နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ မှေးမှိန်နေသည့်အပြင် ပြည်သူများလည်းခြိမ်းခြောက်ခံနေရ

 1174

သုတကျော် (NP News) - မေ ၁၆

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ မှေးမှိန်နေသည့်အပြင် ပူးပေါင်းလိုသည့် ပြည်သူများ ခြိမ်းခြောက်ခံရခြင်းကိုလည်း ကြုံတွေ့နေရကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက NP News ကို ပြောသည်။

လက်ရှိတွင် နိုင်ငံရေးပါတီများ၏ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာ တွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းလည်းဖြစ်ကာ လက်ရှိ အနေအထားတွင် နိုင်ငံရေး စိတ်ဝင်စားသူပြည်သူများကို အကြမ်းဖက် သမားများက ခြိမ်းခြောက်မှုများရှိနေခြင်းဖြစ်သည်။

“လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီရဲ့အခန်းကဏ္ဍက မှေးမှိန်နေတယ်။ နိုင်ငံရေးပါတီ အားလုံးနီးပါးကလည်း လှုပ်ရှားမှု ဘာမှမရှိဘူး။ ဘာမှလည်း မလုပ်နိုင်ဘူး။ နိုင်ငံရေးပါတီတွေ လှုပ်ရှားနိုင်အောင်လို့၊ လုပ်နိုင်အောင်လို့ အခွင့်အလမ်းတွေ ပေးပြီးတော့ လမ်းကြောင်းတွေ ဖွင့်ပေးရမှာကတော့ ရွေးကောက်ပွဲကော်မရှင် နဲ့ အစိုးရကနေ လုပ်ပေးရမှာ။ တနည်းအားဖြင့် ကျွန်တော်တို့ ဒီနိုင်ငံရေးဘောင်ကို ကျယ်အောင်ချဲ့ရမှာ။ နိုင်ငံရေးပါတီတွေကတော့ လျှောက်လှမ်းမှာပေါ့။ နိုင်ငံရေး ဘောင်ကျယ်လာမှတဖက်မှာ ရှိတဲ့ စစ်ရေးဘောင်က ကျဉ်းသွားမှာပဲ ဖြစ်တယ်လေ။ အခုက နိုင်ငံရေးပါတီ အားလုံးက ငုပ်တုပ်ကြီး ထိုင်နေတယ်”ဟု ဦးလှဌေးက သုံးသပ်ပြောကြား သည်။

ပြည်သူ့ပါတီအနေဖြင့် လှမ်းနိုင်သမျှ လှမ်းကာ တိုးဝင်နိုင်သမျှ တိုးဝင်ကာ အခွင့်အလမ်းရသမျှကို လုပ်နေသော်လည်း ပြည်သူလူထု၏ အကြောက်တရားနှင့် ရွေးကောက်ပွဲကို မယုံကြည်မှု ပြဿနာကို ကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။

“အဓိက အကြီးမားဆုံးကတော့ (အသက်အန္တရာယ်) ခြိမ်းခြောက်ခံရတဲ့ ပြဿနာပေါ့။ တချို့ပြည်သူလူထုဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးလုပ်ရမှာကို စိတ်ဝင်စားတယ်။ ဒါပေမဲ့ ခြိမ်းခြောက်မှုတရားကို ကြောက်နေတော့ မလှုပ်ရဲဘူး။ နိုင်ငံရေးပါတီ ဆိုတာကလည်း ကိုယ်ချည်းပဲ လုပ်နေလို့မရဘူး။ ပြည်သူပါဝင်မှလည်း အားကောင်းမှာလေ။ တဖက်မှာရှိတဲ့ ပြည်သူလူထုကလည်း ခြိမ်းခြောက်မှုခံရတဲ့ အကြောက်တရားတွေနဲ့ နောက်တွန့်နေတဲ့ အခါကျတော့ နိုင်ငံရေးပါတီတွေ အနေနဲ့ စည်းရုံးရေးလုပ်ငန်းတွေက အစ၊ ပါတီလုပ်ငန်းစဉ်တွေကအစ လုပ်ရကိုင်ရတာ တော်တော်ကြပ်ကြပ်တည်းတည်းသွားနေရတယ်”ဟု ဦးလှဌေးက ဆိုသည်။

အဓိက ကြုံတွေ့ရသည့် အခက်အခဲမှာ လူထုကခြိမ်းခြောက်မှုကို ကြောက်နေရသည့် ပြဿနာပါဝင်ပြီး နိုင်ငံရေးပါတီများအနေဖြင့် ကွင်းဆင်းဆောင် ရွက်ရမည်ဆိုသော အခါတွင်လည်း အန္တရာယ်ရှိနေသည့် အခြေအနေ ဖြစ်သောကြောင့် ကွင်းဆင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သည့် အနေအထားရှိကြောင်း ၎င်းက ဆိုသည်။

zawgyi version
ႏိုင္ငံေရးပါတီမ်ား၏ အခန္းက႑ ေမွးမွိန္ေနသည့္အျပင္ ျပည္သူမ်ားလည္းၿခိမ္းေျခာက္ခံေနရ
သုတေက်ာ္ (NP News) - ေမ ၁၆

ႏိုင္ငံေရးပါတီမ်ား၏ အခန္းက႑ ေမွးမွိန္ေနသည့္အျပင္ ပူးေပါင္းလိုသည့္ ျပည္သူမ်ား ၿခိမ္းေျခာက္ခံရျခင္းကိုလည္း ႀကဳံေတြ႕ေနရေၾကာင္း ျပည္သူ႔ပါတီမွ ရန္ကုန္တိုင္းေဒသႀကီး ဥကၠ႒ ဦးလွေဌးက NP News ကို ေျပာသည္။

