ခရိုအေးရှားနိုင်ငံထဲက လည်ပတ်ချင်စရာ အကောင်းဆုံးနေရာများ (ထူးခြားသုတဆောင်းပါး)

990

ဝတီ (NP News) - ဒီဇင်ဘာ ၂၅
ခရိုအေးရှားဆိုတဲ့ ဥရောပနိုင်ငံလေးဟာ နိုင်ငံငယ်သလောက် လည်စရာ၊ ပတ်စရာ နေရာတွေကတော့ အစုံရှိပါတယ်။ ကိုယ်က ဘယ်လိုနေရာမျိုးတွေကိုမှ စိတ်ဝင်စားတဲ့ ခရီးသွားပဲဖြစ်နေပါစေ ခရိုအေးရှားမှာ ကိုယ့်စိတ်ကြိုက်တွေကတော့ ရှိကို ရှိနေပါသတဲ့။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အင်မတန် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ခရိုအေးရှားဟာ ဘောလုံးနဲ့လည်း ကမ္ဘာကျော်လူသိများသလို Game of Thrones ဆိုတဲ့ ဇာတ်ကားကြီး ရိုက်ကူးခဲ့တဲ့နေရာအဖြစ်လည်း ထင်ရှားလှပါတယ်။ ခရိုအေးရှားဟာ အရင်ကတော့ ယူဂိုစလားဗီးယားထဲမှာ ပါပါတယ်။ နောက်မှ ခွဲထွက်သွားတာပါ။ ဥရောပနိုင်ငံလေးဆိုတော့ အဲဒီမှာ လည်ရပတ်ရတာ လုံခြုံမှု ရှိပါသတဲ့။ ကဲ..ခရိုအေးရှားနိုင်ငံအကြောင်းလည်း တီးမိခေါက်မိသွားပြီဆိုတော့ ခရိုအေးရှားရောက်ရင် သွားလည်သင့်တဲ့နေရာတွေကို ကြည့်လိုက်ကြရအောင်ပါ။
zawgyi version
ခ႐ိုေအးရွားႏိုင္ငံထဲက လည္ပတ္ခ်င္စရာ အေကာင္းဆုံးေနရာမ်ား (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ဒီဇင္ဘာ ၂၅
ခ႐ိုေအးရွားဆိုတဲ့ ဥေရာပႏိုင္ငံေလးဟာ ႏိုင္ငံငယ္သေလာက္ လည္စရာ၊ ပတ္စရာ ေနရာေတြကေတာ့ အစုံရွိပါတယ္။ ကိုယ္က ဘယ္လိုေနရာမ်ိဳးေတြကိုမွ စိတ္ဝင္စားတဲ့ ခရီးသြားပဲျဖစ္ေနပါေစ ခ႐ိုေအးရွားမွာ ကိုယ့္စိတ္ႀကိဳက္ေတြကေတာ့ ရွိကို ရွိေနပါသတဲ့။
ၿပီးခဲ့တဲ့ ကမာၻ႔ဖလားမွာ အင္မတန္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ခ႐ိုေအးရွားဟာ ေဘာလုံးနဲ႔လည္း ကမာၻေက်ာ္လူသိမ်ားသလို Game of Thrones ဆိုတဲ့ ဇာတ္ကားႀကီး ႐ိုက္ကူးခဲ့တဲ့ေနရာအျဖစ္လည္း ထင္ရွားလွပါတယ္။ ခ႐ိုေအးရွားဟာ အရင္ကေတာ့ ယူဂိုစလားဗီးယားထဲမွာ ပါပါတယ္။ ေနာက္မွ ခြဲထြက္သြားတာပါ။ ဥေရာပႏိုင္ငံေလးဆိုေတာ့ အဲဒီမွာ လည္ရပတ္ရတာ လုံၿခဳံမႈ ရွိပါသတဲ့။ ကဲ..ခ႐ိုေအးရွားႏိုင္ငံအေၾကာင္းလည္း တီးမိေခါက္မိသြားၿပီဆိုေတာ့ ခ႐ိုေအးရွားေရာက္ရင္ သြားလည္သင့္တဲ့ေနရာေတြကို ၾကည့္လိုက္ၾကရေအာင္ပါ။

