သီတဂူဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့နှင့် သီရိလင်္ကာနိုင်ငံမှ M.A ဘွဲ့ရယူထားသော သံဃာတော်တစ်ပါး အကြမ်းဖက်သတ်ဖြတ်ခံရ

 1714

မျိုးကြီး (NP News) - ဇန်နဝါရီ ၈

သီတဂူဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့နှင့် သီရိလင်္ကာနိုင်ငံမှ M.A ဘွဲ့ရယူထားသော သံဃာတော်တစ်ပါး အကြမ်းဖက်သတ်ဖြတ်ခံရကာ ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဒီပဲယင်းကွဲကျေးရွာ၊ ရွှေဂူကျောင်းတိုက်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေဂူကျောင်းတိုက်မှ သက်တော်(၄၂)နှစ်၊ ဝါတော်(၂၂)ဝါရှိပြီးဖြစ်သော ဘဒ္ဒန္တဂန္ဓသာရသည် ကျောင်းတိုက်၌ သီတင်းသုံး နေစဉ်အချိန် PDF အဖွဲ့မှ ကျောင်းတိုက်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောဆိုထားသည်။

အဆိုပါ ဇန်နဝါရီ ၆ ရက်တွင် ဒီပဲယင်းကွဲကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ အခြေပြုနေထိုင်လျက်ရှိသော PDF အဖွဲ့ဝင်များကို နစက၏ လုံခြုံရေးအဖွဲ့ဝင်များက ဝင်ရောက် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းမှုဖြစ်စဉ်အတွင်း အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ရာ အမျိုးသားအလောင်း (၄)လောင်းနှင့် လက်လုပ်သေနတ် (၂)လက်တို့ကိုပါ သိမ်းဆည်းရမိခဲ့ပြီး PDF အဖွဲ့ဝင်များမှာ ဒီပင်ယင်းကွဲကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းမြစ်က ဆိုထားသည်။

၎င်းကဲ့သို့ဖြစ်စဉ်များအတွင်း သီတဂူဗုဒ္ဓတက္ကသိုလ်မှ B.A ဘွဲ့နှင့် သီရိလင်္ကာနိုင်ငံမှ M.A ဘွဲ့ရရှိထားသော ဒီပဲယင်းကွဲကျေး ရွာ၊ ရွှေဂူကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဂန္ဓသာရသည် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကာ ပျံလွန်တော်မူခဲ့ကြောင်း သိရ သည်။

သို့သော် ဆရာတော်ဘဒ္ဒန္တဂန္ဓသာရ အကြမ်းဖက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ PDF အဖွဲ့က သတ်ဖြတ်ခြင်းဖြစ်သည်ဟု ပြောဆိုမှုများရှိနေသလို ၎င်းတို့၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းကလည်း သတ်ဖြတ်ခြင်းဖြစ်သည်ဟု ပြောဆိုမှုများရှိနေသည်ကို တွေ့ရပြန်သည်။

“ဖြစ်စဉ်ကိုတော့ အသေးစိတ်က ဟိုမှာဖြစ်တာကြတော့ ဘုန်းဘုန်းတို့က မျက်လုံးနဲ့မမြင်ရတော့ အတိအကျမပြောနိုင်ဘူး ပေါ့။ သီတဂူမှာ ဒီဦးဇင်းလေးက နေဖူးပါတယ်။ နောက်ပြီးတော့ B.A ဘွဲ့ရပါတယ်။ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဘွဲ့ရတယ်လေ။ ဒီမှာက ခန့်မှန်းခြေအားဖြင့် (၅)နှစ်လောက်တော့ နေဖူးခဲ့ပါတယ်” ဟု စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်ကြီးတစ်ပါးက NP News ကို မိန့်ကြားသည်။

ဆရာတော်ဘဒ္ဒန္တ ဂန္ဓသာရသည် သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ဘွဲ့ရရှိပြီးနောက် သီရိလင်္ကာနိုင်ငံ၌ M.A ဘွဲ့ ထပ်မံရရှိခဲ့ ကြောင်း သိရသည်။

“အဲဒီကနေ ပြန်လာပြီးတဲ့နောက်တော့ ဘုန်းဘုန်းတို့ သီတဂူမှာ မနေတော့ပါဘူး သူက။ အပြင်ကျောင်းမှာ နေတာပေါ့။ အဝင်/အထွက်တော့ ရှိပါတယ်။ ဦးဇင်းလေးက ဒီမှာနေတုန်းကလည်း ဘာအပြစ်အနာအဆာမှ မရှိပါဘူး။ သူ့ကိုပေးတာဝန် တွေကို ကျေပွန်တယ်။ အများနဲ့ ဆက်ဆံရေးကောင်းမွန်တယ်” ဟု စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်ကြီးတစ်ပါးက ဆက်လက်မိန့်ကြားသည်။

အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော ဘဒ္ဒန္တ ဂန္ဓသာရသည် စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်၌ ငါးနှစ်ခန့် ဗုဒ္ဓစာပေများကို သင်ယူလေ့လာခဲ့ပြီး သီတဂူဆရာတော်ကြီးဘဒ္ဒန္တဉာဏိဿရ၏ စာသင်သားတပည့်ဖြစ်ခဲ့ဖူးကြောင်း သိရှိရသည်။

“သူက ဘုန်းဘုန်းတို့ရဲ့ တပည့်ပါပဲ။ သိပါတယ်။ ပြီးခဲ့တဲ့ ၄၊၅ လလောက်က တစ်ခါတွေ့ဖူးသေးတယ်။ ဦးဇင်းလေးက ဘယ်သူနဲ့မှ စကားများ ရန်ဖြစ်တာမရှိဘူး။ နောက်တစ်ခုက တာဝန်တရားကြေတယ်ဆိုတာ ဘုန်းဘုန်းတို့ သီတဂူဗုဒ္ဓ တက္ကသိုလ်ရဲ့ရှေ့မှာ သိမ်တော်ကြီးတစ်ခုရှိတယ်။ သိမ်တော်ကြီးရဲ့ ရှေ့မှာ ကွင်းပြင်ကြီးတစ်ခုရှိတယ်။ ဘုန်းကြီး ကျောင်း ဆိုတော့ ထုံးစံအတိုင်းပေါ့ ခွေးတွေက အများကြီးရှိတယ်။ ခွေးတွေအများကြီးရှိတဲ့အခါကြ “ဂန္ဓသာရ” ဒီမှာကွာ ခွေးတွေကလည်း အများကြီးရှိတယ်။ ဘုရားဖူးတွေကလည်း လာကြတယ်။ ခွေးတွေကလည်း ခွေးချီးတွေ၊ ဘာတွေ ယိုကြတယ်။ အဲဒီတော့ နံတယ်။ မကောင်းဘူးပေါ့။ မင်း အဲဒါသန့်ရှင်းရေးလုပ် ဆိုပြီးတော့ သူ့ကို တာဝန်ပေးထားတာပေါ့။ သူ မနက်မနက် အာရုံတက်အလင်းရောင်လေးရပြီဆိုရင် ဂေါ်လေးနဲ့ တံမြတ်စည်းတစ်ချောင်း သွားယူပြီးတော့ ခွေးချီးတွေ ကြုံးတယ်။ ဘုန်းဘုန်းတို့က လမ်းလျှောက်ထွက်တော့ သူ့ကို မြင်နေရတာပေါ့။ ဒီလိုလုပ်ငန်းဆိုတာ ကျန်တဲ့သူတွေ သိပ်မလုပ်ချင်ကြဘူးလေ။ သူ့ကိုတာဝန်ပေးတော့ တက်တက်ကြွကြွပဲ သူ့တာဝန်သူ ကျေအောင် လုပ်ပါတယ်။ ဒါသူနေစဉ်ကာလ မြင်ခဲ့ရတဲ့ အမြင်ပေါ့” ဟု ဆရာတော်ကြီးက ဆက်လက်မိန့်ကြားသည်။

ထိုသို့ ဆရာတော်ဘဒ္ဒန္တ ဂန္ဓသာရ အကြမ်းဖက်သတ်ဖြတ်ခံရမှုအပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် စာပေပညာ တတ်ပြီး တန်ဖိုးရှိသော ရဟန်းတစ်ပါးဖြစ်ရန်အတွက် မလွယ်ကူကြောင်း စစ်ကိုင်းသီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်ကြီး တစ်ပါးက မိန့်ကြားသည်။

“အခုလိုဖြစ်သွားတော့ ဘယ်စိတ်ကောင်းမလဲ။ တန်ဖိုးရှိတဲ့ ရဟန်းတော်တစ်ပါး၊ အခုခေတ်က ရဟန်းတစ်ပါးဖြစ်ဖို့ မလွယ်ဘူး။ ပညာတတ်တစ်ပါးဖြစ်ဖို့လည်း မလွယ်ဘူး။ လူတွေကို ပြန်ပြီးတော့ ကူညီစောင့်ရှောက်တတ်တဲ့ ရဟန်းတစ်ပါးဖြစ်ဖို့လည်း မလွယ်ဘူး။ သူက အရွယ်ကောင်းလေ။ (၄ဝ) ပတ်ဝန်းကျင်ပဲရှိသေးတာ။ သူ့ရွာက သူ့ကို အားကိုးကြမှာပေါ့။ အဲဒီ လိုဖြစ်သွားတော့ ဘယ်စိတ်ကောင်းမလဲ။ ဖြစ်မှဖြစ်ရလေခြင်းပေါ့” ဟု ၎င်းက မိန့်ကြားသည်။

