အိန္ဒိယမြို့တော် နယူးဒေလီမှာ လေထုညစ်ညမ်းမှုများ မြင့်တက်လာတာကြောင့် ကျောက်မီးသွေး သုံးစွဲမှုများကို လျှော့ချမည်

 454

ရောင်နီ (NP News) - ဇန်နဝါရီ ၂၅

အိန္ဒိယနိုင်ငံ၊ မြို့တော် နယူးဒေလီမှာ ဆောင်းရာသီတိုင်းလိုလို အဆိပ်သင့်မီးခိုးမြူများ ဖုံးလွှမ်းလျက်ရှိပြီး ကောက်ပဲသီးနှံအမှိုက်များနဲ့ ယာဉ်အိတ်ဇောများမှ အမှုန်အမွှားများ လေထုထဲ ပျံ့နှံ့နေခြင်းကြောင့် နယူးဒေလီမှာ ယခုလမှစတင်ကာ ကျောက်မီးသွေး အသုံးပြုကာ စွမ်းအင်ထုတ်ခြင်းကို တားမြစ်ပိတ်ပင်ရန် ပြဋ္ဌာန်းထားပါတယ်။

“အငွေ့အရောင်နဲ့ လေထုထဲက အနံ့တွေက သုံးနေတဲ့ လောင်စာဆီတွေကို ပြောပြနိုင်တယ်” လို့ နယူးဒေလီမှ ကီလိုမီတာ ၁ဝဝ (၆၂ မိုင်) အကွာရှိ ကမ္ဘာလုံးဆိုင်ရာ အဝတ်အထည် ပြန်လည်အသုံးပြုရေး ယူနစ်တစ်ခုဖြစ်တဲ့ Panipat မှ အမည်မဖော်လိုသူ မန်နေဂျာတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဇီဝလောင်စာဆီ ပြောင်းလဲအသုံးပြုလိုက် မယ်ဆိုရင် လေထု ပိုကောင်းလာနိုင်တယ်လို့ ၄င်းက ဆိုပါတယ်။

လေထုအရည်အသွေးပြောင်းလဲမှုအရေအတွက်ကိုတော့ တွက်ချက်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး၊ Panipat မှ ဖော်ပြချက် အရ ၂ဝ၂ဝ ပြည့်နှစ် လေ့လာမှုမှာ ဆာလဖာအောက်ဆိုဒ်ထုတ်လွှတ်မှုကြောင့် လေထုအရည်အသွေး ၇ဝ ရာခိုင်နှုန်း မှ ၈ဝ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ပြီး ကျောက်မီးသွေးမှ ထုတ်လွှတ်တဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်ကြောင့် လေထု အရည်အသွေး ၄ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဟာရာနာပြည်နယ်မြောက်ပိုင်းရှိ အထည်အလိပ်များ ပြန်လည်အသုံးပြုသူများ၊ ဆိုးဆေးများနဲ့ အစားအစာ ထုတ်လုပ်ရောင်းချသူများ၊ အိမ်နီးချင်း ဆိုနီပက်နဲ့ ဖာရီဒါဘတ်တို့မှာလည်း ယခင်ရွေးချယ်စရာ လောင်စာဖြစ်တဲ့ ကျောက်မီးသွေးမှ အခြားလောင်စာများသို့ လျင်မြန်စွာ ကူးပြောင်းအသုံးပြုဖို့ တိုက်တွန်းထားပါတယ်။

လယ်ယာအကြွင်းအကျန် အစေ့အဆန်များ (သို့မဟုတ်) တိရိစ္ဆာန်များရဲ့ ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်တဲ့ အညစ် အကြေးများကို ဇီဝလောင်စာသို့ ပြောင်းလဲခြင်းဟာ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်တာကြောင့် ယင်းအကြွင်းအကျန်များကို မီးရှို့ပစ်မယ့်အစား လယ်သမားများကိုရောင်းချဖို့ လှုံ့ဆော်ပေးသင့်တယ်လို့ စက်မှု အရာရှိများနဲ့ စည်းကမ်းထိန်းသိမ်းရေးမှူးများက ပြောကြားခဲ့ပါတယ်။

ဇီဝလောင်စာဟာ ကျောက်မီးသွေးထက် ၁၄ ရာခိုင်နှုန်း စျေးသက်သာသောကြောင့် အဆိုပါပြောင်းလဲမှုဟာ ကုန်ကျ စရိတ်လည်း သက်သာနိုင်တယ်လို့ ဗြိတိန်အစိုးရရဲ့ ၂ဝ၂၁ ခုနှစ်မှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

Zawgyi Version;
အိႏၵိယၿမိဳ႕ေတာ္ နယူးေဒလီမွာ ေလထုညစ္ညမ္းမႈမ်ား ျမင့္တက္လာတာေၾကာင့္ ေက်ာက္မီးေသြး သုံးစြဲမႈမ်ားကို ေလွ်ာ့ခ်မည္
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၅

