မြဝတီ-မဲဆောက် နယ်စပ်စစ်ဆေးရေးဂိတ်ကို မကြာမီပြန်လည်ဖွင့်လှစ်ဖွယ်ရှိနေဟုဆို

1153

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၅
မြန်မာအာဏာပိုင်များသည် မဲဆောက်-မြဝတီနယ်စပ်စစ်ဆေးရေးဂိတ်တွင် လျှပ်စစ်မီးများ ပြန်လည်ပြင်ဆင် စစ်ဆေးခြင်းများကို ဇန်နဝါရီ ၅ ရက်က ပြန်လည်လုပ်ဆောင်ခဲ့ရာ ထိုင်းနှင့် မြန်မာနယ်စပ်စစ်ဆေးရေးဂိတ်ကို မကြာမီပြန်လည်ဖွင့်လှစ်ဖွယ်ရှိနေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းနိုင်ငံ မဲဆောက်နှင့် မျက်နှာချင်းဆိုင်မြို့တစ်ခုဖြစ်သော မြဝတီမြို့ဘက်ခြမ်းရှိ နယ်စပ်စစ်ဆေးရေးဂိတ်တွင် လျှပ်စစ်မီးများ ကောင်းမွန်မှု ရှိ/မရှိ ဆိုသည့်အချက်နှင့် လျှပ်စစ်မီးများ စစ်ဆေးစမ်းသပ်မှုများပြုလုပ်ရန် စီစဉ်နေကြောင်းသိရသည်။
ထိုင်းနိုင်ငံ Takwa ဒေသရှိ လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများသည် မြန်မာနိုင်ငံ နှင့်နယ်စပ်ချင်းထိစပ်နေ သည့် နယ်စပ်စစ်ဆေးရေးဂိတ်ကို မကြာမီပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်းသိရသည်။ ထိုင်းနှင့် မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားနားတွင် ရှိနေသည့် မဲဆောက်-မြဝတီနယ်စပ်စစ်ဆေးရေးဂိတ်ကို မြန်မာဘက်ခြမ်း တွင် ပြန်လည်ဖွင့်လှစ်မည်ဆိုသည့်အချက်နှင့်ပတ်သက်ပြီး တရားဝင်သတင်းပေးပို့ခြင်းများ လက်ခံမရရှိသေး ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက ဆိုသည်။
သို့သော်လည်း မဲဆောက်-မြဝတီ နယ်စပ်စစ်ဆေးရေးဂိတ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ခြမ်းတွင် နယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ဖွယ်ရှိနေကြောင်းသိရသည်။

Zawgyi Version;
ျမဝတီ-မဲေဆာက္ နယ္စပ္စစ္ေဆးေရးဂိတ္ကို မၾကာမီျပန္လည္ဖြင့္လွစ္ဖြယ္ရွိေနဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၅
ျမန္မာအာဏာပိုင္မ်ားသည္ မဲေဆာက္-ျမဝတီနယ္စပ္စစ္ေဆးေရးဂိတ္တြင္ လွ်ပ္စစ္မီးမ်ား ျပန္လည္ျပင္ဆင္ စစ္ေဆးျခင္းမ်ားကို ဇန္နဝါရီ ၅ ရက္က ျပန္လည္လုပ္ေဆာင္ခဲ့ရာ ထိုင္းႏွင့္ ျမန္မာနယ္စပ္စစ္ေဆးေရးဂိတ္ကို မၾကာမီျပန္လည္ဖြင့္လွစ္ဖြယ္ရွိေနေၾကာင္း ထိုင္းသတင္းမ်ားက ေဖာ္ျပသည္။
ထိုင္းႏိုင္ငံ မဲေဆာက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ၿမိဳ႕တစ္ခုျဖစ္ေသာ ျမဝတီၿမိဳ႕ဘက္ျခမ္းရွိ နယ္စပ္စစ္ေဆးေရးဂိတ္တြင္ လွ်ပ္စစ္မီးမ်ား ေကာင္းမြန္မႈ ရွိ/မရွိ ဆိုသည့္အခ်က္ႏွင့္ လွ်ပ္စစ္မီးမ်ား စစ္ေဆးစမ္းသပ္မႈမ်ားျပဳလုပ္ရန္ စီစဥ္ေနေၾကာင္းသိရသည္။
ထိုင္းႏိုင္ငံ Takwa ေဒသရွိ လူဝင္မႈႀကီးၾကပ္ေရးဌာနတာဝန္ရွိသူမ်ားသည္ ျမန္မာႏိုင္ငံ ႏွင့္နယ္စပ္ခ်င္းထိစပ္ေန သည့္ နယ္စပ္စစ္ေဆးေရးဂိတ္ကို မၾကာမီျပန္လည္ဖြင့္လွစ္ရန္ ျပင္ဆင္ေနေၾကာင္းသိရသည္။ ထိုင္းႏွင့္ ျမန္မာ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားနားတြင္ ရွိေနသည့္ မဲေဆာက္-ျမဝတီနယ္စပ္စစ္ေဆးေရးဂိတ္ကို ျမန္မာဘက္ျခမ္း တြင္ ျပန္လည္ဖြင့္လွစ္မည္ဆိုသည့္အခ်က္ႏွင့္ပတ္သက္ၿပီး တရားဝင္သတင္းေပးပို႔ျခင္းမ်ား လက္ခံမရရွိေသး ေၾကာင္း ထိုင္းအစိုးရတာဝန္ရွိသူမ်ားက ဆိုသည္။
သို႔ေသာ္လည္း မဲေဆာက္-ျမဝတီ နယ္စပ္စစ္ေဆးေရးဂိတ္ႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံဘက္ျခမ္းတြင္ နယ္စပ္စစ္ေဆးေရးဂိတ္မ်ား ျပန္လည္ဖြင့္လွစ္ဖြယ္ရွိေနေၾကာင္းသိရသည္။