အိန္ဒိယနိုင်ငံမှ ဆေးပညာရှင်များအနေဖြင့် မြန်မာနိုင်ငံ၌ ဆေးဝါးစက်ရုံများ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံရန် နစကဝန်ကြီး ဖိတ်ခေါ်

 557

ယွန်း(NP News) - ဇန်နဝါရီ ၃ဝ

အိန္ဒိယနိုင်ငံမှ ဆေးပညာရှင်များအား မြန်မာနိုင်ငံတွင်ဆေးကုသမှုများ လာရောက်၍ ပူးပေါင်းလုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောဆိုထားသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇန် နဝါရီလ(၃ဝ)ရက်တွင် ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနိုင်ငံဖြစ်ပြီး (၂ဝ၂၁-၂ဝ၂၂) ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁ ဒသမ ၈၉) ဘီလျံခန့်ရှိကြောင်း ပြည် ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုထားသည်။

အိန္ဒိယမှ မြန်မာနိုင်ငံသို့ အဓိကတင်သွင်းသည့် ကုန်ပစ္စည်းမှာ ဆေးဝါးဖြစ်ပြီး အဆိုပါဆေးဝါးများကို ဆေးရုံများတွင် အသုံးပြုနိုင်ရန်အတွက် ဝန်ကြီးဌာနမှ နိုင်ငံတော်ဘတ်ဂျက်ဖြင့် နှစ်စဉ်ဝယ်ယူဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ဆေးပညာရပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်သောနိုင်ငံဖြစ်ခြင်းကြောင့် အိန္ဒိယနိုင်ငံမှ ဆေးပညာရှင်များအား မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာဆေးပညာရှင်များနှင့် ပူးပေါင်းကာ ဆေးကုသမှုများ ဆောင်ရွက်ရန် ပြည် ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောဆိုခဲ့သည်။

အလားတူ အိန္ဒိယဆေးပညာရှင်များအား မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံများ တည် ထောင်၍ ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ အကြံပြုပြောဆိုထားသည်။

ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု အခြေအနေများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်းသည် အရေးပါသော အဖွဲ့အ စည်းတစ်ခုဖြစ်ကြောင်း ၎င်းမှဆိုထားသည်။

zawgyi version
အိႏၵိယႏိုင္ငံမွ ေဆးပညာရွင္မ်ားအေနျဖင့္ ျမန္မာႏိုင္ငံ၌ ေဆးဝါးစက္႐ုံမ်ား တည္ေဆာက္၍ ရင္းႏွီးျမႇဳပ္ႏွံရန္ နစကဝန္ႀကီး ဖိတ္ေခၚ
ယြန္း(NP News) - ဇန္နဝါရီ ၃ဝ

အိႏၵိယႏိုင္ငံမွ ေဆးပညာရွင္မ်ားအား ျမန္မာႏိုင္ငံတြင္ေဆးကုသမႈမ်ား လာေရာက္၍ ပူးေပါင္းလုပ္ေဆာင္ရန္ ျပည္ေထာင္စုဝန္ႀကီးမွ တိုက္တြန္းေျပာဆိုထားသည္။

က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ဇန္ နဝါရီလ(၃ဝ)ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ အိႏၵိယစင္တာ၌ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အိႏၵိယႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈႏိုင္ငံျဖစ္ၿပီး (၂ဝ၂၁-၂ဝ၂၂) ခုႏွစ္တြင္ ကုန္သြယ္မႈတန္ဖိုး အေမရိကန္ေဒၚလာ (၁ ဒသမ ၈၉) ဘီလ်ံခန႔္ရွိေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုထားသည္။

အိႏၵိယမွ ျမန္မာႏိုင္ငံသို႔ အဓိကတင္သြင္းသည့္ ကုန္ပစၥည္းမွာ ေဆးဝါးျဖစ္ၿပီး အဆိုပါေဆးဝါးမ်ားကို ေဆး႐ုံမ်ားတြင္ အသုံးျပဳႏိုင္ရန္အတြက္ ဝန္ႀကီးဌာနမွ ႏိုင္ငံေတာ္ဘတ္ဂ်က္ျဖင့္ ႏွစ္စဥ္ဝယ္ယူျဖန႔္ျဖဴးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ အိႏၵိယႏိုင္ငံသည္ ေဆးပညာရပ္ပိုင္းဆိုင္ရာ တိုးတက္ေကာင္းမြန္ေသာႏိုင္ငံျဖစ္ျခင္းေၾကာင့္ အိႏၵိယႏိုင္ငံမွ ေဆးပညာရွင္မ်ားအား ျမန္မာႏိုင္ငံသို႔ လာေရာက္၍ ျမန္မာေဆးပညာရွင္မ်ားႏွင့္ ပူးေပါင္းကာ ေဆးကုသမႈမ်ား ေဆာင္႐ြက္ရန္ ျပည္ ေထာင္စုဝန္ႀကီးမွ တိုက္တြန္းေျပာဆိုခဲ့သည္။

အလားတူ အိႏၵိယေဆးပညာရွင္မ်ားအား ျမန္မာႏိုင္ငံတြင္ ေဆးဝါးစက္႐ုံမ်ား တည္ ေထာင္၍ ရင္းႏွီးျမႇပ္ႏွံမႈမ်ားျပဳလုပ္ရန္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းမွ အႀကံျပဳေျပာဆိုထားသည္။

ထို႔ျပင္ ႏွစ္ႏိုင္ငံကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈ အေျခအေနမ်ားကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိၿပီး အိႏၵိယ-ျမန္မာ ကုန္သည္ႀကီးမ်ားအသင္းသည္ အေရးပါေသာ အဖြဲ႕အ စည္းတစ္ခုျဖစ္ေၾကာင္း ၎မွဆိုထားသည္။

Related news

© 2021. All rights reserved.