မြန်မာ-တရုတ်နယ်စပ်ဂိတ်(၃)ခုကို တရုတ်ဘက်မှ ပြန်ဖွင့်ခဲ့ပြီဖြစ်သော်လည်း ကိုဗစ်ရောဂါကြောင့် မြန်မာဘက်မှ ပြန်ဖွင့်ပေးမည် မဟုတ်ဟုဆို

 2720

မျိုးကြီး (NP News) - ဇန်နဝါရီ ၈

မြန်မာ-တရုတ်နယ်စပ်ဂိတ်(၃)ခုကို တရုတ်နိုင်ငံဘက်ခြမ်းမှ ပြန်ဖွင့်ခဲ့ပြီးဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံဘက်မှ ပြန်ဖွင့်ပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။

နယ်စပ်ဂိတ်(၃)ခုဖြစ်သော မန်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့ကို ယနေ့ (ဇန်ဝါရီ ၈ ရက်)တွင် တရုတ်နိုင်ငံဘက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သို့သော် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကိုဗစ်ရောဂါဖြစ်ပွားမှု များပြားနေသည့်အတွက် မြန်မာ နိုင်ငံအနေဖြင့် ၎င်းနယ်စပ်ဂိတ် (၃)ခုအား ဖွင့်လှစ်ပေးမည်မဟုတ်ဘဲ ကျန်းမာရေးအခြေအနေအရ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌဦးမင်းသိန်းက NP News ကိုပြောသည်။

“ဒီနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာတော့ တရုတ်ကနေပြီးတော့ နန်းတော်ဂိတ်ကို စဖွင့်တယ်။ ဒါပေမယ့် မြန်မာက မဖွင့်ဘူး ပိတ်ထားတယ်။ ဘာလို့ ပိတ်ထားလဲဆိုတော့ မနေ့က အစည်း အဝေးလုပ်တယ်။ အစည်းအဝေးက ဘာပြောတုန်းဆိုတဲ့အခါကျတော့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့နှုန်းက တအားကိုများနေတယ်။ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းက ကိုဗစ်ဖြစ်နေတယ်။ တကယ်လို့များ ဂိတ်တွေတစ်ပြိုင်နက်တည်း ဖွင့်လိုက်လို့ရှိရင် တရုတ်ပြည်ဘက်ကနေပြီးတော့ မူဆယ်ဘက်ကို ဝင်လာမယ့်လူတွေက ထောင်နဲ့ချီရှိမယ်။ ဒါတွေကို ဘယ်လိုထိန်းမလဲ။ ကိုဗစ်စည်းကမ်းချက်တွေကို ဘယ်လိုထုတ်မလဲ။ ဘယ်လိုကာကွယ်ထားမလဲ။ ဒါတွေကို အဆင်သင့်မဖြစ်သေးဘူး။ ဒါကြောင့် ကျန်းမာရေးကို ရှေ့ရှုပြီးတော့မှ လောလောဆယ် တရုတ်နိုင်ငံကဖွင့်သော်လည်း မြန်မာဘက်ကနေပြီးတော့ ကျန်းမာရေးအခြေအနေကြောင့် လုံးဝမဖွင့်နိုင်သေးပါဘူး။ ဘယ်နေ့ဖွင့်မယ်ဆိုတာလည်း မပြောနိုင်သေးဘူးဖြစ်နေပါတယ်” ဟု ဦးမင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံဘက်မှ ပိတ်ထားဆဲဖြစ်သော နယ်စပ်ဂိတ်(၃)ခုအနက် မန်ဝိန်းဂိတ်သည် ကိုဗစ်ကပ်ရောဂါမဖြစ်ပွားခင်အချိန်၌ နေ့စဉ် ကုန်ကား၊ အိမ်စီးကားအစီးရေ ရာချီကာ အဝင်/ အထွက်ရှိခဲ့ကြောင်း သိရသည်။

“အခုတော့ အဲဒီဂိတ်က လုံးဝပိတ်ထားတော့ ကျင်စန်းကျော့ဂိတ်ကပဲသွားရတယ်။ အဲဒီလို ပိတ်လိုက်ကတည်းက တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးက ထိုးဆင်းသွားတာ။ တကယ်လို့ ဒီဂိတ်ကိုပြန်ဖွင့်မယ်ဆိုရင်လည်း ယခင်အတိုင်းပဲ ပြန်ပြီးတော့ ဖြစ်သွားနိုင်တာပဲ။ ဒီဂိတ်က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက အပေါက်ကြီးဖြစ်နေလို့ပါပဲ” ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌဦးမင်းသိန်း က ဆိုသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ဂိတ်များကို ပြန်ဖွင့်ပေးမည်ဆိုသော သတင်းများကြောင့် အမြို့မြို့အနယ်နယ်မှ တက်ရောက်လာသူများမှာ မူဆယ်မြို့တွင် သောင်တင်နေလျက်ရှိကြောင်း မူဆယ်မြို့ခံများက NP News ကို အသိပေးပြောဆိုထားသည်။

