အာဆီယံအစည်းဝေးတိုင်းမှာ မြန်မာကိုယ်စားပြုအဖြစ် နစက တာဝန်ရှိသူများကိုမဖိတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူသာ ဖိတ်ကြားသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

 562

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃ဝ

အင်ဒိုနီးရှားနိုင်ငံဟာ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း အာဆီယံအစည်းအဝေးများကို မြန်မာကိုယ်စားပြုအဖြစ် နစကတာဝန်ရှိသူများကို ဖိတ်ကြားမှာမဟုတ်ကြောင်း၊ အာဆီယံအစည်းဝေးတွေကို တက်ရောက်ဖို့ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မပတ်သက်တဲ့သူကိုသာ ဖိတ်ကြားသွားဖွယ်ရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက "အာဆီယံအစည်းအဝေးတိုင်းမှာ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့မပတ်သက်သူကိုသာ ဖိတ်ကြားမှာပါ" လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ဇန်နဝါရီ ၂၉ ရက်က ဂျာကာတာမြို့မှာ 2023 ASEAN Indonesia Chair Kick Off ပွဲကို ကျင်းပချိန်အတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က အင်ဒိုနီးရှားနိုင်ငံဟာ နစကကို အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေးကို လိုလားတယ် လို့ ပြောဆိုခဲ့မှတ်ချက်နဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါ တယ်။

မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်အောင်ကူညီပေးဖို့က အာဆီယံသဘောတူညီချက်ငါးချက် အကောင် အထည်ဖော်ရေးက အဓိကကျကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး က "အာဆီယံဟာ မြန်မာပြည်သူတွေကို ကူညီပေးလိုတယ်။ မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံရေးသမိုင်းက အလွန်ခက်ခဲရှုပ်ထွေးတယ်။ ဒါပေမယ့် မိသားစုအနေနဲ့ ကူညီပေးဖို့ အဆင့်သင့်ရှိပါတယ်" လို့ ပြောပါတယ်။

အင်ဒိုနီးရှားဟာ လာမယ့်ရက်ပိုင်းအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမှာဖြစ်ပြီး၊ အဲဒီအစည်းအဝေးတက်ရောက်ဖို့ မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားဆဲ ဖြစ်ပေမယ့် နိုင်ငံရေးအရကိုယ်စားမပြုသူကိုသာ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက "မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်အောင်ကူညီပေးဖို့ လုပ်ဆောင်ထားတဲ့ အာဆီယံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဟာ နစကကို အမြဲတမ်း မက်ဆေ့ပေးခဲ့ တယ်။ လက်ရှိအချိန်အထိ သိသာတိုးတက်မှုတွေ မရှိသေးဘူး။ အာဆီယံသဘောတူညီချက်တွေကို အကောင် အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ လုပ်သွား မယ်" လို့လည်းပြောပါတယ်။

မြန်မာနိုင်ငံရေးပြဿနာက အာဆီယံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို အဟန့်တားဖြစ်မှာ မလိုလားကြောင်း၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်အတွင်း အဓိကဦးစားပေးလုပ်ငန်းက အာဆီယံအသိုက်ဝန်းဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြင့်တင်နိုင်ရေးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

Zawgyi Version;
အာဆီယံအစည္းေဝးတိုင္းမွာ ျမန္မာကိုယ္စားျပဳအျဖစ္ နစက တာဝန္ရွိသူမ်ားကိုမဖိတ္ဘဲ ႏိုင္ငံေရးအရ ကိုယ္စားမျပဳသူသာ ဖိတ္ၾကားသြားမယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃ဝ

