အမေရိကန်နိုင်ငံတွင် အင်အားပြင်းအား ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် အနည်းဆုံးလူ(၂)ဦး သေဆုံး

405

အမေရိကန်နိုင်ငံတွင် အင်အားပြင်းအား ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် အနည်းဆုံးလူ(၂)ဦး သေဆုံး
Pika (NP News) ဒီဇင်ဘာ ၂၁
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းတွင် ပြင်းအား(၆ ဒသမ ၄) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူ(၂)ဦး သေဆုံးခဲ့ကာ အိမ်ထောင်စုပေါင်း သောင်းနှင့်ချီ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ ကြောင်း သိရသည်။
အဆိုပါငလျင်ဗဟိုချက်သည် ဆန်ဖရန်စ္စကိုမြို့ မြောက်ဘက် (၂၁၅)မိုင်အကွာတွင် ရှိပြီး လှုပ်ခတ်မှုများဖြစ်ပွားပြီး နောက် လမ်းများ ပျက်စီးသွားခဲ့ကြောင်းသိရသည်။ အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် အာဏာပိုင်များသည် လမ်းများစွာကို ပိတ်ဆို့ထားပြီး နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်သည့်အတွက် သတိပေးချက်များ ထုတ်ပြန် ထားကြောင်းလည်း သိရသည်။
အဆိုပါငလျင်သည် ဒီဇင်ဘာ(၂ဝ)ရက် (၂)နာရီ (၃၄) မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြင်းအား (၄ ဒသမ ၆) အဆင့်ရှိ ငလျင်နှင့် (၂ ဒသမ ၅) အဆင့်ရှိ ငလျင်အပါအဝင် အသေးစားငလျင်များ အကြိမ်ရေ(၈ဝ) ခန့် ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း ဘူမိဗေဒဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် လူ(၂)ဦး သေဆုံးခဲ့ပြီး အခြားလူ(၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဟမ်းဘိုးလ်ကောင်တီအရာရှိ က ပြောကြားခဲ့သည်။ အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ဓါတ်ငွေ့ပိုက်လိုက်များ ကျိုးပေါက်ခဲ့ပြီး ဓါတ်ငွေ့ယိုစိမ့်မှုများဖြစ်ပွားခဲ့ကာ အဆောက်အဦးတစ်ခု မီးလောင်ခဲ့ကြောင်း အခြားအဆောက် အဦး(၂)ခုမှာ ပြိုကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် ဒီဇင်ဘာ(၂ဝ)ရက် ညနေပိုင်းအထိ လူပေါင်း(၃၂ဝဝဝ) နီးပါး လျှပ်စစ်မီး ပြတ်တောက်မှုများနှင့်ကြုံတွေ့နေရဆဲဖြစ်ကြောင်း Poweroutages.us ၏ ပြောကြားချက်အရ သိရသည်။
အာဏာပိုင်များသည် ပျက်စီးဆုံးရှုံးမှုများကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး ဝေးလံခေါင်သီပြီး တောထူထပ်သော နေရာများတွင် လျှပ်စစ်မီးများ ပြန်လည်ရရှိရန်အတွက် ရက်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံတြင္ အင္အားျပင္းအား ငလ်င္တစ္ခုလႈပ္ခတ္ၿပီးေနာက္ အနည္းဆုံးလူ(၂)ဦး ေသဆုံး
Pika (NP News) ဒီဇင္ဘာ ၂၁
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ေျမာက္ပိုင္းတြင္ ျပင္းအား(၆ ဒသမ ၄) အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ၿပီးေနာက္ လူ(၂)ဦး ေသဆုံးခဲ့ကာ အိမ္ေထာင္စုေပါင္း ေသာင္းႏွင့္ခ်ီ လွ်ပ္စစ္မီး ျပတ္ေတာက္သြားခဲ့ ေၾကာင္း သိရသည္။
အဆိုပါငလ်င္ဗဟိုခ်က္သည္ ဆန္ဖရန္စၥကိုၿမိဳ႕ ေျမာက္ဘက္ (၂၁၅)မိုင္အကြာတြင္ ရွိၿပီး လႈပ္ခတ္မႈမ်ားျဖစ္ပြားၿပီး ေနာက္ လမ္းမ်ား ပ်က္စီးသြားခဲ့ေၾကာင္းသိရသည္။ အဆိုပါငလ်င္လႈပ္ခတ္ၿပီးေနာက္ အာဏာပိုင္မ်ားသည္ လမ္းမ်ားစြာကို ပိတ္ဆို႔ထားၿပီး ေနာက္ဆက္တြဲငလ်င္မ်ား လႈပ္ခတ္ႏိုင္သည့္အတြက္ သတိေပးခ်က္မ်ား ထုတ္ျပန္ ထားေၾကာင္းလည္း သိရသည္။
အဆိုပါငလ်င္သည္ ဒီဇင္ဘာ(၂ဝ)ရက္ (၂)နာရီ (၃၄) မိနစ္တြင္ လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ျပင္းအား (၄ ဒသမ ၆) အဆင့္ရွိ ငလ်င္ႏွင့္ (၂ ဒသမ ၅) အဆင့္ရွိ ငလ်င္အပါအဝင္ အေသးစားငလ်င္မ်ား အႀကိမ္ေရ(၈ဝ) ခန႔္ ထပ္မံ လႈပ္ခတ္ခဲ့ေၾကာင္း ဘူမိေဗဒဌာန၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
အဆိုပါငလ်င္လႈပ္ခတ္ၿပီးေနာက္ လူ(၂)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၁၁)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဟမ္းဘိုးလ္ေကာင္တီအရာရွိ က ေျပာၾကားခဲ့သည္။ အဆိုပါငလ်င္လႈပ္ခတ္မႈေၾကာင့္ ဓါတ္ေငြ႕ပိုက္လိုက္မ်ား က်ိဳးေပါက္ခဲ့ၿပီး ဓါတ္ေငြ႕ယိုစိမ့္မႈမ်ားျဖစ္ပြားခဲ့ကာ အေဆာက္အဦးတစ္ခု မီးေလာင္ခဲ့ေၾကာင္း အျခားအေဆာက္ အဦး(၂)ခုမွာ ၿပိဳက်သြားခဲ့ေၾကာင္း သိရသည္။
အဆိုပါငလ်င္လႈပ္ခတ္ၿပီးေနာက္ ဒီဇင္ဘာ(၂ဝ)ရက္ ညေနပိုင္းအထိ လူေပါင္း(၃၂ဝဝဝ) နီးပါး လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားႏွင့္ႀကဳံေတြ႕ေနရဆဲျဖစ္ေၾကာင္း Poweroutages.us ၏ ေျပာၾကားခ်က္အရ သိရသည္။
အာဏာပိုင္မ်ားသည္ ပ်က္စီးဆုံးရႈံးမႈမ်ားကို ဆက္လက္စစ္ေဆးေနဆဲျဖစ္ၿပီး ေဝးလံေခါင္သီၿပီး ေတာထူထပ္ေသာေနရာမ်ားတြင္ လွ်ပ္စစ္မီးမ်ား ျပန္လည္ရရွိရန္အတြက္ ရက္ေပါင္းမ်ားစြာ အခ်ိန္ယူရမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။