ဂျပန်အဘွားအို၏အသက်ကို ကယ်ဆယ်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသားတစ်ဦး ချီးကျူးဂုဏ်ပြုခံရ

 6880

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၇

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရင်းကျောင်းတက်နေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် ဂျပန်အဘွားအိုတစ်ဦးကို အသက်ရှင်အောင် ကူညီကယ်တင်ပေးခဲ့ခြင်းကြောင့် ဂျပန်ရဲတပ်ဖွဲ့၏ ချီးကျူးဂုဏ်ပြုခံခဲ့ရကြောင်း ဂျပန်သတင်း မီဒီယာတွေက ဆိုသည်။

ဂျပန်နိုင်ငံအရှေ့ပိုင်း၊ ကာနာဂါဝါဒေသ၊ ဟာယာမာမြို့ရှိ Mainichi Shimbun နေ့စဉ်သတင်းစာတွင် အလုပ်လုပ် နေသည့် Sa Than Kaday စသန်းကဒေး အမည်ရှိ မြန်မာနိုင်ငံသားသည် ဂျပန်အဘွားအိုကို ကယ်တင်ပေးခဲ့ခြင်း ကြောင့် ဟာယာမာမြို့ရဲတပ်ဖွဲ့အကြီးအကဲ အိုဆာမူ ဖူဂျိမိုတို ၏ ချီးကျူးဂုဏ်ပြုမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် အဆိုပါသတင်းစာ၏ သတင်းစာပို့သမားအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းနေ့စဉ်သတင်းစာ ပို့နေသော အိမ်ရှိ သတင်းစာပုံးထဲတွင် သတင်းစာများ ပုံနေသည်ကို သတိထားမိခဲ့ရာမှ အိမ်ရှင်ဖြစ်သူ အသက် ၉ဝ အရွယ် အဘွားအိုကို အသက်ရှင်အောင် ကူညီကယ်တင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စသန်းကဒေသည် ၎င်း သတင်းစာနေ့စဉ်ပို့နေသည့်အိမ်တွင် အဘွားအိုတစ်ဦးတည်းသာနေထိုင်သည့်ကို သိရှိထားသူဖြစ်ပြီး၊ သတင်းစာများ နေ့စဉ်ပို့ခဲ့ကြောင်း၊ ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် အဘွားအို၏ အိမ်ရှေ့ရှိ သတင်းစာပုံးထဲတွင် သတင်းစာများ ပုံနေကို သတိထားမိခဲ့ပြီးနောက် အဘွားအို တစ်စုံတစ်ခုဖြစ်နေသည်ကို သတိထားမိခဲ့ရာ မြို့တော်ဝန်ခန်းမမှတဆင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးခဲ့သလို ၎င်းကိုယ်တိုင်လည်း အိမ်ကို ဝင်ရောက်ခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြသည်။

အဆိုပါမြန်မာနိုင်ငံသားသည် အိမ်ထဲကိုဝင်ရောက်သွားချိန်တွင် နေမကောင်းဖြစ်ပြီး လဲကျနေသော အသက် ၉ဝ နီးပါးအရွယ်ရှိ အဘွားအိုကိုတွေ့ရှိခဲ့ကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဘွားအို အသက်ရှင်ရန် ကူညီကယ်တင်ပေး နိုင်ခဲ့ကြောင်း သိရသည်။

၎င်းက "ကျွန်တော်ဟာ သတင်းစာပို့တိုင်း နှုတ်ဆက်နေတဲ့အတွက် အိမ်မှာ အဘွားအို တစ်ဦးတည်းနေထိုင်တာကို သိပါတယ်။ သတင်းစာပို့ချိန်မှာ အဘွားအိုကို မတွေ့ရသလို သတင်းစာပုံးထဲက သတင်းစာတွေ မယူဘဲ ရှိနေတာကို သတိထားမိခဲ့တယ်။ ဒါကြောင့် ကျွန်တော်ဟာ အဘွားအို တစ်စုံတစ်ခုဖြစ်နေမှာကို စိုးရိမ်မိပြီး ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားခဲ့တယ်။ ကိုယ်တိုင်လည်း အိမ်ထဲကိုဝင်ကြည့်ခဲ့တယ်။ ကျွန်တော်ဟာ အဘွားအိုရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်" ဟု ဆိုသည်။

၎င်းသည် ၂ဝ၂ဝ ပြည့်နှစ်တွင် ဂျပန်နိုင်ငံကိုရောက်ရှိလာခဲ့သူဖြစ်ပြီး သတင်းစာပို့သောအလုပ်ကို လုပ်ကိုင်ရင်း ယိုကိုဟားမားမြို့ရှိ ကားပြုပြင်ထိန်းသိမ်းရေးကျောင်းတွင် ကျောင်းတက်နေသူဖြစ်သည်။

Zawgyi Version;
ဂ်ပန္အဘြားအို၏အသက္ကို ကယ္ဆယ္ေပးခဲ့သည့္အတြက္ ျမန္မာႏိုင္ငံသားတစ္ဦး ခ်ီးက်ဴးဂုဏ္ျပဳခံရ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၇

ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ရင္းေက်ာင္းတက္ေနသည့္ ျမန္မာႏိုင္ငံသားတစ္ဦးသည္ ဂ်ပန္အဘြားအိုတစ္ဦးကို အသက္ရွင္ေအာင္ ကူညီကယ္တင္ေပးခဲ့ျခင္းေၾကာင့္ ဂ်ပန္ရဲတပ္ဖြဲ႕၏ ခ်ီးက်ဴးဂုဏ္ျပဳခံခဲ့ရေၾကာင္း ဂ်ပန္သတင္း မီဒီယာေတြက ဆိုသည္။

ဂ်ပန္ႏိုင္ငံအေရွ႕ပိုင္း၊ ကာနာဂါဝါေဒသ၊ ဟာယာမာၿမိဳ႕ရွိ Mainichi Shimbun ေန႔စဥ္သတင္းစာတြင္ အလုပ္လုပ္ ေနသည့္ Sa Than Kaday စသန္းကေဒး အမည္ရွိ ျမန္မာႏိုင္ငံသားသည္ ဂ်ပန္အဘြားအိုကို ကယ္တင္ေပးခဲ့ျခင္း ေၾကာင့္ ဟာယာမာၿမိဳ႕ရဲတပ္ဖြဲ႕အႀကီးအကဲ အိုဆာမူ ဖူဂ်ိမိုတို ၏ ခ်ီးက်ဴးဂုဏ္ျပဳမႈကို ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ အဆိုပါသတင္းစာ၏ သတင္းစာပို႔သမားအျဖစ္ လုပ္ကိုင္ေနသူျဖစ္ၿပီး ၎ေန႔စဥ္သတင္းစာ ပို႔ေနေသာ အိမ္ရွိ သတင္းစာပုံးထဲတြင္ သတင္းစာမ်ား ပုံေနသည္ကို သတိထားမိခဲ့ရာမွ အိမ္ရွင္ျဖစ္သူ အသက္ ၉ဝ အ႐ြယ္ အဘြားအိုကို အသက္ရွင္ေအာင္ ကူညီကယ္တင္ေပးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

စသန္းကေဒသည္ ၎ သတင္းစာေန႔စဥ္ပို႔ေနသည့္အိမ္တြင္ အဘြားအိုတစ္ဦးတည္းသာေနထိုင္သည့္ကို သိရွိထားသူျဖစ္ၿပီး၊ သတင္းစာမ်ား ေန႔စဥ္ပို႔ခဲ့ေၾကာင္း၊ ၿပီးခဲ့ေသာႏွစ္ ဒီဇင္ဘာလတြင္ အဘြားအို၏ အိမ္ေရွ႕ရွိ သတင္းစာပုံးထဲတြင္ သတင္းစာမ်ား ပုံေနကို သတိထားမိခဲ့ၿပီးေနာက္ အဘြားအို တစ္စုံတစ္ခုျဖစ္ေနသည္ကို သတိထားမိခဲ့ရာ ၿမိဳ႕ေတာ္ဝန္ခန္းမမွတဆင့္ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားေပးခဲ့သလို ၎ကိုယ္တိုင္လည္း အိမ္ကို ဝင္ေရာက္ခဲ့ေၾကာင္း ဂ်ပန္မီဒီယာမ်ားက ေဖာ္ျပသည္။

အဆိုပါျမန္မာႏိုင္ငံသားသည္ အိမ္ထဲကိုဝင္ေရာက္သြားခ်ိန္တြင္ ေနမေကာင္းျဖစ္ၿပီး လဲက်ေနေသာ အသက္ ၉ဝ နီးပါးအ႐ြယ္ရွိ အဘြားအိုကိုေတြ႕ရွိခဲ့ကာ ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ၿပီး အဘြားအို အသက္ရွင္ရန္ ကူညီကယ္တင္ေပး ႏိုင္ခဲ့ေၾကာင္း သိရသည္။

၎က "ကြၽန္ေတာ္ဟာ သတင္းစာပို႔တိုင္း ႏႈတ္ဆက္ေနတဲ့အတြက္ အိမ္မွာ အဘြားအို တစ္ဦးတည္းေနထိုင္တာကို သိပါတယ္။ သတင္းစာပို႔ခ်ိန္မွာ အဘြားအိုကို မေတြ႕ရသလို သတင္းစာပုံးထဲက သတင္းစာေတြ မယူဘဲ ရွိေနတာကို သတိထားမိခဲ့တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ဟာ အဘြားအို တစ္စုံတစ္ခုျဖစ္ေနမွာကို စိုးရိမ္မိၿပီး ရဲတပ္ဖြဲ႕ကိုလည္း အေၾကာင္းၾကားခဲ့တယ္။ ကိုယ္တိုင္လည္း အိမ္ထဲကိုဝင္ၾကည့္ခဲ့တယ္။ ကြၽန္ေတာ္ဟာ အဘြားအိုရဲ႕အသက္ကို ကယ္တင္ေပးႏိုင္ခဲ့လို႔ ေပ်ာ္႐ႊင္ရပါတယ္" ဟု ဆိုသည္။

၎သည္ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ ဂ်ပန္ႏိုင္ငံကိုေရာက္ရွိလာခဲ့သူျဖစ္ၿပီး သတင္းစာပို႔ေသာအလုပ္ကို လုပ္ကိုင္ရင္း ယိုကိုဟားမားၿမိဳ႕ရွိ ကားျပဳျပင္ထိန္းသိမ္းေရးေက်ာင္းတြင္ ေက်ာင္းတက္ေနသူျဖစ္သည္။

Related news

© 2021. All rights reserved.