မြန်မာနိုင်ငံအတွင်း၌ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အကြမ်းဖက်သတ်ဖြတ်ခံထားရသည့် ရဟန်းသံဃာတော်အရေအတွက်မှာ အပါး(၇ဝ)နီးပါးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

Zawgyi Version;
သီတဂူဗုဒၶတကၠသိုလ္မွ B.A ဘြဲ႕ႏွင့္ သီရိလကၤာႏိုင္ငံမွ M.A ဘြဲ႕ရယူထားေသာ သံဃာေတာ္တစ္ပါး အၾကမ္းဖက္သတ္ျဖတ္ခံရ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၈

သီတဂူဗုဒၶတကၠသိုလ္မွ B.A ဘြဲ႕ႏွင့္ သီရိလကၤာႏိုင္ငံမွ M.A ဘြဲ႕ရယူထားေသာ သံဃာေတာ္တစ္ပါး အၾကမ္းဖက္သတ္ျဖတ္ခံရကာ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီ ၆ ရက္ နံနက္ပိုင္းတြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕၊ ဒီပဲယင္းကြဲေက်း႐ြာ၊ ေ႐ႊဂူေက်ာင္းတိုက္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေ႐ႊဂူေက်ာင္းတိုက္မွ သက္ေတာ္(၄၂)ႏွစ္၊ ဝါေတာ္(၂၂)ဝါရွိၿပီးျဖစ္ေသာ ဘဒၵႏၲဂႏၶသာရသည္ ေက်ာင္းတိုက္၌ သီတင္းသုံး ေနစဥ္အခ်ိန္ PDF အဖြဲ႕မွ ေက်ာင္းတိုက္အတြင္းဝင္ေရာက္ကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာဆိုထားသည္။

အဆိုပါ ဇန္နဝါရီ ၆ ရက္တြင္ ဒီပဲယင္းကြဲေက်း႐ြာရွိ အေျခခံပညာမူလတန္းေက်ာင္း၌ အေျချပဳေနထိုင္လ်က္ရွိေသာ PDF အဖြဲ႕ဝင္မ်ားကို နစက၏ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဝင္ေရာက္ ရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရွင္းလင္းမႈျဖစ္စဥ္အတြင္း အျပန္အလွန္ပစ္ခတ္မႈမ်ားရွိခဲ့ရာ အမ်ိဳးသားအေလာင္း (၄)ေလာင္းႏွင့္ လက္လုပ္ေသနတ္ (၂)လက္တို႔ကိုပါ သိမ္းဆည္းရမိခဲ့ၿပီး PDF အဖြဲ႕ဝင္မ်ားမွာ ဒီပင္ယင္းကြဲေက်း႐ြာ၏ အေနာက္ေတာင္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းျမစ္က ဆိုထားသည္။

၎ကဲ့သို႔ျဖစ္စဥ္မ်ားအတြင္း သီတဂူဗုဒၶတကၠသိုလ္မွ B.A ဘြဲ႕ႏွင့္ သီရိလကၤာႏိုင္ငံမွ M.A ဘြဲ႕ရရွိထားေသာ ဒီပဲယင္းကြဲေက်း ႐ြာ၊ ေ႐ႊဂူေက်ာင္းတိုက္မွ ဆရာေတာ္ ဘဒၵႏၲဂႏၶသာရသည္ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရကာ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရ သည္။

သို႔ေသာ္ ဆရာေတာ္ဘဒၵႏၲဂႏၶသာရ အၾကမ္းဖက္သတ္ျဖတ္ခံရမႈႏွင့္ပတ္သက္၍ PDF အဖြဲ႕က သတ္ျဖတ္ျခင္းျဖစ္သည္ဟု ေျပာဆိုမႈမ်ားရွိေနသလို ၎တို႔၏ ဆန႔္က်င္ဘက္အဖြဲ႕အစည္းကလည္း သတ္ျဖတ္ျခင္းျဖစ္သည္ဟု ေျပာဆိုမႈမ်ားရွိေနသည္ကို ေတြ႕ရျပန္သည္။

