TikTok အပလီကေးရှင်းကို ဝယ်ယူဖို့ အမေရိကန်အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးကမ်းလှမ်း

 907

Pika(NP News) - မေ ၁၆

TikTok အပလီကေးရှင်းကို တရုတ်ပိုင်ရှင်ထံကနေ ဝယ်ယူဖို့အတွက် စီစဉ်နေတယ်လို့ အမေရိကန်အိမ်ခြံမြေလုပ်ငန်းရှင် Frank McCourt က မေလ (၁၅)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

TikTok အပလီကေးရှင်းပိုင်ဆိုင်တဲ့ ByteDance ကုမ္ပဏီကို ၎င်းရဲ့လုပ်ငန်းအား ရောင်းချဖို့(၉)လအချိန်ပေးတဲ့ ဥပဒေအသစ်တစ်ရပ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့ဧပြီလမှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒီလိုကမ်းလှမ်းမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ဥပဒေအသစ်အရ (၉)လအတွင်း မရောင်းချခဲ့ဘူးဆိုရင် TikTok အပလီကေးရှင်းကို အမေရိကန်အပ်ပ်စတိုးတွေကနေ ပိတ်ပင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း TikTok အပ်ပ်ကို ရောင်းချသွားဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ByteDance ကုမ္ပဏီကပြောကြားခဲ့ပါတယ်။ TikTok အပ်ပ်က လုံခြုံရေးချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်လွှတ်တော်အမတ်အများအပြားက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေရဲ့ စွပ်စွဲပြောဆိုချက်တွေကို TikTok အပ်ပ်က ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်းသိရပါတယ်။ ဒါ့ပြင် TikTok အပ်ပ်ကို ဝယ်ယူပြီး ပိုမိုကောင်းမွန်ပြီး ဆန်းသစ်တဲ့ ဗားရှင်းအသစ်အဖြစ် ပြန်လည်တည်ဆောက်သွားဖို့စီစဉ်နေတယ်လို့ Frank McCourt ကပြောကြားခဲ့ပါတယ်။ Frank McCourt က 'ဒီလိုအလားအလာရှိတဲ့ဝယ်ယူမှုဟာ အင်တာနက်ပေါ်မှာနယ်ချဲ့နေတဲ့ လက်ရှိနည်းပညာမော်ဒယ်တွေအတွက် အခြားရွေးချယ်စရာတစ်ခုဖြစ်ပြီး အံ့ဩဖို့ကောင်းတဲ့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ TikTok အပ်ပ်ဟာ လူသန်းပေါင်းများစွာကို ချိတ်ဆက်မှုတွေလုပ်ဆောင်ပေးနိုင်ပြီး တီထွင်ဖန်တီးမှုတွေလုပ်ဆောင်စေနိုင်တာနဲ့အတူ အင်တာနက်ရဲ့ အကောင်းဆုံးနဲ့အဆိုးဆုံးတွေကို ပေးအပ်နိုင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

TikTok အပ်ပ်ကို ဝယ်ယူဖို့အတွက် ရင်းနှီးမြှုပ်နှံမှုဘဏ် Guggenheim Securities၊ တရားဝင်ကုမ္ပဏီ Kirkland & Ellis၊ ပညာရှင်တွေ၊ နည်းပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ Frank McCourt ကပြောကြားခဲ့ပါတယ်။

zawgyi version
TikTok အပလီေကးရွင္းကို ဝယ္ယူဖို႔ အေမရိကန္အိမ္ၿခံေျမလုပ္ငန္းရွင္တစ္ဦးကမ္းလွမ္း
Pika(NP News) - ေမ ၁၆

TikTok အပလီေကးရွင္းကို တ႐ုတ္ပိုင္ရွင္ထံကေန ဝယ္ယူဖို႔အတြက္ စီစဥ္ေနတယ္လို႔ အေမရိကန္အိမ္ၿခံေျမလုပ္ငန္းရွင္ Frank McCourt က ေမလ (၁၅)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

TikTok အပလီေကးရွင္းပိုင္ဆိုင္တဲ့ ByteDance ကုမၸဏီကို ၎ရဲ႕လုပ္ငန္းအား ေရာင္းခ်ဖို႔(၉)လအခ်ိန္ေပးတဲ့ ဥပေဒအသစ္တစ္ရပ္ကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ၿပီးခဲ့တဲ့ဧၿပီလမွာ လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ ဒီလိုကမ္းလွမ္းမႈထြက္ေပၚလာတာျဖစ္ပါတယ္။ ဥပေဒအသစ္အရ (၉)လအတြင္း မေရာင္းခ်ခဲ့ဘူးဆိုရင္ TikTok အပလီေကးရွင္းကို အေမရိကန္အပ္ပ္စတိုးေတြကေန ပိတ္ပင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း TikTok အပ္ပ္ကို ေရာင္းခ်သြားဖို႔ ရည္႐ြယ္ခ်က္မရွိဘူးလို႔ ByteDance ကုမၸဏီကေျပာၾကားခဲ့ပါတယ္။ TikTok အပ္ပ္က လုံၿခဳံေရးခ်ိဳးေဖာက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္လႊတ္ေတာ္အမတ္အမ်ားအျပားက ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း စြပ္စြဲေျပာဆိုခဲ့ပါတယ္။

အေမရိကန္လႊတ္ေတာ္အမတ္ေတြရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကို TikTok အပ္ပ္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္းသိရပါတယ္။ ဒါ့ျပင္ TikTok အပ္ပ္ကို ဝယ္ယူၿပီး ပိုမိုေကာင္းမြန္ၿပီး ဆန္းသစ္တဲ့ ဗားရွင္းအသစ္အျဖစ္ ျပန္လည္တည္ေဆာက္သြားဖို႔စီစဥ္ေနတယ္လို႔ Frank McCourt ကေျပာၾကားခဲ့ပါတယ္။ Frank McCourt က 'ဒီလိုအလားအလာရွိတဲ့ဝယ္ယူမႈဟာ အင္တာနက္ေပၚမွာနယ္ခ်ဲ႕ေနတဲ့ လက္ရွိနည္းပညာေမာ္ဒယ္ေတြအတြက္ အျခားေ႐ြးခ်ယ္စရာတစ္ခုျဖစ္ၿပီး အံ့ဩဖို႔ေကာင္းတဲ့ အခြင့္အေရးတစ္ခုပဲျဖစ္ပါတယ္။ TikTok အပ္ပ္ဟာ လူသန္းေပါင္းမ်ားစြာကို ခ်ိတ္ဆက္မႈေတြလုပ္ေဆာင္ေပးႏိုင္ၿပီး တီထြင္ဖန္တီးမႈေတြလုပ္ေဆာင္ေစႏိုင္တာနဲ႔အတူ အင္တာနက္ရဲ႕ အေကာင္းဆုံးနဲ႔အဆိုးဆုံးေတြကို ေပးအပ္ႏိုင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

TikTok အပ္ပ္ကို ဝယ္ယူဖို႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ Guggenheim Securities၊ တရားဝင္ကုမၸဏီ Kirkland & Ellis၊ ပညာရွင္ေတြ၊ နည္းပညာရွင္ေတြနဲ႔ လက္တြဲလုပ္ေဆာင္ေနတယ္လို႔ Frank McCourt ကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.