ပလစ်ဗိုက်စ်ရေကန် အမျိုးသားဥယျာဉ် (Plitvice Lakes National Park)
အဲဒီနေရာကတော့ သဘာဝအလှအပကို မြတ်နိုးသူတွေအတွက်ပါ။ ဒါပေမဲ့ ဘယ်သူမဆို ခရိုအေးရှားကို ရောက်ရင် အဲဒီနေရာကို မဖြစ်မနေ သွားသင့်ပါသတဲ့။ အဲဒီအမျိုးသားဥယျာဉ်ကြီးထဲမှာ ရေကန်ပေါင်း ၂ဝ ၊ ၃ဝ လောက်ရှိပါတယ်။ သဘာဝ ရေကန်တွေဟာ ပုံပန်းသဏ္ဍာန်အမျိုးမျိုးနဲ့ အရောင်အသွေးကလည်း ပြာလဲ့လဲ့တွေ၊ စိမ်းလဲ့လဲ့တွေနဲ့ အင်မတန်မှ မျက်စိအေးစရာကောင်းလှပါသတဲ့။ ပြီးတော့ ရေတံခွန်တွေလည်း ရှိတယ်။ သစ်ပင်စိမ်းစိမ်းစိုစိုတွေကလည်း လက်ညှိုးထိုးမလွဲပါပဲတဲ့။ ခရိုအေးရှားရဲ့ မြို့တော်ကတော့ ဇက်ဂ်ရက်ဘ်(Zagreb) ဖြစ်ပြီး အဲဒီကနေ နှစ်နာရီ လောက် ဘတ်စ်ကားစီးလိုက်ရင် ဥယျာဉ်ကြီးကို ရောက်ပါပြီ။ ဥယျာဉ်ကြီးထဲမှာ ခြေကျင်လျှောက်သွားနေလိုက်ရင် အနည်းဆုံး တစ်နေကုန်သွားမှာပါပဲ။ အဲဒီမှာ တောလမ်းခရီးလေးတွေ ထွက်လို့ ရသလို လှေစီးပြီးတော့လည်း ချောင်ကျတဲ့နေရာတွေအထိ သွားလေ့လာလို့ရပါသေးတယ်။
zawgyi version
ပလစ္ဗိုက္စ္ေရကန္ အမ်ိဳးသားဥယ်ာဥ္ (Plitvice Lakes National Park)
အဲဒီေနရာကေတာ့ သဘာဝအလွအပကို ျမတ္ႏိုးသူေတြအတြက္ပါ။ ဒါေပမဲ့ ဘယ္သူမဆို ခ႐ိုေအးရွားကို ေရာက္ရင္ အဲဒီေနရာကို မျဖစ္မေန သြားသင့္ပါသတဲ့။ အဲဒီအမ်ိဳးသားဥယ်ာဥ္ႀကီးထဲမွာ ေရကန္ေပါင္း ၂ဝ ၊ ၃ဝ ေလာက္ရွိပါတယ္။ သဘာဝ ေရကန္ေတြဟာ ပုံပန္းသ႑ာန္အမ်ိဳးမ်ိဳးနဲ႔ အေရာင္အေသြးကလည္း ျပာလဲ့လဲ့ေတြ၊ စိမ္းလဲ့လဲ့ေတြနဲ႔ အင္မတန္မွ မ်က္စိေအးစရာေကာင္းလွပါသတဲ့။ ၿပီးေတာ့ ေရတံခြန္ေတြလည္း ရွိတယ္။ သစ္ပင္စိမ္းစိမ္းစိုစိုေတြကလည္း လက္ညႇိဳးထိုးမလြဲပါပဲတဲ့။ ခ႐ိုေအးရွားရဲ႕ ၿမိဳ႕ေတာ္ကေတာ့ ဇက္ဂ္ရက္ဘ္(Zagreb) ျဖစ္ၿပီး အဲဒီကေန ႏွစ္နာရီ ေလာက္ ဘတ္စ္ကားစီးလိုက္ရင္ ဥယ်ာဥ္ႀကီးကို ေရာက္ပါၿပီ။ ဥယ်ာဥ္ႀကီးထဲမွာ ေျခက်င္ေလွ်ာက္သြားေနလိုက္ရင္ အနည္းဆုံး တစ္ေနကုန္သြားမွာပါပဲ။ အဲဒီမွာ ေတာလမ္းခရီးေလးေတြ ထြက္လို႔ ရသလို ေလွစီးၿပီးေတာ့လည္း ေခ်ာင္က်တဲ့ေနရာေတြအထိ သြားေလ့လာလို႔ရပါေသးတယ္။
ဒပ်ဘ်ရော့ဗ်နစ်ခ် (Dubrovnik)
