ထိုင်းနိုင်ငံရှိ မီးရထားလမ်းတစ်ခုတွင် ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၃)ဦး သေဆုံး

 682

Pika (NP News) - ဒီဇင်ဘာ ၇

ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ်ရှိ မီးရထားလမ်းတစ်ခုတွင် ဒီဇင်ဘာ(၆)ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၃)ဦး သေဆုံးပြီး လူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းအစိုးရ မီးရထားဌာန(SRT) ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါပေါက်ကွဲမှုမှာ နံနက်(၆)နာရီ (၂၄)မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများ က ပြောကြားခဲ့သည်။ မီးရထားလမ်းကို ပြန်လည်ပြုပြင်မှုများလုပ်နေသည့် အလုပ်သမားများအနီးတွင် ပေါက်ကွဲခဲ့ခြင်းကြောင့် SRT ကုမ္ပဏီမှ အရာရှိ(၃)ဦး သေဆုံးခဲ့ပြီး အခြားလေးဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း လည်း သိရသည်။

အဆိုပါ ရထားလမ်းပေါက်ကွဲမှုသည် ဒီဇင်ဘာ(၃)ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာနှင့် မီတာ(၂ဝဝ) သာ ကွာဝေးကြောင်းလည်း သိရသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Jessada Jitrat သည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် အခြေအနေများကို လေ့လာ သုံးသပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စေခဲ့သည့် ဗုံးကို ယခင်ပေါက်ကွဲခဲ့သော ဗုံးနှင့်အတူ ထားခဲ့ခြင်း ဟုတ်/မဟုတ်ဆိုသည့် အချက်ကို လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက် များအရ သိရသည်။ ဗုံး ရှင်းလင်းရေးအဖွဲ့နှင့် လုံခြုံရေးတာဝန်ရှိသူများသည် ရထားလမ်းတွင် ဖြစ်ပွားခဲ့သည့် ဒုတိယပေါက်ကွဲမှုတွင် ပါဝင်ပက်သတ်နေသူများကို စုံစမ်းရန်အတွက် စစ်ဆေးမေးမြန်းခြင်းများကို ပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။

ဒီဇင်ဘာ(၃)ရက်က ဖြစ်ပွားခဲ့သော ရထားလမ်းပေါက်ကွဲမှုသည် တောင်ပိုင်း ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့များ၏လက်ချက်ဖြစ်နိုင်ဖွယ်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ခွဲထွက်ရေးလှုပ်ရှားမှုများ နှင့် အကြမ်းဖက်တိုက်ခိုက်မှုများသည် ဆယ်စုနှစ်များစွာ ဖြစ်ပွားနေခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံရွိ မီးရထားလမ္းတစ္ခုတြင္ ေပါက္ကြဲမႈထပ္မံျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၃)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၇

ထိုင္းႏိုင္ငံေတာင္ပိုင္း ဆြန္ခလာျပည္နယ္ရွိ မီးရထားလမ္းတစ္ခုတြင္ ဒီဇင္ဘာ(၆)ရက္ နံနက္အေစာပိုင္းက ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၃)ဦး ေသဆုံးၿပီး လူ(၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ထိုင္းအစိုးရ မီးရထားဌာန(SRT) ၏ ေျပာၾကားခ်က္အရ သိရသည္။

အဆိုပါေပါက္ကြဲမႈမွာ နံနက္(၆)နာရီ (၂၄)မိနစ္ခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသဆိုင္ရာတာဝန္ရွိသူမ်ား က ေျပာၾကားခဲ့သည္။ မီးရထားလမ္းကို ျပန္လည္ျပဳျပင္မႈမ်ားလုပ္ေနသည့္ အလုပ္သမားမ်ားအနီးတြင္ ေပါက္ကြဲခဲ့ျခင္းေၾကာင့္ SRT ကုမၸဏီမွ အရာရွိ(၃)ဦး ေသဆုံးခဲ့ၿပီး အျခားေလးဦးမွာ ထိခိုက္ဒဏ္ရာ အနည္းငယ္ရရွိခဲ့ေၾကာင္း လည္း သိရသည္။

အဆိုပါ ရထားလမ္းေပါက္ကြဲမႈသည္ ဒီဇင္ဘာ(၃)ရက္က ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ေနရာႏွင့္ မီတာ(၂ဝဝ) သာ ကြာေဝးေၾကာင္းလည္း သိရသည္။ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Jessada Jitrat သည္ အခင္းျဖစ္ပြားရာေနရာသို႔ သြားေရာက္ၾကည့္ရႈခဲ့ၿပီး အဆိုပါတိုက္ခိုက္မႈမ်ား ထပ္မံမျဖစ္ပြားေစရန္အတြက္ အေျခအေနမ်ားကို ေလ့လာ သုံးသပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါေပါက္ကြဲမႈျဖစ္ေစခဲ့သည့္ ဗုံးကို ယခင္ေပါက္ကြဲခဲ့ေသာ ဗုံးႏွင့္အတူ ထားခဲ့ျခင္း ဟုတ္/မဟုတ္ဆိုသည့္ အခ်က္ကို လက္ရွိအခ်ိန္ထိ အတည္ျပဳႏိုင္ျခင္းမရွိေသးေၾကာင္း ေဒသဆိုင္ရာအာဏာပိုင္မ်ား၏ ေျပာၾကားခ်က္ မ်ားအရ သိရသည္။ ဗုံး ရွင္းလင္းေရးအဖြဲ႕ႏွင့္ လုံၿခဳံေရးတာဝန္ရွိသူမ်ားသည္ ရထားလမ္းတြင္ ျဖစ္ပြားခဲ့သည့္ ဒုတိယေပါက္ကြဲမႈတြင္ ပါဝင္ပက္သတ္ေနသူမ်ားကို စုံစမ္းရန္အတြက္ စစ္ေဆးေမးျမန္းျခင္းမ်ားကို ျပဳလုပ္ခဲ့ ေၾကာင္းလည္း သိရသည္။

ဒီဇင္ဘာ(၃)ရက္က ျဖစ္ပြားခဲ့ေသာ ရထားလမ္းေပါက္ကြဲမႈသည္ ေတာင္ပိုင္း ခြဲထြက္ေရးလက္နက္ကိုင္အဖြဲ႕မ်ား၏လက္ခ်က္ျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ ထိုင္းႏိုင္ငံေတာင္ပိုင္းတြင္ ခြဲထြက္ေရးလႈပ္ရွားမႈမ်ား ႏွင့္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားသည္ ဆယ္စုႏွစ္မ်ားစြာ ျဖစ္ပြားေနခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.