လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် (၂)နှစ်နှင့် (၉)နှစ်အရွယ် ကလေးငယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိမှု ကျိုက်မရောမြို့၌ဖြစ်ပွား

667

စော (NP News) - ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာ၌ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် (၂)နှစ်နှင့် (၉)နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၆ ရက်၊ ညနေ၆နာရီဝန်းကျင်တွင် အဆိုပါကျေးရွာနေ ဦးကျော်ဝင်းနိုင်(၄၅)နှစ်သည် ၎င်း၏သားသမီးများဖြစ်ကြသည့် မောင်ဖိုးလပြည်(၉) နှစ် နှင့် မအိပိုးအိမ်(၂)နှစ်တို့သည် ၎င်းတို့လှည်လည်ကောက်ယူထားသော ဘူးခွံများအား နေအိမ်အတွင်းစုံပုံနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုပေါက်ကွဲမှုကြောင့် ၎င်းတို့သုံးဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မော်လမြိုင်မြို့နယ်ပြည်သူဆေးရုံသို့ ပိုဆောင်ထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အလားတူ စစ်ကိုင်းတိုင်း ၊ထီးချိုင်မြို့နယ်၊ ဗန်းမော်-မန္တလေးကားလမ်းဖုန်းကုန်းကြီးကျေးရွာလမ်းခွဲအနီး၌ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၆ ရက်၊ နေ့လည် ၁နာရီဝန်းကျင်အချိန်တွင် ကန်သာယာကျေးရွာနေ ဦးမောင်ရွှေ(၅၇)နှစ်သည် ဆံပင်ညှပ်ရန် နေအိမ်မှဆိုင်ကယ်ဖြင့်ထွက်လာစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ ထီးချိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
အလားတူထပ်မံ၍ အဆိုပါနေ့ ည၁၁နာရီဝန်းကျင်အချိန်တွင် ပဲခူးမြို့နယ်၊ပြည်တော်သာကျေးရွာ၊ ကလိဈေးသစ်ရှေ့၌ လက်လုပ်အသံဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
လက်လုပ်ဗုံးအနီးမှ ကားစလစ်အိုးဖြင့်ပြုလုပ်ထားပြီး လက်ပတ်နာရီတစ်လုံးဖြင့်ချိတ်ဆက်ထားသည့် လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံးအားထပ်မံတွေရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ အသက္ (၂)ႏွစ္ႏွင့္ (၉)ႏွစ္အ႐ြယ္ ကေလးငယ္ႏွစ္ဦးထိခိုက္ဒဏ္ရာရရွိမႈ က်ိဳက္မေရာၿမိဳ႕၌ျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၂၈
မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ ေတာင္ကေလးေက်း႐ြာ၌ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ အသက္ (၂)ႏွစ္ႏွင့္ (၉)ႏွစ္အ႐ြယ္ ကေလးငယ္ႏွစ္ဦးအပါအဝင္ အမ်ိဳးသားတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၆ ရက္၊ ညေန၆နာရီဝန္းက်င္တြင္ အဆိုပါေက်း႐ြာေန ဦးေက်ာ္ဝင္းႏိုင္(၄၅)ႏွစ္သည္ ၎၏သားသမီးမ်ားျဖစ္ၾကသည့္ ေမာင္ဖိုးလျပည္(၉) ႏွစ္ ႏွင့္ မအိပိုးအိမ္(၂)ႏွစ္တို႔သည္ ၎တို႔လွည္လည္ေကာက္ယူထားေသာ ဘူးခြံမ်ားအား ေနအိမ္အတြင္းစုံပုံေနစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုေပါက္ကြဲမႈေၾကာင့္ ၎တို႔သုံးဦးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕နယ္ျပည္သူေဆး႐ုံသို႔ ပိုေဆာင္ထားေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။
အလားတူ စစ္ကိုင္းတိုင္း ၊ထီးခ်ိဳင္ၿမိဳ႕နယ္၊ ဗန္းေမာ္-မႏၲေလးကားလမ္းဖုန္းကုန္းႀကီးေက်း႐ြာလမ္းခြဲအနီး၌ အၾကမ္းဖက္အဖြဲ႕ေထာင္ထားသည့္ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၆ ရက္၊ ေန႔လည္ ၁နာရီဝန္းက်င္အခ်ိန္တြင္ ကန္သာယာေက်း႐ြာေန ဦးေမာင္ေ႐ႊ(၅၇)ႏွစ္သည္ ဆံပင္ညႇပ္ရန္ ေနအိမ္မွဆိုင္ကယ္ျဖင့္ထြက္လာစဥ္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ေပါက္ကြဲမႈေၾကာင့္ မိုင္းစထိမွန္ ဒဏ္ရာမ်ားရရွိကာ ထီးခ်ိဳင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။
အလားတူထပ္မံ၍ အဆိုပါေန႔ ည၁၁နာရီဝန္းက်င္အခ်ိန္တြင္ ပဲခူးၿမိဳ႕နယ္၊ျပည္ေတာ္သာေက်း႐ြာ၊ ကလိေဈးသစ္ေရွ႕၌ လက္လုပ္အသံဗုံးတစ္လုံးေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
လက္လုပ္ဗုံးအနီးမွ ကားစလစ္အိုးျဖင့္ျပဳလုပ္ထားၿပီး လက္ပတ္နာရီတစ္လုံးျဖင့္ခ်ိတ္ဆက္ထားသည့္ လက္လုပ္ခ်ိန္ကိုက္မိုင္းတစ္လုံးအားထပ္မံေတြရွိသျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။