“တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးကို သစ္စာမဖောက်ဘဲ တတ်နိုင်သလောက်ကြိုးစားပြီး အောင်မြင်စွာ ဆုတ်ခွာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်” - ဦးစိန်ဝင်း (ဥက္ကဋ္ဌ) အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ

 1615

NP News - ဇန်နဝါရီ ၂၆

“သက်တမ်း ၂ နှစ်ပြည့် နစက ဘယ်လိုရှေ့ဆက်ဆောက်ရွက်မလဲ” ခေါင်းစဥ်ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ မည်သို့အပြောင်းအလဲဖြစ်လာနိုင်သလဲဆိုသည့်အပေါ် ဦးစိန်ဝင်း (ဥက္ကဋ္ဌ) အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (အန်၊ယူ၊ဒီ) ၏အမြင်ကို NP News သတင်းဌာန၏ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းမှ မေးမြန်းဆွေးနွေးထားသည်ကို ပြန်လည်ရေးသားဖော်ပြလိုက်ပါသည်။

မေးမြန်း - ကျော်မျိုးမင်း၊ ရေးသား - ယွန်း

မေး ။ ။ ကျွန်တော်မေးမြန်းချင်တဲ့အကြောင်းကတော့ အရေးပေါ်ကာလဆိုင်ရာပြန်းချက်နဲ့သက်ဆိုင်တဲ့ နစက ရဲ့သက်တမ်းပေါ့။ သက်တမ်းက လာမည့် ဖေဖော်ဝါရီ(၁)ရက်လို့ပြောမလား၊ ဇန်နဝါရီ(၃၁)ရက်နေ့၊ ညလို့ပဲ ပြောမလားပေါ့။ အဲဒီမှာ သူ့ရဲ့သက်တမ်းက ပြီးပြီပေါ့။ ဘာဆက်လုပ်နိုင်ခြေရှိသလဲ။ ပြီးတော့ ဖွဲ့စည်းပုံက ဘာလဲ ပေါ့။ ဘာတွေဆက်ဖြစ်နိုင်သလဲဆိုတာလေး အန်ကယ့်အမြင်လေး ပြောပြပေးပါဦး။
ဖြေ ။ ။ နစကအနေနဲ့ အရေးပေါ်ကာလဖြစ်ပြီးတော့မှ ပုဒ်မအနေနဲ့ (၄၁၇) ပေါ့လေ။ ပုဒ်မ(၄၁၇) မှာက တစ်နှစ် ပေးထားတယ်။ နောက်တစ်ခါ (၄၂၅) မှာက (၆) လနှစ်ကြိမ်ပေးထားတယ်။ စုစုပေါင်းရင် (၂) နှစ်ပြည့်သွားပြီပေါ့။ (၂) နှစ်က ဘယ်အချိန်မှာပြည့်မှာလဲဆိုရင် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှာ ပြည့်ရမယ်။ ပြည့်ရင် နစကအနေနဲ့ သမ္မတဆီကို အစီရင်ခံရမယ်။ ဒီတိုင်းပြည်ရဲ့အခြေအနေမှာ တည်ငြိမ်အေးချမ်းသွားပါပြီ အစရှိသည့် တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုဖြစ်ပါပြီဆိုတာကို အစီရင်ခံစာပေးရမယ်။ အဲဒီမှာ အစီရင်ခံစာက ဘယ်လို ရေးမလဲဆိုတာ ပြန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက် ရှိပါတယ်။ အဲဒါ(၁)အချက်။ တကယ်လို့ အစီရင်ခံစာ ပေါ်မှာ သမ္မတအနေနဲ့ လက်ခံပြီးတော့ ကာလုံခေါ်ပြီးတော့ နောက်ထပ်(၆)လအတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ အတွက် ဆောင်ရွက်ရမယ်။ အဲဒီလိုရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်တဲ့အခါမှာ ဘာအချက်က သွားတွေ့ရလဲဆို (၄၂၅) မှာ သမ္မတကနေ တာဝန်ပေးလို့ရတယ်။ ဥပဒေမှာ ပါပြီးသား။ တပ်ကိုလည်း ပေးလို့ရတယ်။ အရပ်သားကို လည်း ပေးလို့ရတယ်။ အဲဒီလိုပေးတဲ့အခါမှာ (၆) လအတွင်းမှာတာ့ ၂ဝ၂၃ ခုနှစ် သြဂုတ်လ (၁)ရက်မှာတော့ ရွေးကောက်ပွဲကျင်းပရမယ်လို့ ပါတယ်။ အကယ်လို့ကျင်းပရင် ဘာဖြစ်မလဲ၊ မကျင်းပရင် ဘာဖြစ်မလဲ။ မကျင်းပ ရင်တော့ ဒီဖွဲ့စည်းပုံက ပျက်သွားနိုင်လားဆိုတာ အပြင်မှာ ပြောတာ၊ ဆိုတာတွေရှိတယ်။ တပ်မတော်နဲ့ပတ်သက် လို့ ၆(စ) က အရမ်းအရေးကြီးတယ်။ ၆(စ) က ဘာရေးထားလဲဆိုတော့ နိုင်ငံတော်သည် အမျိုးသားနိုင်ငံရေး ကာလကို တပ်မတော်က ဦးဆောင်တဲ့အခန်းကဏ္ဍက အစီအစဉ်အမြဲ၊ တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်ရမယ် ဆိုတဲ့အချက်က ပါထားတယ်။ အဲဒီဟာက အခြေခံမူလည်း ဖြစ်နေတယ်။ ဖောင်ဒေးရှင်းလိုလည်း ဖြစ်နေတယ်။ ကျန်တာတွေက အဲဒီအခြေခံမူပေါ်မှာ ဦးတည်ပြီးဖြစ်သွားတာ။ အဲဒီတစ်ချက်ကလည်း ကျွန်တော်တို့သတိထား ရမယ့်အချက်ရှိတယ်။ လာမယ့် ၂ဝ၂၃ ခုနှစ် သြဂုတ်လ (၁)ရက်မှာ နစကက သမ္မတအနေနဲ့ (၆)လအတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်ရမယ်။ ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်တဲ့အခါမှာလည်း ရွေးကောက်ပွဲရဲ့ ရှိသင့်ရှိအပ်တဲ့ အခြေအနေတွေကို ဖန်တီးဖို့က လိုတယ်။ ချက်ချင်းဖန်တီးလို့ မရဘူး။ တကယ်တမ်းဆိုရင် အခုကလည်း နစကအနေနဲ့ တတ်နိုင်သလောက် ဖန်တီးဆောင်ရွက်နေတယ်။ သို့သော် တချို့နေရာတွေမှာ တည်ငြိမ်နေတာတွေရှိသလို တချို့နေရာတွေမှာ မတည်ငြိမ်တာတွေရှိတယ်။ အဲဒီတော့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ လ (၁)ရက်ဟာ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ဘယ်ဘက်သို့သွားမလဲ။ ဘယ်လိုလုပ်မလဲဆိုတာ အဲဒီအချိန် မှာ အဖြေတစ်ခုတော့ ရဖို့ရှိပါတယ်။

မေး ။ ။ ကျွန်တော်တို့လည်း စိတ်ဝင်စားစရာကောင်းတာပေါ့။ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက် တစ်ပတ်အတွင်းပေါ့။ အဲဒီမှာတင် ငြင်းခုန်နေကြတာပေါ့။ ယာယီသမ္မတနဲ့ ဒါကိုလုပ်သွားတာဆိုတော့ လုပ်ခွင့် မရှိဘူးဆိုတဲ့မေးခွန်းမျိုးတွေနဲ့ ပွက်လောရိုက်နေတာပဲ။ အခုထက်ထိလည်း ရှင်းလို့မရဘူး။ တပ်မတော် ခေါင်းဆောင်က ဒီလိုတက်လုပ်လို့မရဘူးလေ။ သမ္မတလိုလူတွေ ဖမ်းလို့မရဘူးလေ ဥပဒေမှာလည်း ပေးမထားဘူး ဆိုတာ ဒါမျိုးတွေပေါ့။ အခုအရေးပေါ်ကာလနဲ့သတ်မှတ်ထားရင်တော့ သမ္မတကိုပဲ ပြောရမှာဆိုတော့ သမ္မတကို ပြောတဲ့နေရာမှာ နည်းနည်းလေးရှုပ်တာပေါ့။ အဲဒီလိုရှုပ်နေတာကို အန်ကယ် ဘယ်လိုရှင်းပြချင်လဲ။
ဖြေ ။ ။ အဲဒါကျတော့ ကျွန်တော်က ဘယ်ဘက်မှ မလိုက်ဘူး နှစ်ဖက်ခြုံပြီးပြောချင်တယ်။ တစ်ဖက်ကလည်း ဦးဝင်းမြင့်က သမ္မတ ဖြစ်လာထဲက တကယ့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖြစ်လာ သလားဆိုတာ ဆန်းစစ်ဖို့လို ပါတယ်။ တကယ်တမ်းက ပထမသမ္မတ မရှိရင် ဒုသမ္မတရှိတယ်၊ တတိယသမ္မတရှိတယ်။ သူတို့ကပဲ ရွေးချယ်ရ မှာ။ အဲဒီအချိန်မှာ ဦးဝင်းမြင့်က လွှတ်တော်ဥက္ကဋ္ဌပဲ ရှိသေးတယ်။ အဲဒါကို ကြားဖြတ်ပြီး တင်လိုက်တာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီဘူးလို့ ကျွန်တော်တို့သုံးသပ်လို့ရတယ်။ သို့သော် အဲဒီအချိန်တုန်းက အင်အား များတော့ ကျွန်တော်တို့မပြောနိုင်ခဲ့ဘူးပေါ့ဗျာ။ ရှိပါစေတော့ဆိုပြီးတော့ ထားလိုက်ရာကနေ အဲဒီကနေ စမှားလိုက်တဲ့ဟာက ဒီဖက်ကျတော့ သူတို့ကလည်း ဦးထင်ကျော်မရှိရင် ဦးမြင့်ဆွေက သမ္မတလေ။ အဲဒီတော့ နစက ကလည်း သူ့ရဲ့အတွေးအခေါ်က မှားတယ် လို့ပြောလို့မရဘူး။ ဟိုက မှားထားတဲ့ဟာကို ပြင်တယ်လို့တောင် ပြောလို့ရတယ်။ ဒါကျွန်တော်အနေနဲ့ ဘယ်ဘက်ကမှ လိုက်လို့မရဘူး။ ကျွန်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပဲ ဘယ်လိုဖြစ်သွားတာလဲဆိုပြီးပေါ့နော်။ ဒီတော့ သမ္မတဦးဝင်းမြင့် တင်တာသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ဘူး။ ဦးမြင့်ဆွေ သမ္မတဖြစ်တာသည်လည်း ဟိုက အမှားတင်တဲ့အတွက် တကယ်တမ်း ဦးမြင့်ဆွေက ဦးထင်ကျော် မရှိရင် ဦးမြင့်ဆွေဟာ သမ္မတဖြစ်ကိုဖြစ်ရမယ်။ အဲဒီတော့ နစကလုပ်တာဟာ ကျော်ပြီးလုပ်တာ တော့ မဟုတ်ဘူး။ ဟိုဘက်က အမှားပြင်ပြီးတော့ တည့်ပေးတယ်လို့တောင် ကျွန်တော်က ပြောချင်တယ်။

မေး ။ ။ အဲဒီမှာ ကျွန်တော် တစ်ချက်သတိထားမိလိုက်တာရှိတယ်။ နိုင်ငံတော်သမ္မတ သည် မည်သည့် ရွေးကောက်ခံကိုယ်စားလှယ်မှ မဖြစ်စေရ၊ အစိုးရဝန်ထမ်း မဖြစ်စေရ ဆိုတဲ့ အချက်ရှိတယ်ပေါ့နော်။ အဲဒီတော့ ဦးဝင်းမြင့်က ထားပါတော့ သမ္မတသက်တမ်း တောက်လျှောက်ရှိတဲ့အချိန် ၂ဝ၂ဝ ရွေးကောက်ပွဲ ဝင်ပြိုင်လိုက် တယ်။ တစ်ဖက်က သမ္မတ၊ တစ်ဖက်က လွှတ်တော်ကိုယ်စားလှယ် တစ်ချိန်ထဲမှာလည်း လွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ နိုင်လည်းနိုင်ခဲ့သေးတယ်။ ပြည်သူ့လွှတ်တော်ခေါ်တဲ့အချိန်မှာလည်း ပြည်သူ့လွှတ်တော် ကိုတက်ရောက်မယ်လို့ အကြောင်းပြန်ခဲ့သေးတယ်။ အဲဒီအချိန်မှာ သူက တစ်ဖက်မှာလည်း သမ္မတ၊ တစ်ဖက်မှာ လည်း လွှတ်တော်ကိုယ်စားလှယ် ဖွဲ့စည်းပုံအခြေခံမှာ ပါတဲ့အတိုင်းဆိုရင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့ မနက်ခင်းဟာ ဇန်နဝါရီလ (၃၁) ရက်နေ့ (၁၂) နာရီကျော်သွားတာနဲ့အမျှ သူ့ကိုသမ္မတလို့ သတ်မှတ်လို့ရသလို၊ ပြောလို့လည်းမရဘူးဆိုတဲ့ ရှုထောင့်ရှိတယ်ပေါ့နော်။ အဲဒီ ရှုထောင့်ကို အန်ကယ် ဘယ်လိုတွေးမိလဲ။
ဖြေ ။ ။ ကျွန်တော်လည်း အဲဒီသ‌ဘောကိုတွေ့ပါတယ်။ တကယ်တမ်းက ကျွန်တော်တို့က ခုနက ကိုကျော်မျိုးမင်းပြောသလိုပဲ ဦးဝင်းမြင့်က တကယ်တမ်း ဒီမိုကရေစီသမ္မတဆိုတာ စည်းမျဉ်းစည်းကမ်းကို အရမ်း လိုက်နာရတယ်။ ပြီးတော့ ပြောင်းလဲခြင်းကိစ္စမှာ ပိုပြီးတော့ ဂရုစိုက်ရတယ်။ ကိုယ်ကိုယ်တိုင်က ဥပဒေနဲ့အညီ လုပ်မှ။ တခြားအရင်တုန်းကဟာလည်း ကျွန်တော် ဒီလိုမျိုးထောက်ခဲ့ဖူးတယ်။ ထောက်ခဲ့ဖူးလို့လည်း ဦးသိန်းစိန် က ဘယ်ဘက်မှ ဝင်မပါဘဲနဲ့ သမ္မတ ကနေ လွှဲပေးခဲ့တာပဲ။ သူ့ကျတော့ သမ္မတလည်းဖြစ်တယ်၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လည်း လုပ်တယ်၊ ကိုကျော်မျိုးမင်းပြောသလို ဖေဖော်ဝါရီလ (၁)ရက်မှာ အာဏာသိမ်းသွားတယ်။ အဲဒီအချိန်မှာ သူက သမ္မတ မဟုတ်တော့ဘူးလေ။ သူက စည်းမျဉ်းစည်းကမ်းလည်း မကိုက်ညီဘူးပေါ့ဗျာ။ တစ်ဖက်က ဘယ်လိုပြောရင်ရမလဲဆိုတော့ သူသည် သမ္မတရဲ့အင်္ဂါရပ်နဲ့ သမ္မတရဲ့ကျင့်ဝတ်ကျင့်စဉ်နဲ့ စည်းမျဉ်း စည်းကမ်းနဲ့ လိုက်နာမှုမရှိဘူးဆိုတာတော့ အဲဒီမှာ ပေါ်သွားတာပေါ့။