“ျဖစ္စဥ္ကိုေတာ့ အေသးစိတ္က ဟိုမွာျဖစ္တာၾကေတာ့ ဘုန္းဘုန္းတို႔က မ်က္လုံးနဲ႔မျမင္ရေတာ့ အတိအက်မေျပာႏိုင္ဘူး ေပါ့။ သီတဂူမွာ ဒီဦးဇင္းေလးက ေနဖူးပါတယ္။ ေနာက္ၿပီးေတာ့ B.A ဘြဲ႕ရပါတယ္။ ဗုဒၶဘာသာနဲ႔ပတ္သက္တဲ့ ဘြဲ႕ရတယ္ေလ။ ဒီမွာက ခန႔္မွန္းေျခအားျဖင့္ (၅)ႏွစ္ေလာက္ေတာ့ ေနဖူးခဲ့ပါတယ္” ဟု စစ္ကိုင္းသီတဂူဗုဒၶတကၠသိုလ္မွ ဆရာေတာ္ႀကီးတစ္ပါးက NP News ကို မိန႔္ၾကားသည္။

ဆရာေတာ္ဘဒၵႏၲ ဂႏၶသာရသည္ သီတဂူဗုဒၶတကၠသိုလ္တြင္ ဘြဲ႕ရရွိၿပီးေနာက္ သီရိလကၤာႏိုင္ငံ၌ M.A ဘြဲ႕ ထပ္မံရရွိခဲ့ ေၾကာင္း သိရသည္။

“အဲဒီကေန ျပန္လာၿပီးတဲ့ေနာက္ေတာ့ ဘုန္းဘုန္းတို႔ သီတဂူမွာ မေနေတာ့ပါဘူး သူက။ အျပင္ေက်ာင္းမွာ ေနတာေပါ့။ အဝင္/အထြက္ေတာ့ ရွိပါတယ္။ ဦးဇင္းေလးက ဒီမွာေနတုန္းကလည္း ဘာအျပစ္အနာအဆာမွ မရွိပါဘူး။ သူ႔ကိုေပးတာဝန္ ေတြကို ေက်ပြန္တယ္။ အမ်ားနဲ႔ ဆက္ဆံေရးေကာင္းမြန္တယ္” ဟု စစ္ကိုင္းသီတဂူဗုဒၶတကၠသိုလ္မွ ဆရာေတာ္ႀကီးတစ္ပါးက ဆက္လက္မိန႔္ၾကားသည္။

အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရေသာ ဘဒၵႏၲ ဂႏၶသာရသည္ စစ္ကိုင္းသီတဂူဗုဒၶတကၠသိုလ္၌ ငါးႏွစ္ခန႔္ ဗုဒၶစာေပမ်ားကို သင္ယူေလ့လာခဲ့ၿပီး သီတဂူဆရာေတာ္ႀကီးဘဒၵႏၲဉာဏိႆရ၏ စာသင္သားတပည့္ျဖစ္ခဲ့ဖူးေၾကာင္း သိရွိရသည္။

“သူက ဘုန္းဘုန္းတို႔ရဲ႕ တပည့္ပါပဲ။ သိပါတယ္။ ၿပီးခဲ့တဲ့ ၄၊၅ လေလာက္က တစ္ခါေတြ႕ဖူးေသးတယ္။ ဦးဇင္းေလးက ဘယ္သူနဲ႔မွ စကားမ်ား ရန္ျဖစ္တာမရွိဘူး။ ေနာက္တစ္ခုက တာဝန္တရားေၾကတယ္ဆိုတာ ဘုန္းဘုန္းတို႔ သီတဂူဗုဒၶ တကၠသိုလ္ရဲ႕ေရွ႕မွာ သိမ္ေတာ္ႀကီးတစ္ခုရွိတယ္။ သိမ္ေတာ္ႀကီးရဲ႕ ေရွ႕မွာ ကြင္းျပင္ႀကီးတစ္ခုရွိတယ္။ ဘုန္းႀကီး ေက်ာင္း ဆိုေတာ့ ထုံးစံအတိုင္းေပါ့ ေခြးေတြက အမ်ားႀကီးရွိတယ္။ ေခြးေတြအမ်ားႀကီးရွိတဲ့အခါၾက “ဂႏၶသာရ” ဒီမွာကြာ ေခြးေတြကလည္း အမ်ားႀကီးရွိတယ္။ ဘုရားဖူးေတြကလည္း လာၾကတယ္။ ေခြးေတြကလည္း ေခြးခ်ီးေတြ၊ ဘာေတြ ယိုၾကတယ္။ အဲဒီေတာ့ နံတယ္။ မေကာင္းဘူးေပါ့။ မင္း အဲဒါသန႔္ရွင္းေရးလုပ္ ဆိုၿပီးေတာ့ သူ႔ကို တာဝန္ေပးထားတာေပါ့။ သူ မနက္မနက္ အာ႐ုံတက္အလင္းေရာင္ေလးရၿပီဆိုရင္ ေဂၚေလးနဲ႔ တံျမတ္စည္းတစ္ေခ်ာင္း သြားယူၿပီးေတာ့ ေခြးခ်ီးေတြ ႀကဳံးတယ္။ ဘုန္းဘုန္းတို႔က လမ္းေလွ်ာက္ထြက္ေတာ့ သူ႔ကို ျမင္ေနရတာေပါ့။ ဒီလိုလုပ္ငန္းဆိုတာ က်န္တဲ့သူေတြ သိပ္မလုပ္ခ်င္ၾကဘူးေလ။ သူ႔ကိုတာဝန္ေပးေတာ့ တက္တက္ႂကြႂကြပဲ သူ႔တာဝန္သူ ေက်ေအာင္ လုပ္ပါတယ္။ ဒါသူေနစဥ္ကာလ ျမင္ခဲ့ရတဲ့ အျမင္ေပါ့” ဟု ဆရာေတာ္ႀကီးက ဆက္လက္မိန႔္ၾကားသည္။