“အခုဆိုရင် မြန်မာဘက်ခြမ်း နယ်စပ်ဂိတ်နားမှာ အခြေအနေ လာစောင့်ကြည့်တဲ့သူတွေ အများကြီးပဲ။ တရုတ်ဘက်ကတော့ အားလုံးအဆင်သင့်ပဲ။ ဒါပေမယ့် မြန်မာဘက်ကတော့ ပိတ်ထားတယ်။ ၂ ရက်၊ ၃ရက်လောက် စောင့်ကြည့်ရမယ် ထင်တယ်။ ဂိတ်တွေမှာတော့ ဆေးသုတ်နေတာတွေကိုလည်း တွေ့ရတယ်။ နယ်က တက်လာတဲ့သူတွေကတော့ မူဆယ် မှာ သောင်တင်နေပြီပေါ့။ အခုက မမဆောင်းလို ဖြစ်နေပြီဗျ။ ဂိတ်က ဖွင့်တော့ ဖွင့်တယ်။ ဒါပေမယ့် မဖွင့်သေးဘူးပေါ့” ဟု မူဆယ်မြို့ခံတစ်ဦးက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကူးစက်လာခဲ့ပြီး ပြီးခဲ့သော ကိုဗစ်တတိယလှိုင်း၌ နိုင်ငံသားအများအပြား ကပ်ရောဂါကူးစက်ခံခဲ့ရကာ အများအပြားသေဆုံးခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္(၃)ခုကို တ႐ုတ္ဘက္မွ ျပန္ဖြင့္ခဲ့ၿပီျဖစ္ေသာ္လည္း ကိုဗစ္ေရာဂါေၾကာင့္ ျမန္မာဘက္မွ ျပန္ဖြင့္ေပးမည္ မဟုတ္ဟုဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၈

ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္(၃)ခုကို တ႐ုတ္ႏိုင္ငံဘက္ျခမ္းမွ ျပန္ဖြင့္ခဲ့ၿပီးျဖစ္ေသာ္လည္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံဘက္မွ ျပန္ဖြင့္ေပးမည္မဟုတ္ေၾကာင္း သတင္းရရွိသည္။

နယ္စပ္ဂိတ္(၃)ခုျဖစ္ေသာ မန္ဝိန္းဂိတ္၊ နန္းေတာ္ဂိတ္၊ ဆင္ျဖဴဂိတ္တို႔ကို ယေန႔ (ဇန္ဝါရီ ၈ ရက္)တြင္ တ႐ုတ္ႏိုင္ငံဘက္က ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕၌ ကိုဗစ္ေရာဂါျဖစ္ပြားမႈ မ်ားျပားေနသည့္အတြက္ ျမန္မာ ႏိုင္ငံအေနျဖင့္ ၎နယ္စပ္ဂိတ္ (၃)ခုအား ဖြင့္လွစ္ေပးမည္မဟုတ္ဘဲ က်န္းမာေရးအေျခအေနအရ ဆက္လက္ပိတ္ထားမည္ျဖစ္ေၾကာင္း မူဆယ္ဆန္စပါးကုန္စည္ဒိုင္ ဒုဥကၠ႒ဦးမင္းသိန္းက NP News ကိုေျပာသည္။

“ဒီေန႔ ဇန္နဝါရီ ၈ ရက္ေန႔မွာေတာ့ တ႐ုတ္ကေနၿပီးေတာ့ နန္းေတာ္ဂိတ္ကို စဖြင့္တယ္။ ဒါေပမယ့္ ျမန္မာက မဖြင့္ဘူး ပိတ္ထားတယ္။ ဘာလို႔ ပိတ္ထားလဲဆိုေတာ့ မေန႔က အစည္း အေဝးလုပ္တယ္။ အစည္းအေဝးက ဘာေျပာတုန္းဆိုတဲ့အခါက်ေတာ့ တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕မွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိတဲ့ႏႈန္းက တအားကိုမ်ားေနတယ္။ လူဦးေရရဲ႕ ၈၅ ရာခိုင္ႏႈန္းက ကိုဗစ္ျဖစ္ေနတယ္။ တကယ္လို႔မ်ား ဂိတ္ေတြတစ္ၿပိဳင္နက္တည္း ဖြင့္လိုက္လို႔ရွိရင္ တ႐ုတ္ျပည္ဘက္ကေနၿပီးေတာ့ မူဆယ္ဘက္ကို ဝင္လာမယ့္လူေတြက ေထာင္နဲ႔ခ်ီရွိမယ္။ ဒါေတြကို ဘယ္လိုထိန္းမလဲ။ ကိုဗစ္စည္းကမ္းခ်က္ေတြကို ဘယ္လိုထုတ္မလဲ။ ဘယ္လိုကာကြယ္ထားမလဲ။ ဒါေတြကို အဆင္သင့္မျဖစ္ေသးဘူး။ ဒါေၾကာင့္ က်န္းမာေရးကို ေရွ႕ရႈၿပီးေတာ့မွ ေလာေလာဆယ္ တ႐ုတ္ႏိုင္ငံကဖြင့္ေသာ္လည္း ျမန္မာဘက္ကေနၿပီးေတာ့ က်န္းမာေရးအေျခအေနေၾကာင့္ လုံးဝမဖြင့္ႏိုင္ေသးပါဘူး။ ဘယ္ေန႔ဖြင့္မယ္ဆိုတာလည္း မေျပာႏိုင္ေသးဘူးျဖစ္ေနပါတယ္” ဟု ဦးမင္းသိန္းက ေျပာသည္။

