မူကြိုအရွယ် ကလေးငယ်တစ်ဦး နှင့် အမျိုးသမီး(၂)ဦး ကြိုးဆွဲချ အဆုံးစီရင်မှု ရန်ကုန်မြို့၌ ဖြစ်ပွား

 11755

NP News - ဇန်နဝါရီ ၈

မူကြိုအရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး(၂)ဦး ကြိုးဆွဲချ အဆုံးစီရင်မှု ရန်ကုန်မြို့၌မှုဖြစ်ပွားခဲ့ကြောင်း လူမှု ကူညီရေးအသင်းများ ထံမှ သိရသည်။

ဖြစ်စဉ်များမှာ ပြီးခဲ့သည့် ဇန်နဝါရီ(၇)ရက်တွင် ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အောင်စက်ြာလမ်း၊ (၇)ရပ်ကွက်ရှိ အဆောင်တစ်ခုတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ကရုဏာတွဲလက်ပရဟိတအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာသယ်ဖို့ ဖုန်းဆက်တော့ ညနေ (၅) နာရီခွဲနေပြီ။ ရဲတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စုံစမ်းသလောက်တော့ ကောင်မလေးက အခန်းဖော်တွေနဲ့ နေတာ။ အဲ့နေ့က သူက အလုပ်မဆင်းဘူး။ သူ့အခန်းဖော်တွေပြန်လာတော့ ဖုန်းဆက်တာလည်း မကိုင်၊ တံခါးကလည်းပိတ်ထားတော့ နောက်ပိုင်းချောင်းကြည့်တော့မှ အထဲမှာ အဲဒီလိုဖြစ်နေတာပေါ့” ဟု ကရုဏာတွဲလက်ပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ဆိုသည်။

အဆိုပါ အမျိုးသမီးအား ပရဟိတအဖွဲ့မှ လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းမှာ ဧရာဝတီတိုင်းမှ ဖြစ်ကြောင်း သိရသည်။

အလားတူ တောင်ဒဂုံမြို့နယ်တွင်လည်း ဇန်နဝါရီ(၇)ရက်၊ ညပိုင်းက သားအမိနှစ်ဦး ကြိုးဆွဲချအဆုံးစီရင်ခဲ့ ကြောင်း ရှင်သန်ခွင့်လူမှု ကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ တောင်ဒဂုံမြို့နယ်၊ (၁၈)ရပ်ကွက်၊ ကော့သောင်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကိုတော့ အကူအညီတောင်းလို့ သွားပြီးသယ်ပေးတာပါ။ ပထမတော့ ကျွန်တော်တို့လည်း တစ်ယောက်ပဲထင်တာ။ အထဲရောက်မှ သားအမိနှစ်ယောက်ဖြစ်နေတာကို သိတာပါ”ဟု ရှင်သန်ခွင့်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ကြိုးဆွဲချအဆုံးစီရင်ခဲ့သည့် သားအမိနှစ်ဦးအနက်မှ သမီးဖြစ်သူသည် သူငယ်တန်းတက်နေသူ(၆)နှစ်ဖြစ်ပြီး မိခင် ဖြစ်သူမှာ အသက်(၄၁) နှစ် အရွယ်ရှိပြီဖြစ်ကြောင်း ၎င်းမှဆိုသည်။

၎င်းတို့အား ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ စံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
မူႀကိဳအ႐ြယ္ ကေလးငယ္တစ္ဦး ႏွင့္ အမ်ိဳးသမီး(၂)ဦး ႀကိဳးဆြဲခ် အဆုံးစီရင္မႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြား
NP News - ဇန္နဝါရီ ၈

မူႀကိဳအ႐ြယ္ ကေလးငယ္တစ္ဦးႏွင့္ အမ်ိဳးသမီး(၂)ဦး ႀကိဳးဆြဲခ် အဆုံးစီရင္မႈ ရန္ကုန္ၿမိဳ႕၌မႈျဖစ္ပြားခဲ့ေၾကာင္း လူမႈ ကူညီေရးအသင္းမ်ား ထံမွ သိရသည္။

ျဖစ္စဥ္မ်ားမွာ ၿပီးခဲ့သည့္ ဇန္နဝါရီ(၇)ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ လႈိင္သာယာၿမိဳ႕နယ္ႏွင့္ ေတာင္ဒဂုံၿမိဳ႕နယ္တို႔တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မွာ ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ ေအာင္စက္ျာလမ္း၊ (၇)ရပ္ကြက္ရွိ အေဆာင္တစ္ခုတြင္ အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ် ေသဆုံးခဲ့ေၾကာင္း က႐ုဏာတြဲလက္ပရဟိတအဖြဲ႕ထံမွ သိရသည္။

“ကြၽန္ေတာ္တို႔ကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက လာသယ္ဖို႔ ဖုန္းဆက္ေတာ့ ညေန (၅) နာရီခြဲေနၿပီ။ ရဲေတြနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြ စုံစမ္းသေလာက္ေတာ့ ေကာင္မေလးက အခန္းေဖာ္ေတြနဲ႔ ေနတာ။ အဲ့ေန႔က သူက အလုပ္မဆင္းဘူး။ သူ႔အခန္းေဖာ္ေတြျပန္လာေတာ့ ဖုန္းဆက္တာလည္း မကိုင္၊ တံခါးကလည္းပိတ္ထားေတာ့ ေနာက္ပိုင္းေခ်ာင္းၾကည့္ေတာ့မွ အထဲမွာ အဲဒီလိုျဖစ္ေနတာေပါ့” ဟု က႐ုဏာတြဲလက္ပရဟိတအဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ဆိုသည္။

အဆိုပါ အမ်ိဳးသမီးအား ပရဟိတအဖြဲ႕မွ လႈိင္သာယာေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ၎မွာ ဧရာဝတီတိုင္းမွ ျဖစ္ေၾကာင္း သိရသည္။

အလားတူ ေတာင္ဒဂုံၿမိဳ႕နယ္တြင္လည္း ဇန္နဝါရီ(၇)ရက္၊ ညပိုင္းက သားအမိႏွစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့ ေၾကာင္း ရွင္သန္ခြင့္လူမႈ ကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ေတာင္ဒဂုံၿမိဳ႕နယ္၊ (၁၈)ရပ္ကြက္၊ ေကာ့ေသာင္းလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ကိုေတာ့ အကူအညီေတာင္းလို႔ သြားၿပီးသယ္ေပးတာပါ။ ပထမေတာ့ ကြၽန္ေတာ္တို႔လည္း တစ္ေယာက္ပဲထင္တာ။ အထဲေရာက္မွ သားအမိႏွစ္ေယာက္ျဖစ္ေနတာကို သိတာပါ”ဟု ရွင္သန္ခြင့္လူမႈကူညီေရး အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့သည့္ သားအမိႏွစ္ဦးအနက္မွ သမီးျဖစ္သူသည္ သူငယ္တန္းတက္ေနသူ(၆)ႏွစ္ျဖစ္ၿပီး မိခင္ ျဖစ္သူမွာ အသက္(၄၁) ႏွစ္ အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း ၎မွဆိုသည္။

၎တို႔အား ရွင္သန္ခြင့္လူမႈကူညီေရးအသင္းမွ စံျပေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Picture

Bo Tho

08/01/2023 15:15

ရက်စက်လိုက်တာကွယ်

Related news

© 2021. All rights reserved.