ထိုသို႔ ဆရာေတာ္ဘဒၵႏၲ ဂႏၶသာရ အၾကမ္းဖက္သတ္ျဖတ္ခံရမႈအေပၚ မ်ားစြာ စိတ္မေကာင္းျဖစ္ရေၾကာင္းႏွင့္ စာေပပညာ တတ္ၿပီး တန္ဖိုးရွိေသာ ရဟန္းတစ္ပါးျဖစ္ရန္အတြက္ မလြယ္ကူေၾကာင္း စစ္ကိုင္းသီတဂူဗုဒၶတကၠသိုလ္မွ ဆရာေတာ္ႀကီး တစ္ပါးက မိန႔္ၾကားသည္။

“အခုလိုျဖစ္သြားေတာ့ ဘယ္စိတ္ေကာင္းမလဲ။ တန္ဖိုးရွိတဲ့ ရဟန္းေတာ္တစ္ပါး၊ အခုေခတ္က ရဟန္းတစ္ပါးျဖစ္ဖို႔ မလြယ္ဘူး။ ပညာတတ္တစ္ပါးျဖစ္ဖို႔လည္း မလြယ္ဘူး။ လူေတြကို ျပန္ၿပီးေတာ့ ကူညီေစာင့္ေရွာက္တတ္တဲ့ ရဟန္းတစ္ပါးျဖစ္ဖို႔လည္း မလြယ္ဘူး။ သူက အ႐ြယ္ေကာင္းေလ။ (၄ဝ) ပတ္ဝန္းက်င္ပဲရွိေသးတာ။ သူ႔႐ြာက သူ႔ကို အားကိုးၾကမွာေပါ့။ အဲဒီ လိုျဖစ္သြားေတာ့ ဘယ္စိတ္ေကာင္းမလဲ။ ျဖစ္မွျဖစ္ရေလျခင္းေပါ့” ဟု ၎က မိန႔္ၾကားသည္။

ျမန္မာႏိုင္ငံအတြင္း၌ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ စတင္ျဖစ္ပြားခဲ့ေသာ ပဋိပကၡမ်ားေၾကာင့္ အၾကမ္းဖက္သတ္ျဖတ္ခံထားရသည့္ ရဟန္းသံဃာေတာ္အေရအတြက္မွာ အပါး(၇ဝ)နီးပါးရွိလာၿပီျဖစ္ေၾကာင္း သိရွိရသည္။

Picture

Gni Ndhjs

09/01/2023 14:04

သီတဂူကျဆုံးရင်နွေဉီးတော်လှန်ရေးအောင်မြင်ပီလို့ငမိုက်သားဆွေဝင်းပြောပီးနောက်မှာpdfငမိုက်သားတွေကလူယုတ်မာဆွေဝင်းစကားကိုအဟုတ်မှတ်ပီးသတ်ကြတာnugရဲ့မျက်နှာလိုမျက်နာရထောက်ပံ့ကြေးကြီးကြီးဆုချမလားအထင်နဲ့တဆရာတော်တွေနှင့်လက်နတ်မဲ့ပြည်သူများကိုသတ်ဖျက်နေတဲ့pdfများမြှောက်ပေးတဲ့လော်ဘီများnugအဖွဲ့အားလုံးအုမန်ဆုံးကျရှုံးပါစေ

Related news

© 2021. All rights reserved.