ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများထံမှ အခကြေးငွေကောက်ခံမည်ဟုဆို

1196

Pika (NP News) - ဇန်နဝါရီ ၁၁
ထိုင်းနိုင်ငံသို့ ယခုနှစ်ဇွန်လမှစတင်ကာ ရောက်ရှိလာသော နိုင်ငံခြားသားခရီးသွားများထံမှ အခကြေးငွေ ဘတ်(၃ဝဝ) ကောက်ခံမည်ဖြစ်ကြောင်း အဆိုပါငွေများကို ယာဥ်မတော်တဆမှုများတွင် ပါဝင်သော ခရီးသွားများ ကို ထောက်ပံ့ရန်နှင့် ခရီးသွားနေရာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကောက်ခံခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးတစ်ဦးက ဇန်နဝါရီ(၁၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းသည် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးလုပ်ငန်းတွင် အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပြီး ကိုဗစ်(၁၉)ကပ်ရောဂါမဖြစ်ပွားခင်က ပြည်တွင်းထုတ်လုပ်မှုများ၏ (၁၂)ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးနိုင်ခဲ့ ကြောင်း သိရသည်။
ခရီးသွားဝန်ကြီး ဖိဖက်ရက်ချခစ်ပရာခန် က "အလုပ်ပါမစ်နဲ့ နယ်စပ်ဖြတ်သန်းခွင့်ရှိတဲ့ နိုင်ငံခြားသားတွေဆီကနေ တော့ အခကြေးငွေကောက်ခံမှာ မဟုတ်ပါဘူး၊၊ ဒီနှစ်ပြည်တွင်းကို ကမ္ဘာလှည့်ခရီးသွား (၂၅) သန်းခန့် ဝင်ရောက် လာမယ်လို့ ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်" ဟု ပြောဆိုခဲ့သည်။
ယင်းအဆိုပြုချက်ကို ပြီးခဲ့သည့်နှစ်တွင် ပထမဆုံးထည့်သွင်းစဥ်းစားခဲ့ပြီး တရားဝင်ဖြစ်နိုင်ရန်အတွက် အစိုးရအဖွဲ့ ၏ အတည်ပြုချက် ရယူမည်ဖြစ်ကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအသုံးစရိတ်သည် ယခု နှစ်တွင် အနည်းဆုံးဘတ်(၂ ဒသမ ၃၈) ထရီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ခရီးသွားဝန်ကြီး ဖိဖက်ရက်ချခစ်ပရာခန် က ပြောကြားခဲ့သည်။
၂ဝ၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား သန်း(၄ဝ) ခန့် လာရောက်လည်ပတ်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံသို႔ လာေရာက္လည္ပတ္ေသာ ႏိုင္ငံျခားသားခရီးသြားမ်ားထံမွ အခေၾကးေငြေကာက္ခံမည္ဟုဆို
Pika (NP News) - ဇန္နဝါရီ ၁၁
ထိုင္းႏိုင္ငံသို႔ ယခုႏွစ္ဇြန္လမွစတင္ကာ ေရာက္ရွိလာေသာ ႏိုင္ငံျခားသားခရီးသြားမ်ားထံမွ အခေၾကးေငြ ဘတ္(၃ဝဝ) ေကာက္ခံမည္ျဖစ္ေၾကာင္း အဆိုပါေငြမ်ားကို ယာဥ္မေတာ္တဆမႈမ်ားတြင္ ပါဝင္ေသာ ခရီးသြားမ်ား ကို ေထာက္ပံ့ရန္ႏွင့္ ခရီးသြားေနရာမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ ေကာက္ခံျခင္းျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ ဝန္ႀကီးတစ္ဦးက ဇန္နဝါရီ(၁၁)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။
ခရီးသြားလုပ္ငန္းသည္ အေရွ႕ေတာင္အာရွ၏ ဒုတိယအႀကီးဆုံးစီးပြားေရးလုပ္ငန္းတြင္ အေရးပါေသာ က႑တစ္ခု ျဖစ္ၿပီး ကိုဗစ္(၁၉)ကပ္ေရာဂါမျဖစ္ပြားခင္က ျပည္တြင္းထုတ္လုပ္မႈမ်ား၏ (၁၂)ရာခိုင္ႏႈန္းခန႔္ကို ပံ့ပိုးေပးႏိုင္ခဲ့ ေၾကာင္း သိရသည္။
ခရီးသြားဝန္ႀကီး ဖိဖက္ရက္ခ်ခစ္ပရာခန္ က "အလုပ္ပါမစ္နဲ႔ နယ္စပ္ျဖတ္သန္းခြင့္ရွိတဲ့ ႏိုင္ငံျခားသားေတြဆီကေန ေတာ့ အခေၾကးေငြေကာက္ခံမွာ မဟုတ္ပါဘူး၊၊ ဒီႏွစ္ျပည္တြင္းကို ကမာၻလွည့္ခရီးသြား (၂၅) သန္းခန႔္ ဝင္ေရာက္ လာမယ္လို႔ ထိုင္းအစိုးရက ေမွ်ာ္လင့္ထားပါတယ္" ဟု ေျပာဆိုခဲ့သည္။
ယင္းအဆိုျပဳခ်က္ကို ၿပီးခဲ့သည့္ႏွစ္တြင္ ပထမဆုံးထည့္သြင္းစဥ္းစားခဲ့ၿပီး တရားဝင္ျဖစ္ႏိုင္ရန္အတြက္ အစိုးရအဖြဲ႕ ၏ အတည္ျပဳခ်က္ ရယူမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ထိုင္းႏိုင္ငံ၏ ခရီးသြားလုပ္ငန္းအသုံးစရိတ္သည္ ယခု ႏွစ္တြင္ အနည္းဆုံးဘတ္(၂ ဒသမ ၃၈) ထရီလီယံအထိ ရွိလာမည္ဟု ခန႔္မွန္းထားေၾကာင္း ခရီးသြားဝန္ႀကီး ဖိဖက္ရက္ခ်ခစ္ပရာခန္ က ေျပာၾကားခဲ့သည္။
၂ဝ၁၉ ခုႏွစ္တြင္ ထိုင္းႏိုင္ငံသို႔ ကမာၻလွည့္ခရီးသြား သန္း(၄ဝ) ခန႔္ လာေရာက္လည္ပတ္ခဲ့ေၾကာင္းလည္း သိရသည္။