Air India မှာ Bussiness Class က လိုက်ပါလာတဲ့ အိန္ဒိယ ဘဏ်ဝန်ထမ်းတစ်ဦး၊ ထိုင်ခုံမှာပဲ ဆီးသွားခဲ့တာကြောင့် ဖမ်းဆီးခံရ
2287
ရောင်နီ (NP News) - ဇန်နဝါရီ ၉
နယူးယောက်မြို့မှ ထွက်ခွာပျံသန်းလာတဲ့ Air India အိန္ဒိယလေကြောင်းလိုင်းမှာ Bussiness Class မှ လိုက်ပါလာ တဲ့ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးဟာ ခရီးသည်တစ်ဦးကို ရမ်းကားကာ သူမရဲ့ထိုင်ခုံမှာပဲ ဆီးသွားခဲ့တာကြောင့် အိန္ဒိယရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပါတယ်။
ရှန်ကာမက်ရှာ အမည်ရှိ ယင်းအမျိုးသမီးကို တောင်ပိုင်း ဘမ်ဂါလူရု မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အိန္ဒိယနိုင်ငံ မြို့တော်သို့ ဇန်နဝါရီ (၇)ရက်မှာ ခေါ်ဆောင်သွားခဲ့ကြောင်း နယူးဒေလီရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူမန်နာလ်ဗာ က ဇန်နဝါရီလ ၈ ရက်၊ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ မက်ရှာဟာ ဖမ်းဆီးခံရပြီးနောက် သူမဟာ အရက်မူး နေတာဖြစ်လို့ သူမလုပ်ခဲ့တာတွေအတွက် မယုံနိုင်ဖြစ်နေတယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ပြောကြားခဲ့ပါတယ်။
သို့ပေမယ့် မက်ရှာဟာ နယူးယောက် - နယူးဒေလီ လေယာဉ်ခရီးစဉ်အတွင်း သူမရဲ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ ပြစ်မှု တွေအတွက် နယူးဒေလီတရားရုံးက ထောင်ဒဏ် ၁၄ ရက် ချမှတ်ခဲ့ပါတယ်။ လေယာဉ်ပေါ်ရှိ မျက်မြင်သက်သေ ဖြစ်တဲ့ အခြားခရီးသည်တစ်ဦးက မက်ရှာဟာ အရက်အလွန်အကျွံ သောက်သုံးနေတာကိုတွေ့ခဲ့ရပြီး မိသားစုနဲ့ ပတ်သက်တဲ့ အလားတူမေးခွန်းတွေကို အကြိမ်ပေါင်းများစွာ မေးနေခဲ့တယ်လို့ ဆိုပါတယ်။
Air India ကလည်း အဆိုပါဖြစ်ရပ်အတွက် မက်ရှာကို ရက်ပေါင်း ၃ဝ ကြာ ပျံသန်းခွင့် ပိတ်ဆို့ခဲ့ပေမယ့် အဆိုပါ ဖြစ်ရပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဒေါသဆူပွက်စေခဲ့ကာ မက်ရှာအပေါ် ရက်ပေါင်း ၃ဝ ကြာ ပျံသန်းခွင့် ပိတ်ပင် ခြင်းနဲ့ မလုံလောက်ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုပါတယ်။ ယင်းဖြစ်ရပ်ဟာ နိုဝင်ဘာ ၂၆ ရက်က ဖြစ်ပွား ခဲ့တာဖြစ်ပေမယ့် ရဲတပ်ဖွဲ့ထံ ယခုသီတင်းပတ်အတွင်းမှာမှ Air India က တိုင်ကြားခဲ့တာဖြစ်ပါတယ်။
လေယာဉ်ဝန်ထမ်းများဟာ နယူးဒေလီကို ဆင်းသက်စဉ်က ရဲတပ်ဖွဲ့ကို ဆင့်ခေါ်တာမျိုးမပြုခဲ့ဘဲ ပြဿနာကို တိုးတိုးတိတ်တိတ်သာ ဖြေရှင်းခဲ့ပါတယ်။ သို့ပေမယ့် မက်ရှာကို အပြစ်ပေးဖို့အတွက် လေယာဉ်ပေါ်မှာ ရမ်းကားခံ ခဲ့ရတဲ့ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးရဲ့မိသားစုက Air India ကို ဖိအားပေးခဲ့ခြင်းကြောင့် နောက်ဆုံးမှာ အရေးယူမှု ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယင်းအတောအတွင်း၊ အမေရိကန်နိုင်ငံစုံ ဘဏ္ဍာရေး ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ Wells Fargo ရဲ့ မွန်ဘိုင်းအခြေစိုက်ရုံးကလည်း အမှုဆောင်အရာရှိတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ မက်ရှာကို အလုပ်မှ ထုတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
