မတ္တရာမြို့နယ်တွင် အမျိုးသားတစ်ဦး ခေါင်းဖြတ်သတ်ခံရမှုဖြစ်ပွား

 2739

စော (NP News) - ဇန်နဝါရီ ၂၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ၌ ဓားဖြင့် ထိုးခုတ်သတ် ဖြတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၉ ရက်၊ ည(၉)နာရီအချိန်တွင် ကျောက်တံတားကျေးရွာနေ ကိုအောင်ကိုလတ်(ခ)ကိုလတ်(၃၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိစဉ် အကြမ်းဖက်အ မျိုးသား(၃)ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး နေအိမ်နောက်ဖေးသို့ဖမ်းဆီးခေါ်ဆောင်ကာ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ထို့သို့သတ်ဖြတ်သွားသဖြင့် ကိုအောင်ကိုလတ်(ခ)ကိုလတ်တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

zawgyi version
စော (NP News) - ဇန်နဝါရီ ၂၁




Related news

© 2021. All rights reserved.