မေး ။ ။ အဲဒီတော့ ကျွန်တော်တို့ ၂ဝ၂၁ ခုနှစ်ရဲ့ ဖေဖော်ဝါရီ(၁)ရက် အခင်းအကျင်းကနေပြီးတော့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ (၁)ရက် အခင်းအကျင်းထိကို (၂)နှစ်အတွင်းမှာ တပ်မတော်နဲ့ အရေးပေါ်ကာလဆိုင်ရာ နစကနဲ့ သူတို့ စီမံခန့်ခွဲပြီး လုပ်သွားတဲ့ကိစ္စတွေဟာ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး လုပ်ထားနိုင်ခဲ့ပြီလို့ မြင်ရလား။ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပြောမယ်ဆိုရင်ပေါ့။
ဖြေ ။ ။ လုံလောက်တဲ့အနေအထားတော့ မရှိသေးပါဘူး။ လိုသေးတယ်။ ဘာလို့လဲဆိုတော့ နစက အရေးပေါ် ကာလဖြစ်သွားတဲ့ဟာက သူထောက်ထားတာက (၄ဝ/ဂ) နဲ့ထောက်ထားတာ။ နိုင်ငံတော်ရဲ့အာဏာကို မတရား ယူတာ။ အဲဒါတွေကိုပေါ်လွင်အောင် ဥပဒေ - အရင်ဦးစားပေးပြီး စွဲရမယ်။ စွဲတဲ့အခါမှာ ကျွန်တော်ဖြစ်စေချင်တာ က နစက က တရားစွဲတာထက် တရားလွှတ်တော်ချုပ်က စွဲတာက ပိုပြီးတော့ သူမှာလည်း တာဝန်ရှိတယ်လေ။ နိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းမှုမှာ တရားဥပဒေမှာလည်း တာဝန်ရှိတယ်။ သူစွဲလိုက်တာက ပိုပြီးတော့ ကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ ဒါပေမယ့်လို့ နစကက ဒါကိုသူ့အနေနဲ့ ကမကထလုပ်ပြီးတော့ စွဲတဲ့ကိစ္စမှာ ကျ သူက အာဏာလည်း ထိန်းသေးတယ်၊ အပြစ်လဲ တစ်ဖက်က ရှာတယ်လို့ အထင်ခံရတာပေါ့ဗျာ။ ဒါတစ်ဖက်က လူတွေရဲ့အနေအထားပေါ။ တစ်ချက်လေး လွဲသွားတယ်ဆိုတာ ကျွန်တော်က အဲဒီလိုယူဆတယ်။ နောက်တစ်ချက်ကတော့ လက်ရှိအချိန်တွေမှာ နစကက သူကြိုးစားဆောင်ရွက်တယ်။ သူလည်း တော်တော်လေး ကို လုပ်ပါတယ်။ သို့သော် ယနေ့ဖြစ်နေတဲ့ပြဿနာက အချက်(၃) ချက် သွားတွေ့ရတယ်။ တစ်ဖက်က အကြမ်းဖက်မှုကိစ္စ ဘယ်သူမြှောက်ပေးတာလဲ၊ ဘယ်သူကြိုးကိုင်နေတာလဲ၊ ဘယ်သူဆောင်ရွက်နေတာလဲ။ နံပါတ်(၂)က နိုင်ငံခြားရဲ့ဖိအားပေးမှုက ဘယ်သူတွေလဲ ဒါလည်းတစ်ဖက်က ကြည့်ရတယ်။ တစ်ဖက်ကလည်း ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှု။ အဲဒီမှာ ကျွန်တော် (၃)ချက်စလုံး ကြည့်လိုက်တဲ့အခါမှာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း ဘာဖြစ်နေလဲဆိုတော့ ဘယ်သူမှားတယ်၊ မှန်တယ် ဆိုတာကို ဒွိဟတွေဖြစ်ပြီး တော့ ဖေ့ဘွတ်ရဲ့၊ မီဒီယာရဲ့လွှမ်းမိုးမှုကို ပြည်သူတွေ တော်တော်များများက ခံရတယ်ပေါ့လေ။ ဖေ့ဘွတ်လေး ကြည့်လိုက်တာနဲ့ အမှားတင်လည်း သူတို့မှာ သိပ်မစဉ်းစားနိုင်ဘူး၊ ဒါဟုတ်တာပဲ ဆိုပြီးပေါ့။ ဥပမာ - ရွာတွေကို မီးရှို့တယ်။ တပ်က မီးရှို့တယ်၊ တစ်ဖက်ကလည်း PDF က ရှို့တယ်။ ဒါပေမယ်လို့ ဒီဟာကိုအမှန်ဖြစ်ဖို့သည် တစ်ဖက်က တပ်ကလည်း ဒီဟာကို သတင်းမီဒီယာမှာ ကျယ်ပြန့်ဖို့အားကလည်း နည်းတယ်ပေါ့ဗျာ။ နည်းတဲ့ အခါကျတော့ ယနေ့အချိန်အခါမှာ people power ကလည်း ပါသင့်သလောက် မပါဘူး။ ပြီးတော့ နိုင်ငံခြားရဲ့ ဖိအားပေးမှုကလည်း တဖြည်းဖြည်းချင်း ပိုပြီးတော့ မြင့်လာတယ်။ အဲဒီလိုမြင့်တဲ့ကိစ္စကလည်း နစကအနေနဲ့ ဘာပဲပြောပြော ညှိနှိုင်းဆောင်ရွက်မှုလုပ်ရင်တော့ အထိုက်အလျောက်တစ်ခုအဖြစ်တော့ ရောက်ပါတယ်။ အဲဒီတော့ နိုင်ငံခြားဖိအားပေးမှုကို သက်သာအောင် သံတမန်နည်းလမ်း ဒါမှမဟုတ်လည်း အကျိုးဆောင်တွေ ရှိပါ တယ်။ ဒါတွေနဲ့ ထပ်ပြီးတော့ ဒီမှာ ရှိတဲ့ဟာကို မီဒီယာကိုအသုံးချပြီးတော့ပေါ့ ဖြစ်စဉ်ကို ဓာတ်ပုံတွေရိုက်တာ ထက် ဗီဒီယိုတွေ သေချာစနစ်တကျနဲ့လုပ်ပြီးတော့ နိုင်ငံခြား အားလုံးသိအောင် တစ်ဖက်ကလည်း လုပ်ဖို့သင့် တယ်။ ငါတို့အိမ်နဲ့ ငါတို့ဘယ်လိုလုပ်လုပ်ရတယ်ဆိုတာ ဒီလိုလုပ်လို့မရဘူးလေ။ အနေအထားက ကိုယ့်ကလေး ကိုယ်ရိုက်မယ်ဆိုပေမယ့် ဘာကြောင့်ရိုက်တယ်ဆိုတာတော့ ဘေးပတ်ဝန်းကျင်သိအောင် ညှိဖို့လိုတာပေါ့ဗျာ။ တစ်ဖက်ကလည်း အကြမ်းဖက်ကိစ္စကို ဖြေတော့ဖြေရှင်းတယ်။ လက်နက်တွေလည်း မိသင့်သလောက်တော့ မိတယ်။ ဒါပေမယ့် ဘာဖြစ်နေလဲဆိုတော့ တစ်ဖက်က ထောက်ပံ့မှုတွေက ရှိနေတယ်။ နည်းပညာထောက်ပံ့မှု ရှိတယ်၊ လက်နက်ထောက်ပံ့မှုရှိတယ်၊ ငွေရေးကြေးရေးထောက်ပံ့မှုရှိတယ် ဆိုတဲ့အခါကျတော့ ဒါတွေက သူဘယ်လိုပဲ ဒီဘက်က နိုင်အောင်ဖြေရှင်းပေမယ့် ဟိုက အမြစ်မပြတ်ဘူး။ ဆီမီးက တောက်လျှောက်ပဲရှိနေ တယ်။ နေရာအနှံ့လည်းဖြစ်နေတယ်။ အဲဒီကိစ္စကလည်း နစက အနေနဲ့ကတော့ ကျွန်တော်မြင်တာ ပါတီတွေ၊ ပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ အဖြေရှာပြီးတော့ တကယ့် Integrated ကြီးတဲ့ Power ကို သုံးသင့်တယ်လို့ Integrated Management ဘက်စုံစီမံခန့်ခွဲမှုနဲ့ သွားဖို့သင့်တယ်။ နိုင်ငံတစ်ခုရဲ့လုံခြုံရေးဟာ တပ်မတော်တစ်ခုထဲ မဟုတ်ဘူး။ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်ကတော့ နစကလုပ်တဲ့ဟာက လက်ရှိအခြေအနေမှာ သူတို့ကြိုးစားတာကို အသိအမှတ်ပြုတယ်။ သူသည် တိုင်းပြည်အတွက်၊ နိုင်ငံ့အတွက်၊ ပြည်သူ့အတွက် ဒို့တာဝန်အရေး(၃)ပါးကို တကယ့်ကို စိုးရိမ်ပြီးတော့ စေတနာနဲ့လုပ်တာလည်း တွေ့ရတယ်။ သို့သော် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ကတော့ သူ့မှာ စီမံခန့်ခွဲမှုနည်းနည်း သူတို့စစ်ရေးအမြင်မှာ ဘယ်လိုရှိ မလဲတော့ မသိဘူးပေါ့ဗျာ။ နိုင်ငံရေးအမြင်မှာတော့ ဘာပဲဖြစ်ဖြစ် အားလုံးပူးပေါင်းဆောင်ရွက်ရင် အမှန်တရားလဲ ပိုပြီး သိတယ်၊ ပိုပြီးမြင်တယ်၊ ပိုပြီးကောင်းတဲ့ဘက်လည်း ရောက်တယ်လို့ ကျွန်တော်ကတော့ နစကအပေါ်မှာ အဲဒီလိုသဘောထားရှိပါတယ်။

မေး ။ ။ လက်ရှိအချိန်မှာ နစကရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သူ့ရဲ့လက်ရှိ ကိုင်ထား တဲ့ပါဝါကို ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ ကာလုံကိုပြန်အပ်ရမယ်။ (၃၁)ရက်နေ့ ည (သို့မဟုတ်) ဖေဖော်ဝါရီ (၁)ရက် နေ့ မနက်မှာ ပြန်အပ်မယ်ပေါ့။ အပ်တဲ့အခါမှာ နောက်ထပ်ကြေညာချက်တစ်စောင်တော့ မကြာခင်ထုတ်ရမယ်။ နေ့ချင်းပဲ တစ်ခါထဲထုတ်ရမယ်။ အဲဒီမှာလည်း ကျွန်တော်တို့ အခုထိ မရှင်းတဲ့အချက်က လက်ရှိနိုင်ငံရေးအခြေ အနေအရ ကာလုံကပဲ ဆက်လက်အုပ်ချုပ်ခွင့်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကို တွေ့နေရတယ်။ ကာလုံက အုပ်ချုပ်မယ်။ သို့ပေမယ့် ကာလုံအနေနဲ့က မဏ္ဍိုင်(၃)ရပ်ပေါ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးဆိုတာ ရှိတယ်ပေါ့ နော်။ ဥပဒေပြုရေးကိုတော့ သူကကိုင်ထားပြီးတော့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကို အခြားသူတစ်ဦးကို ပြန်လည်ပေးပိုင်ခွင့်ရှိတယ်ဆို တာကို တွေ့နေရတယ်။ ဒီလိုဆိုရင် သူ့အနေနဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အဖွဲ့ကိုပဲ ပြန်ပေးမှာလား၊ ဒါမှမဟုတ် အခြားတစ်ဖွဲ့ကို ပေးမှာလား (သို့မဟုတ်) ဘာပုံစံထွက်လာနိုင်ခြေရှိလဲ ဆိုတဲ့ခန့်မှန်းချက်ပေါ့ ဘယ်လိုခန့်မှန်းချင်လဲ။
ဖြေ ။ ။ အဲဒါက သိပ်ကောင်းတဲ့မေးခွန်းတစ်ခုပဲ။ ခုနကပြောသလို ဥပဒေပြုရေးကို သမ္မတက ကိုင်ထားမယ်။ ကာလုံက ကိုင်ထားမယ်။ ကျန်တဲ့နှစ်ခုကို ဘယ်သူ့ကိုပဲဖြစ်ဖြစ် တာဝန်ပေးလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားတာကို။ ဒါက ကျွန်တော်တို့ ဘယ်လိုခေါ်မလဲဆိုရင် ဘယ်သူ့ကိုပေးနိုင်သလဲဆိုတဲ့မေးခွန်းက အကြောင်းအကျိုးရှိဖို့လိုတယ်။ သူ့ထက် သူ့ထက်ပိုကောင်းတဲ့အကြောင်းအကျိုးတွေရှိဖို့ လိုတယ်။ ဒီနေ့ အခြေ အနေမှာ ဘာပဲပြောပြော တပ်မတော်ကိုပဲ အမြင်က တော်တော်လေး စောင်းနေတာကိုတွေ့ရတယ်။ အကယ်၍ တည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် တပ်မတော်က တိုက်ရိုက်တာဝန်ပေးလိုက်ရင် သူ့ဘက်ကပြောရင် ဒါတည်ငြိမ် အေးချမ်းမှု ပိုလိုလို့ ပေးလိုက်တယ်လို့ ပြောလို့ရတယ်။ ဒါဆို ကျွန်တော်က တစ်ခုထပ်မေးမယ်။ ကောင်းပြီ ဒီလို တည်ငြိမ်အေးချမ်းမှုမရှိတဲ့အကြမ်းဖက်တွေကို ဘယ်သူက မြှောက်ပေးနေတာလဲ။ အဲဒီလိုမြှောက်ပေးတဲ့ လူတွေ ကိုရှင်းလင်းသွားအောင် နားလည်မှုရှိသွားအောင် အရပ်သားအစိုးရကို ပေးလိုက်ရင် Pressure လျော့မသွားဘူး လား။ ကိုကျော်မျိုးမင်း ကျွန်တော်ပြောတဲ့အဓိပ္ပာယ်ကို သိတယ်မှတ်လား။ ဒါက ဘာလဲဆိုတော့ ကာလုံရဲ့ အနာဂတ်မြန်မာနိုင်ငံအတွက် သိပ်အရေးကြီးတဲ့ဆုံးဖြတ်ချက် အဲဒီမှာ သွားတွေ့ရမယ်။ တစ်ဖက်က ကြည့်ရင် လည်း တည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် တပ်မတော်ကို ဆက်ပြီးတော့ တာဝန်ပေးတယ်။ တစ်ဖက်က ကျွန်တော် ခုနကပြောတဲ့မေးခွန်းကလည်း နိုင်ငံခြားတိုင်းပြည်က ဖိအားတွေမှာ ဒီတပ်ကိုပဲ အကြမ်းဖက်၊ အကြမ်းဖက်လို့ နိုင်ငံခြားကပြောတာ တပ်ကိုပြောတယ်။ အဲဒီနေရာမှာ တကယ်လို့တပ်က သူဒီထဲမှာ အာဏာလွှဲပြီးပြီ နောက်ဆုတ်ပြီးတော့ တစ်ဖက်က အရပ်သားအစိုးရကို သူစိတ်ချယုံကြည်ရတဲ့ သူကိုထားပြီး သူနောက်ကနေ လိုက်ရင်ရော International Pressure က လျော့မသွားနိုင်ဘူးလား။ လျော့သွားပါမယ်လို့တော့ ကျွန်တော် ပြောတာ မဟုတ်ဘူး။ သို့သော် ဘာပဲပြောပြော ဒီနေ့ ငပွကြီးတို့သွားပြီး အပြောခံနေရတာက အဲဒီအချက်ဖြစ်နေ တာ။ အဲဒီတော့ ဒါက ကာလုံရဲ့ဆင်ခြင်တွေးတောမှုပေါ်မှာ မူတည်တယ်လို့ပဲ ကျွန်တော်က အဲဒီလိုပဲပြောချင် တယ်။ ဒီဟာလုပ်ရင်တော့ ဒါဖြစ်မယ်၊ ဒီဟာလုပ်ရင်တော့ ဒါဖြစ်မယ်။ သူတို့ဘာလုပ်မလဲ။ ဒါတွေကို ပြောချင်ပါ တယ်။

