လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် (၂)နှစ်အရွယ် ကလေးငယ်သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ဒဏ် ရာရရှိမှု ဖောင်းပြင်မြို့၌ဖြစ်ပွား

764

စော (NP News)-ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သပြေသီးခူးရန်ထွက်လာသူ (၃)ဦးအနက် ကလေးငယ်တစ်ဦးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲထံမှသတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (၁၆)ရက်၊ ညနေ(၄)နာရီ အချိန်တွင် ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ အင်းကြင်းမြိုင်ရပ်ကွက်တွင် နေထိုင်သူ မခင်ဝင်း(၂ဝ)နှစ် နှင့် ဒေါ်မြင့်မြင့်အေး(၂၈)နှစ်သည် ၎င်း၏သားဖြစ်သူ မောင်သိန်းဝင်းဦး(၂)နှစ်နှင့်အတူ သပြေသီးခူးရန် နေအိမ်မှခြေလျင်ထွက်ခွာလာစဥ် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။
ထိုသို့ ထွက်ခွာလာစဥ် ရောင်းဟီးကျေးရွာအရောက်တွင် အကြမ်းဖက်များထောင် ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မခင်ဝင်း အပါအ၀င် (၃)ဦးစလုံး၌ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးအား ဖောင်းပြင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မောင်သိန်းဝင်းဦးမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဥ်နှင့် ပတ်သက်ပြီး အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။
zawgyi version
လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ (၂)ႏွစ္အ႐ြယ္ ကေလးငယ္ေသဆုံးခဲ့ၿပီး (၂)ဦးထိခိုက္ဒဏ္ ရာရရွိမႈ ေဖာင္းျပင္ၿမိဳ႕၌ျဖစ္ပြား
ေစာ (NP News)-ဇန္နဝါရီ ၁၈
စစ္ကိုင္းတိုင္း၊ ေဖာင္းျပင္ၿမိဳ႕နယ္တြင္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ သေျပသီးခူးရန္ထြက္လာသူ (၃)ဦးအနက္ ကေလးငယ္တစ္ဦးေသဆုံးကာ (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲထံမွသတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (၁၆)ရက္၊ ညေန(၄)နာရီ အခ်ိန္တြင္ ေဖာင္းျပင္ၿမိဳ႕နယ္၊ ေရာင္းဟီးေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွာ အင္းၾကင္းၿမိဳင္ရပ္ကြက္တြင္ ေနထိုင္သူ မခင္ဝင္း(၂ဝ)ႏွစ္ ႏွင့္ ေဒၚျမင့္ျမင့္ေအး(၂၈)ႏွစ္သည္ ၎၏သားျဖစ္သူ ေမာင္သိန္းဝင္းဦး(၂)ႏွစ္ႏွင့္အတူ သေျပသီးခူးရန္ ေနအိမ္မွေျခလ်င္ထြက္ခြာလာစဥ္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။
ထိုသို႔ ထြက္ခြာလာစဥ္ ေရာင္းဟီးေက်း႐ြာအေရာက္တြင္ အၾကမ္းဖက္မ်ားေထာင္ ထားသည့္ လက္လုပ္မိုင္းတစ္လုံး ေပါက္ကြဲခဲ့ၿပီး မခင္ဝင္း အပါအ၀င္ (၃)ဦးစလုံး၌ မိုင္းစထိမွန္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔(၃)ဦးအား ေဖာင္းျပင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ေမာင္သိန္းဝင္းဦးမွာ ရရွိထားေသာ ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အၾကမ္းဖက္မႈက်ဴးလြန္ခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ေဖာ္ထုတ္အေရးယူႏိုင္ရန္အတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကထုတ္ျပန္ထားသည္။