ဒီနေရာကတော့ ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်ပြီး ကမ္ဘာကျော် Game of Thrones ဇာတ်ကားကြီးရိုက်ကူးခဲ့တဲ့နေရာပါ။ မြို့ဟောင်းဘက်ကို သွားကြည့်ပြီး မြို့ရဲ့သမိုင်းကြောင်းကို လေ့လာလို့ရသလို တောင်ပေါ်တက်ပြီးတော့လည်း
မြို့ရှုခင်းအလှကို အပေါ်စီးကနေ အားပါးတရ ကြည့်လို့ရပါတယ်။ ခရီးသွားအများစုကတော့ လှပခမ်းနားလှတဲ့ သမိုင်းဝင်နေရာတွေကိုမြင်ဖူးချင်လို့ ဒပ်ဘ်ရော့ဗ်နစ်ခ်ကို လာကြတာပါ။
zawgyi version
ဒပ္ဘ္ေရာ့ဗ္နစ္ခ္ (Dubrovnik)
ဒီေနရာကေတာ့ ယူနက္စ္ကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ေနရာျဖစ္ၿပီး ကမာၻေက်ာ္ Game of Thrones ဇာတ္ကားႀကီး႐ိုက္ကူးခဲ့တဲ့ေနရာပါ။ ၿမိဳ႕ေဟာင္းဘက္ကို သြားၾကည့္ၿပီး ၿမိဳ႕ရဲ႕သမိုင္းေၾကာင္းကို ေလ့လာလို႔ရသလို ေတာင္ေပၚတက္ၿပီးေတာ့လည္း
ၿမိဳ႕ရႈခင္းအလွကို အေပၚစီးကေန အားပါးတရ ၾကည့္လို႔ရပါတယ္။ ခရီးသြားအမ်ားစုကေတာ့ လွပခမ္းနားလွတဲ့ သမိုင္းဝင္ေနရာေတြကိုျမင္ဖူးခ်င္လို႔ ဒပ္ဘ္ေရာ့ဗ္နစ္ခ္ကို လာၾကတာပါ။
စပလစ်တ် (Split)
အဲဒီနေရာဟာလည်း သမိုင်းကို စိတ်ဝင်စားသူတွေအတွက်ပါ။ စပလစ်တ်မှာ နာမည်အကြီးဆုံးနေရာကတော့ ဒီအိုကလီရှန် (Diocletian’s Palace) နန်းတော်ကြီးပါပဲ။ အဲဒီနေရာကို လှည့်ပတ်လေ့လာလိုက်ရင် ရှေးဟောင်းခေတ်ထဲ ပြန်ရောက်သွားသလို
ခံစားရပါလိမ့်မယ်တဲ့။ အဲဒီက ရှေးဟောင်းအဆောက်အအုံကြီးတွေကိုကြည့်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၇ဝဝ) ကျော်က ဒီနေရာမှာ ဘာတွေဖြစ်ခဲ့ပါလိမ့်ဆိုတဲ့ အတွေးတွေလည်း ခေါင်းထဲ တသီတတန်းကြီးဝင်လာဦးမှာပါ။
zawgyi version
စပလစ္တ္ (Split)
အဲဒီေနရာဟာလည္း သမိုင္းကို စိတ္ဝင္စားသူေတြအတြက္ပါ။ စပလစ္တ္မွာ နာမည္အႀကီးဆုံးေနရာကေတာ့ ဒီအိုကလီရွန္ (Diocletian’s Palace) နန္းေတာ္ႀကီးပါပဲ။ အဲဒီေနရာကို လွည့္ပတ္ေလ့လာလိုက္ရင္ ေရွးေဟာင္းေခတ္ထဲ ျပန္ေရာက္သြားသလို
ခံစားရပါလိမ့္မယ္တဲ့။ အဲဒီက ေရွးေဟာင္းအေဆာက္အအုံႀကီးေတြကိုၾကည့္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၁၇ဝဝ) ေက်ာ္က ဒီေနရာမွာ ဘာေတြျဖစ္ခဲ့ပါလိမ့္ဆိုတဲ့ အေတြးေတြလည္း ေခါင္းထဲ တသီတတန္းႀကီးဝင္လာဦးမွာပါ။
ပက်ဂ်ကျွန်း (Pag Island)