မေး ။ ။ ဒါပေမယ့် လူတွေရဲ့သိနေတဲ့ အသိမှာကျတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပါဝါပေါ့ သူ့ရဲ့သြဇာ အာဏာနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်က လက်ရှိသမ္မတထက်ပိုပြီးတော့ မြင့်တယ်ဆိုတာမျိုးတွေ တွေ့ရတယ်။ ယာယီ သမ္မတဦးမြင့်ဆွေ ကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ကသွားပြီးတော့ အစ်ကိုကြီး ဒါလေးလုပ်ပါ၊ ဒီလိုလုပ်ပေးပါ၊ ဒီလိုလုပ်ပေးပါဆိုတာမျိုးပေါ့ သူကပဲပြန်အကြံပြုပြီး သူကပဲ နောက်ကနေ Control လုပ်ထားတာ မျိုးဖြစ်လာနိုင်တာပဲလို့ တွေးတာတွေရှိတယ်။ အရေးပေါ်ကာလဆိုင်ရာ သက်တမ်းပြည့်သွားလဲ တကယ့်ပါဝါက ဦးမင်းအောင်လှိုင် ဆီမှာရှိတယ်ဆိုတဲ့အတွေးမျိုးက လူတွေရဲ့ရင်ထဲမှာ ရှိနေတယ်။ အဲဒါကိုရော ဘယ်လိုများ ပြောချင်လဲ။
ဖြေ ။ ။ အဲဒါကတော့ ခုနက ရှိတယ်၊ မရှိဘူး။ ရှိလာတယ်ဆိုတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တာဝန် ပေးရင်တော့ ဒီလိုဖြစ်လာမယ်။ ခုနကပြောတဲ့ အရပ်သားအစိုးရကိုပေးလိုက်ရင် International Pressure က လျော့သွားမယ်။ ဒါပေမယ့် ဘာပဲပြောပြော အရပ်သားအစိုးရလည်း တည်ငြိမ်အေးချမ်းမှုက တပ်နဲ့ပဲ အလုပ်လုပ် သွားရမှာဖြစ်တယ်။ သို့သော် International Figure အနေနဲ့ကျတော့ ဟိုကောင်က လိမ္မာပါးနပ်မှုရှိတာပေါ့။ ယနေ့ အချိန်အခါမှာလည်း ကျွန်တော်က နစကလုပ်နေတာက ဘာပဲပြောပြောသူက တည်ငြိမ် အေးချမ်းမှုအတွက် နည်းပေါင်းစုံနဲ့ဆောင်ရွက်နေရတာဖြစ်တယ်။ ဒါတောင်မှ အားလုံးသိတဲ့အတိုင်းပဲ ဗုံးကွဲမှုက နေရာတိုင်းလိုလို ဖြစ်နေတယ်။ ဒီနေ့ဖြစ်နေတဲ့အနေအထားကလည်း အရင်တုန်းကလိုဖြစ်တဲ့ (၈၈) ကလိုမဟုတ်ဘူး။ ပျံ့နေတာ။ ပြီးတော့လည်း EAO တို့ ဘာတို့နဲ့လည်း လုံးထွေးနေတာဆိုတော့ အင်မတန် လိမ္မာပါးနပ်ပြီး ဆောင်ရွက်ဖို့ လိုတယ်။ အကယ်၍ ကျွန်တော်တို့က ဒီကိစ္စကို လိမ္မာပါးနပ် ပြီးတော့ နိုင်ငံနဲ့ပြည်သူအကျိုးရှိမယ့် အကောင်းဆုံး ဆုံးဖြတ်နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ပြည်တွင်းစစ်ကနေ လွတ်သွားမယ်။ ကျွန်တော်ကတော့ အဲဒီလို မြင်တယ်။ အကယ်၍ ဒါကိုတစ်ချက်မှားသွားမယ်ဆိုရင်တော့ ရေရှည် ကျွန်တော်တို့ပြည်သူတွေ နာတာပေါ့ဗျာ။ နောက်ဆုံးတော့ ကျွန်တော်တို့ပြည်သူတွေက ခံဘက်ကကြီးပဲပေါ့။ နိုင်ငံနဲ့ ပြည်သူကိုကြည့်မယ်ဆိုရင် အကောင်းဆုံး ဘယ်လိုလုပ်မလဲဆိုတာ ဝိုင်းပြီးတော့ စဉ်းစားဖို့ ကျွန်တော်တို့ကတော့ အဲဒီလိုပဲမြင်ပါတယ်။ ဘယ်ဟာက ပိုကောင်းသင့်လဲဆိုတာကတော့ ခုနက ကိုကျော်မျိုးမင်း ပြောသလို တပ်ကိုမြင်နေကြတဲ့အချိန်မှာ တပ်ကို သူစိတ်ချယုံကြည်ရတဲ့သူကို လက်တန်းထားပြီးတော့ သူက ပူးပေါင်းပြီး တော့ ဆောင်ရွက်ပေါ့။ ဘာလို့လဲ ဆိုတော့ သူ့ကိုစွဲချက်တင်ထားတာတွေကလည်း ရှိတာဆိုတော့လေ။ သူစိတ်ချယုံကြည်ရတဲ့သူကို ရွေးပေါ့။ ဒါလေးကိုတော့ ကျွန်တော် အဲဒီလိုပဲမြင်ပါတယ်။

မေး ။ ။ နောက်တစ်ချက်က ကျွန်တော်တို့အားလုံး မေ့နေတဲ့အချက်ရှိသေးတယ်။ ကျွန်တော်တို့အားလုံးက နစကလို့ပဲ ပြောတာပေါ့နော်။ နစကကို ပထမဆုံးစစချင်းမှာ နစကကို ဖွဲ့လိုက်တယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း လောက်မှာပဲ အိမ်စောင့်အစိုးရဆိုတာကို ထပ်ဖွဲ့လိုက် တယ်။ အိမ်စောင့်အစိုးရကျတော့ နစကနဲ့မတူဘူး။ အိမ်စောင့်အစိုးရရဲ့ဝန်ကြီးချုပ်က ဦးမင်းအောင်လှိုင်ပဲ နစကရဲ့ဥက္ကဋ္ဌကလည်း ဦးမင်းအောင်လှိုင်ပဲ။ အိမ်စောင့် အစိုးရသည် ရွေးကောက်ပွဲတွေလိုဟာမျိုးတွေကြားမှာ ကောင်စီပြီးသွားရင် တည်ငြိမ်ရေးကာလကိုထိန်းဖို့ ဖွဲ့ခဲ့ လေသလားဆိုတဲ့သံသယ ကျွန်တော်တို့မှာရှိတယ်။ အိမ်စောင့်အစိုးရသည်လည်း နောက်လာမယ့်သက်တမ်းမှာ ပြန်ပြီး အပြောင်းအလဲ လှည့်ယူနိုင်တဲ့အဖွဲ့ ဖြစ်လာနိုင်သလားဆိုတဲ့ ရှုထောင့်ကလည်း ရှိတယ်ပေါ့။ အဲဒါကိုရော အန်ကယ့်အနေနဲ့ ဘယ်လိုများမြင်မိလဲ။
ဖြေ ။ ။ ကျွန်တော်ကတော့ နစက ကနေပြီးတော့ အိမ်စောင့်အစိုးရ ထပ်ပေါ်လာတဲ့အကြောင်းမှာ နစက က အာဏာထိန်းတဲ့အလုပ်ကို ဦးစားပေးလုပ်တာ။ ကျွန်တော်မြင်တာပေါ့။ အိမ်စောင့်အစိုးရဆိုတာ တိုင်းပြည်ရဲ့အစစ အရာရာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုံးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရဖွဲ့ တာ။ ဟိုကတော့ အာဏာထိန်းရတဲ့အကြောင်းတရားပေါ်မှာ ဖြေရှင်းနိုင်ဖို့အနေနဲ့ နစကအနေနဲ့ပေါ့။ သို့သော် တူလားလို့မေးရင်တော့ ခေါင်းနဲ့ ပန်းတော့ ခေါင်းနဲ့ ပန်းပဲ။ သိပ်တော့ မကွာဘူးပေါ့။ သို့သော် အစိုးရဖွဲ့တဲ့အရာမျိုး ဟာ နောင်ရော ဒီဟာမျိုးဖြစ်လာဖို့ အလားအလာရှိလားဆိုရင် ဒါကတော့ လက်ရှိယာယီအစိုးရအနေနဲ့ တချို့ဌာန တွေ အောင်မြင်တာရှိတယ်၊ တချို့ဝန်ကြီးဌာနတွေ သိပ်ပြီးတော့ အဖြေမပေါ်တာတွေ ရှိတယ်ပေါ့။ သူလည်း ဒီပေါ်မှာ စဉ်းစားမှာပါ။ စဉ်းစားတဲ့အခါမှာ အချက်(၃)ချက်နဲ့ စဉ်းစားစေချင်တယ်။ လူတစ်ယောက်ကို စဉ်းစာတာ ပဲဖြစ်ဖြစ်၊ အဖွဲ့ကို စဉ်းစားတာပဲဖြစ်ဖြစ် ဘာအချက်လဲဆိုရင် သူလာတာ ဘယ်ကလာတယ်၊ သူက ဘယ်ကိုသွား မှာလဲ။ သူ့ရဲ့လုပ်ဆောင်ချက်က ဘာတွေလဲ။ ဒါကို ကျွန်တော်တို့က တောက်လျှောက်ကြည့်သွားရင် ခုနက မေးတဲ့ မေးခွန်းအရ သံသယဖြစ်စရာမလိုဘူး။ အဲဒီပေါ်မှာ မူတည်ပြီးတော့ ပြောဆိုဆွေးနွေးမှုပဲ ရှိတယ်။ အဲဒီတော့ ယနေ့အချိန်အခါမှာ နစကက သူတတ်နိုင်သလောက် ဆောင်ရွက်နေတယ်။ သူရွေးကောက်ပွဲကျင်းပမယ် ပြောတယ်။ အချိန်တန်ရင် သူ ဒီနိုင်ငံရေးကနေတောင်မှ စွန့်ခွာမယ်လို့တောင် ပြောထားပြီးခဲ့တယ်။ အဲဒါကိုလည်း ဟုတ်/မဟုတ် ဆိုတာတော့ ကျွန်တော်တို့က လုပ်ဆောင်ချက်ကိုပဲ မြင်နိုင်သလောက် ထောက်ကြည့်မယ်။ အဲဒါကို လုပ်ဆောင်ချက်လုပ်ဖို့အတွက် အချိန်ကာလတစ်ခု ပေးဖို့လိုတယ်။ ဒီနေရာမှာ ကျွန်တော်ဖြည့်ပြောချင်တာက အရပ်သားအဆင့်နဲ့မတူတဲ့အချက်က တစ်ချက်ရှိတယ်။ အရပ်သားက ကျတော့ လိုချင်တာကိုပဲ အားရပါးရလိုချင် တယ်။ စစ်တပ်ကကျတော့ အဲဒီလိုမဟုတ်ဘူး။ သူပေးချင်တာကိုပဲ သူအောင်မြင်စွာ ဆုတ်ခွာနိုင်ဖို့အတွက် အဲဒီအဆင့်နဲ့ သူက ပေးတယ်။ မတူဘူးနော်။ ဥပမာ - ကျွန်တော်တို့နိုင်ငံရေးပါတီက ဖက်ဒရယ်ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ အပြည့်လိုချင်တယ်။ ဥပမာဆိုကြပါစို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြည်သူကပဲရွေး၊ ဝန်ထမ်းတွေက လာပြီးတော့ မလုပ်နဲ့။ ဒါ ကျွန်တော်တို့က ပြည်သူ့ အစိုးရဖြစ်လာအောင်ပေါ့။ ဒါပေမယ့် တပ်ကကျတော့ အဲဒီအဆင့်ကို သူသွားမယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေက မတည်မငြိမ်ဖြစ်နေတဲ့အနေအထားမှာ ပိုပြီးဆိုးတဲ့ဘက်ရောက်သွားရင် ဘယ်လိုလုပ်မလဲ။ သူကလည်း သူ့ဘက်ကကြည့်တော့ အောင်မြင်စွာ ဆုတ်ခွာတဲ့ ဟာကို တစ်ဆင့်ပြီး တစ်ဆင့်သွားတာ။ အဲဒီတော့ ကျွန်တော်တို့က နားလည်ပေးဖို့လိုတယ်။ ရသလောက်ညှိဖို့ လိုတယ်။