ျမန္မာႏိုင္ငံဘက္မွ ပိတ္ထားဆဲျဖစ္ေသာ နယ္စပ္ဂိတ္(၃)ခုအနက္ မန္ဝိန္းဂိတ္သည္ ကိုဗစ္ကပ္ေရာဂါမျဖစ္ပြားခင္အခ်ိန္၌ ေန႔စဥ္ ကုန္ကား၊ အိမ္စီးကားအစီးေရ ရာခ်ီကာ အဝင္/ အထြက္ရွိခဲ့ေၾကာင္း သိရသည္။

“အခုေတာ့ အဲဒီဂိတ္က လုံးဝပိတ္ထားေတာ့ က်င္စန္းေက်ာ့ဂိတ္ကပဲသြားရတယ္။ အဲဒီလို ပိတ္လိုက္ကတည္းက တ႐ုတ္- ျမန္မာနယ္စပ္ကုန္သြယ္ေရးက ထိုးဆင္းသြားတာ။ တကယ္လို႔ ဒီဂိတ္ကိုျပန္ဖြင့္မယ္ဆိုရင္လည္း ယခင္အတိုင္းပဲ ျပန္ၿပီးေတာ့ ျဖစ္သြားႏိုင္တာပဲ။ ဒီဂိတ္က တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးရဲ႕ အဓိက အေပါက္ႀကီးျဖစ္ေနလို႔ပါပဲ” ဟု မူဆယ္ ဆန္စပါးကုန္စည္ဒိုင္ ဒုဥကၠ႒ဦးမင္းသိန္း က ဆိုသည္။

လက္ရွိတြင္ ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္မ်ားကို ျပန္ဖြင့္ေပးမည္ဆိုေသာ သတင္းမ်ားေၾကာင့္ အၿမိဳ႕ၿမိဳ႕အနယ္နယ္မွ တက္ေရာက္လာသူမ်ားမွာ မူဆယ္ၿမိဳ႕တြင္ ေသာင္တင္ေနလ်က္ရွိေၾကာင္း မူဆယ္ၿမိဳ႕ခံမ်ားက NP News ကို အသိေပးေျပာဆိုထားသည္။

“အခုဆိုရင္ ျမန္မာဘက္ျခမ္း နယ္စပ္ဂိတ္နားမွာ အေျခအေန လာေစာင့္ၾကည့္တဲ့သူေတြ အမ်ားႀကီးပဲ။ တ႐ုတ္ဘက္ကေတာ့ အားလုံးအဆင္သင့္ပဲ။ ဒါေပမယ့္ ျမန္မာဘက္ကေတာ့ ပိတ္ထားတယ္။ ၂ ရက္၊ ၃ရက္ေလာက္ ေစာင့္ၾကည့္ရမယ္ ထင္တယ္။ ဂိတ္ေတြမွာေတာ့ ေဆးသုတ္ေနတာေတြကိုလည္း ေတြ႕ရတယ္။ နယ္က တက္လာတဲ့သူေတြကေတာ့ မူဆယ္ မွာ ေသာင္တင္ေနၿပီေပါ့။ အခုက မမေဆာင္းလို ျဖစ္ေနၿပီဗ်။ ဂိတ္က ဖြင့္ေတာ့ ဖြင့္တယ္။ ဒါေပမယ့္ မဖြင့္ေသးဘူးေပါ့” ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးက ဆက္လက္ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကပ္ေရာဂါကူးစက္လာခဲ့ၿပီး ၿပီးခဲ့ေသာ ကိုဗစ္တတိယလႈိင္း၌ ႏိုင္ငံသားအမ်ားအျပား ကပ္ေရာဂါကူးစက္ခံခဲ့ရကာ အမ်ားအျပားေသဆုံးခဲ့သည္ကိုလည္း ေတြ႕ရွိခဲ့ရသည္။

Picture

soe myint

08/01/2023 19:43

မြန်မာဆောင်းကာလမှာ မမဆောင်းစကားကဂန္တဝင်မြောက်ခဲ့ပြီလေ))))

Picture

Gni Ndhjs

09/01/2023 14:20

တရုပ်သူဖွင်ချင်တဲ့အချိန်ဖွင့်ပိတ်ချင်တဲ့အချိန်ပိတ် အခုမြန်မာကကိုယ့်နိုင်ငံအတွက်ပိတ်တာဖြစ်သင့်ပါတယ် ပြန်ဖွင့်ခဲ့လျှင်လဲကိုဗစ်စည်းကမ်းများတိကျစွာကိုင်တွယ်သင့်ပါတယ်လူ့အသက်များနှင့်ဆိုင်ပါတယ်

Related news

© 2021. All rights reserved.