ပျဉ်းမနားမြို့ရှောင်လမ်းတွင် ကားချင်းကျော်တက်ရာမှ ကား(၃)စီး တိုက်မှုဖြစ်ပွားခဲ့ရာ (၄)ဦး ဒဏ်ရာပြင်းထန်

749
NP News - ဇန်နဝါရီ ၈
နေပြည်တော်၊ ပျဉ်းမနားမြို့ရှောင်လမ်းတွင် ကားချင်းကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိမှုများရှိခဲ့ပြီး အခြေအနေစိုးရိမ်ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီ ၈ ရက်) နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ရှောင်လမ်းရှိ ပြည်ဝင်ရွာထိပ်အနီးတွင် တွဲကား(၂)စီးနှင့် SUV အိမ်စီးကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းထံမှ သိရသည်။
“ဖြစ်စဉ်က တွဲကား(၂)စီးက အိမ်စီးကားကို ကျော်တက်တာလို့သိရပါတယ်။ အိမ်စီးကားက ဘေးကိုညပ်ထိသွားတယ်။ တွဲကားတွေက ခေါင်းတွေ ကြေကုန်တယ်။ လူညပ်တာတွေလည်းရှိတယ် လူနာကတော့(၄)ယောက်” ဟု မိုးစေတနာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ (၄)ဦးမှာ အမျိုးသားများဖြစ်ပြီး အသက်များမှာ (၄ဝ)ကျော်ခန့်ရှိပြီ ဖြစ်ကြောင်း ၎င်းမှဆိုသည်။
၎င်းတို့အား ကုတင်(၁ဝဝ)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်ရအခြေအနေရှိကြောင်း မိုးစေတနာပရဟိတအသင်းမှ ဆိုထားသည်။
တွဲကား(၂)စီးတွင် တစ်စီးမှာ ဘိလပ်မြေအိတ်များတင်လာသည့် ယာဥ◌်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ပ်ဥ္းမနားၿမိဳ႕ေရွာင္လမ္းတြင္ ကားခ်င္းေက်ာ္တက္ရာမွ ကား(၃)စီး တိုက္မႈျဖစ္ပြားခဲ့ရာ (၄)ဦး ဒဏ္ရာျပင္းထန္
NP News - ဇန္နဝါရီ ၈
ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕ေရွာင္လမ္းတြင္ ကားခ်င္းေက်ာ္တက္ရာမွ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ဒဏ္ရာရရွိမႈမ်ားရွိခဲ့ၿပီး အေျခအေနစိုးရိမ္ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီ ၈ ရက္) နံနက္ပိုင္းတြင္ ပ်ဥ္းမနားၿမိဳ႕ေရွာင္လမ္းရွိ ျပည္ဝင္႐ြာထိပ္အနီးတြင္ တြဲကား(၂)စီးႏွင့္ SUV အိမ္စီးကားတို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း မိုးေစတနာပရဟိတအသင္းထံမွ သိရသည္။
“ျဖစ္စဥ္က တြဲကား(၂)စီးက အိမ္စီးကားကို ေက်ာ္တက္တာလို႔သိရပါတယ္။ အိမ္စီးကားက ေဘးကိုညပ္ထိသြားတယ္။ တြဲကားေတြက ေခါင္းေတြ ေၾကကုန္တယ္။ လူညပ္တာေတြလည္းရွိတယ္ လူနာကေတာ့(၄)ေယာက္” ဟု မိုးေစတနာပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထိခိုက္ဒဏ္ရာရရွိသူ (၄)ဦးမွာ အမ်ိဳးသားမ်ားျဖစ္ၿပီး အသက္မ်ားမွာ (၄ဝ)ေက်ာ္ခန႔္ရွိၿပီ ျဖစ္ေၾကာင္း ၎မွဆိုသည္။
၎တို႔အား ကုတင္(၁ဝဝ)ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး စိုးရိမ္ရအေျခအေနရွိေၾကာင္း မိုးေစတနာပရဟိတအသင္းမွ ဆိုထားသည္။
တြဲကား(၂)စီးတြင္ တစ္စီးမွာ ဘိလပ္ေျမအိတ္မ်ားတင္လာသည့္ ယာဥ◌္ျဖစ္ေၾကာင္း သိရသည္။