ညဉ့်နက်သန်းခေါင်အထိ ပါတီပွဲတက်ရတာ ကြိုက်တယ်ဆိုတဲ့လူငယ်လူလတ်ပိုင်းတွေအတွက်တော့ ဒီနေရာက ကွက်တိပါပဲ။ အဲဒီမှာ ကမ်းခြေကလပ်တွေ အများကြီးရှိပြီး ဒေသခံ ဒီဂျေသမားတွေ၊ နိုင်ငံတကာ ဒီဂျေသမားတွေ ဖျော်ဖြေတဲ့ ပွဲတွေ ညတိုင်း ရှိပါသတဲ့။ ကျွန်းဆိုတော့ ကမ်းခြေတွေကလည်း လှမှလှပေါ့။ ဒါကြောင့် ကမ်းခြေအလှကိုလည်း ခံစားချင်တယ်၊ ညဘက်လည်း ပျော်ချင်၊ ကချင်၊ ခုန်ချင်တယ်ဆိုရင်တော့ ပက်ဂ်ကျွန်းကို သွားသင့်ပါတယ်။
zawgyi version
ပက္ဂ္ကြၽန္း (Pag Island)
ညဥ့္နက္သန္းေခါင္အထိ ပါတီပြဲတက္ရတာ ႀကိဳက္တယ္ဆိုတဲ့လူငယ္လူလတ္ပိုင္းေတြအတြက္ေတာ့ ဒီေနရာက ကြက္တိပါပဲ။ အဲဒီမွာ ကမ္းေျခကလပ္ေတြ အမ်ားႀကီးရွိၿပီး ေဒသခံ ဒီေဂ်သမားေတြ၊ ႏိုင္ငံတကာ ဒီေဂ်သမားေတြ ေဖ်ာ္ေျဖတဲ့ ပြဲေတြ ညတိုင္း ရွိပါသတဲ့။ ကြၽန္းဆိုေတာ့ ကမ္းေျခေတြကလည္း လွမွလွေပါ့။ ဒါေၾကာင့္ ကမ္းေျခအလွကိုလည္း ခံစားခ်င္တယ္၊ ညဘက္လည္း ေပ်ာ္ခ်င္၊ ကခ်င္၊ ခုန္ခ်င္တယ္ဆိုရင္ေတာ့ ပက္ဂ္ကြၽန္းကို သြားသင့္ပါတယ္။

ဘရက်ခ်ကျွန်း (Brac Island)
ခရိုအေးရှားဟာ ကမ်းခြေလှလှတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံလေးပါ။ အဲဒီမှာ ကမ်းခြေတွေ လက်ညှိုးထိုးမလွဲအောင် ရှိပေမယ့် တစ်နိုင်ငံလုံးမှာ အကောင်းဆုံး၊ အလှဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကမ်းခြေတွေကတော့ ဘရက်ခ်ကျွန်းမှာ ရှိပါတယ်။ အဲဒီမှာဆိုရင် ရေလေးတွေက ကြည်တောက်နေပြီး ပတ်ဝန်းကျင်ကလည်း စိမ်းစိုလှပ၊ မြို့လေးတွေကလည်း သိပ်ကိုမှသာယာလှပပါသတဲ့။ ဘရက်ခ်ကျွန်းမှာ သဲသောင်ပြင်ကမ်းခြေလည်း ရှိသလို ကျောက်တုံးလေးတွေနဲ့ ပြည့်နေတဲ့ ကမ်းခြေလည်း ရှိပါတယ်။ ဒါကြောင့်ခရိုအေးရှားကို သွားမယ်ဆိုရင်တော့ အလှပဆုံးကမ်းခြေတွေရှိရာဘရက်ခ်ကျွန်းကို မဖြစ်မနေ သွားသင့်ပါတယ်။
zawgyi version
ဘရက္ခ္ကြၽန္း (Brac Island)