လက္ရွိတြင္ ႏိုင္ငံေရးပါတီမ်ား၏ အေျခအေနႏွင့္ပတ္သက္၍ ေမးျမန္းရာ တြင္ အထက္ပါအတိုင္း ထည့္သြင္းေျဖၾကားခဲ့ျခင္းလည္းျဖစ္ကာ လက္ရွိ အေနအထားတြင္ ႏိုင္ငံေရး စိတ္ဝင္စားသူျပည္သူမ်ားကို အၾကမ္းဖက္ သမားမ်ားက ၿခိမ္းေျခာက္မႈမ်ားရွိေနျခင္းျဖစ္သည္။

“လက္ရွိအေျခအေနမွာ ႏိုင္ငံေရးပါတီရဲ႕အခန္းက႑က ေမွးမွိန္ေနတယ္။ ႏိုင္ငံေရးပါတီ အားလုံးနီးပါးကလည္း လႈပ္ရွားမႈ ဘာမွမရွိဘူး။ ဘာမွလည္း မလုပ္ႏိုင္ဘူး။ ႏိုင္ငံေရးပါတီေတြ လႈပ္ရွားႏိုင္ေအာင္လို႔၊ လုပ္ႏိုင္ေအာင္လို႔ အခြင့္အလမ္းေတြ ေပးၿပီးေတာ့ လမ္းေၾကာင္းေတြ ဖြင့္ေပးရမွာကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ နဲ႔ အစိုးရကေန လုပ္ေပးရမွာ။ တနည္းအားျဖင့္ ကြၽန္ေတာ္တို႔ ဒီႏိုင္ငံေရးေဘာင္ကို က်ယ္ေအာင္ခ်ဲ႕ရမွာ။ ႏိုင္ငံေရးပါတီေတြကေတာ့ ေလွ်ာက္လွမ္းမွာေပါ့။ ႏိုင္ငံေရး ေဘာင္က်ယ္လာမွတဖက္မွာ ရွိတဲ့ စစ္ေရးေဘာင္က က်ဥ္းသြားမွာပဲ ျဖစ္တယ္ေလ။ အခုက ႏိုင္ငံေရးပါတီ အားလုံးက ငုပ္တုပ္ႀကီး ထိုင္ေနတယ္”ဟု ဦးလွေဌးက သုံးသပ္ေျပာၾကား သည္။

ျပည္သူ႔ပါတီအေနျဖင့္ လွမ္းႏိုင္သမွ် လွမ္းကာ တိုးဝင္ႏိုင္သမွ် တိုးဝင္ကာ အခြင့္အလမ္းရသမွ်ကို လုပ္ေနေသာ္လည္း ျပည္သူလူထု၏ အေၾကာက္တရားႏွင့္ ေ႐ြးေကာက္ပြဲကို မယုံၾကည္မႈ ျပႆနာကို ႀကဳံေတြ႕ေနရေၾကာင္း ၎က ဆိုသည္။

“အဓိက အႀကီးမားဆုံးကေတာ့ (အသက္အႏၲရာယ္) ၿခိမ္းေျခာက္ခံရတဲ့ ျပႆနာေပါ့။ တခ်ိဳ႕ျပည္သူလူထုဆိုရင္ ႏိုင္ငံေရးပါတီေတြနဲ႔ ပတ္သက္ၿပီးေတာ့ ႏိုင္ငံေရးလုပ္ရမွာကို စိတ္ဝင္စားတယ္။ ဒါေပမဲ့ ၿခိမ္းေျခာက္မႈတရားကို ေၾကာက္ေနေတာ့ မလႈပ္ရဲဘူး။ ႏိုင္ငံေရးပါတီ ဆိုတာကလည္း ကိုယ္ခ်ည္းပဲ လုပ္ေနလို႔မရဘူး။ ျပည္သူပါဝင္မွလည္း အားေကာင္းမွာေလ။ တဖက္မွာရွိတဲ့ ျပည္သူလူထုကလည္း ၿခိမ္းေျခာက္မႈခံရတဲ့ အေၾကာက္တရားေတြနဲ႔ ေနာက္တြန႔္ေနတဲ့ အခါက်ေတာ့ ႏိုင္ငံေရးပါတီေတြ အေနနဲ႔ စည္း႐ုံးေရးလုပ္ငန္းေတြက အစ၊ ပါတီလုပ္ငန္းစဥ္ေတြကအစ လုပ္ရကိုင္ရတာ ေတာ္ေတာ္ၾကပ္ၾကပ္တည္းတည္းသြားေနရတယ္”ဟု ဦးလွေဌးက ဆိုသည္။

အဓိက ႀကဳံေတြ႕ရသည့္ အခက္အခဲမွာ လူထုကၿခိမ္းေျခာက္မႈကို ေၾကာက္ေနရသည့္ ျပႆနာပါဝင္ၿပီး ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ကြင္းဆင္းေဆာင္ ႐ြက္ရမည္ဆိုေသာ အခါတြင္လည္း အႏၲရာယ္ရွိေနသည့္ အေျခအေန ျဖစ္ေသာေၾကာင့္ ကြင္းဆင္းေဆာင္႐ြက္မႈကို က်ယ္က်ယ္ျပန႔္ျပန႔္ မလုပ္ႏိုင္သည့္ အေနအထားရွိေၾကာင္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.