Air India မွာ Bussiness Class က လိုက္ပါလာတဲ့ အိႏၵိယ ဘဏ္ဝန္ထမ္းတစ္ဦး၊ ထိုင္ခုံမွာပဲ ဆီးသြားခဲ့တာေၾကာင့္ ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၉
နယူးေယာက္ၿမိဳ႕မွ ထြက္ခြာပ်ံသန္းလာတဲ့ Air India အိႏၵိယေလေၾကာင္းလိုင္းမွာ Bussiness Class မွ လိုက္ပါလာ တဲ့ ဘဏ္ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးဟာ ခရီးသည္တစ္ဦးကို ရမ္းကားကာ သူမရဲ႕ထိုင္ခုံမွာပဲ ဆီးသြားခဲ့တာေၾကာင့္ အိႏၵိယရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းကို ခံခဲ့ရပါတယ္။
ရွန္ကာမက္ရွာ အမည္ရွိ ယင္းအမ်ိဳးသမီးကို ေတာင္ပိုင္း ဘမ္ဂါလူ႐ု မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး အိႏၵိယႏိုင္ငံ ၿမိဳ႕ေတာ္သို႔ ဇန္နဝါရီ (၇)ရက္မွာ ေခၚေဆာင္သြားခဲ့ေၾကာင္း နယူးေဒလီရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဆူမန္နာလ္ဗာ က ဇန္နဝါရီလ ၈ ရက္၊ တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။ မက္ရွာဟာ ဖမ္းဆီးခံရၿပီးေနာက္ သူမဟာ အရက္မူး ေနတာျဖစ္လို႔ သူမလုပ္ခဲ့တာေတြအတြက္ မယုံႏိုင္ျဖစ္ေနတယ္လို႔ စုံစမ္းစစ္ေဆးသူေတြကို ေျပာၾကားခဲ့ပါတယ္။
သို႔ေပမယ့္ မက္ရွာဟာ နယူးေယာက္ - နယူးေဒလီ ေလယာဥ္ခရီးစဥ္အတြင္း သူမရဲ႕ဂုဏ္သိကၡာထိခိုက္ေစတဲ့ ျပစ္မႈ ေတြအတြက္ နယူးေဒလီတရား႐ုံးက ေထာင္ဒဏ္ ၁၄ ရက္ ခ်မွတ္ခဲ့ပါတယ္။ ေလယာဥ္ေပၚရွိ မ်က္ျမင္သက္ေသ ျဖစ္တဲ့ အျခားခရီးသည္တစ္ဦးက မက္ရွာဟာ အရက္အလြန္အကြၽံ ေသာက္သုံးေနတာကိုေတြ႕ခဲ့ရၿပီး မိသားစုနဲ႔ ပတ္သက္တဲ့ အလားတူေမးခြန္းေတြကို အႀကိမ္ေပါင္းမ်ားစြာ ေမးေနခဲ့တယ္လို႔ ဆိုပါတယ္။
Air India ကလည္း အဆိုပါျဖစ္ရပ္အတြက္ မက္ရွာကို ရက္ေပါင္း ၃ဝ ၾကာ ပ်ံသန္းခြင့္ ပိတ္ဆို႔ခဲ့ေပမယ့္ အဆိုပါ ျဖစ္ရပ္ဟာ ဆိုရွယ္မီဒီယာေပၚမွာ ေဒါသဆူပြက္ေစခဲ့ကာ မက္ရွာအေပၚ ရက္ေပါင္း ၃ဝ ၾကာ ပ်ံသန္းခြင့္ ပိတ္ပင္ ျခင္းနဲ႔ မလုံေလာက္ေၾကာင္း တက္ႂကြလႈပ္ရွားသူမ်ားက ဆိုပါတယ္။ ယင္းျဖစ္ရပ္ဟာ ႏိုဝင္ဘာ ၂၆ ရက္က ျဖစ္ပြား ခဲ့တာျဖစ္ေပမယ့္ ရဲတပ္ဖြဲ႕ထံ ယခုသီတင္းပတ္အတြင္းမွာမွ Air India က တိုင္ၾကားခဲ့တာျဖစ္ပါတယ္။
ေလယာဥ္ဝန္ထမ္းမ်ားဟာ နယူးေဒလီကို ဆင္းသက္စဥ္က ရဲတပ္ဖြဲ႕ကို ဆင့္ေခၚတာမ်ိဳးမျပဳခဲ့ဘဲ ျပႆနာကို တိုးတိုးတိတ္တိတ္သာ ေျဖရွင္းခဲ့ပါတယ္။ သို႔ေပမယ့္ မက္ရွာကို အျပစ္ေပးဖို႔အတြက္ ေလယာဥ္ေပၚမွာ ရမ္းကားခံ ခဲ့ရတဲ့ သက္ႀကီး႐ြယ္အို အမ်ိဳးသမီးတစ္ဦးရဲ႕မိသားစုက Air India ကို ဖိအားေပးခဲ့ျခင္းေၾကာင့္ ေနာက္ဆုံးမွာ အေရးယူမႈ ေဆာင္႐ြက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ယင္းအေတာအတြင္း၊ အေမရိကန္ႏိုင္ငံစုံ ဘ႑ာေရး ဝန္ေဆာင္မႈကုမၸဏီျဖစ္တဲ့ Wells Fargo ရဲ႕ မြန္ဘိုင္းအေျခစိုက္႐ုံးကလည္း အမႈေဆာင္အရာရွိတစ္ဦးအျဖစ္ တာဝန္ ထမ္းေဆာင္ေနတဲ့ မက္ရွာကို အလုပ္မွ ထုတ္ပစ္ခဲ့တယ္လို႔ သိရပါတယ္။