အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည့် အမျိုးသား(၂)ဦးအနက် တစ်ဦးဖမ်းဆီးခံရပြီးနောက်အနီးရှိ စားသောက်ဆိုင်တစ်ဆိုင် ခြိမ်းခြောက်ခံနေရ

 9561

NP News- ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား အမျိုးသား(၂)ဦးမှ လက်ပစ်ဗုံးဖြင့် လာရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၁)ရက်၊ နေ့လည်(၁၂)နာရီအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့် (၁၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်ပွားခဲ့ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သည့် သတင်းအရင်းအ မြစ်တစ်ဦးထံမှ သိရသည်။

အဆိုပါ ရပ်ကွက်ရုံးသို့ လူငယ်အမျိုးသား(၂)ဦးက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆိုသည်။

၎င်းတို့(၂)ဦးအား ရပ်ကွက်ရုံးဘေးရှိ ငွေတောင်စားသောက်ဆိုင်မှ ဝန်ထမ်းများက ဝိုင်းဝန်းလိုက်လံဖမ်းဆီးခဲ့ရာ တစ်ဦးမှာ လွတ်မြောက်ခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး ဝိုင်းဝန်းရိုက်နှက်မှုကို ခံခဲ့ရကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပျောက်ကြားတော်လှန်ရေးအဖွဲ့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow Ygn (UG) အဖွဲ့ က ထုတ်ပြန်ကြေညာထား သည်။

၎င်းဖြစ်စဉ်အတွင်း မြို့ပြပျောက်ကြားတော်လှန်ရေးအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍လည်း ငွေတောင်စားသောက်ဆိုင်အနေဖြင့် မိမိတို့၏လုပ်ရပ်အတွက် တာဝန်ယူရမည်ဟု Dark Shadow Ygn(UG) အဖွဲ့ သတိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

လက်ရှိတွင် ငွေတောင်စားသောက်ဆိုင်အား လူမှုကွန်ရက်များ၌ ခြိမ်းခြောက်ပြစ်တင်ပြောဆိုမှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

zawgyi version
အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္သည့္ အမ်ိဳးသား(၂)ဦးအနက္ တစ္ဦးဖမ္းဆီးခံရၿပီးေနာက္အနီးရွိ စားေသာက္ဆိုင္တစ္ဆိုင္ ၿခိမ္းေျခာက္ခံေနရ
NP News- ဇန္နဝါရီ ၂၂

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၁၄)ရပ္ကြက္ရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံးအား အမ်ိဳးသား(၂)ဦးမွ လက္ပစ္ဗုံးျဖင့္ လာေရာက္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၁)ရက္၊ ေန႔လည္(၁၂)နာရီအခ်ိန္ခန႔္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ သံသုမာလမ္းႏွင့္ ေမတၱာလမ္းေထာင့္ (၁၄)ရပ္ကြက္ရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ၎ရပ္ကြက္တြင္ ေနထိုင္သည့္ သတင္းအရင္းအ ျမစ္တစ္ဦးထံမွ သိရသည္။

အဆိုပါ ရပ္ကြက္႐ုံးသို႔ လူငယ္အမ်ိဳးသား(၂)ဦးက လက္ပစ္ဗုံးျဖင့္ လာေရာက္ပစ္ခတ္ ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း ၎မွဆိုသည္။

၎တို႔(၂)ဦးအား ရပ္ကြက္႐ုံးေဘးရွိ ေငြေတာင္စားေသာက္ဆိုင္မွ ဝန္ထမ္းမ်ားက ဝိုင္းဝန္းလိုက္လံဖမ္းဆီးခဲ့ရာ တစ္ဦးမွာ လြတ္ေျမာက္ခဲ့ၿပီး က်န္အမ်ိဳးသားတစ္ဦးမွာ ဖမ္းဆီးခံခဲ့ရၿပီး ဝိုင္းဝန္း႐ိုက္ႏွက္မႈကို ခံခဲ့ရေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

အဆိုပါ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ၿမိဳ႕ျပေပ်ာက္ၾကားေတာ္လွန္ေရးအဖြဲ႕မွ တိုက္ ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း Dark Shadow Ygn (UG) အဖြဲ႕ က ထုတ္ျပန္ေၾကညာထား သည္။

၎ျဖစ္စဥ္အတြင္း ၿမိဳ႕ျပေပ်ာက္ၾကားေတာ္လွန္ေရးအဖြဲ႕ဝင္တစ္ဦး ဖမ္းဆီးခံရမႈႏွင့္ပတ္သက္၍လည္း ေငြေတာင္စားေသာက္ဆိုင္အေနျဖင့္ မိမိတို႔၏လုပ္ရပ္အတြက္ တာဝန္ယူရမည္ဟု Dark Shadow Ygn(UG) အဖြဲ႕ သတိေပးထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

လက္ရွိတြင္ ေငြေတာင္စားေသာက္ဆိုင္အား လူမႈကြန္ရက္မ်ား၌ ၿခိမ္းေျခာက္ျပစ္တင္ေျပာဆိုမႈမ်ား လုပ္ေဆာင္လ်က္ရွိသည္ကို ေတြ႕ရွိရသည္။

Picture

Htun Aung Kyaw

22/01/2023 18:34

အကြမ်းဖက်သမားတွေ ပြည်သူတွေက သူတို့ဘက်မရှိတော့ ‌‌ရှက်ရမ်းရမ်းမှာစိုးရတယ်

Related news

© 2021. All rights reserved.