နီပေါမှာ “The Serpent” (ခေါ်) ကွင်းဆက်လူသတ်သမား ချားလ်ဆော့ဟ်ရဂျက်ကို အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး

 585

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၂

၁၉၇ဝ နဲ့ ၁၉၈ဝ ခုနှစ်များအတွင်း လူသတ်မှုများစွာ ကျူးလွန်ခဲ့တဲ့ “The Serpent” (ခေါ်) ကွင်းဆက်လူသတ်သမား ချားလ်ဆော့ဟ်ရဂ်ျကို နီပေါအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဟိမဝန္တာတရားရုံးချုပ်က ဆုံးဖြတ်လိုက် ပါတယ်။

အသက် ၇၈ နှစ်အရွယ် ပြင်သစ်နိုင်ငံသား ဆော့ဟ်ရဂ်ျ ဟာ အမေရိကန် - ကနေဒါနိုင်ငံသား တစ်ကိုယ်တော် ခရီးသွားတစ်ဦးကို သတ်ဖြတ်မှုနဲ့ နီပေါမှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။ ၄င်းဟာ အာရှ တစ်လွှားမှာ အနောက်တိုင်း တစ်ကိုယ်တော်ခရီးသွားလူငယ် အယောက် ၂ဝ ထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့ ကြောင်း ဝန်ခံခဲ့ပြီးနောက် နီပေါတရားရုံးမှာ ၂ဝဝ၄ ခုနှစ် က ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ၄င်းဟာ ၁၉၇ဝ ခုနှစ်များ အလယ်ပိုင်းက ထိုင်းနိုင်ငံ ပတ္တရားရှိ ကမ်းခြေတစ်ခုမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အမျိုးသမီးခြောက်ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရဖူးပါတယ်။

Sobhraj ကို "The Bikini Killer" ၊ "Serpent" စသဖြင့် လူသိများပြီး ၁၉၈ဝ ခုနှစ်များ အလယ်ပိုင်းမှ ၁၉၉၇ ခုနှစ်အထိ နယူးဒေလီ လုံခြုံရေးအရှိဆုံး Tihar အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂ဝဝ၃ ခုနှစ် စက်တင် ဘာလမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

“သူ့ကို အကျဉ်းထောင်ထဲမှာ စဉ်ဆက်မပြတ်ထားရှိတာဟာ အကျဉ်းသားတွေရဲ့လူ့အခွင့်အရေးနဲ့ မညီပါဘူး” လို့ ဒီဇင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ စီရင်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။ “သူ့ကို ထောင်ထဲမှာ ထိန်းသိမ်းထားဖို့ တခြားဆိုင်းငံ့ထားတဲ့အမှုတွေ မရှိဘူးဆိုရင် ဒီတရားရုံးက သူ့ကို ဒီနေ့ နောက်ဆုံးထားပြီး ပြန်လွှတ်ပေးဖို့ အမိန့်ပေးပြီး ၁၅ ရက်အတွင်း သူ့နိုင်ငံကို ပြန်ရောက်လာမှာပါ” လို့ ၎င်းက ဆိုပါတယ်။

ဆော့ဟ်ရဂ်ျ ဟာ နှလုံးခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်ပြီး ၄င်းရဲ့ပြစ်ဒဏ် လေးပုံသုံးပုံ ကျခံပြီးနောက် မကျန်းမမာဖြစ်နေတဲ့ အကျဉ်းသားများအား စာနာစိတ်ဖြင့် လွှတ်ပေးဖို့ ခွင့်ပြုတဲ့ ဥပဒေနဲ့အညီ လွှတ်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
နီေပါမွာ “The Serpent” (ေခၚ) ကြင္းဆက္လူသတ္သမား ခ်ားလ္ေဆာ့ဟ္ရဂ်က္ကို အက်ဥ္းေထာင္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၂

၁၉၇ဝ နဲ႔ ၁၉၈ဝ ခုႏွစ္မ်ားအတြင္း လူသတ္မႈမ်ားစြာ က်ဴးလြန္ခဲ့တဲ့ “The Serpent” (ေခၚ) ကြင္းဆက္လူသတ္သမား ခ်ားလ္ေဆာ့ဟ္ရဂ္်ကို နီေပါအက်ဥ္းေထာင္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးဖို႔ ဟိမဝႏၲာတရား႐ုံးခ်ဳပ္က ဆုံးျဖတ္လိုက္ ပါတယ္။

