႏိုးဒန္းကို သူလွ်ိဳလုပ္မႈ၊ ႏိုင္ငံေတာ္ပိုင္ ပစၥည္းခိုးယူမႈေတြအတြက္ စြဲခ်က္တင္ထားေၾကာင္းသိရပါတယ္။ စႏိုးဒန္ဟာ ႐ုရွားႏိုင္ငံသားအျဖစ္ စက္တင္ဘာလေနာက္ပိုင္းမွာခြင့္ျပဳခ်က္ရရွိခဲ့ၿပီးေနာက္ ႐ုရွားစစ္တပ္အတြက္ စစ္မႈထမ္းဖို႔ နဲ႔ ယူကရိန္းစစ္ပြဲကို ပါဝင္တိုက္ခိုက္ဖို႔ ေစလႊတ္ခံရမွာ စိုးရိမ္မႈျမင့္တက္ခဲ့ေၾကာင္းသိရပါတယ္။
သို႔ေပမယ့္လည္း စႏိုးဒန္းရဲ႕အသက္အ႐ြယ္ေၾကာင့္ ႐ုရွားစစ္တပ္မွာ ဘယ္ေတာ့မွ စစ္မႈထမ္းစရာမလိုေၾကာင္း ၄င္းရဲ႕ေရွ႕ေနျဖစ္သူကေျပာပါတယ္။ စႏိုးဒန္းဟာ ၂ဝ၁၃ ခုႏွစ္မွာ အေမရိကန္အမ်ိဳးသားလုံၿခဳံေရး (NSA) ရဲ႕ ျပည္သူေတြအေပၚ ျပဳလုပ္ေနတဲ့ ေထာက္လွမ္းေရးလုပ္ငန္းမ်ား၊ အခ်က္အလက္နဲ႔ ဖုန္းမွတ္တမ္းေတြေထာက္လွမ္းရယူေနတဲ့အခ်က္အလက္ေတြကို လူသိရွင္ၾကားဖြင့္ခ်ခဲ့သူျဖစ္ပါတယ္။ ၄င္းဟာ အေမရိကန္ေထာက္လွမ္းေရးရဲ႕အခ်က္အလက္မ်ားကို ဖြင့္ခ်ခဲ့ၿပီးေနာက္ အေမရိကန္အစိုးရက ၄င္းရဲ႕ႏိုင္ငံသားျဖစ္မႈကို ျပန္႐ုတ္သိမ္းခဲ့ရာ ေဟာင္ေကာင္၊ လက္တင္အေမရိကႏိုင္ငံတို႔ကို ထြက္ေျပးခိုလႈံခဲ့ၿပီး ႐ုရွားႏိုင္ငံကို ထပ္မံထြက္ေျပးခဲ့ေၾကာင္း၊ ႐ုရွားအစိုးရက စႏိုးဒန္ကို ခိုလႈံခြင့္ေပးဖို႔ ကနဦးခြင့္ျပဳခဲ့ၿပီးေနာက္ႏိုင္ငံသားအျဖစ္ ထပ္မံခြင့္ေပးခဲ့ကာ passport ထုတ္ေပးခဲ့ျခင္းျဖစ္ပါတယ္။