သမီးရည်းစားချိန်းတွေ့ရာမှ မိန်းကလေးအား ယောကျာ်းလေးဖြစ်သူမှ ဓာတ်ဆီလောင်း မီးရှို့မှုစစ်ကိုင်းတွင် ဖြစ်ပွား

 1700

NP News - ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် သမီးရည်းစားချိန်းတွေ့ရာမှ မိန်းကလေးအား ချစ်သူရည်းသားဖြစ်သူ အဆိုပါယောကျ်ားလေးမှ ဓာတ်ဆီလောင်း၍ မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ(၅)ရက်၊ ည(၈)နာရီအချိန်ခန့်တွင် စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်ရှိ ဘော်ဂါရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

"သမီးရည်းစားနှစ်ယောက် လိုင်းပေါ်ကနေတွေ့ပြီး အပြင်မှာချိန်းတွေ့ကြတာပါ။ အဲဒီမှာ ကောင်လေးက ကာမရယူဖို့ ကြိုးစားတယ်။ ကောင်မလေးကလက်မခံတော့ ရုန်းရင်းဆန် ခတ်တွေဖြစ်ကြတယ်။ အဲဒီအချိန်မှာ ကောင်လေးက အုတ်ခဲနဲ့ နောက်စေ့ကို ရိုက်တယ်။ ကောင်မလေး သတိမေ့သွားတဲ့အချိန်မှာ ဓာတ်ဆီလောင်းပြီး မီးရှို့တာပါ" ဟု စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မီးရှို့ခံရချိန်တွင် အဆိုပါမိန်းကလေးသည် သတိပြန်ရလာပြီး အော်ဟစ်အကူအညီတောင်းခဲ့ရာမှ ပတ်ဝန်းကျင်ရှိ လူများသည် လာရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

မီးလောင်ခံထားရမှုကြောင့် အဆိုပါမိန်းကလေးတွင် ဘယ်လက်မောင်းမီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အိုးဘိုမှ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မီးရှို့ခံခဲ့ရသော အမျိုးသမီးမှာ စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်မှဖြစ်ပြီး အသက် (၃ဝ) ဝန်းကျင်ခန့်ရှိကြောင်း အထက်ပါကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်ခဲ့သူအမျိုးသားအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရပြီး၊ ၎င်းမှာ စစ်ကိုင်းမြို့နယ်၊ ကနားထော်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကျောက်ဖြတ်ခြင်းအလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

Zawgyi Version;
သမီးရည္းစားခ်ိန္းေတြ႕ရာမွ မိန္းကေလးအား ေယာက်ာ္းေလးျဖစ္သူမွ ဓာတ္ဆီေလာင္း မီးရႈိ႕မႈစစ္ကိုင္းတြင္ ျဖစ္ပြား
NP News - ဒီဇင္ဘာ ၆

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕တြင္ သမီးရည္းစားခ်ိန္းေတြ႕ရာမွ မိန္းကေလးအား ခ်စ္သူရည္းသားျဖစ္သူ အဆိုပါေယာက်္ားေလးမွ ဓာတ္ဆီေလာင္း၍ မီးရႈိ႕မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၅)ရက္၊ ည(၈)နာရီအခ်ိန္ခန႔္တြင္ စစ္ကိုင္းၿမိဳ႕၊ ဒါးဝယ္ေဈးရပ္ကြက္ရွိ ေဘာ္ဂါရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

"သမီးရည္းစားႏွစ္ေယာက္ လိုင္းေပၚကေနေတြ႕ၿပီး အျပင္မွာခ်ိန္းေတြ႕ၾကတာပါ။ အဲဒီမွာ ေကာင္ေလးက ကာမရယူဖို႔ ႀကိဳးစားတယ္။ ေကာင္မေလးကလက္မခံေတာ့ ႐ုန္းရင္းဆန္ ခတ္ေတြျဖစ္ၾကတယ္။ အဲဒီအခ်ိန္မွာ ေကာင္ေလးက အုတ္ခဲနဲ႔ ေနာက္ေစ့ကို ႐ိုက္တယ္။ ေကာင္မေလး သတိေမ့သြားတဲ့အခ်ိန္မွာ ဓာတ္ဆီေလာင္းၿပီး မီးရႈိ႕တာပါ" ဟု စစ္ကိုင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မီးရႈိ႕ခံရခ်ိန္တြင္ အဆိုပါမိန္းကေလးသည္ သတိျပန္ရလာၿပီး ေအာ္ဟစ္အကူအညီေတာင္းခဲ့ရာမွ ပတ္ဝန္းက်င္ရွိ လူမ်ားသည္ လာေရာက္ကူညီေပးခဲ့ေၾကာင္း သိရသည္။

မီးေလာင္ခံထားရမႈေၾကာင့္ အဆိုပါမိန္းကေလးတြင္ ဘယ္လက္ေမာင္းမီးေလာင္ဒဏ္ရာ ရရွိခဲ့ၿပီး ၎အား ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ အိုးဘိုမွ စစ္ကိုင္းျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

မီးရႈိ႕ခံခဲ့ရေသာ အမ်ိဳးသမီးမွာ စစ္ကိုင္းၿမိဳ႕၊ ပညာေရးတကၠသိုလ္မွျဖစ္ၿပီး အသက္ (၃ဝ) ဝန္းက်င္ခန႔္ရွိေၾကာင္း အထက္ပါကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

လက္ရွိတြင္ ျပစ္မႈက်ဴးလြန္ခဲ့သူအမ်ိဳးသားအား ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း သိရၿပီး၊ ၎မွာ စစ္ကိုင္းၿမိဳ႕နယ္၊ ကနားေထာ္ေက်း႐ြာတြင္ ေနထိုင္သူျဖစ္ၿပီး ေက်ာက္ျဖတ္ျခင္းအလုပ္လုပ္ကိုင္သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.