မိုင်းဆတ်မြို့တွင် ငွေကျပ်(၄)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 846

NP News - ဇန်န၀ါရီ ၂၇

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်(၄)ဘီလျံကျော် တန်ဖိုးရှိ မူးယစ်‌ဆေးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(CCDA Myanmar) မှ ဇန်န၀ါရီလ(၂၆)ရက်တွင် အထက်ပါ ကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ(၂၂)ရက်၊ ညနေ(၃)နာရီ ၃ဝ မိနစ် အချိန်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်) ကျေးရွာအုပ်စု၊ ပူနားကို ကျေးရွာအနီးရှိ ရာဘာြခံကို ရှာဖွေမှု များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှာဖွေမှုများအရ ခြံအတွင်းရှိ တစ်ထပ်တိုက်အတွင်း၌ ကိုကျဘိုနှင့် ကိုကျရှောတို့(၂)ဦးအား တန်ဖိုးငွေကျပ်(၄ ဒသမ ၁၃) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CCDA Myanmar မှ ဆိုထားသည်။

ဖမ်းဆီးရမိမှုများတွင် စိတ်ကြွရူးသွပ်‌ဆေးပြား (၆ ဒသမ ၅) သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၂ ကီလို၊ ပစ္စတို(၁)လက်၊ HK 33 သေနတ်(၁) လက်၊ M-16 သေနတ် (၁) လက်၊ K-12 သေနတ် (၁) လက်၊ တစ်လုံးထိုး သေနတ် (၁) လက်၊ ကျည်မျိုးစုံ (၁၆၅ဝ) တောင့်နှင့် လက်ပစ်ဗုံး ၇ လုံးတို့အား သိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပတ်သက်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDA Myanmar မှ ထုတ်ပြန်ထားသည်။

Zawgyi Version;
မိုင္းဆတ္ၿမိဳ႕တြင္ ေငြက်ပ္(၄)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိ
NP News - ဇန္န၀ါရီ ၂၇

ရွမ္းျပည္နယ္၊ မိုင္းဆတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္(၄)ဘီလ်ံေက်ာ္ တန္ဖိုးရွိ မူးယစ္‌ေဆးမ်ားႏွင့္ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕(CCDA Myanmar) မွ ဇန္န၀ါရီလ(၂၆)ရက္တြင္ အထက္ပါ ကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ ဇန္န၀ါရီလ(၂၂)ရက္၊ ညေန(၃)နာရီ ၃ဝ မိနစ္ အခ်ိန္တြင္ မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္း(ေတာင္ေပၚ) ေက်း႐ြာအုပ္စု၊ ပူနားကို ေက်း႐ြာအနီးရွိ ရာဘာၿခံကို ရွာေဖြမႈ မ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ရွာေဖြမႈမ်ားအရ ၿခံအတြင္းရွိ တစ္ထပ္တိုက္အတြင္း၌ ကိုက်ဘိုႏွင့္ ကိုက်ေရွာတို႔(၂)ဦးအား တန္ဖိုးေငြက်ပ္(၄ ဒသမ ၁၃) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ား အပါအဝင္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း CCDA Myanmar မွ ဆိုထားသည္။

ဖမ္းဆီးရမိမႈမ်ားတြင္ စိတ္ႂကြ႐ူးသြပ္‌ေဆးျပား (၆ ဒသမ ၅) သန္း၊ အိုက္စ္(မက္သ္အဖက္တမင္း) ၁၉၂ ကီလို၊ ပစၥတို(၁)လက္၊ HK 33 ေသနတ္(၁) လက္၊ M-16 ေသနတ္ (၁) လက္၊ K-12 ေသနတ္ (၁) လက္၊ တစ္လုံးထိုး ေသနတ္ (၁) လက္၊ က်ည္မ်ိဳးစုံ (၁၆၅ဝ) ေတာင့္ႏွင့္ လက္ပစ္ဗုံး ၇ လုံးတို႔အား သိမ္းဆည္းရမိခဲ့‌ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔အား ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ပတ္သက္သူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း CCDA Myanmar မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.