ဘုရားသုံးဆူမြို့ပေါ်ရှိ နိုင်ငံပိုင်အဆောက်အအုံများအား KNU နှင့် PDFအဖွဲ့များက မီးရှို့ဖျက်ဆီး

 689

NP News - ဇန်နဝါရီ ၃ဝ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ နိုင်ငံပိုင်အ ဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၉)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ(၂၉)ရက်၊ နံနက်(၆)နာရီခွဲအချိန်တွင် ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့မစျေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးအား KNUနှင့် PDF များက ဝင်‌ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မြေစာရင်းရုံးအတွင်းရှိ တစ်ထပ်အဆောက်အအုံတစ်လုံး၊ သွပ် မိုးပျဥ်ထောင်နေအိမ်တစ်လုံးတို့မီးလောင်ပျက်စီးခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့ပြင် အဆိုပါရုံးနှင့်ကပ်လျက်ရှိသော မြန်မာ့ဆက်သွယ်ရေးရုံးအတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် ပစ္စည်းများထားသည့် အဆောက် အအုံ အခန်းတစ်ခန်းလည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များမှ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ဘုရားသုံးဆူၿမိဳ႕ေပၚရွိ ႏိုင္ငံပိုင္အေဆာက္အအုံမ်ားအား KNU ႏွင့္ PDFအဖြဲ႕မ်ားက မီးရႈိ႕ဖ်က္ဆီး
NP News - ဇန္နဝါရီ ၃ဝ

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူၿမိဳ႕ေပၚရွိ ႏိုင္ငံပိုင္အ ေဆာက္အအုံမ်ား မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၉)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ(၂၉)ရက္၊ နံနက္(၆)နာရီခြဲအခ်ိန္တြင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ နယ္၊ ဘုရားသုံးဆူၿမိဳ႕၊ အမွတ္(၃) ရပ္ကြက္၊ ၿမိဳ႕မေစ်းလမ္းရွိ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန႐ုံးအား KNUႏွင့္ PDF မ်ားက ဝင္‌ေရာက္မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ေျမစာရင္း႐ုံးအတြင္းရွိ တစ္ထပ္အေဆာက္အအုံတစ္လုံး၊ သြပ္ မိုးပ်ဥ္ေထာင္ေနအိမ္တစ္လုံးတို႔မီးေလာင္ပ်က္စီးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ျပင္ အဆိုပါ႐ုံးႏွင့္ကပ္လ်က္ရွိေသာ ျမန္မာ့ဆက္သြယ္ေရး႐ုံးအတြင္းရွိ MPT ဆက္သြယ္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္သည့္ ပစၥည္းမ်ားထားသည့္ အေဆာက္ အအုံ အခန္းတစ္ခန္းလည္း မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္မ်ားမွ အၾကမ္းဖက္လုပ္ရပ္မ်ား က်ဴးလြန္ခဲ့သူမ်ားကို ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.