အင္ဒိုနီးရွားႏိုင္ငံဟာ ၂ဝ၂၃ ခုႏွစ္မွာ အာဆီယံဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္အတြင္း အာဆီယံအစည္းအေဝးမ်ားကို ျမန္မာကိုယ္စားျပဳအျဖစ္ နစကတာဝန္ရွိသူမ်ားကို ဖိတ္ၾကားမွာမဟုတ္ေၾကာင္း၊ အာဆီယံအစည္းေဝးေတြကို တက္ေရာက္ဖို႔ ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့သူကိုသာ ဖိတ္ၾကားသြားဖြယ္ရွိေၾကာင္း၊ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးရက္ႏိုမာဆူဒီ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက "အာဆီယံအစည္းအေဝးတိုင္းမွာ ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနဲ႔မပတ္သက္သူကိုသာ ဖိတ္ၾကားမွာပါ" လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ ဇန္နဝါရီ ၂၉ ရက္က ဂ်ာကာတာၿမိဳ႕မွာ 2023 ASEAN Indonesia Chair Kick Off ပြဲကို က်င္းပခ်ိန္အတြင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒို က အင္ဒိုနီးရွားႏိုင္ငံဟာ နစကကို အာဆီယံသေဘာတူညီခ်က္ငါးခ်က္ အေကာင္အထည္ေဖာ္ေရးကို လိုလားတယ္ လို႔ ေျပာဆိုခဲ့မွတ္ခ်က္နဲ႔ပတ္သက္ၿပီး အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုခဲ့တာလည္း ျဖစ္ပါ တယ္။

ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ေအာင္ကူညီေပးဖို႔က အာဆီယံသေဘာတူညီခ်က္ငါးခ်က္ အေကာင္ အထည္ေဖာ္ေရးက အဓိကက်ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး က ေျပာပါတယ္။ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး က "အာဆီယံဟာ ျမန္မာျပည္သူေတြကို ကူညီေပးလိုတယ္။ ျမန္မာႏိုင္ငံဟာ အခ်ဳပ္အျခာ အာဏာပိုင္ႏိုင္ငံျဖစ္တယ္။ ျမန္မာႏိုင္ငံေရးသမိုင္းက အလြန္ခက္ခဲရႈပ္ေထြးတယ္။ ဒါေပမယ့္ မိသားစုအေနနဲ႔ ကူညီေပးဖို႔ အဆင့္သင့္ရွိပါတယ္" လို႔ ေျပာပါတယ္။

အင္ဒိုနီးရွားဟာ လာမယ့္ရက္ပိုင္းအတြင္း အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို အိမ္ရွင္အျဖစ္ ပထမဆုံးအႀကိမ္ လက္ခံက်င္းပမွာျဖစ္ၿပီး၊ အဲဒီအစည္းအေဝးတက္ေရာက္ဖို႔ ျမန္မာႏိုင္ငံကို ဖိတ္ေခၚထားဆဲ ျဖစ္ေပမယ့္ ႏိုင္ငံေရးအရကိုယ္စားမျပဳသူကိုသာ တက္ေရာက္ဖို႔ ဖိတ္ၾကားထားတယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရး ဝန္ႀကီး က ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက "ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ေအာင္ကူညီေပးဖို႔ လုပ္ေဆာင္ထားတဲ့ အာဆီယံသေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အာဆီယံအဖြဲ႕ဟာ နစကကို အၿမဲတမ္း မက္ေဆ့ေပးခဲ့ တယ္။ လက္ရွိအခ်ိန္အထိ သိသာတိုးတက္မႈေတြ မရွိေသးဘူး။ အာဆီယံသေဘာတူညီခ်က္ေတြကို အေကာင္ အထည္ေဖာ္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံရွိအဖြဲ႕အစည္းအားလုံးကို ဖိတ္ေခၚေဆြးေႏြးမႈေတြ လုပ္ႏိုင္ဖို႔ လုပ္သြား မယ္" လို႔လည္းေျပာပါတယ္။

ျမန္မာႏိုင္ငံေရးျပႆနာက အာဆီယံဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဥ္ကို အဟန႔္တားျဖစ္မွာ မလိုလားေၾကာင္း၊ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။ အင္ဒိုနီးရွားႏိုင္ငံက အာဆီယံ ဥကၠ႒ အျဖစ္ တာဝန္ယူခ်ိန္အတြင္း အဓိကဦးစားေပးလုပ္ငန္းက အာဆီယံအသိုက္ဝန္းဖြံ႕ၿဖိဳးတိုးတက္ေရးကို အရွိန္ျမင့္တင္ႏိုင္ေရးျဖစ္ေၾကာင္း ၎က ေျပာပါတယ္။

Related news

© 2021. All rights reserved.