ခ႐ိုေအးရွားဟာ ကမ္းေျခလွလွေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ႏိုင္ငံေလးပါ။ အဲဒီမွာ ကမ္းေျခေတြ လက္ညႇိဳးထိုးမလြဲေအာင္ ရွိေပမယ့္ တစ္ႏိုင္ငံလုံးမွာ အေကာင္းဆုံး၊ အလွဆုံးလို႔ သတ္မွတ္ခံထားရတဲ့ ကမ္းေျခေတြကေတာ့ ဘရက္ခ္ကြၽန္းမွာ ရွိပါတယ္။ အဲဒီမွာဆိုရင္ ေရေလးေတြက ၾကည္ေတာက္ေနၿပီး ပတ္ဝန္းက်င္ကလည္း စိမ္းစိုလွပ၊ ၿမိဳ႕ေလးေတြကလည္း သိပ္ကိုမွသာယာလွပပါသတဲ့။ ဘရက္ခ္ကြၽန္းမွာ သဲေသာင္ျပင္ကမ္းေျခလည္း ရွိသလို ေက်ာက္တုံးေလးေတြနဲ႔ ျပည့္ေနတဲ့ ကမ္းေျခလည္း ရွိပါတယ္။ ဒါေၾကာင့္ခ႐ိုေအးရွားကို သြားမယ္ဆိုရင္ေတာ့ အလွပဆုံးကမ္းေျခေတြရွိရာဘရက္ခ္ကြၽန္းကို မျဖစ္မေန သြားသင့္ပါတယ္။

အော့ပါတီဂျာမြို့ (Opatija)
မြစ်ကမ်းနားတစ်လျှောက် ဖောက်ထားတဲ့ လျှောက်လမ်းညီညီညာညာ လှလှပပလေးမှာချစ်သူ့လက်ကို တွဲပြီး အေးအေးလူလူ လမ်းလျှောက်ချင်တယ်ဆိုရင်တော့ အော့ပါတီဂျာမြို့ကို ရွေးချယ်သင့်ပါတယ်။ အဲဒီကလျှောက်လမ်းအများစုဟာ ကျယ်တဲ့အပြင် နံဘေးမှာ ပန်းပင်လှလှလေးတွေလည်း စိုက်ထားလေ့ရှိတော့ မြစ်ပြင်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေကိုလည်း အားပါးတရရှူရှိုက်ရင်း၊ ချစ်သူနဲ့လည်း စကား စမြည်ပြောရင်း၊ ပန်းလေးတွေရဲ့အလှကိုလည်း ကြည့်ရှုခံစားနိုင်တာပေါ့။ ပြီးတော့ အဲဒီမှာ အစားအသောက်ကလည်း အရမ်းကောင်းတယ်ဆိုတော့ တခြား ဘာလိုဦးမှာလဲနော်။ အဲဒီကဟိုတယ်တွေကလည်း နာမည်ကြီးပဲဆိုတော့ ဟန်းနီးမွန်းခရီးထွက်ချင်တယ်၊ သူများတွေ သိပ်မရောက်ဖူးတဲ့ နေရာကိုမှ သွားချင်တယ်ဆိုသူတွေ
အတွက် ကွက်တိဖြစ်နေမှာပါ။
zawgyi version
ေအာ့ပါတီဂ်ာၿမိဳ႕ (Opatija)
ျမစ္ကမ္းနားတစ္ေလွ်ာက္ ေဖာက္ထားတဲ့ ေလွ်ာက္လမ္းညီညီညာညာ လွလွပပေလးမွာခ်စ္သူ႔လက္ကို တြဲၿပီး ေအးေအးလူလူ လမ္းေလွ်ာက္ခ်င္တယ္ဆိုရင္ေတာ့ ေအာ့ပါတီဂ်ာၿမိဳ႕ကို ေ႐ြးခ်ယ္သင့္ပါတယ္။ အဲဒီကေလွ်ာက္လမ္းအမ်ားစုဟာ က်ယ္တဲ့အျပင္ နံေဘးမွာ ပန္းပင္လွလွေလးေတြလည္း စိုက္ထားေလ့ရွိေတာ့ ျမစ္ျပင္ကို ျဖတ္ၿပီးတိုက္ခတ္လာတဲ့ ေလကိုလည္း အားပါးတရရႉရႈိက္ရင္း၊ ခ်စ္သူနဲ႔လည္း စကား စျမည္ေျပာရင္း၊ ပန္းေလးေတြရဲ႕အလွကိုလည္း ၾကည့္ရႈခံစားႏိုင္တာေပါ့။ ၿပီးေတာ့ အဲဒီမွာ အစားအေသာက္ကလည္း အရမ္းေကာင္းတယ္ဆိုေတာ့ တျခား ဘာလိုဦးမွာလဲေနာ္။ အဲဒီကဟိုတယ္ေတြကလည္း နာမည္ႀကီးပဲဆိုေတာ့ ဟန္းနီးမြန္းခရီးထြက္ခ်င္တယ္၊ သူမ်ားေတြ သိပ္မေရာက္ဖူးတဲ့ ေနရာကိုမွ သြားခ်င္တယ္ဆိုသူေတြ
အတြက္ ကြက္တိျဖစ္ေနမွာပါ။