ကန့်ဘလူမြို့နယ်၌ အသက်(၅)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုလိုက် (၈)လောင်းပြိုင် သတ်ဖြတ်ခံရမှုဖြစ်ပွား

 1186

NP News - ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ အသက်(၅)နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုလိုက် (၈)လောင်းပြိုင် သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၁၄ ရက်) နံနက် ၂ နာရီဝန်းကျင်အချိန်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာရှိ နေအိမ်တစ်ခု၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ငါးမြောင်ကျေးရွာတွင် နေထိုင်သော ဦးကျော်လှိုင် အသက်(၇ဝ)နှစ်၊ ဒေါ်မဲညွန့် အသက်(၆၅)နှစ်၊ ဒေါ်နှင်းမြလှိုင် အသက် (၄ဝ)နှစ်၊ ဦးမျိုးဝင်း အသက်(၃၇)နှစ်၊ ဒေါ်နှင်းမြခိုင် အသက်(၃၇)နှစ်၊ မစုမြစံ အသက် (၁၅) နှစ်၊ မရွှေဘုံစံ အသက်(၁၂)နှစ် နှင့် မောင်ခန့်ဇေယျာမျိုး အသက်(၅)နှစ်တို့မှာ မိသားစုလိုက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သေနတ်နှင့် ဓါးများကိုင်ဆိုင်ထားသော လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခြင်းအပြင် ဓားဖြင့်ပါ ခုတ်ကာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

“ ရှစ်လောင်းပြိုင် လူသတ်မှုကတော့ ဟုတ်ပါတယ်။ ဖြစ်စဉ် ဖြစ်ပွားထားပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်တယ်ဆိုတာတော့ စစ်ဆေးနေတုန်းပါပဲ” ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

ထိုသို့ (၈)လောင်းပြိုင် သတ်ဖြတ်ခြင်းခံခဲ့ရသည့် မိသားစုဝင်များသည် ငါးမြောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးစပ်သော သူများဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုထားပြီး ၎င်းအချက်အလက်အပေါ် NP News အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံအတွင်း၌ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ အကြမ်းဖက်သတ်ဖြတ်ခံနေရသည့်ဖြစ်စဉ်များမှာ နေ့စဉ်လိုလို ဖြစ်ပွားနေလျက်ရှိကြောင်း တွေ့ရှိနေရသည်။

zawgyi version
ကန႔္ဘလူၿမိဳ႕နယ္၌ အသက္(၅)ႏွစ္အ႐ြယ္ကေလးငယ္အပါအဝင္ မိသားစုလိုက္ (၈)ေလာင္းၿပိဳင္ သတ္ျဖတ္ခံရမႈျဖစ္ပြား
NP News - ဇန္နဝါရီ ၁၄

စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၌ အသက္(၅)ႏွစ္အ႐ြယ္ ကေလးငယ္အပါအဝင္ မိသားစုလိုက္ (၈)ေလာင္းၿပိဳင္ သတ္ျဖတ္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၁၄ ရက္) နံနက္ ၂ နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ ကန႔္ဘလူၿမိဳ႕နယ္၊ ငါးေျမာင္ေက်း႐ြာရွိ ေနအိမ္တစ္ခု၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ငါးေျမာင္ေက်း႐ြာတြင္ ေနထိုင္ေသာ ဦးေက်ာ္လႈိင္ အသက္(၇ဝ)ႏွစ္၊ ေဒၚမဲၫြန႔္ အသက္(၆၅)ႏွစ္၊ ေဒၚႏွင္းျမလႈိင္ အသက္ (၄ဝ)ႏွစ္၊ ဦးမ်ိဳးဝင္း အသက္(၃၇)ႏွစ္၊ ေဒၚႏွင္းျမခိုင္ အသက္(၃၇)ႏွစ္၊ မစုျမစံ အသက္ (၁၅) ႏွစ္၊ မေ႐ႊဘုံစံ အသက္(၁၂)ႏွစ္ ႏွင့္ ေမာင္ခန႔္ေဇယ်ာမ်ိဳး အသက္(၅)ႏွစ္တို႔မွာ မိသားစုလိုက္ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ေသနတ္ႏွင့္ ဓါးမ်ားကိုင္ဆိုင္ထားေသာ လူတစ္စုက ေသနတ္ျဖင့္ ပစ္ခတ္ျခင္းအျပင္ ဓားျဖင့္ပါ ခုတ္ကာ သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာဆိုထားသည္။

“ ရွစ္ေလာင္းၿပိဳင္ လူသတ္မႈကေတာ့ ဟုတ္ပါတယ္။ ျဖစ္စဥ္ ျဖစ္ပြားထားပါတယ္။ ဒါေပမယ့္ ဘယ္လိုျဖစ္တယ္ဆိုတာေတာ့ စစ္ေဆးေနတုန္းပါပဲ” ဟု လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

ထိုသို႔ (၈)ေလာင္းၿပိဳင္ သတ္ျဖတ္ျခင္းခံခဲ့ရသည့္ မိသားစုဝင္မ်ားသည္ ငါးေျမာင္ေက်း႐ြာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ႏွင့္ နီးစပ္ေသာ သူမ်ားျဖစ္ေၾကာင္း ေဒသခံအခ်ိဳ႕က ေျပာဆိုထားၿပီး ၎အခ်က္အလက္အေပၚ NP News အေနျဖင့္ သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

ျမန္မာႏိုင္ငံအတြင္း၌ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစတင္ကာ လက္ရွိအခ်ိန္အထိ အၾကမ္းဖက္သတ္ျဖတ္ခံေနရသည့္ျဖစ္စဥ္မ်ားမွာ ေန႔စဥ္လိုလို ျဖစ္ပြားေနလ်က္ရွိေၾကာင္း ေတြ႕ရွိေနရသည္။

Picture

san yuko

14/01/2023 17:08

တော်တော်ဆိုးတာပဲ

Picture

Vidhu Ra

14/01/2023 18:38

ဘာေျပာရမွန္း ဘယ္သူ႔ကိုအကူညီေတာင္ရမွန္းမသိေတာ့ပါ

Related news

© 2021. All rights reserved.