မေး ။ ။ လက်ရှိ နစကရဲ့သက်တမ်း(၂)နှစ်ပြည့်မယ့်အချိန်နဲ့ နောက်ထပ်ပေါ်လာမယ့်အလားအလာနဲ့ အချိန်နဲ့ အခြေအနေကို အနှစ်ချုပ် မယ်ဆိုရင်ရော လူထုကို ရှင်းအောင် အရေးကြီးတဲ့ပွိုင့်လေး ပြောပြစေချင်တယ်။
ဖြေ ။ ။ အခုကျွန်တော်တို့ ရွေးကောက်ပွဲကျင်းပရင် ဘာဖြစ်မလဲ၊ မကျင်းပရင် ဘာဖြစ်မလဲ။ ရွေးကောက်ပွဲကို မကျင်းပရင် ဖွဲ့စည်းပုံ ပျက်သလိုဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆို သူက ဖွဲ့စည်းပုံနဲ့ အာဏာထိန်းတာပါလို့ သူပြော ထားတယ်။ ပျက်သွားပြီဆိုရင် ကျွန်တော်တို့က ဒီမိုကရေစီပြန်လည်ပြီးတော့ရှင်သန်ဖို့ဆိုတာ နှောင့်နှေးကြန့်ကြာ သွားမှာပေါ့။ အကယ်၍ ကျွန်တော်တို့က ဒီရွေးကောက်ပွဲကို ကျွန်တော်က အစပေါ့ဗျာ နိုင်ငံရေးပါတီအားလုံးပဲ ဖြစ်ဖြစ် နိုင်ငံနဲ့ပြည်သူ့အကျိုးကိုကြည့်မယ်ဆိုရင် အချုပ်အချာအာဏာတည်မြဲရေးရယ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲဖို့ ဒီအချက်(၃)ချက်ကို ဦးစားပေးကြည့်မယ်ဆိုရင်ပေါ့ အဲဒီ(၃)ချက်က တပ်မတော်ရယ်မှ မဟုတ် ဘူး။ လူသား အားလုံးမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ပါတီမှာလည်း တာဝန်ရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် ကတော့ အဲဒီအချိန်မှာ တည်ငြိမ်အေးချမ်းမှုမရှိလို့ ရွေးကောက်ပွဲမလုပ်နိုင်မကိုင်နိုင်ဘဲ ရှုံးသွားတောင် ကျွန်တော် ရှုံးတယ်လို့ မအောက်မေ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သည် တိုင်းပြည်အတွက် ထိန်းရာရောက်တယ်။ ကျွန်တော့်အမြင်ကတော့ ရွေးကောက်ပွဲဟာ နစကဘက်က ဖြစ်အောင်လုပ်လိမ့် မယ်။ ဖြစ်အောင်လုပ်တာသည် လူတွေကထင်နေတာက သူတို့အတွက် လုပ်တယ်လို့ထင်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး။ တိုင်းပြည်အတွက်ပဲလို့ ကျွန်တော်တွက်တယ်။ အဲဒီအတွက် ကျွန်တော်တို့အားလုံးသည် ကိုယ်ရမှ ကိုယ်ပါမှဆိုတာထက် ထိန်းနိုင်ဖို့ဆိုတာက အားလုံးမှာ တာဝန်ရှိတယ်။ အဲဒါက First Right ပဲ။ နောက်ထိန်းပြီးပြီ ဆိုတော့မှ နောက်ထပ်ကိုယ်ပါသွား နောက်ထပ် တာဝန်တွေ ရှိပါတယ်။ အဲဒီတော့ လာမယ့်အနာဂတ်ဟာ နစကဥက္ကဋ္ဌကလည်း ရွေးကောက်ပွဲကျင်းပမယ်ပြောတယ်။ လက်ရှိမှာလည်း UEC တို့ သူတို့မှတ်ပုံတင်ကိစ္စတွေ၊ နောက်တစ်ခါ ဥပဒေပြင်ဖို့ ကိစ္စတွေ၊ အဲဒါတွေကို သူတို့အကောင်အထည်ဖော်ဆောင်ရွက်နေတယ်။ တချို့နေရာတွေမှာဆိုရင် ဘက်မလိုက်နိုင်တဲ့အုပ်ချုပ်ရေးတွေကို ပြန်လည်ပြီးတော့ လုပ်နေတာတွေရှိတယ်။ ဒီဟာကို ကျွန်တော့်အနေ ကတော့ အနာဂတ်အတွက်ကောင်းတယ်လို့ လက်ရှိအနေအထားအရ ကျွန်တော် အဲဒီလိုသုံးသပ်တယ်။ ဘယ်အချိန်မှာ ပိုသိမလဲဆိုရင် ခုနတုန်းကပြောသလို ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်မှာ ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့၊ ဆက်သွားမယ်ဟာလေးကတော့ ကျွန်တော်တို့ ကြည့်ဖို့လိုမယ်လို့ မြင်မိပါတယ်။

မေး ။ ။ နောက်ဆုံးမေးခွန်းလေးတစ်ခုပေါ့။ တပ်တော်အနေနဲ့ ဒီနစကအနေနဲ့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ(၁)ရက် မတိုင်မီကာလမှာတော့ သူတို့ထိန်းခဲ့ပြီးပြီ၊ လုပ်ခဲ့ပြီးပြီ။ နောက်ထပ်သက်တမ်း (၆)လ တစ်ခါ၊ (၆)လ တစ်ခါ နှစ်ခု ရှိမယ်။ ဘာလဲဆိုတော့ ရွေးကောက်ပွဲ ကျင်းပဖို့ကြေညာတဲ့ (၆)လရယ်၊ ရွေးကောက်ပွဲကျင်းပတဲ့ (၆)လရယ်။ အဲဒီ ၂ဝ၂၃ ခုနှစ် တစ်နှစ်အတွင်းမှာ နစကအနေနဲ့ အောင်မြင် အောင်လုပ်နိုင်မယ်လို့ယုံကြည်လား။ ဘာဖြစ်လို့လဲ ဆို တစ်ဖက်မှာလည်း ၂ဝ၂၃ ခုနှစ်ဟာ ပွဲသိမ်းအဖြေထွက်မယ်လို့ပြောထားတာရှိတော့ ဘယ်ဟာကို ယုံကြည်လဲ။
ဖြေ ။ ။ ဘယ်ဟာကို ယုံကြည်လဲဆိုတော့ တိုင်းပြည်တစ်ခုမှာ ပြဿနာတတ်ရင် ဒုက္ခရောက်ရင်၊ တိုင်းပြည် မတည်ငြိမ်ရင် အရပ်သားတွေ ထပ်ပြီးအသတ်ခံရမှာ။ ဘယ်နိုင်ငံပဲကြည့်ကြည့် အီရန်ပဲကြည့်ကြည့်၊ အီရတ်ပဲ ကြည့်ကြည့် ဒီနိုင်ငံပဲကြည့်ကြည့်ပါ ပြိုကွဲသွားရင် လက်နက်ကိုင်အဖွဲ့အစည်းဟာ ပိုပြီးတော့ဒုက္ခရောက်တယ်။ ပြည်သူက ဒုက္ခရောက်တာထက်ကို သူကပိုပြီး ဒုက္ခရောက်ပါတယ်။ ဒါကြောင့် တပ်မတော်သည် ကျွန်တော် မြင်တာတော့ အမျိုးသားနိုင်ငံရေးကို သစ္စာမဖောက်ဘူး။ သူတတ်နိုင်သလောက်ကြိုးစားပြီးတော့ အောင်မြင်စွာ ဆုတ်ခွာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ တပ်မတော်အနေအထားအရ သူ့အနေနဲ့ အကောင်းဆုံးနိုင်ငံ ကို မပြိုကွဲအောင် တည်ငြိမ်မှုရှိအောင် သူကြိုးစားလိမ့်မယ်လို့ ကျွန်တော်ကတော့ အဲဒီလိုယုံကြည်တယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲကို ကျွန်တော်အနေနဲ့ အာပေးတယ်။ လုပ်သင့်တယ်။ သို့သော် ရွေးကောက်ပွဲမှာ ခုနကပြောသလို တရားမျှတမှုတို့ ဘာတို့ကတော့ တဖက်တလမ်းက ကျွန်တော်တို့ ဝိုင်းထိန်းရမှာပေါ့။ ပူးပေါင်းပြီး တော့ဆောင်ရွက်ရင် ဒီလိုအသေးအမွှားလေးတွေကတော့ ရမှာပေါ့။ ဗျူဟာမှားသွားရင် နည်းဗျူဟာက အလကားပဲ။ ဗျူဟာက အရမ်းအရေးကြီးတယ်။ နိုင်ငံမှာဖြစ်နေတဲ့ပြဿနာက ဗျူဟာမှားလို့မရဘူး။ ဗျူဟာမှား ရင် အဘက်ဘက်ကနေပြီးတော့ အန္တရာယ်တွေက ရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ထင်တာကတော့ တပ်မတော်သည် အကောင်းဆုံးဆောင်ရွက်ပါလိမ့်မယ်။ တိုင်းပြည်ပျက်စီးသွားရင် သူကပိုပြီး ဒုက္ခရောက်သွားပါ လိမ့်မယ်။ ဒါကြောင့် သူဒုက္ခတော့ အရောက်မခံဘူးလို့ ကျွန်တော်တော့ အဲဒီလို မြင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ပါ အန်ကယ်။ အချိန်ပေးပြီးတော့ အခုလိုဖြေကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ကျွန်တော်ကလည်း အခုလိုလာရောက်ဖြေကြားပေးခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Zawgyi Version;

“တပ္မေတာ္ဟာ အမ်ိဳးသားႏိုင္ငံေရးကို သစၥာမေဖာက္ဘဲ တတ္ႏိုင္သေလာက္ႀကိဳးစားၿပီး
ေအာင္ျမင္စြာ ဆုတ္ခြာလိမ့္မယ္လို႔ ကြၽန္ေတာ္ျမင္တယ္” - ဦးစိန္ဝင္း (ဥကၠ႒) အမ်ိဳးသား ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ
NP News - ဇန္နဝါရီ ၂၆

“သက္တမ္း ၂ ႏွစ္ျပည့္ နစက ဘယ္လိုေရွ႕ဆက္ေဆာက္႐ြက္မလဲ” ေခါင္းစဥ္ျဖင့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေန မည္သို႔အေျပာင္းအလဲျဖစ္လာႏိုင္သလဲဆိုသည့္အေပၚ ဦးစိန္ဝင္း (ဥကၠ႒) အမ်ိဳးသား ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ (အန္၊ယူ၊ဒီ) ၏အျမင္ကို NP News သတင္းဌာန၏ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ိဳးမင္းမွ ေမးျမန္းေဆြးေႏြးထားသည္ကို ျပန္လည္ေရးသားေဖာ္ျပလိုက္ပါသည္။

