ဗြိတိသျှရေလက်ကြားရှိ ဂျာစီကျွန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ(၅)ဦး သေဆုံး

748

Pika (NP News) - ဒီဇင်ဘာ ၁၂
ဗြိတိသျှရေလက်ကြားရှိ ဂျာစီကျွန်းတွင် ဒီဇင်ဘာ(၁၁)ရက်အစောပိုင်းက တိုက်ခန်းတစ်ခန်းမှာ ပေါက်ကွဲမှုနှင့် မီးလောင်မှုများဖြစ်ပွားခဲ့ပြီးနောက် လူ(၅)ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ(၁၁)ရက် ညတွင် အတည်ပြု ပြောခဲ့သည်။
ဂျာစီပြည်နယ်ရဲတပ်ဖွဲ့က "ပေါက်ကွဲမှုမှာ သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တဲ့ လူက လောလောဆယ်မှာ (၅)ယောက်ရှိပါပြီ" ဟု ပြောဆိုခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ကြပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ဂျာစီပြည်နယ်ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
ဂျာစီကျွန်းမြို့တော် St Helier ရှိ ဆိပ်ကမ်းတစ်ခုအနီးတွင်လည်း ဒီဇင်ဘာ(၁ဝ) ရက် အစောပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး သုံးထပ်တိုက်တစ်ခု ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။ အဆိုပါပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းအရင်းကို လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ပေါက်ကွဲမှုမှာ ဓါတ်ငွေ့ယိုစိမ့်မှု ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဂျာစီရဲတပ်ဖွဲ့အကြီးအကဲ ရိုဘင်စမစ် က ပြောဆိုခဲ့သည်။
St Helier မြို့ရှိ ဒေသခံများက ဓါတ်ငွေ့နံ့ရသည်ဟု ပြောဆိုခဲ့ကြသောကြောင့် ဒီဇင်ဘာ(၉)ရက် ညတွင် အဆိုပါ အဆောက်အဦးဆီသို့ မီးသတ်တပ်ဖွဲ့များကို လာရောက်စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း အဆိုပါ စုံစမ်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး နာရီပိုင်းအကြာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဂျာစီပြည်နယ်မီးသတ်နှင့် ကယ်ဆယ်ရေးအကြီးအကဲ ပေါလ်ဘရောင်း က ပြောကြားခဲ့သည်။

Zawgyi Version;
ၿဗိတိသွ်ေရလက္ၾကားရွိ ဂ်ာစီကြၽန္းတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူ(၅)ဦး ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၁၂
ၿဗိတိသွ်ေရလက္ၾကားရွိ ဂ်ာစီကြၽန္းတြင္ ဒီဇင္ဘာ(၁၁)ရက္အေစာပိုင္းက တိုက္ခန္းတစ္ခန္းမွာ ေပါက္ကြဲမႈႏွင့္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ လူ(၅)ဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဒီဇင္ဘာ(၁၁)ရက္ ညတြင္ အတည္ျပဳ ေျပာခဲ့သည္။
ဂ်ာစီျပည္နယ္ရဲတပ္ဖြဲ႕က "ေပါက္ကြဲမႈမွာ ေသဆုံးေၾကာင္းအတည္ျပဳႏိုင္ခဲ့တဲ့ လူက ေလာေလာဆယ္မွာ (၅)ေယာက္ရွိပါၿပီ" ဟု ေျပာဆိုခဲ့သည္။ အဆိုပါ ေပါက္ကြဲမႈၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ခဲ့ၾကၿပီး အသက္ရွင္က်န္ရစ္သူမရွိေၾကာင္း ဂ်ာစီျပည္နယ္ရဲတပ္ဖြဲ႕က ေျပာဆိုခဲ့သည္။
ဂ်ာစီကြၽန္းၿမိဳ႕ေတာ္ St Helier ရွိ ဆိပ္ကမ္းတစ္ခုအနီးတြင္လည္း ဒီဇင္ဘာ(၁ဝ) ရက္ အေစာပိုင္းက ေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး သုံးထပ္တိုက္တစ္ခု ၿပိဳက်ပ်က္စီးခဲ့ေၾကာင္းသိရသည္။ အဆိုပါေပါက္ကြဲမႈျဖစ္ရသည့္ အေၾကာင္းအရင္းကို လက္ရွိအခ်ိန္ထိ ရွင္းရွင္းလင္းလင္းမသိရေသးေသာ္လည္း ေပါက္ကြဲမႈမွာ ဓါတ္ေငြ႕ယိုစိမ့္မႈ ေၾကာင့္ ျဖစ္ႏိုင္ဖြယ္ရွိသည္ဟု ဂ်ာစီရဲတပ္ဖြဲ႕အႀကီးအကဲ ႐ိုဘင္စမစ္ က ေျပာဆိုခဲ့သည္။
St Helier ၿမိဳ႕ရွိ ေဒသခံမ်ားက ဓါတ္ေငြ႕နံ႔ရသည္ဟု ေျပာဆိုခဲ့ၾကေသာေၾကာင့္ ဒီဇင္ဘာ(၉)ရက္ ညတြင္ အဆိုပါ အေဆာက္အဦးဆီသို႔ မီးသတ္တပ္ဖြဲ႕မ်ားကို လာေရာက္စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း အဆိုပါ စုံစမ္း စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး နာရီပိုင္းအၾကာတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဂ်ာစီျပည္နယ္မီးသတ္ႏွင့္ ကယ္ဆယ္ေရးအႀကီးအကဲ ေပါလ္ဘေရာင္း က ေျပာၾကားခဲ့သည္။