အိႏၵိယႏိုင္ငံ၊ ၿမိဳ႕ေတာ္ နယူးေဒလီမွာ ေဆာင္းရာသီတိုင္းလိုလို အဆိပ္သင့္မီးခိုးျမဴမ်ား ဖုံးလႊမ္းလ်က္ရွိၿပီး ေကာက္ပဲသီးႏွံအမႈိက္မ်ားနဲ႔ ယာဥ္အိတ္ေဇာမ်ားမွ အမႈန္အမႊားမ်ား ေလထုထဲ ပ်ံ႕ႏွံ႔ေနျခင္းေၾကာင့္ နယူးေဒလီမွာ ယခုလမွစတင္ကာ ေက်ာက္မီးေသြး အသုံးျပဳကာ စြမ္းအင္ထုတ္ျခင္းကို တားျမစ္ပိတ္ပင္ရန္ ျပ႒ာန္းထားပါတယ္။

“အေငြ႕အေရာင္နဲ႔ ေလထုထဲက အနံ႔ေတြက သုံးေနတဲ့ ေလာင္စာဆီေတြကို ေျပာျပႏိုင္တယ္” လို႔ နယူးေဒလီမွ ကီလိုမီတာ ၁ဝဝ (၆၂ မိုင္) အကြာရွိ ကမာၻလုံးဆိုင္ရာ အဝတ္အထည္ ျပန္လည္အသုံးျပဳေရး ယူနစ္တစ္ခုျဖစ္တဲ့ Panipat မွ အမည္မေဖာ္လိုသူ မန္ေနဂ်ာတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဇီဝေလာင္စာဆီ ေျပာင္းလဲအသုံးျပဳလိုက္ မယ္ဆိုရင္ ေလထု ပိုေကာင္းလာႏိုင္တယ္လို႔ ၄င္းက ဆိုပါတယ္။

ေလထုအရည္အေသြးေျပာင္းလဲမႈအေရအတြက္ကိုေတာ့ တြက္ခ်က္ဖို႔ ခက္ခဲေနဆဲျဖစ္ၿပီး၊ Panipat မွ ေဖာ္ျပခ်က္ အရ ၂ဝ၂ဝ ျပည့္ႏွစ္ ေလ့လာမႈမွာ ဆာလဖာေအာက္ဆိုဒ္ထုတ္လႊတ္မႈေၾကာင့္ ေလထုအရည္အေသြး ၇ဝ ရာခိုင္ႏႈန္း မွ ၈ဝ ရာခိုင္ႏႈန္းအထိ က်ဆင္းႏိုင္ၿပီး ေက်ာက္မီးေသြးမွ ထုတ္လႊတ္တဲ့ ႏိုက္ထ႐ိုဂ်င္ေအာက္ဆိုဒ္ေၾကာင့္ ေလထု အရည္အေသြး ၄ဝ ရာခိုင္ႏႈန္းမွ ၆ဝ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားႏိုင္ေၾကာင္း ခန႔္မွန္းထားပါတယ္။

ဟာရာနာျပည္နယ္ေျမာက္ပိုင္းရွိ အထည္အလိပ္မ်ား ျပန္လည္အသုံးျပဳသူမ်ား၊ ဆိုးေဆးမ်ားနဲ႔ အစားအစာ ထုတ္လုပ္ေရာင္းခ်သူမ်ား၊ အိမ္နီးခ်င္း ဆိုနီပက္နဲ႔ ဖာရီဒါဘတ္တို႔မွာလည္း ယခင္ေ႐ြးခ်ယ္စရာ ေလာင္စာျဖစ္တဲ့ ေက်ာက္မီးေသြးမွ အျခားေလာင္စာမ်ားသို႔ လ်င္ျမန္စြာ ကူးေျပာင္းအသုံးျပဳဖို႔ တိုက္တြန္းထားပါတယ္။

လယ္ယာအႂကြင္းအက်န္ အေစ့အဆန္မ်ား (သို႔မဟုတ္) တိရိစာၦန္မ်ားရဲ႕ ခႏၶာကိုယ္မွ စြန္႔ထုတ္လိုက္တဲ့ အညစ္ အေၾကးမ်ားကို ဇီဝေလာင္စာသို႔ ေျပာင္းလဲျခင္းဟာ ဓာတ္ေငြ႕ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ႏိုင္တာေၾကာင့္ ယင္းအႂကြင္းအက်န္မ်ားကို မီးရႈိ႕ပစ္မယ့္အစား လယ္သမားမ်ားကိုေရာင္းခ်ဖို႔ လႈံ႕ေဆာ္ေပးသင့္တယ္လို႔ စက္မႈ အရာရွိမ်ားနဲ႔ စည္းကမ္းထိန္းသိမ္းေရးမႉးမ်ားက ေျပာၾကားခဲ့ပါတယ္။

ဇီဝေလာင္စာဟာ ေက်ာက္မီးေသြးထက္ ၁၄ ရာခိုင္ႏႈန္း ေစ်းသက္သာေသာေၾကာင့္ အဆိုပါေျပာင္းလဲမႈဟာ ကုန္က် စရိတ္လည္း သက္သာႏိုင္တယ္လို႔ ၿဗိတိန္အစိုးရရဲ႕ ၂ဝ၂၁ ခုႏွစ္မွာျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုအရ သိရပါတယ္။

Related news

© 2021. All rights reserved.