အုတ်တွင်းမြို့တွင် ဆိုင်ကယ်ဖြင့် ဆွမ်းချိုင့်ယူကာပြန်လာသည့် ဦးဇင်း(၂)ပါး တွဲကားဖြင့်တိုက်မိရာ (၁)ပါး ပျံလွန်တော်မူ
317
ချယ်ရီ (NP News)- ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့တွင် ဆိုင်ကယ်ဖြင့် နေ့ဆွမ်းချိုင့်ယူကာပြန်လာသော ဦးဇင်း(၂)ပါး တွဲကားဖြင့်တိုက်မိရာ ဦးဇင်း(၁)ပါးအခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၁၃ ရက်)၊ နေ့လည် ၁၁နာရီ ၂၀မိနစ်အချိန်ခန့်က အုတ်တွင်းမြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ သာသနာ့ဝေပုလ္လ (သုသာန်)ကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဦးဇင်း(၂)ပါးက ဆွမ်းယူပြီးအပြန်ပေါ့ အချိန်က နေ့လည် ၁၁ နာရီ၂၀ မိနစ်ဆိုတော့လည်း တုံးခေါက်၊ ဘာခေါက်နဲ့နီးပြီတူပါတယ်။ အရှိန်လည်း နည်းနည်းပါနိုင်တယ်။ သူတို့လည်း လောတာလည်း ပါမှာပေါ့။ ကျောင်းဘက်ကို သူတို့(၂)ပါးက ကွေ့ဝင်လိုက်ချိန်နဲ့ နောက်က တွဲကားနဲ့ တိုက်မိတာပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသော သက်တော်(၄၈)နှစ်၊ ဝါတော်(၃)ဝါရှိ ဦးဇဋိလမှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး ပျံလွန်တော်မူသွားခဲ့ပြီး အနောက်မှ ဆွမ်းချိုင့်ခြင်းကိုင်၍ လိုက်လာသော သက်တော် (၃၁)နှစ်၊ ဝါတော်(၁၁)ဝါရှိသည့် ဦးဇဝနမှာ ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာ၊ ခြေလက်ပွန်းပဲ့ဒဏ်ရာများဖြင့် သတိလစ်နေပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
“ပျံလွန်တော်မူသွားတဲ့ (၁)ပါးကဆိုရင် လက်မောင်းနှစ်ဖက်က ပွန်းတယ်။ ဦးခေါင်းနောက်စေ့က ကြေသွားတာပေါ့။ ကိုင်လိုက်ရင် ပျော့စိစိဖြစ်သွားပြီ။ အတွင်းပိုင်းကို ထိသွားတာပေါ့။ နောက်(၁)ပါးကတော့ ဦးခေါင်းနောက်စေ့ပေါက်တယ်။ ညာဘက်ခြေသလုံးပြဲတယ်။ သူလည်း သတိရတစ်ချက်၊ မရတစ်ချက်။ ခေါင်းတွေချည်း ထိထားတာ ဆိုတော့လေ” ဟု ၎င်းကဆိုသည်။
ထို့နောက် အဆိုပါ ဦးဇင်း(၂)ပါးကို တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် ပြင်းထန်ဒဏ်ရာရရှိသူ ဦးဇဝနကို နေပြည်တော်ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ပေးထားကြောင်း သိရသည်။ “ဒီအနီးမှာပဲ ပြီးခဲ့တဲ့တစ်ပတ်လောက်ကျော်လောက်က တစ်ခါဖြစ်တယ်။ ဒီနေရာမှာက မကြာခဏတောင် မဟုတ်ဘူး။ စိပ်ကိုစိပ်နေတာ။ အခုဆို ဒီဇင်ဘာထဲမှာ (၂)ကြိမ်ဖြစ်သွားပြီ။ နိုဝင်ဘာမှာလည်း (၂)ကြိမ် ဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။
zawgyi version
