မောင်နှမချင်း စကားများရာမှ အစ်မဖြစ်သူဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခံရမှု မြစ်ကြီးနားတွင်ဖြစ်ပွား

 1128

သန့်ဇင်(NP News)-စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မောင်နှမချင်းစကားများရာမှ အစ်မဖြစ်သူဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခံရမှု ဖြစ်ပွားခဲ့ ကြောင်း မျိုးဆက်သစ်လူမှု့ကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၇ရက်) ညပိုင်းက မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ( ၁၃)ရှိ နေအိမ်တစ်အိမ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့သိတာတော့ မောင်နှမအချင်းစကားများပြီး ဓားနဲ့အထိုးခံရတာပါ။ အမျိုးသမီးက အိမ်ထောင်သည်ပါ။ ဆုံးသွားတဲ့အမျိုး သမီးကို ကျွန်တော်တို့အသင်းကပဲ မြစ်ကြီးနားဆေးရုံက ရင်ခွဲရုံကိုပို့ပေးခဲ့တာ။ မောင်နှမအရင်းကြီးတွေဖြစ်တာ”ဟု မျိုးဆက်သစ်လူမှု့ ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP Newsကိုပြောသည်။

ဓားဖြင့်ထိုးသတ်ခံရသူအမျိုသမီးမှာ အသက်(၃၀)ကျော်ဝန်းကျင်ရှိသူဖြစ်ပြီး ဓားဒဏ်ရာအချက်ပေါင်းများစွာဖြင့် အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီးအား မျိုးဆက်သစ်လူမှု့ကယ်ဆယ်ရေးအသင်းက မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင် ပေးထားပြီး ကျူးလွန်သူအမျိုးသားအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ေမာင္ႏွမခ်င္း စကားမ်ားရာမွ အစ္မျဖစ္သူဓားျဖင့္အခ်က္ေပါင္းမ်ားစြာထိုးသတ္ခံရမႈ ျမစ္ႀကီးနားတြင္ျဖစ္ပြား
သန႔္ဇင္(NP News)-စက္တင္ဘာ ၈
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ေမာင္ႏွမခ်င္းစကားမ်ားရာမွ အစ္မျဖစ္သူဓားျဖင့္အခ်က္ေပါင္းမ်ားစြာထိုးသတ္ခံရမႈ ျဖစ္ပြားခဲ့ ေၾကာင္း မ်ိဳးဆက္သစ္လူမႈ႕ကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာ ၇ရက္) ညပိုင္းက ျမစ္ႀကီးနားၿမိဳ႕၊ ရမ္ပူရပ္ကြက္၊ နယ္ေျမ( ၁၃)ရွိ ေနအိမ္တစ္အိမ္တြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔သိတာေတာ့ ေမာင္ႏွမအခ်င္းစကားမ်ားၿပီး ဓားနဲ႔အထိုးခံရတာပါ။ အမ်ိဳးသမီးက အိမ္ေထာင္သည္ပါ။ ဆုံးသြားတဲ့အမ်ိဳး သမီးကို ကြၽန္ေတာ္တို႔အသင္းကပဲ ျမစ္ႀကီးနားေဆး႐ုံက ရင္ခြဲ႐ုံကိုပို႔ေပးခဲ့တာ။ ေမာင္ႏွမအရင္းႀကီးေတြျဖစ္တာ”ဟု မ်ိဳးဆက္သစ္လူမႈ႕ ကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP Newsကိုေျပာသည္။

ဓားျဖင့္ထိုးသတ္ခံရသူအမ်ိဳသမီးမွာ အသက္(၃၀)ေက်ာ္ဝန္းက်င္ရွိသူျဖစ္ၿပီး ဓားဒဏ္ရာအခ်က္ေပါင္းမ်ားစြာျဖင့္ အခင္းျဖစ္ ေနရာတြင္ ေသဆုံး သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီးအား မ်ိဳးဆက္သစ္လူမႈ႕ကယ္ဆယ္ေရးအသင္းက ျမစ္ႀကီးနားၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ ေပးထားၿပီး က်ဴးလြန္သူအမ်ိဳးသားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.