ေမးျမန္း - ေက်ာ္မ်ိဳးမင္း၊ ေရးသား - ယြန္း

ေမး ။ ။ ကြၽန္ေတာ္ေမးျမန္းခ်င္တဲ့အေၾကာင္းကေတာ့ အေရးေပၚကာလဆိုင္ရာျပန္းခ်က္နဲ႔သက္ဆိုင္တဲ့ နစက ရဲ႕သက္တမ္းေပါ့။ သက္တမ္းက လာမည့္ ေဖေဖာ္ဝါရီ(၁)ရက္လို႔ေျပာမလား၊ ဇန္နဝါရီ(၃၁)ရက္ေန႔၊ ညလို႔ပဲ ေျပာမလားေပါ့။ အဲဒီမွာ သူ႔ရဲ႕သက္တမ္းက ၿပီးၿပီေပါ့။ ဘာဆက္လုပ္ႏိုင္ေျခရွိသလဲ။ ၿပီးေတာ့ ဖြဲ႕စည္းပုံက ဘာလဲ ေပါ့။ ဘာေတြဆက္ျဖစ္ႏိုင္သလဲဆိုတာေလး အန္ကယ့္အျမင္ေလး ေျပာျပေပးပါဦး။
ေျဖ ။ ။ နစကအေနနဲ႔ အေရးေပၚကာလျဖစ္ၿပီးေတာ့မွ ပုဒ္မအေနနဲ႔ (၄၁၇) ေပါ့ေလ။ ပုဒ္မ(၄၁၇) မွာက တစ္ႏွစ္ ေပးထားတယ္။ ေနာက္တစ္ခါ (၄၂၅) မွာက (၆) လႏွစ္ႀကိမ္ေပးထားတယ္။ စုစုေပါင္းရင္ (၂) ႏွစ္ျပည့္သြားၿပီေပါ့။ (၂) ႏွစ္က ဘယ္အခ်ိန္မွာျပည့္မွာလဲဆိုရင္ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁) ရက္မွာ ျပည့္ရမယ္။ ျပည့္ရင္ နစကအေနနဲ႔ သမၼတဆီကို အစီရင္ခံရမယ္။ ဒီတိုင္းျပည္ရဲ႕အေျခအေနမွာ တည္ၿငိမ္ေအးခ်မ္းသြားပါၿပီ အစရွိသည့္ တိုင္းျပည္ရဲ႕တည္ၿငိမ္ေအးခ်မ္းမႈျဖစ္ပါၿပီဆိုတာကို အစီရင္ခံစာေပးရမယ္။ အဲဒီမွာ အစီရင္ခံစာက ဘယ္လို ေရးမလဲဆိုတာ ျပန္စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္တစ္ခ်က္ ရွိပါတယ္။ အဲဒါ(၁)အခ်က္။ တကယ္လို႔ အစီရင္ခံစာ ေပၚမွာ သမၼတအေနနဲ႔ လက္ခံၿပီးေတာ့ ကာလုံေခၚၿပီးေတာ့ ေနာက္ထပ္(၆)လအတြင္းမွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ အတြက္ ေဆာင္႐ြက္ရမယ္။ အဲဒီလိုေ႐ြးေကာက္ပြဲက်င္းပဖို႔ ေဆာင္႐ြက္တဲ့အခါမွာ ဘာအခ်က္က သြားေတြ႕ရလဲဆို (၄၂၅) မွာ သမၼတကေန တာဝန္ေပးလို႔ရတယ္။ ဥပေဒမွာ ပါၿပီးသား။ တပ္ကိုလည္း ေပးလို႔ရတယ္။ အရပ္သားကို လည္း ေပးလို႔ရတယ္။ အဲဒီလိုေပးတဲ့အခါမွာ (၆) လအတြင္းမွာတာ့ ၂ဝ၂၃ ခုႏွစ္ ၾသဂုတ္လ (၁)ရက္မွာေတာ့ ေ႐ြးေကာက္ပြဲက်င္းပရမယ္လို႔ ပါတယ္။ အကယ္လို႔က်င္းပရင္ ဘာျဖစ္မလဲ၊ မက်င္းပရင္ ဘာျဖစ္မလဲ။ မက်င္းပ ရင္ေတာ့ ဒီဖြဲ႕စည္းပုံက ပ်က္သြားႏိုင္လားဆိုတာ အျပင္မွာ ေျပာတာ၊ ဆိုတာေတြရွိတယ္။ တပ္မေတာ္နဲ႔ပတ္သက္ လို႔ ၆(စ) က အရမ္းအေရးႀကီးတယ္။ ၆(စ) က ဘာေရးထားလဲဆိုေတာ့ ႏိုင္ငံေတာ္သည္ အမ်ိဳးသားႏိုင္ငံေရး ကာလကို တပ္မေတာ္က ဦးေဆာင္တဲ့အခန္းက႑က အစီအစဥ္အၿမဲ၊ တစိုက္မတ္မတ္ ပါဝင္ေဆာင္႐ြက္ရမယ္ ဆိုတဲ့အခ်က္က ပါထားတယ္။ အဲဒီဟာက အေျခခံမူလည္း ျဖစ္ေနတယ္။ ေဖာင္ေဒးရွင္းလိုလည္း ျဖစ္ေနတယ္။ က်န္တာေတြက အဲဒီအေျခခံမူေပၚမွာ ဦးတည္ၿပီးျဖစ္သြားတာ။ အဲဒီတစ္ခ်က္ကလည္း ကြၽန္ေတာ္တို႔သတိထား ရမယ့္အခ်က္ရွိတယ္။ လာမယ့္ ၂ဝ၂၃ ခုႏွစ္ ၾသဂုတ္လ (၁)ရက္မွာ နစကက သမၼတအေနနဲ႔ (၆)လအတြင္းမွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ေဆာင္႐ြက္ရမယ္။ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ေဆာင္႐ြက္တဲ့အခါမွာလည္း ေ႐ြးေကာက္ပြဲရဲ႕ ရွိသင့္ရွိအပ္တဲ့ အေျခအေနေတြကို ဖန္တီးဖို႔က လိုတယ္။ ခ်က္ခ်င္းဖန္တီးလို႔ မရဘူး။ တကယ္တမ္းဆိုရင္ အခုကလည္း နစကအေနနဲ႔ တတ္ႏိုင္သေလာက္ ဖန္တီးေဆာင္႐ြက္ေနတယ္။ သို႔ေသာ္ တခ်ိဳ႕ေနရာေတြမွာ တည္ၿငိမ္ေနတာေတြရွိသလို တခ်ိဳ႕ေနရာေတြမွာ မတည္ၿငိမ္တာေတြရွိတယ္။ အဲဒီေတာ့ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီ လ (၁)ရက္ဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီအေနနဲ႔ ဘယ္ဘက္သို႔သြားမလဲ။ ဘယ္လိုလုပ္မလဲဆိုတာ အဲဒီအခ်ိန္ မွာ အေျဖတစ္ခုေတာ့ ရဖို႔ရွိပါတယ္။

ေမး ။ ။ ကြၽန္ေတာ္တို႔လည္း စိတ္ဝင္စားစရာေကာင္းတာေပါ့။ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္ တစ္ပတ္အတြင္းေပါ့။ အဲဒီမွာတင္ ျငင္းခုန္ေနၾကတာေပါ့။ ယာယီသမၼတနဲ႔ ဒါကိုလုပ္သြားတာဆိုေတာ့ လုပ္ခြင့္ မရွိဘူးဆိုတဲ့ေမးခြန္းမ်ိဳးေတြနဲ႔ ပြက္ေလာ႐ိုက္ေနတာပဲ။ အခုထက္ထိလည္း ရွင္းလို႔မရဘူး။ တပ္မေတာ္ ေခါင္းေဆာင္က ဒီလိုတက္လုပ္လို႔မရဘူးေလ။ သမၼတလိုလူေတြ ဖမ္းလို႔မရဘူးေလ ဥပေဒမွာလည္း ေပးမထားဘူး ဆိုတာ ဒါမ်ိဳးေတြေပါ့။ အခုအေရးေပၚကာလနဲ႔သတ္မွတ္ထားရင္ေတာ့ သမၼတကိုပဲ ေျပာရမွာဆိုေတာ့ သမၼတကို ေျပာတဲ့ေနရာမွာ နည္းနည္းေလးရႈပ္တာေပါ့။ အဲဒီလိုရႈပ္ေနတာကို အန္ကယ္ ဘယ္လိုရွင္းျပခ်င္လဲ။
ေျဖ ။ ။ အဲဒါက်ေတာ့ ကြၽန္ေတာ္က ဘယ္ဘက္မွ မလိုက္ဘူး ႏွစ္ဖက္ၿခဳံၿပီးေျပာခ်င္တယ္။ တစ္ဖက္ကလည္း ဦးဝင္းျမင့္က သမၼတ ျဖစ္လာထဲက တကယ့္ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ျဖစ္လာ သလားဆိုတာ ဆန္းစစ္ဖို႔လို ပါတယ္။ တကယ္တမ္းက ပထမသမၼတ မရွိရင္ ဒုသမၼတရွိတယ္၊ တတိယသမၼတရွိတယ္။ သူတို႔ကပဲ ေ႐ြးခ်ယ္ရ မွာ။ အဲဒီအခ်ိန္မွာ ဦးဝင္းျမင့္က လႊတ္ေတာ္ဥကၠ႒ပဲ ရွိေသးတယ္။ အဲဒါကို ၾကားျဖတ္ၿပီး တင္လိုက္တာကလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔မကိုက္ညီဘူးလို႔ ကြၽန္ေတာ္တို႔သုံးသပ္လို႔ရတယ္။ သို႔ေသာ္ အဲဒီအခ်ိန္တုန္းက အင္အား မ်ားေတာ့ ကြၽန္ေတာ္တို႔မေျပာႏိုင္ခဲ့ဘူးေပါ့ဗ်ာ။ ရွိပါေစေတာ့ဆိုၿပီးေတာ့ ထားလိုက္ရာကေန အဲဒီကေန စမွားလိုက္တဲ့ဟာက ဒီဖက္က်ေတာ့ သူတို႔ကလည္း ဦးထင္ေက်ာ္မရွိရင္ ဦးျမင့္ေဆြက သမၼတေလ။ အဲဒီေတာ့ နစက ကလည္း သူ႔ရဲ႕အေတြးအေခၚက မွားတယ္ လို႔ေျပာလို႔မရဘူး။ ဟိုက မွားထားတဲ့ဟာကို ျပင္တယ္လို႔ေတာင္ ေျပာလို႔ရတယ္။ ဒါကြၽန္ေတာ္အေနနဲ႔ ဘယ္ဘက္ကမွ လိုက္လို႔မရဘူး။ ကြၽန္ေတာ္သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ကိုပဲ ဘယ္လိုျဖစ္သြားတာလဲဆိုၿပီးေပါ့ေနာ္။ ဒီေတာ့ သမၼတဦးဝင္းျမင့္ တင္တာသည္ ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔ မကိုက္ဘူး။ ဦးျမင့္ေဆြ သမၼတျဖစ္တာသည္လည္း ဟိုက အမွားတင္တဲ့အတြက္ တကယ္တမ္း ဦးျမင့္ေဆြက ဦးထင္ေက်ာ္ မရွိရင္ ဦးျမင့္ေဆြဟာ သမၼတျဖစ္ကိုျဖစ္ရမယ္။ အဲဒီေတာ့ နစကလုပ္တာဟာ ေက်ာ္ၿပီးလုပ္တာ ေတာ့ မဟုတ္ဘူး။ ဟိုဘက္က အမွားျပင္ၿပီးေတာ့ တည့္ေပးတယ္လို႔ေတာင္ ကြၽန္ေတာ္က ေျပာခ်င္တယ္။

ေမး ။ ။ အဲဒီမွာ ကြၽန္ေတာ္ တစ္ခ်က္သတိထားမိလိုက္တာရွိတယ္။ ႏိုင္ငံေတာ္သမၼတ သည္ မည္သည့္ ေ႐ြးေကာက္ခံကိုယ္စားလွယ္မွ မျဖစ္ေစရ၊ အစိုးရဝန္ထမ္း မျဖစ္ေစရ ဆိုတဲ့ အခ်က္ရွိတယ္ေပါ့ေနာ္။ အဲဒီေတာ့ ဦးဝင္းျမင့္က ထားပါေတာ့ သမၼတသက္တမ္း ေတာက္ေလွ်ာက္ရွိတဲ့အခ်ိန္ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္လိုက္ တယ္။ တစ္ဖက္က သမၼတ၊ တစ္ဖက္က လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ခ်ိန္ထဲမွာလည္း လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္နဲ႔ ႏိုင္လည္းႏိုင္ခဲ့ေသးတယ္။ ျပည္သူ႔လႊတ္ေတာ္ေခၚတဲ့အခ်ိန္မွာလည္း ျပည္သူ႔လႊတ္ေတာ္ ကိုတက္ေရာက္မယ္လို႔ အေၾကာင္းျပန္ခဲ့ေသးတယ္။ အဲဒီအခ်ိန္မွာ သူက တစ္ဖက္မွာလည္း သမၼတ၊ တစ္ဖက္မွာ လည္း လႊတ္ေတာ္ကိုယ္စားလွယ္ ဖြဲ႕စည္းပုံအေျခခံမွာ ပါတဲ့အတိုင္းဆိုရင္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္ေန႔ မနက္ခင္းဟာ ဇန္နဝါရီလ (၃၁) ရက္ေန႔ (၁၂) နာရီေက်ာ္သြားတာနဲ႔အမွ် သူ႔ကိုသမၼတလို႔ သတ္မွတ္လို႔ရသလို၊ ေျပာလို႔လည္းမရဘူးဆိုတဲ့ ရႈေထာင့္ရွိတယ္ေပါ့ေနာ္။ အဲဒီ ရႈေထာင့္ကို အန္ကယ္ ဘယ္လိုေတြးမိလဲ။
ေျဖ ။ ။ ကြၽန္ေတာ္လည္း အဲဒီသ‌ေဘာကိုေတြ႕ပါတယ္။ တကယ္တမ္းက ကြၽန္ေတာ္တို႔က ခုနက ကိုေက်ာ္မ်ိဳးမင္းေျပာသလိုပဲ ဦးဝင္းျမင့္က တကယ္တမ္း ဒီမိုကေရစီသမၼတဆိုတာ စည္းမ်ဥ္းစည္းကမ္းကို အရမ္း လိုက္နာရတယ္။ ၿပီးေတာ့ ေျပာင္းလဲျခင္းကိစၥမွာ ပိုၿပီးေတာ့ ဂ႐ုစိုက္ရတယ္။ ကိုယ္ကိုယ္တိုင္က ဥပေဒနဲ႔အညီ လုပ္မွ။ တျခားအရင္တုန္းကဟာလည္း ကြၽန္ေတာ္ ဒီလိုမ်ိဳးေထာက္ခဲ့ဖူးတယ္။ ေထာက္ခဲ့ဖူးလို႔လည္း ဦးသိန္းစိန္ က ဘယ္ဘက္မွ ဝင္မပါဘဲနဲ႔ သမၼတ ကေန လႊဲေပးခဲ့တာပဲ။ သူ႔က်ေတာ့ သမၼတလည္းျဖစ္တယ္၊ ေ႐ြးေကာက္ပြဲ ကိုယ္စားလွယ္လည္း လုပ္တယ္၊ ကိုေက်ာ္မ်ိဳးမင္းေျပာသလို ေဖေဖာ္ဝါရီလ (၁)ရက္မွာ အာဏာသိမ္းသြားတယ္။ အဲဒီအခ်ိန္မွာ သူက သမၼတ မဟုတ္ေတာ့ဘူးေလ။ သူက စည္းမ်ဥ္းစည္းကမ္းလည္း မကိုက္ညီဘူးေပါ့ဗ်ာ။ တစ္ဖက္က ဘယ္လိုေျပာရင္ရမလဲဆိုေတာ့ သူသည္ သမၼတရဲ႕အဂၤါရပ္နဲ႔ သမၼတရဲ႕က်င့္ဝတ္က်င့္စဥ္နဲ႔ စည္းမ်ဥ္း စည္းကမ္းနဲ႔ လိုက္နာမႈမရွိဘူးဆိုတာေတာ့ အဲဒီမွာ ေပၚသြားတာေပါ့။

