တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း ဓါတ်ငွေ့အများဆုံးတင်ပို့သော ၅ နိုင်ငံထဲတွင် မြန်မာ ပါဝင်

 1638

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂

တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း သဘာဝဓါတ်ငွေ့အများဆုံးတင်ပို့ခဲ့သော ထိပ်ဆုံး ငါးနိုင်ငံထဲတွင် မြန်မာနိုင်ငံ ပါဝင်လျက်ရှိနေကြောင်း သိရသည်။

တရုတ်အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်များအရ ၂ဝ၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဓါတ်ငွေ့အများဆုံး တင်ပို့ခဲ့ သောနိုင်ငံများထဲတွင် တာခ်မင်နစ္စတန် Turkmenistan က ထိပ်ဆုံးတွင် ရပ်တည်နေပြီး၊ ရုရှားနိုင်ငံက ဒုတိယ နေရာတွင် ရပ်တည်နေကာ မြန်မာနိုင်ငံက တတိယနေရာ၊ ကာဇက်စတန်နိုင်ငံက စတုတ္တနေရာ နှင့် ဥဇဘက် ကစ္စတန်နိုင်ငံက ပဉ္စမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်း၊ တရုတ်အကောက်ခွန်ဌာန၏ဖော်ပြချက်အရ သိရသည်။ အဆိုပါ တရုတ်အကောက်ခွန်ဌာန၏ အဆိုအရ တာခ်မင်နစ္စတန် သည် ၂ဝ၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၂၅ ဘီလျံ တန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်းသိရသည်။

ထို့အပြင် ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၈ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များတင်ပို့ခဲ့သလို ကာဇက်စတန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၈ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များတင်ပို့ခဲ့ကြောင်း သိရသည်။

ဥဇဘက်ကစ္စတန်နိုင်ငံကလည်း တရုတ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဓါတ်ငွေ့များ တင်ပို့ခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာနက ဖော်ပြခဲ့သည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံသို႔ ၂ဝ၂၂ ခုႏွစ္အတြင္း ဓါတ္ေငြ႕အမ်ားဆုံးတင္ပို႔ေသာ ၅ ႏိုင္ငံထဲတြင္ ျမန္မာ ပါဝင္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၂

တ႐ုတ္ႏိုင္ငံသို႔ ၂ဝ၂၂ ခုႏွစ္အတြင္း သဘာဝဓါတ္ေငြ႕အမ်ားဆုံးတင္ပို႔ခဲ့ေသာ ထိပ္ဆုံး ငါးႏိုင္ငံထဲတြင္ ျမန္မာႏိုင္ငံ ပါဝင္လ်က္ရွိေနေၾကာင္း သိရသည္။

တ႐ုတ္အေကာက္ခြန္ဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ ၂ဝ၂၂ ခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံသို႔ ဓါတ္ေငြ႕အမ်ားဆုံး တင္ပို႔ခဲ့ ေသာႏိုင္ငံမ်ားထဲတြင္ တာခ္မင္နစၥတန္ Turkmenistan က ထိပ္ဆုံးတြင္ ရပ္တည္ေနၿပီး၊ ႐ုရွားႏိုင္ငံက ဒုတိယ ေနရာတြင္ ရပ္တည္ေနကာ ျမန္မာႏိုင္ငံက တတိယေနရာ၊ ကာဇက္စတန္ႏိုင္ငံက စတုတၱေနရာ ႏွင့္ ဥဇဘက္ ကစၥတန္ႏိုင္ငံက ပၪၥမေနရာတြင္ ရပ္တည္ေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသည္ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၁ ဒသမ ၄၃ ဘီလ်ံတန္ဖိုးရွိ ဓါတ္ေငြ႕မ်ား တင္ပို႔ခဲ့ေၾကာင္း၊ တ႐ုတ္အေကာက္ခြန္ဌာန၏ေဖာ္ျပခ်က္အရ သိရသည္။ အဆိုပါ တ႐ုတ္အေကာက္ခြန္ဌာန၏ အဆိုအရ တာခ္မင္နစၥတန္ သည္ ၂ဝ၂၂ ခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံသို႔ အေမရိကန္ေဒၚလာ ၁ဝ ဒသမ ၂၅ ဘီလ်ံ တန္ဖိုးရွိ ဓါတ္ေငြ႕မ်ား တင္ပို႔ခဲ့ေၾကာင္းသိရသည္။

ထို႔အျပင္ ႐ုရွားႏိုင္ငံက တ႐ုတ္ႏိုင္ငံသို႔ အေမရိကန္ေဒၚလာ ၃ ဒသမ ၉၈ ဘီလ်ံတန္ဖိုးရွိ ဓါတ္ေငြ႕မ်ားတင္ပို႔ခဲ့သလို ကာဇက္စတန္ႏိုင္ငံက အေမရိကန္ေဒၚလာ ၁ ဒသမ ဝ၈ ဘီလ်ံတန္ဖိုးရွိ ဓါတ္ေငြ႕မ်ားတင္ပို႔ခဲ့ေၾကာင္း သိရသည္။

ဥဇဘက္ကစၥတန္ႏိုင္ငံကလည္း တ႐ုတ္ႏိုင္ငံသို႔ ၂ဝ၂၂ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၁ ဒသမ ၁ ဘီလ်ံတန္ဖိုးရွိ ဓါတ္ေငြ႕မ်ား တင္ပို႔ခဲ့ေၾကာင္း တ႐ုတ္အေကာက္ခြန္ဌာနက ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.