သီပေါမြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေ (၅ဝ)ကျပ်သားအပါအဝင် ငွေသားများ ဓားပြတိုက်လုယက်ခံရမှုဖြစ်ပွား

 734

စေ ာ(NP News) - ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်ရှိ “သစ်ဆန်း”ရွှေဆိုင်တွင် ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂ဝ ရက်၊ ညနေ ၄ နာရီအချိန်တွင် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ မြောက်ပိုင်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် “သစ်ဆန်း”ရွှေဆိုင်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရွှေဆိုင်၏ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြတ်သိန်းထွန်း (၅၃)နှစ်သည့် ရွှေဆိုင်မှပန်း တိမ်ဆရာဖြစ်သူ ဦးမောင်မျိုး(၄၃)နှစ်နှင့်အတူရှိနေစဉ် အမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာကြောင်း သိရသည်။

၎င်းတို့ (၂)ဦးအနက် (၁)ဦးက ဆိုင်ကယ်ပေါ်အသင့်စောင့်နေပြီး ကျန်အမျိုးသားတစ်ဦးက ဆင်းလာ၍ ကိုင်ဆောင်ထားသည့် သေနတ်ဖြင့်(၁)ချက် ပစ်ဖောက်ကာ ဆိုင်အတွင်းဝင်ရောက်လာပြီး ဦးမြတ်သိန်းထွန်းတို့နှစ်ဦးအား သေနတ်ဖြင့် ခြိမ်း ခြောက်ခဲ့ကြောင်းသိရသည်။

ထိုသို့ခြိမ်းခြောက်ပြီးနောက် ရွှေဆိုင်အတွင်း ရောင်းချရန်ပြသထားသည့် မှန်အတွင်းမှ ရွှေဆွဲကြိုး ၂၄ ကုံး၊ နားကပ် အရံ ၂ဝ၊ ရွှေဟန်းချိန်း ၃ ကွင်း၊ ရွှေလက်စွပ် ၂၅ဝ ကွင်း စုစုပေါင်း ရွှေအလေးချိန် ၅ဝ ကျပ်သားခန့်နှင့် ငွေကျပ် ၂ သိန်းခန့်တို့အား “သစ်ဆန်း”ရွှေဆိုင်တံဆိပ်ပါ လက်ဆွဲအိတ်အတွင်းထည့်၍ လုယက်ယူဆောင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်နှင့် ပတ်သက်ပြီး လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသားနှစ်ဦးအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
သီေပါၿမိဳ႕ရွိ ေ႐ႊဆိုင္တစ္ဆိုင္မွ ေ႐ႊ (၅ဝ)က်ပ္သားအပါအဝင္ ေငြသားမ်ား ဓားျပတိုက္လုယက္ခံရမႈျဖစ္ပြား
ေစ ာ(NP News) - ဇန္နဝါရီ ၂၂

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္ရွိ “သစ္ဆန္း”ေ႐ႊဆိုင္တြင္ ဓားျပတိုက္လုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂ဝ ရက္၊ ညေန ၄ နာရီအခ်ိန္တြင္ သီေပါၿမိဳ႕နယ္၊ နမ့္လန္ေက်း႐ြာ ေျမာက္ပိုင္းရပ္ကြက္တြင္ ဖြင့္လွစ္ထားသည့္ “သစ္ဆန္း”ေ႐ႊဆိုင္တြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေ႐ႊဆိုင္၏ ဆိုင္ပိုင္ရွင္ျဖစ္သူ ဦးျမတ္သိန္းထြန္း (၅၃)ႏွစ္သည့္ ေ႐ႊဆိုင္မွပန္း တိမ္ဆရာျဖစ္သူ ဦးေမာင္မ်ိဳး(၄၃)ႏွစ္ႏွင့္အတူရွိေနစဥ္ အမ်ိဳးသား ၂ ဦးက ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္လာေၾကာင္း သိရသည္။

၎တို႔ (၂)ဦးအနက္ (၁)ဦးက ဆိုင္ကယ္ေပၚအသင့္ေစာင့္ေနၿပီး က်န္အမ်ိဳးသားတစ္ဦးက ဆင္းလာ၍ ကိုင္ေဆာင္ထားသည့္ ေသနတ္ျဖင့္(၁)ခ်က္ ပစ္ေဖာက္ကာ ဆိုင္အတြင္းဝင္ေရာက္လာၿပီး ဦးျမတ္သိန္းထြန္းတို႔ႏွစ္ဦးအား ေသနတ္ျဖင့္ ၿခိမ္း ေျခာက္ခဲ့ေၾကာင္းသိရသည္။

ထိုသို႔ၿခိမ္းေျခာက္ၿပီးေနာက္ ေ႐ႊဆိုင္အတြင္း ေရာင္းခ်ရန္ျပသထားသည့္ မွန္အတြင္းမွ ေ႐ႊဆြဲႀကိဳး ၂၄ ကုံး၊ နားကပ္ အရံ ၂ဝ၊ ေ႐ႊဟန္းခ်ိန္း ၃ ကြင္း၊ ေ႐ႊလက္စြပ္ ၂၅ဝ ကြင္း စုစုေပါင္း ေ႐ႊအေလးခ်ိန္ ၅ဝ က်ပ္သားခန႔္ႏွင့္ ေငြက်ပ္ ၂ သိန္းခန႔္တို႔အား “သစ္ဆန္း”ေ႐ႊဆိုင္တံဆိပ္ပါ လက္ဆြဲအိတ္အတြင္းထည့္၍ လုယက္ယူေဆာင္ကာ ထြက္ေျပးသြားေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး လုယက္မႈက်ဴးလြန္ခဲ့သည့္ အမ်ိဳးသားႏွစ္ဦးအား အျမန္ဆုံးဖမ္းဆီးႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.