ေမး ။ ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ၂ဝ၂၁ ခုႏွစ္ရဲ႕ ေဖေဖာ္ဝါရီ(၁)ရက္ အခင္းအက်င္းကေနၿပီးေတာ့ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီ (၁)ရက္ အခင္းအက်င္းထိကို (၂)ႏွစ္အတြင္းမွာ တပ္မေတာ္နဲ႔ အေရးေပၚကာလဆိုင္ရာ နစကနဲ႔ သူတို႔ စီမံခန႔္ခြဲၿပီး လုပ္သြားတဲ့ကိစၥေတြဟာ လုံေလာက္တဲ့ စြမ္းေဆာင္ရည္မ်ိဳး လုပ္ထားႏိုင္ခဲ့ၿပီလို႔ ျမင္ရလား။ ဖြဲ႕စည္းပုံ အေျခခံဥပေဒအတိုင္းေျပာမယ္ဆိုရင္ေပါ့။
ေျဖ ။ ။ လုံေလာက္တဲ့အေနအထားေတာ့ မရွိေသးပါဘူး။ လိုေသးတယ္။ ဘာလို႔လဲဆိုေတာ့ နစက အေရးေပၚ ကာလျဖစ္သြားတဲ့ဟာက သူေထာက္ထားတာက (၄ဝ/ဂ) နဲ႔ေထာက္ထားတာ။ ႏိုင္ငံေတာ္ရဲ႕အာဏာကို မတရား ယူတာ။ အဲဒါေတြကိုေပၚလြင္ေအာင္ ဥပေဒ - အရင္ဦးစားေပးၿပီး စြဲရမယ္။ စြဲတဲ့အခါမွာ ကြၽန္ေတာ္ျဖစ္ေစခ်င္တာ က နစက က တရားစြဲတာထက္ တရားလႊတ္ေတာ္ခ်ဳပ္က စြဲတာက ပိုၿပီးေတာ့ သူမွာလည္း တာဝန္ရွိတယ္ေလ။ ႏိုင္ငံေတာ္ရဲ႕တည္ၿငိမ္ေအးခ်မ္းမႈမွာ တရားဥပေဒမွာလည္း တာဝန္ရွိတယ္။ သူစြဲလိုက္တာက ပိုၿပီးေတာ့ ေကာင္းတယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ ဒါေပမယ့္လို႔ နစကက ဒါကိုသူ႔အေနနဲ႔ ကမကထလုပ္ၿပီးေတာ့ စြဲတဲ့ကိစၥမွာ က် သူက အာဏာလည္း ထိန္းေသးတယ္၊ အျပစ္လဲ တစ္ဖက္က ရွာတယ္လို႔ အထင္ခံရတာေပါ့ဗ်ာ။ ဒါတစ္ဖက္က လူေတြရဲ႕အေနအထားေပါ။ တစ္ခ်က္ေလး လြဲသြားတယ္ဆိုတာ ကြၽန္ေတာ္က အဲဒီလိုယူဆတယ္။ ေနာက္တစ္ခ်က္ကေတာ့ လက္ရွိအခ်ိန္ေတြမွာ နစကက သူႀကိဳးစားေဆာင္႐ြက္တယ္။ သူလည္း ေတာ္ေတာ္ေလး ကို လုပ္ပါတယ္။ သို႔ေသာ္ ယေန႔ျဖစ္ေနတဲ့ျပႆနာက အခ်က္(၃) ခ်က္ သြားေတြ႕ရတယ္။ တစ္ဖက္က အၾကမ္းဖက္မႈကိစၥ ဘယ္သူေျမႇာက္ေပးတာလဲ၊ ဘယ္သူႀကိဳးကိုင္ေနတာလဲ၊ ဘယ္သူေဆာင္႐ြက္ေနတာလဲ။ နံပါတ္(၂)က ႏိုင္ငံျခားရဲ႕ဖိအားေပးမႈက ဘယ္သူေတြလဲ ဒါလည္းတစ္ဖက္က ၾကည့္ရတယ္။ တစ္ဖက္ကလည္း ျပည္သူေတြရဲ႕ပူးေပါင္းေဆာင္႐ြက္မႈ။ အဲဒီမွာ ကြၽန္ေတာ္ (၃)ခ်က္စလုံး ၾကည့္လိုက္တဲ့အခါမွာ ျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈကလည္း ဘာျဖစ္ေနလဲဆိုေတာ့ ဘယ္သူမွားတယ္၊ မွန္တယ္ ဆိုတာကို ဒြိဟေတြျဖစ္ၿပီး ေတာ့ ေဖ့ဘြတ္ရဲ႕၊ မီဒီယာရဲ႕လႊမ္းမိုးမႈကို ျပည္သူေတြ ေတာ္ေတာ္မ်ားမ်ားက ခံရတယ္ေပါ့ေလ။ ေဖ့ဘြတ္ေလး ၾကည့္လိုက္တာနဲ႔ အမွားတင္လည္း သူတို႔မွာ သိပ္မစဥ္းစားႏိုင္ဘူး၊ ဒါဟုတ္တာပဲ ဆိုၿပီးေပါ့။ ဥပမာ - ႐ြာေတြကို မီးရႈိ႕တယ္။ တပ္က မီးရႈိ႕တယ္၊ တစ္ဖက္ကလည္း PDF က ရႈိ႕တယ္။ ဒါေပမယ္လို႔ ဒီဟာကိုအမွန္ျဖစ္ဖို႔သည္ တစ္ဖက္က တပ္ကလည္း ဒီဟာကို သတင္းမီဒီယာမွာ က်ယ္ျပန႔္ဖို႔အားကလည္း နည္းတယ္ေပါ့ဗ်ာ။ နည္းတဲ့ အခါက်ေတာ့ ယေန႔အခ်ိန္အခါမွာ people power ကလည္း ပါသင့္သေလာက္ မပါဘူး။ ၿပီးေတာ့ ႏိုင္ငံျခားရဲ႕ ဖိအားေပးမႈကလည္း တျဖည္းျဖည္းခ်င္း ပိုၿပီးေတာ့ ျမင့္လာတယ္။ အဲဒီလိုျမင့္တဲ့ကိစၥကလည္း နစကအေနနဲ႔ ဘာပဲေျပာေျပာ ညႇိႏႈိင္းေဆာင္႐ြက္မႈလုပ္ရင္ေတာ့ အထိုက္အေလ်ာက္တစ္ခုအျဖစ္ေတာ့ ေရာက္ပါတယ္။ အဲဒီေတာ့ ႏိုင္ငံျခားဖိအားေပးမႈကို သက္သာေအာင္ သံတမန္နည္းလမ္း ဒါမွမဟုတ္လည္း အက်ိဳးေဆာင္ေတြ ရွိပါ တယ္။ ဒါေတြနဲ႔ ထပ္ၿပီးေတာ့ ဒီမွာ ရွိတဲ့ဟာကို မီဒီယာကိုအသုံးခ်ၿပီးေတာ့ေပါ့ ျဖစ္စဥ္ကို ဓာတ္ပုံေတြ႐ိုက္တာ ထက္ ဗီဒီယိုေတြ ေသခ်ာစနစ္တက်နဲ႔လုပ္ၿပီးေတာ့ ႏိုင္ငံျခား အားလုံးသိေအာင္ တစ္ဖက္ကလည္း လုပ္ဖို႔သင့္ တယ္။ ငါတို႔အိမ္နဲ႔ ငါတို႔ဘယ္လိုလုပ္လုပ္ရတယ္ဆိုတာ ဒီလိုလုပ္လို႔မရဘူးေလ။ အေနအထားက ကိုယ့္ကေလး ကိုယ္႐ိုက္မယ္ဆိုေပမယ့္ ဘာေၾကာင့္႐ိုက္တယ္ဆိုတာေတာ့ ေဘးပတ္ဝန္းက်င္သိေအာင္ ညႇိဖို႔လိုတာေပါ့ဗ်ာ။ တစ္ဖက္ကလည္း အၾကမ္းဖက္ကိစၥကို ေျဖေတာ့ေျဖရွင္းတယ္။ လက္နက္ေတြလည္း မိသင့္သေလာက္ေတာ့ မိတယ္။ ဒါေပမယ့္ ဘာျဖစ္ေနလဲဆိုေတာ့ တစ္ဖက္က ေထာက္ပံ့မႈေတြက ရွိေနတယ္။ နည္းပညာေထာက္ပံ့မႈ ရွိတယ္၊ လက္နက္ေထာက္ပံ့မႈရွိတယ္၊ ေငြေရးေၾကးေရးေထာက္ပံ့မႈရွိတယ္ ဆိုတဲ့အခါက်ေတာ့ ဒါေတြက သူဘယ္လိုပဲ ဒီဘက္က ႏိုင္ေအာင္ေျဖရွင္းေပမယ့္ ဟိုက အျမစ္မျပတ္ဘူး။ ဆီမီးက ေတာက္ေလွ်ာက္ပဲရွိေန တယ္။ ေနရာအႏွံ႔လည္းျဖစ္ေနတယ္။ အဲဒီကိစၥကလည္း နစက အေနနဲ႔ကေတာ့ ကြၽန္ေတာ္ျမင္တာ ပါတီေတြ၊ ျပည္သူေတြနဲ႔ပူးေပါင္းၿပီးေတာ့ အေျဖရွာၿပီးေတာ့ တကယ့္ Integrated ႀကီးတဲ့ Power ကို သုံးသင့္တယ္လို႔ Integrated Management ဘက္စုံစီမံခန႔္ခြဲမႈနဲ႔ သြားဖို႔သင့္တယ္။ ႏိုင္ငံတစ္ခုရဲ႕လုံၿခဳံေရးဟာ တပ္မေတာ္တစ္ခုထဲ မဟုတ္ဘူး။ ႏိုင္ငံသားအားလုံးမွာ တာဝန္ရွိတယ္။ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္ကေတာ့ နစကလုပ္တဲ့ဟာက လက္ရွိအေျခအေနမွာ သူတို႔ႀကိဳးစားတာကို အသိအမွတ္ျပဳတယ္။ သူသည္ တိုင္းျပည္အတြက္၊ ႏိုင္ငံ့အတြက္၊ ျပည္သူ႔အတြက္ ဒို႔တာဝန္အေရး(၃)ပါးကို တကယ့္ကို စိုးရိမ္ၿပီးေတာ့ ေစတနာနဲ႔လုပ္တာလည္း ေတြ႕ရတယ္။ သို႔ေသာ္ အားလုံးပူးေပါင္းပါဝင္ေဆာင္႐ြက္ဖို႔ကေတာ့ သူ႔မွာ စီမံခန႔္ခြဲမႈနည္းနည္း သူတို႔စစ္ေရးအျမင္မွာ ဘယ္လိုရွိ မလဲေတာ့ မသိဘူးေပါ့ဗ်ာ။ ႏိုင္ငံေရးအျမင္မွာေတာ့ ဘာပဲျဖစ္ျဖစ္ အားလုံးပူးေပါင္းေဆာင္႐ြက္ရင္ အမွန္တရားလဲ ပိုၿပီး သိတယ္၊ ပိုၿပီးျမင္တယ္၊ ပိုၿပီးေကာင္းတဲ့ဘက္လည္း ေရာက္တယ္လို႔ ကြၽန္ေတာ္ကေတာ့ နစကအေပၚမွာ အဲဒီလိုသေဘာထားရွိပါတယ္။

ေမး ။ ။ လက္ရွိအခ်ိန္မွာ နစကရဲ႕ဥကၠ႒ျဖစ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကလည္း သူ႔ရဲ႕လက္ရွိ ကိုင္ထား တဲ့ပါဝါကို ယာယီသမၼတ ဦးျမင့္ေဆြနဲ႔ ကာလုံကိုျပန္အပ္ရမယ္။ (၃၁)ရက္ေန႔ ည (သို႔မဟုတ္) ေဖေဖာ္ဝါရီ (၁)ရက္ ေန႔ မနက္မွာ ျပန္အပ္မယ္ေပါ့။ အပ္တဲ့အခါမွာ ေနာက္ထပ္ေၾကညာခ်က္တစ္ေစာင္ေတာ့ မၾကာခင္ထုတ္ရမယ္။ ေန႔ခ်င္းပဲ တစ္ခါထဲထုတ္ရမယ္။ အဲဒီမွာလည္း ကြၽန္ေတာ္တို႔ အခုထိ မရွင္းတဲ့အခ်က္က လက္ရွိႏိုင္ငံေရးအေျခ အေနအရ ကာလုံကပဲ ဆက္လက္အုပ္ခ်ဳပ္ခြင့္ရွိတယ္ဆိုတဲ့အဓိပၸာယ္ကို ေတြ႕ေနရတယ္။ ကာလုံက အုပ္ခ်ဳပ္မယ္။ သို႔ေပမယ့္ ကာလုံအေနနဲ႔က မ႑ိဳင္(၃)ရပ္ေပါ့ တရားစီရင္ေရး၊ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးဆိုတာ ရွိတယ္ေပါ့ ေနာ္။ ဥပေဒျပဳေရးကိုေတာ့ သူကကိုင္ထားၿပီးေတာ့ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးကို အျခားသူတစ္ဦးကို ျပန္လည္ေပးပိုင္ခြင့္ရွိတယ္ဆို တာကို ေတြ႕ေနရတယ္။ ဒီလိုဆိုရင္ သူ႔အေနနဲ႔က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တို႔အဖြဲ႕ကိုပဲ ျပန္ေပးမွာလား၊ ဒါမွမဟုတ္ အျခားတစ္ဖြဲ႕ကို ေပးမွာလား (သို႔မဟုတ္) ဘာပုံစံထြက္လာႏိုင္ေျခရွိလဲ ဆိုတဲ့ခန႔္မွန္းခ်က္ေပါ့ ဘယ္လိုခန႔္မွန္းခ်င္လဲ။
ေျဖ ။ ။ အဲဒါက သိပ္ေကာင္းတဲ့ေမးခြန္းတစ္ခုပဲ။ ခုနကေျပာသလို ဥပေဒျပဳေရးကို သမၼတက ကိုင္ထားမယ္။ ကာလုံက ကိုင္ထားမယ္။ က်န္တဲ့ႏွစ္ခုကို ဘယ္သူ႔ကိုပဲျဖစ္ျဖစ္ တာဝန္ေပးလို႔ရတယ္ဆိုတဲ့ အဓိပၸာယ္ သက္ေရာက္သြားတာကို။ ဒါက ကြၽန္ေတာ္တို႔ ဘယ္လိုေခၚမလဲဆိုရင္ ဘယ္သူ႔ကိုေပးႏိုင္သလဲဆိုတဲ့ေမးခြန္းက အေၾကာင္းအက်ိဳးရွိဖို႔လိုတယ္။ သူ႔ထက္ သူ႔ထက္ပိုေကာင္းတဲ့အေၾကာင္းအက်ိဳးေတြရွိဖို႔ လိုတယ္။ ဒီေန႔ အေျခ အေနမွာ ဘာပဲေျပာေျပာ တပ္မေတာ္ကိုပဲ အျမင္က ေတာ္ေတာ္ေလး ေစာင္းေနတာကိုေတြ႕ရတယ္။ အကယ္၍ တည္ၿငိမ္ေအးခ်မ္းမႈရွိဖို႔အတြက္ တပ္မေတာ္က တိုက္႐ိုက္တာဝန္ေပးလိုက္ရင္ သူ႔ဘက္ကေျပာရင္ ဒါတည္ၿငိမ္ ေအးခ်မ္းမႈ ပိုလိုလို႔ ေပးလိုက္တယ္လို႔ ေျပာလို႔ရတယ္။ ဒါဆို ကြၽန္ေတာ္က တစ္ခုထပ္ေမးမယ္။ ေကာင္းၿပီ ဒီလို တည္ၿငိမ္ေအးခ်မ္းမႈမရွိတဲ့အၾကမ္းဖက္ေတြကို ဘယ္သူက ေျမႇာက္ေပးေနတာလဲ။ အဲဒီလိုေျမႇာက္ေပးတဲ့ လူေတြ ကိုရွင္းလင္းသြားေအာင္ နားလည္မႈရွိသြားေအာင္ အရပ္သားအစိုးရကို ေပးလိုက္ရင္ Pressure ေလ်ာ့မသြားဘူး လား။ ကိုေက်ာ္မ်ိဳးမင္း ကြၽန္ေတာ္ေျပာတဲ့အဓိပၸာယ္ကို သိတယ္မွတ္လား။ ဒါက ဘာလဲဆိုေတာ့ ကာလုံရဲ႕ အနာဂတ္ျမန္မာႏိုင္ငံအတြက္ သိပ္အေရးႀကီးတဲ့ဆုံးျဖတ္ခ်က္ အဲဒီမွာ သြားေတြ႕ရမယ္။ တစ္ဖက္က ၾကည့္ရင္ လည္း တည္ၿငိမ္ေအးခ်မ္းမႈရွိဖို႔အတြက္ တပ္မေတာ္ကို ဆက္ၿပီးေတာ့ တာဝန္ေပးတယ္။ တစ္ဖက္က ကြၽန္ေတာ္ ခုနကေျပာတဲ့ေမးခြန္းကလည္း ႏိုင္ငံျခားတိုင္းျပည္က ဖိအားေတြမွာ ဒီတပ္ကိုပဲ အၾကမ္းဖက္၊ အၾကမ္းဖက္လို႔ ႏိုင္ငံျခားကေျပာတာ တပ္ကိုေျပာတယ္။ အဲဒီေနရာမွာ တကယ္လို႔တပ္က သူဒီထဲမွာ အာဏာလႊဲၿပီးၿပီ ေနာက္ဆုတ္ၿပီးေတာ့ တစ္ဖက္က အရပ္သားအစိုးရကို သူစိတ္ခ်ယုံၾကည္ရတဲ့ သူကိုထားၿပီး သူေနာက္ကေန လိုက္ရင္ေရာ International Pressure က ေလ်ာ့မသြားႏိုင္ဘူးလား။ ေလ်ာ့သြားပါမယ္လို႔ေတာ့ ကြၽန္ေတာ္ ေျပာတာ မဟုတ္ဘူး။ သို႔ေသာ္ ဘာပဲေျပာေျပာ ဒီေန႔ ငပြႀကီးတို႔သြားၿပီး အေျပာခံေနရတာက အဲဒီအခ်က္ျဖစ္ေန တာ။ အဲဒီေတာ့ ဒါက ကာလုံရဲ႕ဆင္ျခင္ေတြးေတာမႈေပၚမွာ မူတည္တယ္လို႔ပဲ ကြၽန္ေတာ္က အဲဒီလိုပဲေျပာခ်င္ တယ္။ ဒီဟာလုပ္ရင္ေတာ့ ဒါျဖစ္မယ္၊ ဒီဟာလုပ္ရင္ေတာ့ ဒါျဖစ္မယ္။ သူတို႔ဘာလုပ္မလဲ။ ဒါေတြကို ေျပာခ်င္ပါ တယ္။

