မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်နယ်စပ်ဒေသကို ဒရုန်းများအသုံးပြုစုံစမ်းထောက်လှမ်းရန် ဘင်္ဂလားဒေရှ့်စီစဉ်နေ

 893

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၅


ဘင်္ဂလားဒေရှ့် နှင့် မြန်မာ နယ်စပ်ဒေသကို စောင့်ကြည့်ရန်အတွက် ဒရုန်းများ အသုံးပြုရန် ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ့်သတင်းများက ဖော်ပြထားသည်။

ဒရုန်းများကို စိန့်မာတင်ကျွန်းရှိ ကမ်းခြေစောင့်တပ်ဖွဲ့ နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) များကို ဒရုန်းများ ပေးပို့သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်အမြဲတမ်းလွှတ်တော်ကော်မတီနှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုခဲ့ခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့၏ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်လာစေရန်နှင့် နယ်စပ်ဒေသ စုံစမ်းထောက်လှမ်းမှုများ ပိုမို ကောင်းမွန်စေရန်အတွက် ဒရုန်းများ ပေးပို့ကူညီသွားရန် စီစဉ်နေကြောင်း ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ဖော်ပြောဆိုထားသည်။

ဘင်္ဂလားဒေရှ့် ကမ်းခြေစောင့်တပ်ဖွဲ့သည် ယခုနှစ်ဇွန်လအတွင်းတွင် ခေတ်မီကောင်းမွန်သည့် ဒရုန်းနှစ်စင်းကို ဝယ်ယူခဲ့ရာ ဒရုန်းနှစ်စင်းအနက် တစ်စင်းကို Bhasan Char တွင် ဖြန့်ကြတ်ချထားပြီး ကျန်တစ်စင်းကို မြန်မာနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်ဒေသအခြေအနေကို စောင့်ကြည့်ရန် စိန့်မာတင်ကျွန်းရှိ ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ဖြန့်ကြတ် ချထားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

BGB က နယ်စပ်ဒေသစုံစမ်းထောက်လှမ်းမှုများကို ဒရုန်းများအသုံးပြုပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီများ နေထိုင်နေသည့်နေရာများ အပါအဝင် နယ်စပ်ဒေသကို စောင့်ကြည့်စုံစမ်းမည်ဖြစ်ကြောင်း ဆိုသည်။

Zawgyi Version;
ျမန္မာႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္နယ္စပ္ေဒသကို ဒ႐ုန္းမ်ားအသုံးျပဳစုံစမ္းေထာက္လွမ္းရန္ ဘဂၤလားေဒရွ႕္စီစဥ္ေန
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၅


ဘဂၤလားေဒရွ႕္ ႏွင့္ ျမန္မာ နယ္စပ္ေဒသကို ေစာင့္ၾကည့္ရန္အတြက္ ဒ႐ုန္းမ်ား အသုံးျပဳရန္ ဘဂၤလားေဒရွ႕္ျပည္ထဲေရးဝန္ႀကီးဌာနက ဆုံးျဖတ္လိုက္ေၾကာင္း ဘဂၤလားေဒ့ရွ႕္သတင္းမ်ားက ေဖာ္ျပထားသည္။

ဒ႐ုန္းမ်ားကို စိန႔္မာတင္ကြၽန္းရွိ ကမ္းေျခေစာင့္တပ္ဖြဲ႕ ႏွင့္ နယ္ျခားေစာင့္တပ္ဖြဲ႕ (BGB) မ်ားကို ဒ႐ုန္းမ်ား ေပးပို႔သြားမည္ျဖစ္ေၾကာင္း ဘဂၤလားေဒရွ႕္အၿမဲတမ္းလႊတ္ေတာ္ေကာ္မတီႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ဘဂၤလားေဒရွ႕္ျပည္ထဲေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့ျခင္းျဖစ္သည္။

နယ္ျခားေစာင့္တပ္ဖြဲ႕၏ စြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္လာေစရန္ႏွင့္ နယ္စပ္ေဒသ စုံစမ္းေထာက္လွမ္းမႈမ်ား ပိုမို ေကာင္းမြန္ေစရန္အတြက္ ဒ႐ုန္းမ်ား ေပးပို႔ကူညီသြားရန္ စီစဥ္ေနေၾကာင္း ဘဂၤလားေဒရွ႕္ျပည္ထဲေရးဝန္ႀကီးဌာန က ထုတ္ေဖာ္ေျပာဆိုထားသည္။

ဘဂၤလားေဒရွ႕္ ကမ္းေျခေစာင့္တပ္ဖြဲ႕သည္ ယခုႏွစ္ဇြန္လအတြင္းတြင္ ေခတ္မီေကာင္းမြန္သည့္ ဒ႐ုန္းႏွစ္စင္းကို ဝယ္ယူခဲ့ရာ ဒ႐ုန္းႏွစ္စင္းအနက္ တစ္စင္းကို Bhasan Char တြင္ ျဖန႔္ၾကတ္ခ်ထားၿပီး က်န္တစ္စင္းကို ျမန္မာႏွင့္ ဘဂၤလားေဒရွ႕္နယ္စပ္ေဒသအေျခအေနကို ေစာင့္ၾကည့္ရန္ စိန႔္မာတင္ကြၽန္းရွိ ကမ္းေျခေစာင့္တပ္ဖြဲ႕အတြက္ ျဖန႔္ၾကတ္ ခ်ထားမည္ျဖစ္ေၾကာင္း ဘဂၤလားေဒရွ႕္ျပည္ထဲေရးဝန္ႀကီးဌာနက ဆိုသည္။

BGB က နယ္စပ္ေဒသစုံစမ္းေထာက္လွမ္းမႈမ်ားကို ဒ႐ုန္းမ်ားအသုံးျပဳၿပီး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ ဘဂၤါလီမ်ား ေနထိုင္ေနသည့္ေနရာမ်ား အပါအဝင္ နယ္စပ္ေဒသကို ေစာင့္ၾကည့္စုံစမ္းမည္ျဖစ္ေၾကာင္း ဆိုသည္။

Related news

© 2021. All rights reserved.