နွားကျောင်းနေစဉ် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သားအဖနှစ်ဦးအနက် သားဖြစ်သူသေဆုံးမှုဖြစ်ပွား

 648

NP News - ဇန်နဝါရီ ၁၃

မန္တလေးတိုင်း နွားထိုးကြီးမြို့တွင် နွားကျောင်းနေစဉ် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သားအဖနှစ်ဦးအနက် သားဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် ဇန်နဝါရီ(၁၂)ရက်နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ(၁၁)ရက်၊ နေ့လည်(၁)နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း နစကမှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ မြင်းနီကျေးရွာတွင်နေထိုင်သော ဦးဆန်းဝေနှင့် သားဖြစ်သူ မောင်ကံကောင်း (၁၁)နှစ်တို့ (၂)ဦးသည် ကျေးရွာအနောက်ဘက်တွင် နွားကျောင်းနေစဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း(၁)လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ၎င်းတို့(၂)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး သားဖြစ်သူ သေဆုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သောနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဦးဆန်းဝေနှင့် မောင်ကံကောင်းတို့အား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗုံးထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ႏြားေက်ာင္းေနစဥ္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ သားအဖႏွစ္ဦးအနက္ သားျဖစ္သူေသဆုံးမႈျဖစ္ပြား
NP News - ဇန္နဝါရီ ၁၃

မႏၲေလးတိုင္း ႏြားထိုးႀကီးၿမိဳ႕တြင္ ႏြားေက်ာင္းေနစဥ္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ သားအဖႏွစ္ဦးအနက္ သားျဖစ္သူ ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီ(၁၂)ရက္ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ဇန္နဝါရီ(၁၁)ရက္၊ ေန႔လည္(၁)နာရီခန႔္တြင္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ျမင္းနီေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း နစကမွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ ျမင္းနီေက်း႐ြာတြင္ေနထိုင္ေသာ ဦးဆန္းေဝႏွင့္ သားျဖစ္သူ ေမာင္ကံေကာင္း (၁၁)ႏွစ္တို႔ (၂)ဦးသည္ ေက်း႐ြာအေနာက္ဘက္တြင္ ႏြားေက်ာင္းေနစဥ္ အၾကမ္းဖက္သမားမ်ား ေထာင္ထားသည့္ လက္လုပ္မိုင္း(၁)လုံး ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေပါက္ကြဲမႈေၾကာင့္ ၎တို႔(၂)ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ၿပီး သားျဖစ္သူ ေသဆုံးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့ေသာေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ၿပီး ဦးဆန္းေဝႏွင့္ ေမာင္ကံေကာင္းတို႔အား ႏြားထိုးႀကီးၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဗုံးေထာင္ေဖာက္ခြဲခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.