ေမး ။ ။ ဒါေပမယ့္ လူေတြရဲ႕သိေနတဲ့ အသိမွာက်ေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ပါဝါေပါ့ သူ႔ရဲ႕ၾသဇာ အာဏာနဲ႔ သူ႔ရဲ႕လုပ္ပိုင္ခြင့္က လက္ရွိသမၼတထက္ပိုၿပီးေတာ့ ျမင့္တယ္ဆိုတာမ်ိဳးေတြ ေတြ႕ရတယ္။ ယာယီ သမၼတဦးျမင့္ေဆြ ကိုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ကိုယ္တိုင္ကသြားၿပီးေတာ့ အစ္ကိုႀကီး ဒါေလးလုပ္ပါ၊ ဒီလိုလုပ္ေပးပါ၊ ဒီလိုလုပ္ေပးပါဆိုတာမ်ိဳးေပါ့ သူကပဲျပန္အႀကံျပဳၿပီး သူကပဲ ေနာက္ကေန Control လုပ္ထားတာ မ်ိဳးျဖစ္လာႏိုင္တာပဲလို႔ ေတြးတာေတြရွိတယ္။ အေရးေပၚကာလဆိုင္ရာ သက္တမ္းျပည့္သြားလဲ တကယ့္ပါဝါက ဦးမင္းေအာင္လႈိင္ ဆီမွာရွိတယ္ဆိုတဲ့အေတြးမ်ိဳးက လူေတြရဲ႕ရင္ထဲမွာ ရွိေနတယ္။ အဲဒါကိုေရာ ဘယ္လိုမ်ား ေျပာခ်င္လဲ။
ေျဖ ။ ။ အဲဒါကေတာ့ ခုနက ရွိတယ္၊ မရွိဘူး။ ရွိလာတယ္ဆိုတာက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို တာဝန္ ေပးရင္ေတာ့ ဒီလိုျဖစ္လာမယ္။ ခုနကေျပာတဲ့ အရပ္သားအစိုးရကိုေပးလိုက္ရင္ International Pressure က ေလ်ာ့သြားမယ္။ ဒါေပမယ့္ ဘာပဲေျပာေျပာ အရပ္သားအစိုးရလည္း တည္ၿငိမ္ေအးခ်မ္းမႈက တပ္နဲ႔ပဲ အလုပ္လုပ္ သြားရမွာျဖစ္တယ္။ သို႔ေသာ္ International Figure အေနနဲ႔က်ေတာ့ ဟိုေကာင္က လိမၼာပါးနပ္မႈရွိတာေပါ့။ ယေန႔ အခ်ိန္အခါမွာလည္း ကြၽန္ေတာ္က နစကလုပ္ေနတာက ဘာပဲေျပာေျပာသူက တည္ၿငိမ္ ေအးခ်မ္းမႈအတြက္ နည္းေပါင္းစုံနဲ႔ေဆာင္႐ြက္ေနရတာျဖစ္တယ္။ ဒါေတာင္မွ အားလုံးသိတဲ့အတိုင္းပဲ ဗုံးကြဲမႈက ေနရာတိုင္းလိုလို ျဖစ္ေနတယ္။ ဒီေန႔ျဖစ္ေနတဲ့အေနအထားကလည္း အရင္တုန္းကလိုျဖစ္တဲ့ (၈၈) ကလိုမဟုတ္ဘူး။ ပ်ံ႕ေနတာ။ ၿပီးေတာ့လည္း EAO တို႔ ဘာတို႔နဲ႔လည္း လုံးေထြးေနတာဆိုေတာ့ အင္မတန္ လိမၼာပါးနပ္ၿပီး ေဆာင္႐ြက္ဖို႔ လိုတယ္။ အကယ္၍ ကြၽန္ေတာ္တို႔က ဒီကိစၥကို လိမၼာပါးနပ္ ၿပီးေတာ့ ႏိုင္ငံနဲ႔ျပည္သူအက်ိဳးရွိမယ့္ အေကာင္းဆုံး ဆုံးျဖတ္ႏိုင္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ျပည္တြင္းစစ္ကေန လြတ္သြားမယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီလို ျမင္တယ္။ အကယ္၍ ဒါကိုတစ္ခ်က္မွားသြားမယ္ဆိုရင္ေတာ့ ေရရွည္ ကြၽန္ေတာ္တို႔ျပည္သူေတြ နာတာေပါ့ဗ်ာ။ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္တို႔ျပည္သူေတြက ခံဘက္ကႀကီးပဲေပါ့။ ႏိုင္ငံနဲ႔ ျပည္သူကိုၾကည့္မယ္ဆိုရင္ အေကာင္းဆုံး ဘယ္လိုလုပ္မလဲဆိုတာ ဝိုင္းၿပီးေတာ့ စဥ္းစားဖို႔ ကြၽန္ေတာ္တို႔ကေတာ့ အဲဒီလိုပဲျမင္ပါတယ္။ ဘယ္ဟာက ပိုေကာင္းသင့္လဲဆိုတာကေတာ့ ခုနက ကိုေက်ာ္မ်ိဳးမင္း ေျပာသလို တပ္ကိုျမင္ေနၾကတဲ့အခ်ိန္မွာ တပ္ကို သူစိတ္ခ်ယုံၾကည္ရတဲ့သူကို လက္တန္းထားၿပီးေတာ့ သူက ပူးေပါင္းၿပီး ေတာ့ ေဆာင္႐ြက္ေပါ့။ ဘာလို႔လဲ ဆိုေတာ့ သူ႔ကိုစြဲခ်က္တင္ထားတာေတြကလည္း ရွိတာဆိုေတာ့ေလ။ သူစိတ္ခ်ယုံၾကည္ရတဲ့သူကို ေ႐ြးေပါ့။ ဒါေလးကိုေတာ့ ကြၽန္ေတာ္ အဲဒီလိုပဲျမင္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခ်က္က ကြၽန္ေတာ္တို႔အားလုံး ေမ့ေနတဲ့အခ်က္ရွိေသးတယ္။ ကြၽန္ေတာ္တို႔အားလုံးက နစကလို႔ပဲ ေျပာတာေပါ့ေနာ္။ နစကကို ပထမဆုံးစစခ်င္းမွာ နစကကို ဖြဲ႕လိုက္တယ္။ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္း ေလာက္မွာပဲ အိမ္ေစာင့္အစိုးရဆိုတာကို ထပ္ဖြဲ႕လိုက္ တယ္။ အိမ္ေစာင့္အစိုးရက်ေတာ့ နစကနဲ႔မတူဘူး။ အိမ္ေစာင့္အစိုးရရဲ႕ဝန္ႀကီးခ်ဳပ္က ဦးမင္းေအာင္လႈိင္ပဲ နစကရဲ႕ဥကၠ႒ကလည္း ဦးမင္းေအာင္လႈိင္ပဲ။ အိမ္ေစာင့္ အစိုးရသည္ ေ႐ြးေကာက္ပြဲေတြလိုဟာမ်ိဳးေတြၾကားမွာ ေကာင္စီၿပီးသြားရင္ တည္ၿငိမ္ေရးကာလကိုထိန္းဖို႔ ဖြဲ႕ခဲ့ ေလသလားဆိုတဲ့သံသယ ကြၽန္ေတာ္တို႔မွာရွိတယ္။ အိမ္ေစာင့္အစိုးရသည္လည္း ေနာက္လာမယ့္သက္တမ္းမွာ ျပန္ၿပီး အေျပာင္းအလဲ လွည့္ယူႏိုင္တဲ့အဖြဲ႕ ျဖစ္လာႏိုင္သလားဆိုတဲ့ ရႈေထာင့္ကလည္း ရွိတယ္ေပါ့။ အဲဒါကိုေရာ အန္ကယ့္အေနနဲ႔ ဘယ္လိုမ်ားျမင္မိလဲ။
ေျဖ ။ ။ ကြၽန္ေတာ္ကေတာ့ နစက ကေနၿပီးေတာ့ အိမ္ေစာင့္အစိုးရ ထပ္ေပၚလာတဲ့အေၾကာင္းမွာ နစက က အာဏာထိန္းတဲ့အလုပ္ကို ဦးစားေပးလုပ္တာ။ ကြၽန္ေတာ္ျမင္တာေပါ့။ အိမ္ေစာင့္အစိုးရဆိုတာ တိုင္းျပည္ရဲ႕အစစ အရာရာ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး အကုန္လုံးကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အစိုးရဖြဲ႕ တာ။ ဟိုကေတာ့ အာဏာထိန္းရတဲ့အေၾကာင္းတရားေပၚမွာ ေျဖရွင္းႏိုင္ဖို႔အေနနဲ႔ နစကအေနနဲ႔ေပါ့။ သို႔ေသာ္ တူလားလို႔ေမးရင္ေတာ့ ေခါင္းနဲ႔ ပန္းေတာ့ ေခါင္းနဲ႔ ပန္းပဲ။ သိပ္ေတာ့ မကြာဘူးေပါ့။ သို႔ေသာ္ အစိုးရဖြဲ႕တဲ့အရာမ်ိဳး ဟာ ေနာင္ေရာ ဒီဟာမ်ိဳးျဖစ္လာဖို႔ အလားအလာရွိလားဆိုရင္ ဒါကေတာ့ လက္ရွိယာယီအစိုးရအေနနဲ႔ တခ်ိဳ႕ဌာန ေတြ ေအာင္ျမင္တာရွိတယ္၊ တခ်ိဳ႕ဝန္ႀကီးဌာနေတြ သိပ္ၿပီးေတာ့ အေျဖမေပၚတာေတြ ရွိတယ္ေပါ့။ သူလည္း ဒီေပၚမွာ စဥ္းစားမွာပါ။ စဥ္းစားတဲ့အခါမွာ အခ်က္(၃)ခ်က္နဲ႔ စဥ္းစားေစခ်င္တယ္။ လူတစ္ေယာက္ကို စဥ္းစာတာ ပဲျဖစ္ျဖစ္၊ အဖြဲ႕ကို စဥ္းစားတာပဲျဖစ္ျဖစ္ ဘာအခ်က္လဲဆိုရင္ သူလာတာ ဘယ္ကလာတယ္၊ သူက ဘယ္ကိုသြား မွာလဲ။ သူ႔ရဲ႕လုပ္ေဆာင္ခ်က္က ဘာေတြလဲ။ ဒါကို ကြၽန္ေတာ္တို႔က ေတာက္ေလွ်ာက္ၾကည့္သြားရင္ ခုနက ေမးတဲ့ ေမးခြန္းအရ သံသယျဖစ္စရာမလိုဘူး။ အဲဒီေပၚမွာ မူတည္ၿပီးေတာ့ ေျပာဆိုေဆြးေႏြးမႈပဲ ရွိတယ္။ အဲဒီေတာ့ ယေန႔အခ်ိန္အခါမွာ နစကက သူတတ္ႏိုင္သေလာက္ ေဆာင္႐ြက္ေနတယ္။ သူေ႐ြးေကာက္ပြဲက်င္းပမယ္ ေျပာတယ္။ အခ်ိန္တန္ရင္ သူ ဒီႏိုင္ငံေရးကေနေတာင္မွ စြန႔္ခြာမယ္လို႔ေတာင္ ေျပာထားၿပီးခဲ့တယ္။ အဲဒါကိုလည္း ဟုတ္/မဟုတ္ ဆိုတာေတာ့ ကြၽန္ေတာ္တို႔က လုပ္ေဆာင္ခ်က္ကိုပဲ ျမင္ႏိုင္သေလာက္ ေထာက္ၾကည့္မယ္။ အဲဒါကို လုပ္ေဆာင္ခ်က္လုပ္ဖို႔အတြက္ အခ်ိန္ကာလတစ္ခု ေပးဖို႔လိုတယ္။ ဒီေနရာမွာ ကြၽန္ေတာ္ျဖည့္ေျပာခ်င္တာက အရပ္သားအဆင့္နဲ႔မတူတဲ့အခ်က္က တစ္ခ်က္ရွိတယ္။ အရပ္သားက က်ေတာ့ လိုခ်င္တာကိုပဲ အားရပါးရလိုခ်င္ တယ္။ စစ္တပ္ကက်ေတာ့ အဲဒီလိုမဟုတ္ဘူး။ သူေပးခ်င္တာကိုပဲ သူေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ဖို႔အတြက္ အဲဒီအဆင့္နဲ႔ သူက ေပးတယ္။ မတူဘူးေနာ္။ ဥပမာ - ကြၽန္ေတာ္တို႔ႏိုင္ငံေရးပါတီက ဖက္ဒရယ္ဒီမိုကေရစီ စံခ်ိန္ စံၫႊန္းနဲ႔ အျပည့္လိုခ်င္တယ္။ ဥပမာဆိုၾကပါစို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ျပည္သူကပဲေ႐ြး၊ ဝန္ထမ္းေတြက လာၿပီးေတာ့ မလုပ္နဲ႔။ ဒါ ကြၽန္ေတာ္တို႔က ျပည္သူ႔ အစိုးရျဖစ္လာေအာင္ေပါ့။ ဒါေပမယ့္ တပ္ကက်ေတာ့ အဲဒီအဆင့္ကို သူသြားမယ္။ ဒါေပမယ့္ လက္ရွိအေျခအေနေတြက မတည္မၿငိမ္ျဖစ္ေနတဲ့အေနအထားမွာ ပိုၿပီးဆိုးတဲ့ဘက္ေရာက္သြားရင္ ဘယ္လိုလုပ္မလဲ။ သူကလည္း သူ႔ဘက္ကၾကည့္ေတာ့ ေအာင္ျမင္စြာ ဆုတ္ခြာတဲ့ ဟာကို တစ္ဆင့္ၿပီး တစ္ဆင့္သြားတာ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က နားလည္ေပးဖို႔လိုတယ္။ ရသေလာက္ညႇိဖို႔ လိုတယ္။

