ရွှေဝါဆပ်ပြာစက်ရုံမှ ဒုမန်နေဂျာတစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံရ

 621

NP News - ဇန်နဝါရီ ၃ဝ

ရွှေဝါဆပ်ပြာစက်ရုံမှ ဒုတိယအထွေထွေမန်နေဂျာတစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၃ဝ ရက်)၊ နံနက် ၆ နာရီကျော်အချိန်ခန့်တွင် ရန်ကုန် တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ယာရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဒုတိယမန်နေဂျာဖြစ်သူ ဦးမြင့်စိုးသည် ရွှေဝါဆပ်ပြာစက်ရုံမှ လမ်းလျှောက်ကာ ရတနာမွန်အိမ်ယာရှေ့ရှိ လမ်းဘေးအသုပ်ဆိုင်သို့ အသုပ်ဝယ်ရန် ရောက်ရှိလာစဉ်အချိန် အနီးကပ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအ ရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ဘတ္ထရီစက်ဘီးစီးလာသည့် အမျိုးသားနှစ်ဦးက ဒုမန်နေဂျာဖြစ်သူအား သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်စိုးမှာ ဦးခေါင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ႊဝါဆပ္ျပာစက္႐ုံမွ ဒုမန္ေနဂ်ာတစ္ဦး ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္ခံရ
NP News - ဇန္နဝါရီ ၃ဝ

ေ႐ႊဝါဆပ္ျပာစက္႐ုံမွ ဒုတိယအေထြေထြမန္ေနဂ်ာတစ္ဦး ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၃ဝ ရက္)၊ နံနက္ ၆ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ရန္ကုန္ တိုင္း၊ လႈိင္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္း၊ ရတနာမြန္အိမ္ယာေရွ႕၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ဒုတိယမန္ေနဂ်ာျဖစ္သူ ဦးျမင့္စိုးသည္ ေ႐ႊဝါဆပ္ျပာစက္႐ုံမွ လမ္းေလွ်ာက္ကာ ရတနာမြန္အိမ္ယာေရွ႕ရွိ လမ္းေဘးအသုပ္ဆိုင္သို႔ အသုပ္ဝယ္ရန္ ေရာက္ရွိလာစဥ္အခ်ိန္ အနီးကပ္ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအ ရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ဘတၳရီစက္ဘီးစီးလာသည့္ အမ်ိဳးသားႏွစ္ဦးက ဒုမန္ေနဂ်ာျဖစ္သူအား ေသနတ္ျဖင့္ အနီးကပ္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးျမင့္စိုးမွာ ဦးေခါင္း၌ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ၿပီး ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.