မပြီးနိုင်၊ မစီးနိုင်၊ အဖြေမထွက်နိုင်သည့် လက်နက်ကိုင်သံသရာမှ ရုန်းထွက်ကြရန် အချိန် ကျပြီဟု နစကအကြီးအကဲပြော

 3287

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၂

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် ဆယ်စုနှစ်များစွာကြားခဲ့ပြီဖြစ်ပြီး မပြီးနိုင်၊ မစီးနိုင်၊ အဖြေမထွက်နိုင်သည့် လက်နက်ကိုင်သံသရာမှ ရုန်းထွက်ကြရန် အချိန်ကျပြီဟု နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်)တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ သဝဏ်လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းကာ သဝဏ်လွှာပါးထားခြင်းဖြစ်သည်။

လာမည့် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် နိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပြီး လွတ်လပ်ရေးရပြီး မကြာခင်၌ ပေါ်ပေါက်လာခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည်လည်း ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ မပြီးနိုင်၊ မစီးနိုင်၊ အဖြေမထွက်နိုင်သည့် လက်နက်ကိုင်သံသရာမှ ရုန်းထွက်ကြရန် အချိန်ကျပြီဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ် လွှာ၌ထည့်သွင်း တိုက်တွန်းထားသည်။

ထို့ပြင် နိုင်ငံရေး၊ တိုင်းရင်းသားရေးများကြောင့် ကရင်ပြည်နယ်အတွင်း၌ လက်နက် ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့သဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားကာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများကို ကျော်လွှားနိုင်ရေး ကြိုးစားနေကြောင်း နစက အကြီးအကဲက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျတိုးတက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ပြည်သူ လူထုနှင့် နိုင်ငံတော်အတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာနေပြီဖြစ်ကြောင်း နစက အကြီးအကဲက အသိပေးပြောဆိုထားသည်။

လက်ရှိတွင် တပ်မတော်နှင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNLA နှင့် PDF ပူးပေါင်းအဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ကို တွေ့နေရသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် တည် ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိကလိုအပ် ချက်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

ထို့ကြောင့် နိုင်ငံနှင့် ပြည်သူအားလုံးအကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာကာ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလမ်းကြောင်းအမှန်ပေါ်သို့ ငြိမ်းချမ်းစွာလျှောက်လှမ်းကြရန်လည်း ၎င်းက တိုက် တွန်းထားသည်။

zawgyi version
မၿပီးႏိုင္၊ မစီးႏိုင္၊ အေျဖမထြက္ႏိုင္သည့္ လက္နက္ကိုင္သံသရာမွ ႐ုန္းထြက္ၾကရန္ အခ်ိန္ က်ၿပီဟု နစကအႀကီးအကဲေျပာ
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၂

ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားသည္ ဆယ္စုႏွစ္မ်ားစြာၾကားခဲ့ၿပီျဖစ္ၿပီး မၿပီးႏိုင္၊ မစီးႏိုင္၊ အေျဖမထြက္ႏိုင္သည့္ လက္နက္ကိုင္သံသရာမွ ႐ုန္းထြက္ၾကရန္ အခ်ိန္က်ၿပီဟု နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔ (ဒီဇင္ဘာလ ၂၂ ရက္)တြင္ က်ေရာက္သည့္ ကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔သို႔ သဝဏ္လႊာေပးပို႔ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းကာ သဝဏ္လႊာပါးထားျခင္းျဖစ္သည္။

လာမည့္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ (၄)ရက္တြင္ က်ေရာက္မည့္ လြတ္လပ္ေရးေန႔သည္ ႏိုင္ငံ၏ (၇၅)ႏွစ္ေျမာက္ စိန္ရတုလြတ္လပ္ေရးေန႔ျဖစ္ၿပီး လြတ္လပ္ေရးရၿပီး မၾကာခင္၌ ေပၚေပါက္လာခဲ့ေသာ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားသည္လည္း ဆယ္စုႏွစ္မ်ားစြာၾကာခဲ့ၿပီျဖစ္ေၾကာင္း ၎က ဆိုသည္။

ထိုသို႔ မၿပီးႏိုင္၊ မစီးႏိုင္၊ အေျဖမထြက္ႏိုင္သည့္ လက္နက္ကိုင္သံသရာမွ ႐ုန္းထြက္ၾကရန္ အခ်ိန္က်ၿပီျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က သဝဏ္ လႊာ၌ထည့္သြင္း တိုက္တြန္းထားသည္။

ထို႔ျပင္ ႏိုင္ငံေရး၊ တိုင္းရင္းသားေရးမ်ားေၾကာင့္ ကရင္ျပည္နယ္အတြင္း၌ လက္နက္ ကိုင္ပဋိပကၡမ်ားျဖစ္ပြားခဲ့သျဖင့္ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားကာ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္မႈအဟန႔္အတားမ်ားကို ေက်ာ္လႊားႏိုင္ေရး ႀကိဳးစားေနေၾကာင္း နစက အႀကီးအကဲက ဆိုသည္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား လက္ေတြ႕က်က်တိုးတက္ေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ေတြ႕ဆုံကာ ညႇိႏႈိင္းေဆြးေႏြးလ်က္ရွိၿပီး ျပည္သူ လူထုႏွင့္ ႏိုင္ငံေတာ္အတြက္ ရလဒ္ေကာင္းမ်ား ေပၚထြက္လာေနၿပီျဖစ္ေၾကာင္း နစက အႀကီးအကဲက အသိေပးေျပာဆိုထားသည္။

လက္ရွိတြင္ တပ္မေတာ္ႏွင့္ ကရင္လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ KNLA ႏွင့္ PDF ပူးေပါင္းအဖြဲ႕၊ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA တို႔ႏွင့္ ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည္ကို ေတြ႕ေနရသည္။

ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံေသာ ျပည္ေထာင္စုႀကီးအျဖစ္ တည္ ေဆာက္ႏိုင္ေရးအတြက္ တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးရရွိရန္မွာ အဓိကလိုအပ္ ခ်က္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထုတ္ေဖာ္ေျပာဆိုထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံႏွင့္ ျပည္သူအားလုံးအက်ိဳးအတြက္ လက္နက္ကိုင္လမ္းစဥ္ႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားကို စြန႔္ခြာကာ ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွတစ္ဆင့္ ႏိုင္ငံေရးလမ္းေၾကာင္းအမွန္ေပၚသို႔ ၿငိမ္းခ်မ္းစြာေလွ်ာက္လွမ္းၾကရန္လည္း ၎က တိုက္ တြန္းထားသည္။

© 2021. All rights reserved.