အုတ္တြင္းၿမိဳ႕တြင္ ဆိုင္ကယ္ျဖင့္ ဆြမ္းခ်ိဳင့္ယူကာျပန္လာသည့္ ဦးဇင္း(၂)ပါး တြဲကားျဖင့္တိုက္မိရာ (၁)ပါး ပ်ံလြန္ေတာ္မူ
ခ်ယ္ရီ (NP News)- ဒီဇင္ဘာ ၁၃
ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕တြင္ ဆိုင္ကယ္ျဖင့္ ေန႔ဆြမ္းခ်ိဳင့္ယူကာျပန္လာေသာ ဦးဇင္း(၂)ပါး တြဲကားျဖင့္တိုက္မိရာ ဦးဇင္း(၁)ပါးအခင္းျဖစ္ေနရာ၌ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ရင္ခုန္သံရွင္ေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၁၃ ရက္)၊ ေန႔လည္ ၁၁နာရီ ၂၀မိနစ္အခ်ိန္ခန႔္က အုတ္တြင္းၿမိဳ႕၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္းေပၚရွိ သာသနာ့ေဝပုလႅ (သုသာန္)ေက်ာင္းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဦးဇင္း(၂)ပါးက ဆြမ္းယူၿပီးအျပန္ေပါ့ အခ်ိန္က ေန႔လည္ ၁၁ နာရီ၂၀ မိနစ္ဆိုေတာ့လည္း တုံးေခါက္၊ ဘာေခါက္နဲ႔နီးၿပီတူပါတယ္။ အရွိန္လည္း နည္းနည္းပါႏိုင္တယ္။ သူတို႔လည္း ေလာတာလည္း ပါမွာေပါ့။ ေက်ာင္းဘက္ကို သူတို႔(၂)ပါးက ေကြ႕ဝင္လိုက္ခ်ိန္နဲ႔ ေနာက္က တြဲကားနဲ႔ တိုက္မိတာပါ” ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္လာေသာ သက္ေတာ္(၄၈)ႏွစ္၊ ဝါေတာ္(၃)ဝါရွိ ဦးဇဋိလမွာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ပ်ံလြန္ေတာ္မူသြားခဲ့ၿပီး အေနာက္မွ ဆြမ္းခ်ိဳင့္ျခင္းကိုင္၍ လိုက္လာေသာ သက္ေတာ္ (၃၁)ႏွစ္၊ ဝါေတာ္(၁၁)ဝါရွိသည့္ ဦးဇဝနမွာ ဦးေခါင္းေနာက္ေစ့ကြဲဒဏ္ရာ၊ ေျခလက္ပြန္းပဲ့ဒဏ္ရာမ်ားျဖင့္ သတိလစ္ေနၿပီး အသက္အႏၲရာယ္စိုးရိမ္ရေၾကာင္း သိရသည္။
“ပ်ံလြန္ေတာ္မူသြားတဲ့ (၁)ပါးကဆိုရင္ လက္ေမာင္းႏွစ္ဖက္က ပြန္းတယ္။ ဦးေခါင္းေနာက္ေစ့က ေၾကသြားတာေပါ့။ ကိုင္လိုက္ရင္ ေပ်ာ့စိစိျဖစ္သြားၿပီ။ အတြင္းပိုင္းကို ထိသြားတာေပါ့။ ေနာက္(၁)ပါးကေတာ့ ဦးေခါင္းေနာက္ေစ့ေပါက္တယ္။ ညာဘက္ေျခသလုံးၿပဲတယ္။ သူလည္း သတိရတစ္ခ်က္၊ မရတစ္ခ်က္။ ေခါင္းေတြခ်ည္း ထိထားတာ ဆိုေတာ့ေလ” ဟု ၎ကဆိုသည္။
ထို႔ေနာက္ အဆိုပါ ဦးဇင္း(၂)ပါးကို ေတာင္ငူျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ထိုမွတဆင့္ ျပင္းထန္ဒဏ္ရာရရွိသူ ဦးဇဝနကို ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ဆက္လက္ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။ “ဒီအနီးမွာပဲ ၿပီးခဲ့တဲ့တစ္ပတ္ေလာက္ေက်ာ္ေလာက္က တစ္ခါျဖစ္တယ္။ ဒီေနရာမွာက မၾကာခဏေတာင္ မဟုတ္ဘူး။ စိပ္ကိုစိပ္ေနတာ။ အခုဆို ဒီဇင္ဘာထဲမွာ (၂)ႀကိမ္ျဖစ္သြားၿပီ။ ႏိုဝင္ဘာမွာလည္း (၂)ႀကိမ္ ျဖစ္တယ္” ဟု ၎က ရွင္းျပသည္။