ဂျာမနီနိုင်ငံတွင် ကလေးညစ်ညမ်းပုံများဖြန့်ဝေသည့် ကွန်ရက်ဝက်ဘ်ဆိုက်(၃)ခုကို ရှင်းလင်းဖယ်ရှားခဲ့ကြောင်း ဂျာမနီအာဏာပိုင်များပြော

 723

Pika (NP News) - ဒီဇင်ဘာ ၁၈

ဂျာမနီနိုင်ငံတွင် ရဲတပ်ဖွဲ့သည် ကလေးများ၏ ညစ်ညမ်းရုပ်ပုံများကို ဖြန့်ဝေနေသည့် အမှောင်ကွန်ရက်၏ ဝက်ဘ်ဆိုက်(၃)ခုကို ရှင်းလင်းဖယ်ရှားပစ်ခဲ့ကြောင်း ဒီဇင်ဘာ(၁၆)ရက်တွင် ပြောဆိုခဲ့သည်။

အဆိုပါ အမှောင်ကွန်ရက်၏ ဝက်ဘ်ဆိုက်များတွင် စာရင်းသွင်းအသုံးပြုသူ တစ်သန်းကျော်ရှိပြီး တရားမဝင်သော အကြောင်းအရာအချက်အလက်များ အဓိကဖြန့်ဝေရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် သံသယရှိသူ(၄)ဦးကို ဖမ်းဆီးထားကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် နေလျက်ရှိကြောင်းသိရသည်။

ယင်းသံသယရှိသူ(၄)ဦးမှ (၃)ဦးကို ဂျာမနီနိုင်ငံတစ်ဝှမ်းတွင် ထိန်းသိမ်းထားပြီး လေးယောက်မြောက်ကို ဘရာဇီးနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ ဂျာမနီအရှေ့ပိုင်းပြည်နယ် Saxony မှ အသက်(၂၁) နှစ်အရွယ် သံသယရှိသူ အမျိုးသားတစ်ဦးသည် လက်ရှိအချိန်တွင် ရပ်ဆိုင်းထားသော 'BoyVids 6.0' ၊ 'Forbidden Love' နှင့် 'Child Porn Market' ကွန်ရက်တို့၏ အဓိကစီမံခန့်ခွဲသူဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆထားကြကြောင်း သိရသည်။

BoyVids 6.0 သည် ရပ်ဆိုင်းခံရချိန်တွင် စာရင်းသွင်းအသုံးပြုသူ(၄၁ဝဝဝဝ) ရှိပြီး Forbidden Love တွင် စာရင်းသွင်းအသုံးပြုသူသည် (၈၅ဝဝဝဝ) နီးပါးရှိကြောင်းလည်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်များသည် တရားမဝင်သောအကြောင်းအရာများကို ဖြန့်ဝေရန် အဓိကအသုံးပြုသည့် ဝက်ဘ်ဆိုက်များဖြစ်လာခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ရက်နှင့် ဝက်ဘ်ဆိုက်များကို ဖမ်းဆီးနှိမ်နှင်းခြင်းများနှင့်ပတ်သက်ပြီး ဂျာမန်ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာ က ချီးကျူးခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် စာရင်းသွင်းအသုံးပြုသူ(၄ဝဝဝဝဝ) ခန့်ရှိပြီး ကလေးညစ်ညမ်းပုံများ ဖြန့်ဝေသည့် အကြီးဆုံးပလက်ဖောင်းထဲမှ တစ်ခုဖြစ်သော Boystown ဝက်ဘ်ဆိုက်ကို ဂျာမန်ရဲတပ်ဖွဲ့များက ပိတ်ပစ်ခဲ့ကြောင်းလည်းသိရသည်။

Zawgyi Version;
ဂ်ာမနီႏိုင္ငံတြင္ ကေလးညစ္ညမ္းပုံမ်ားျဖန႔္ေဝသည့္ ကြန္ရက္ဝက္ဘ္ဆိုက္(၃)ခုကို ရွင္းလင္းဖယ္ရွားခဲ့ေၾကာင္း ဂ်ာမနီအာဏာပိုင္မ်ားေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၈

