ဘီးလူးချောင်း(၂)-တီကျစ် Double Circuit ဓာတ်အားလိုင်းတိုင်အမှတ်(၁၁၅)ပျက်စီးတိမ်းစောင်းမှုကြောင့် ရန်ကုန်ရှိနေရာအချို့၌ ဓာတ်အားယာယီပြတ်တောက်မည်ဟု YESC အသိပေး

 1081

စော (NP News) - ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းရှိနေရာဒေသအချို့၌ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီလ ၂၂ ရက်)တွင် YESC မှထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်ပေးထားသော 132 KV ဘီးလူးချောင်း(၂)-တီကျစ် Double Circuit ဓာတ်အားလိုင်းသည် ဇန်နဝါရီလ ၂၁ ရက်၊ ည ၁ဝ နာရီခွဲအချိန်တွင် လိုင်းပြတ်တောက်မှုကြောင့် စစ်ဆေးခဲ့ရာ တိုင်အမှတ် (၁၁၅) ပျက်စီးတိမ်းစောင်းမှုဖြစ်ပေါ်ခဲ့ကြောင်း YESC မှထုတ်ပြန်ထားသည်။

ထိုသို့တိုင်အမှတ်(၁၁၅)ပျက်စီးတိမ်းစောင်းရခြင်းသည် မိုင်းဆွဲဖျက်ဆီးခံရခြင်းကြောင့်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ထို့ကြောင့်အဆိုပါဓာတ်အားလိုင်း ထိန်းသိမ်းမှုဆောင်ရွက်နေစဉ်အတွင်း ဘီးလူးချောင်းဓာတ်အားပေးစက်များမှ ဓာတ်အားထုတ်လုပ်မှုလျော့နည်းနေမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့၏နေရာဒေသ အချို့၌ဓာတ်အားပြတ်တောက်နိုင်သော်လည်း အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် ဆောက်ရွက်သွားမည်ဖြစ် ကြောင်း YESC မှထုတ်ပြန်ထားသည်။

၂ဝ၂၁ ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်အားတာဝါတိုင်များစွာ မိုင်းဆွဲဖျက်ဆီးခြင်းခံခဲ့ရပြီး လက်ရှိအချိန်ရှိ ပြုပြင်နေရဆဲဖြစ် ကြောင်းသိရသည်။

zawgyi version
ဘီးလူးေခ်ာင္း(၂)-တီက်စ္ Double Circuit ဓာတ္အားလိုင္းတိုင္အမွတ္(၁၁၅)ပ်က္စီးတိမ္းေစာင္းမႈေၾကာင့္ ရန္ကုန္ရွိေနရာအခ်ိဳ႕၌ ဓာတ္အားယာယီျပတ္ေတာက္မည္ဟု YESC အသိေပး
ေစာ (NP News) - ဇန္နဝါရီ ၂၂

ရန္ကုန္တိုင္းရွိေနရာေဒသအခ်ိဳ႕၌ လွ်ပ္စစ္ဓာတ္အားယာယီျပတ္ေတာက္မႈရွိမည္ျဖစ္ေၾကာင္း ယေန႔ (ဇန္နဝါရီလ ၂၂ ရက္)တြင္ YESC မွထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ႏိုင္ငံေတာ္ဓာတ္အားစနစ္အတြင္းသို႔ ပို႔လႊတ္ေပးထားေသာ 132 KV ဘီးလူးေခ်ာင္း(၂)-တီက်စ္ Double Circuit ဓာတ္အားလိုင္းသည္ ဇန္နဝါရီလ ၂၁ ရက္၊ ည ၁ဝ နာရီခြဲအခ်ိန္တြင္ လိုင္းျပတ္ေတာက္မႈေၾကာင့္ စစ္ေဆးခဲ့ရာ တိုင္အမွတ္ (၁၁၅) ပ်က္စီးတိမ္းေစာင္းမႈျဖစ္ေပၚခဲ့ေၾကာင္း YESC မွထုတ္ျပန္ထားသည္။

ထိုသို႔တိုင္အမွတ္(၁၁၅)ပ်က္စီးတိမ္းေစာင္းရျခင္းသည္ မိုင္းဆြဲဖ်က္ဆီးခံရျခင္းေၾကာင့္ျဖစ္ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

ထို႔ေၾကာင့္အဆိုပါဓာတ္အားလိုင္း ထိန္းသိမ္းမႈေဆာင္႐ြက္ေနစဥ္အတြင္း ဘီးလူးေခ်ာင္းဓာတ္အားေပးစက္မ်ားမွ ဓာတ္အားထုတ္လုပ္မႈေလ်ာ့နည္းေနမည္ျဖစ္ ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕၏ေနရာေဒသ အခ်ိဳ႕၌ဓာတ္အားျပတ္ေတာက္ႏိုင္ေသာ္လည္း အေရးႀကီးေနရာမ်ား လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမရွိေစရန္ ေဆာက္႐ြက္သြားမည္ျဖစ္ ေၾကာင္း YESC မွထုတ္ျပန္ထားသည္။

၂ဝ၂၁ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစ၍ ျမန္မာႏိုင္ငံအတြင္း၌ လွ်ပ္စစ္ဓာတ္အားတာဝါတိုင္မ်ားစြာ မိုင္းဆြဲဖ်က္ဆီးျခင္းခံခဲ့ရၿပီး လက္ရွိအခ်ိန္ရွိ ျပဳျပင္ေနရဆဲျဖစ္ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.