ေမး ။ ။ လက္ရွိ နစကရဲ႕သက္တမ္း(၂)ႏွစ္ျပည့္မယ့္အခ်ိန္နဲ႔ ေနာက္ထပ္ေပၚလာမယ့္အလားအလာနဲ႔ အခ်ိန္နဲ႔ အေျခအေနကို အႏွစ္ခ်ဳပ္ မယ္ဆိုရင္ေရာ လူထုကို ရွင္းေအာင္ အေရးႀကီးတဲ့ပြိဳင့္ေလး ေျပာျပေစခ်င္တယ္။
ေျဖ ။ ။ အခုကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲက်င္းပရင္ ဘာျဖစ္မလဲ၊ မက်င္းပရင္ ဘာျဖစ္မလဲ။ ေ႐ြးေကာက္ပြဲကို မက်င္းပရင္ ဖြဲ႕စည္းပုံ ပ်က္သလိုျဖစ္သြားႏိုင္တယ္။ ဘာလို႔လဲဆို သူက ဖြဲ႕စည္းပုံနဲ႔ အာဏာထိန္းတာပါလို႔ သူေျပာ ထားတယ္။ ပ်က္သြားၿပီဆိုရင္ ကြၽန္ေတာ္တို႔က ဒီမိုကေရစီျပန္လည္ၿပီးေတာ့ရွင္သန္ဖို႔ဆိုတာ ေႏွာင့္ေႏွးၾကန႔္ၾကာ သြားမွာေပါ့။ အကယ္၍ ကြၽန္ေတာ္တို႔က ဒီေ႐ြးေကာက္ပြဲကို ကြၽန္ေတာ္က အစေပါ့ဗ်ာ ႏိုင္ငံေရးပါတီအားလုံးပဲ ျဖစ္ျဖစ္ ႏိုင္ငံနဲ႔ျပည္သူ႔အက်ိဳးကိုၾကည့္မယ္ဆိုရင္ အခ်ဳပ္အခ်ာအာဏာတည္ၿမဲေရးရယ္၊ တိုင္းရင္းသား စည္းလုံး ညီၫြတ္မႈမၿပိဳကြဲဖို႔ ဒီအခ်က္(၃)ခ်က္ကို ဦးစားေပးၾကည့္မယ္ဆိုရင္ေပါ့ အဲဒီ(၃)ခ်က္က တပ္မေတာ္ရယ္မွ မဟုတ္ ဘူး။ လူသား အားလုံးမွာ တာဝန္ရွိတယ္။ ကြၽန္ေတာ္တို႔ပါတီမွာလည္း တာဝန္ရွိတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္ ကေတာ့ အဲဒီအခ်ိန္မွာ တည္ၿငိမ္ေအးခ်မ္းမႈမရွိလို႔ ေ႐ြးေကာက္ပြဲမလုပ္ႏိုင္မကိုင္ႏိုင္ဘဲ ရႈံးသြားေတာင္ ကြၽန္ေတာ္ ရႈံးတယ္လို႔ မေအာက္ေမ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္သည္ တိုင္းျပည္အတြက္ ထိန္းရာေရာက္တယ္။ ကြၽန္ေတာ့္အျမင္ကေတာ့ ေ႐ြးေကာက္ပြဲဟာ နစကဘက္က ျဖစ္ေအာင္လုပ္လိမ့္ မယ္။ ျဖစ္ေအာင္လုပ္တာသည္ လူေတြကထင္ေနတာက သူတို႔အတြက္ လုပ္တယ္လို႔ထင္လိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ အဲဒီလို မထင္ဘူး။ တိုင္းျပည္အတြက္ပဲလို႔ ကြၽန္ေတာ္တြက္တယ္။ အဲဒီအတြက္ ကြၽန္ေတာ္တို႔အားလုံးသည္ ကိုယ္ရမွ ကိုယ္ပါမွဆိုတာထက္ ထိန္းႏိုင္ဖို႔ဆိုတာက အားလုံးမွာ တာဝန္ရွိတယ္။ အဲဒါက First Right ပဲ။ ေနာက္ထိန္းၿပီးၿပီ ဆိုေတာ့မွ ေနာက္ထပ္ကိုယ္ပါသြား ေနာက္ထပ္ တာဝန္ေတြ ရွိပါတယ္။ အဲဒီေတာ့ လာမယ့္အနာဂတ္ဟာ နစကဥကၠ႒ကလည္း ေ႐ြးေကာက္ပြဲက်င္းပမယ္ေျပာတယ္။ လက္ရွိမွာလည္း UEC တို႔ သူတို႔မွတ္ပုံတင္ကိစၥေတြ၊ ေနာက္တစ္ခါ ဥပေဒျပင္ဖို႔ ကိစၥေတြ၊ အဲဒါေတြကို သူတို႔အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတယ္။ တခ်ိဳ႕ေနရာေတြမွာဆိုရင္ ဘက္မလိုက္ႏိုင္တဲ့အုပ္ခ်ဳပ္ေရးေတြကို ျပန္လည္ၿပီးေတာ့ လုပ္ေနတာေတြရွိတယ္။ ဒီဟာကို ကြၽန္ေတာ့္အေန ကေတာ့ အနာဂတ္အတြက္ေကာင္းတယ္လို႔ လက္ရွိအေနအထားအရ ကြၽန္ေတာ္ အဲဒီလိုသုံးသပ္တယ္။ ဘယ္အခ်ိန္မွာ ပိုသိမလဲဆိုရင္ ခုနတုန္းကေျပာသလို ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ(၁) ရက္မွာ ဘယ္လိုဆုံးျဖတ္မလဲဆိုတဲ့၊ ဆက္သြားမယ္ဟာေလးကေတာ့ ကြၽန္ေတာ္တို႔ ၾကည့္ဖို႔လိုမယ္လို႔ ျမင္မိပါတယ္။

ေမး ။ ။ ေနာက္ဆုံးေမးခြန္းေလးတစ္ခုေပါ့။ တပ္ေတာ္အေနနဲ႔ ဒီနစကအေနနဲ႔ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္ မတိုင္မီကာလမွာေတာ့ သူတို႔ထိန္းခဲ့ၿပီးၿပီ၊ လုပ္ခဲ့ၿပီးၿပီ။ ေနာက္ထပ္သက္တမ္း (၆)လ တစ္ခါ၊ (၆)လ တစ္ခါ ႏွစ္ခု ရွိမယ္။ ဘာလဲဆိုေတာ့ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ေၾကညာတဲ့ (၆)လရယ္၊ ေ႐ြးေကာက္ပြဲက်င္းပတဲ့ (၆)လရယ္။ အဲဒီ ၂ဝ၂၃ ခုႏွစ္ တစ္ႏွစ္အတြင္းမွာ နစကအေနနဲ႔ ေအာင္ျမင္ ေအာင္လုပ္ႏိုင္မယ္လို႔ယုံၾကည္လား။ ဘာျဖစ္လို႔လဲ ဆို တစ္ဖက္မွာလည္း ၂ဝ၂၃ ခုႏွစ္ဟာ ပြဲသိမ္းအေျဖထြက္မယ္လို႔ေျပာထားတာရွိေတာ့ ဘယ္ဟာကို ယုံၾကည္လဲ။
ေျဖ ။ ။ ဘယ္ဟာကို ယုံၾကည္လဲဆိုေတာ့ တိုင္းျပည္တစ္ခုမွာ ျပႆနာတတ္ရင္ ဒုကၡေရာက္ရင္၊ တိုင္းျပည္ မတည္ၿငိမ္ရင္ အရပ္သားေတြ ထပ္ၿပီးအသတ္ခံရမွာ။ ဘယ္ႏိုင္ငံပဲၾကည့္ၾကည့္ အီရန္ပဲၾကည့္ၾကည့္၊ အီရတ္ပဲ ၾကည့္ၾကည့္ ဒီႏိုင္ငံပဲၾကည့္ၾကည့္ပါ ၿပိဳကြဲသြားရင္ လက္နက္ကိုင္အဖြဲ႕အစည္းဟာ ပိုၿပီးေတာ့ဒုကၡေရာက္တယ္။ ျပည္သူက ဒုကၡေရာက္တာထက္ကို သူကပိုၿပီး ဒုကၡေရာက္ပါတယ္။ ဒါေၾကာင့္ တပ္မေတာ္သည္ ကြၽန္ေတာ္ ျမင္တာေတာ့ အမ်ိဳးသားႏိုင္ငံေရးကို သစၥာမေဖာက္ဘူး။ သူတတ္ႏိုင္သေလာက္ႀကိဳးစားၿပီးေတာ့ ေအာင္ျမင္စြာ ဆုတ္ခြာလိမ့္မယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ အဲဒီေတာ့ တပ္မေတာ္အေနအထားအရ သူ႔အေနနဲ႔ အေကာင္းဆုံးႏိုင္ငံ ကို မၿပိဳကြဲေအာင္ တည္ၿငိမ္မႈရွိေအာင္ သူႀကိဳးစားလိမ့္မယ္လို႔ ကြၽန္ေတာ္ကေတာ့ အဲဒီလိုယုံၾကည္တယ္။ ဒါေၾကာင့္လည္း ေ႐ြးေကာက္ပြဲကို ကြၽန္ေတာ္အေနနဲ႔ အာေပးတယ္။ လုပ္သင့္တယ္။ သို႔ေသာ္ ေ႐ြးေကာက္ပြဲမွာ ခုနကေျပာသလို တရားမွ်တမႈတို႔ ဘာတို႔ကေတာ့ တဖက္တလမ္းက ကြၽန္ေတာ္တို႔ ဝိုင္းထိန္းရမွာေပါ့။ ပူးေပါင္းၿပီး ေတာ့ေဆာင္႐ြက္ရင္ ဒီလိုအေသးအမႊားေလးေတြကေတာ့ ရမွာေပါ့။ ဗ်ဴဟာမွားသြားရင္ နည္းဗ်ဴဟာက အလကားပဲ။ ဗ်ဴဟာက အရမ္းအေရးႀကီးတယ္။ ႏိုင္ငံမွာျဖစ္ေနတဲ့ျပႆနာက ဗ်ဴဟာမွားလို႔မရဘူး။ ဗ်ဴဟာမွား ရင္ အဘက္ဘက္ကေနၿပီးေတာ့ အႏၲရာယ္ေတြက ရွိတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္ထင္တာကေတာ့ တပ္မေတာ္သည္ အေကာင္းဆုံးေဆာင္႐ြက္ပါလိမ့္မယ္။ တိုင္းျပည္ပ်က္စီးသြားရင္ သူကပိုၿပီး ဒုကၡေရာက္သြားပါ လိမ့္မယ္။ ဒါေၾကာင့္ သူဒုကၡေတာ့ အေရာက္မခံဘူးလို႔ ကြၽန္ေတာ္ေတာ့ အဲဒီလို ျမင္ပါတယ္။

ေမး ။ ။ ဟုတ္ကဲ့ပါ အန္ကယ္။ အခ်ိန္ေပးၿပီးေတာ့ အခုလိုေျဖၾကားေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။
ေျဖ ။ ။ ကြၽန္ေတာ္ကလည္း အခုလိုလာေရာက္ေျဖၾကားေပးခြင့္ရတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Picture

daw sandar win

26/01/2023 14:11

မြန်မာပြည်သူ ပြည်သားအားလုံး ၊ကမ္ဘာသူ ကမ္ဘာသားအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကောင်းသောလိုရာဆန္ဒများပြည့်စုံကြပါစေရှင်။

Picture

Htun Aung Kyaw

31/01/2023 10:05

ကောင်းမွန်တဲ့တင်ဆက်မှုပါ

Picture

ဦးအဂၢ ဝံသ

28/02/2023 21:24

အပြုသဘော ဆွေးနွေးသော ဦးစိန်ဝင်း လေးစားပါတယ်

Related news

© 2021. All rights reserved.