ဂ်ာမနီႏိုင္ငံတြင္ ရဲတပ္ဖြဲ႕သည္ ကေလးမ်ား၏ ညစ္ညမ္း႐ုပ္ပုံမ်ားကို ျဖန႔္ေဝေနသည့္ အေမွာင္ကြန္ရက္၏ ဝက္ဘ္ဆိုက္(၃)ခုကို ရွင္းလင္းဖယ္ရွားပစ္ခဲ့ေၾကာင္း ဒီဇင္ဘာ(၁၆)ရက္တြင္ ေျပာဆိုခဲ့သည္။

အဆိုပါ အေမွာင္ကြန္ရက္၏ ဝက္ဘ္ဆိုက္မ်ားတြင္ စာရင္းသြင္းအသုံးျပဳသူ တစ္သန္းေက်ာ္ရွိၿပီး တရားမဝင္ေသာ အေၾကာင္းအရာအခ်က္အလက္မ်ား အဓိကျဖန႔္ေဝရာေနရာတစ္ခုျဖစ္ေၾကာင္း သိရသည္။ အဆိုပါကိစၥမ်ားႏွင့္ ပတ္သက္ၿပီး လက္ရွိအခ်ိန္တြင္ သံသယရွိသူ(၄)ဦးကို ဖမ္းဆီးထားကာ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ ေနလ်က္ရွိေၾကာင္းသိရသည္။

ယင္းသံသယရွိသူ(၄)ဦးမွ (၃)ဦးကို ဂ်ာမနီႏိုင္ငံတစ္ဝွမ္းတြင္ ထိန္းသိမ္းထားၿပီး ေလးေယာက္ေျမာက္ကို ဘရာဇီးႏိုင္ငံတြင္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။ ဂ်ာမနီအေရွ႕ပိုင္းျပည္နယ္ Saxony မွ အသက္(၂၁) ႏွစ္အ႐ြယ္ သံသယရွိသူ အမ်ိဳးသားတစ္ဦးသည္ လက္ရွိအခ်ိန္တြင္ ရပ္ဆိုင္းထားေသာ 'BoyVids 6.0' ၊ 'Forbidden Love' ႏွင့္ 'Child Porn Market' ကြန္ရက္တို႔၏ အဓိကစီမံခန႔္ခြဲသူျဖစ္ႏိုင္ဖြယ္ရွိသည္ဟု ယူဆထားၾကေၾကာင္း သိရသည္။

BoyVids 6.0 သည္ ရပ္ဆိုင္းခံရခ်ိန္တြင္ စာရင္းသြင္းအသုံးျပဳသူ(၄၁ဝဝဝဝ) ရွိၿပီး Forbidden Love တြင္ စာရင္းသြင္းအသုံးျပဳသူသည္ (၈၅ဝဝဝဝ) နီးပါးရွိေၾကာင္းလည္း သိရသည္။ အဆိုပါဝက္ဘ္ဆိုက္မ်ားသည္ တရားမဝင္ေသာအေၾကာင္းအရာမ်ားကို ျဖန႔္ေဝရန္ အဓိကအသုံးျပဳသည့္ ဝက္ဘ္ဆိုက္မ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။

အဆိုပါကြန္ရက္ႏွင့္ ဝက္ဘ္ဆိုက္မ်ားကို ဖမ္းဆီးႏွိမ္ႏွင္းျခင္းမ်ားႏွင့္ပတ္သက္ၿပီး ဂ်ာမန္ျပည္ထဲေရးဝန္ႀကီး နန္စီေဖဆာ က ခ်ီးက်ဴးခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ႏွစ္တြင္ စာရင္းသြင္းအသုံးျပဳသူ(၄ဝဝဝဝဝ) ခန႔္ရွိၿပီး ကေလးညစ္ညမ္းပုံမ်ား ျဖန႔္ေဝသည့္ အႀကီးဆုံးပလက္ေဖာင္းထဲမွ တစ္ခုျဖစ္ေသာ Boystown ဝက္ဘ္ဆိုက္ကို ဂ်ာမန္ရဲတပ္ဖြဲ႕မ်ားက ပိတ္ပစ္ခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.