အသက္ ၇၈ ႏွစ္အ႐ြယ္ ျပင္သစ္ႏိုင္ငံသား ေဆာ့ဟ္ရဂ္် ဟာ အေမရိကန္ - ကေနဒါႏိုင္ငံသား တစ္ကိုယ္ေတာ္ ခရီးသြားတစ္ဦးကို သတ္ျဖတ္မႈနဲ႔ နီေပါမွာ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္က်ခံေနရတာျဖစ္ပါတယ္။ ၄င္းဟာ အာရွ တစ္လႊားမွာ အေနာက္တိုင္း တစ္ကိုယ္ေတာ္ခရီးသြားလူငယ္ အေယာက္ ၂ဝ ထက္မနည္းကိုလည္း သတ္ျဖတ္ခဲ့ ေၾကာင္း ဝန္ခံခဲ့ၿပီးေနာက္ နီေပါတရား႐ုံးမွာ ၂ဝဝ၄ ခုႏွစ္ က ျပစ္ဒဏ္စီရင္ခ်က္ ခ်မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ ၄င္းဟာ ၁၉၇ဝ ခုႏွစ္မ်ား အလယ္ပိုင္းက ထိုင္းႏိုင္ငံ ပတၱရားရွိ ကမ္းေျခတစ္ခုမွာ မူးယစ္ေဆးဝါးသုံးစြဲမႈနဲ႔ အမ်ိဳးသမီးေျခာက္ဦးကို သတ္ျဖတ္မႈနဲ႔ ဖမ္းဝရမ္းထုတ္ခံခဲ့ရဖူးပါတယ္။

Sobhraj ကို "The Bikini Killer" ၊ "Serpent" စသျဖင့္ လူသိမ်ားၿပီး ၁၉၈ဝ ခုႏွစ္မ်ား အလယ္ပိုင္းမွ ၁၉၉၇ ခုႏွစ္အထိ နယူးေဒလီ လုံၿခဳံေရးအရွိဆုံး Tihar အက်ဥ္းေထာင္မွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ၂ဝဝ၃ ခုႏွစ္ စက္တင္ ဘာလမွာ ျပန္လည္လြတ္ေျမာက္ခဲ့ပါတယ္။

“သူ႔ကို အက်ဥ္းေထာင္ထဲမွာ စဥ္ဆက္မျပတ္ထားရွိတာဟာ အက်ဥ္းသားေတြရဲ႕လူ႔အခြင့္အေရးနဲ႔ မညီပါဘူး” လို႔ ဒီဇင္ဘာလ ၂၁ ရက္၊ ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ စီရင္ခ်က္တစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။ “သူ႔ကို ေထာင္ထဲမွာ ထိန္းသိမ္းထားဖို႔ တျခားဆိုင္းငံ့ထားတဲ့အမႈေတြ မရွိဘူးဆိုရင္ ဒီတရား႐ုံးက သူ႔ကို ဒီေန႔ ေနာက္ဆုံးထားၿပီး ျပန္လႊတ္ေပးဖို႔ အမိန႔္ေပးၿပီး ၁၅ ရက္အတြင္း သူ႔ႏိုင္ငံကို ျပန္ေရာက္လာမွာပါ” လို႔ ၎က ဆိုပါတယ္။

ေဆာ့ဟ္ရဂ္် ဟာ ႏွလုံးခြဲစိတ္ကုသမႈျပဳလုပ္ဖို႔ လိုအပ္ၿပီး ၄င္းရဲ႕ျပစ္ဒဏ္ ေလးပုံသုံးပုံ က်ခံၿပီးေနာက္ မက်န္းမမာျဖစ္ေနတဲ့ အက်ဥ္းသားမ်ားအား စာနာစိတ္ျဖင့္ လႊတ္ေပးဖို႔ ခြင့္ျပဳတဲ့ ဥပေဒနဲ႔အညီ လႊတ္ေပးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

© 2021. All rights reserved.