TikTok တည်ထောင်သူ ကျန်းယီမင် တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ

 468

ရောင်နီ (NP News) - အောက်တိုဘာ ၃၁

TikTok မိခင်ကုမ္ပဏီ ByteDance ရဲ့ပူးတွဲတည်ထောင်သူ အသက် ၄၁ နှစ်အရွယ် ကျန်းယီမင် ဟာ အင်္ဂါနေ့ (အောက်တိုဘာ ၂၉ ရက်) က ထုတ်ပြန်တဲ့ 2024 Hurun China Rich List မှာ ထိပ်ဆုံးကို ရောက်ရှိလာတာ တွေ့ရပါတယ်။

နိုင်ငံရဲ့အချမ်းသာဆုံးလူတွေကို အဆင့်သတ်မှတ်ထုတ်ပြန်တဲ့ သုတေသန၊ မီဒီယာနဲ့ဘရင်းနှီးမြှုပ်နှံမှုအဖွဲ့ Hurun Inc မှ အကဲဖြတ်ချက်အရ ၎င်းရဲ့ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၄၉.၃ ဘီလီယံအထိ ရှိတယ်လို့ ဆိုပါတယ်။ ကျန်းရဲ့ ByteDance ကမ္ဘာလုံးဆိုင်ရာ၀င်ငွေဟာ ယမန်နှစ်က ဒေါ်လာ ၁၁၀ ဘီလီယံအထိ ၃၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်၊ မေလက Tiktok တရားဝင် စမိတ်ဆက်ခဲ့ချိန်ကစ TikTok ဟာ ကမ္ဘာတစ်ဝှမ်း ရေပန်းစားလာခဲ့ပြီး လူငယ်များစွာ နှစ်သက်တဲ့ ခေတ်မီ လူမှုမီဒီယာပလပ်ဖောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။
ကျန်းဟာ ByteDance ကို ၂၀၁၂ ခုနှစ်က ပေကျင်းမှာ ကောလိပ်အခန်းဖော် လိုင်ရူဘို ပူးတွဲတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်ပြီး အမေရိကန်၊ အိန္ဒိယ အပါအဝင် နိုင်ငံတော်တော်များများမှာ Tiktok ဟာ ပိတ်ဆို့ခံထားရပါတယ်။

Zawgyi Version;
TikTok တည္ေထာင္သူ က်န္းယီမင္ တ႐ုတ္ႏိုင္ငံရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္လာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၃၁

TikTok မိခင္ကုမၸဏီ ByteDance ရဲ႕ပူးတြဲတည္ေထာင္သူ အသက္ ၄၁ ႏွစ္အ႐ြယ္ က်န္းယီမင္ ဟာ အဂၤါေန႔ (ေအာက္တိုဘာ ၂၉ ရက္) က ထုတ္ျပန္တဲ့ 2024 Hurun China Rich List မွာ ထိပ္ဆုံးကို ေရာက္ရွိလာတာ ေတြ႕ရပါတယ္။

ႏိုင္ငံရဲ႕အခ်မ္းသာဆုံးလူေတြကို အဆင့္သတ္မွတ္ထုတ္ျပန္တဲ့ သုေတသန၊ မီဒီယာနဲ႔ဘရင္းႏွီးျမႇဳပ္ႏွံမႈအဖြဲ႕ Hurun Inc မွ အကဲျဖတ္ခ်က္အရ ၎ရဲ႕ခ်မ္းသာႂကြယ္ဝမႈဟာ ေဒၚလာ ၄၉.၃ ဘီလီယံအထိ ရွိတယ္လို႔ ဆိုပါတယ္။ က်န္းရဲ႕ ByteDance ကမာၻလုံးဆိုင္ရာ၀င္ေငြဟာ ယမန္ႏွစ္က ေဒၚလာ ၁၁၀ ဘီလီယံအထိ ၃၀ ရာခိုင္ႏႈန္း တိုးလာခဲ့တယ္လို႔ ဆိုပါတယ္။
၂၀၁၇ ခုႏွစ္၊ ေမလက Tiktok တရားဝင္ စမိတ္ဆက္ခဲ့ခ်ိန္ကစ TikTok ဟာ ကမာၻတစ္ဝွမ္း ေရပန္းစားလာခဲ့ၿပီး လူငယ္မ်ားစြာ ႏွစ္သက္တဲ့ ေခတ္မီ လူမႈမီဒီယာပလပ္ေဖာင္းတစ္ခုျဖစ္လာခဲ့ပါတယ္။
က်န္းဟာ ByteDance ကို ၂၀၁၂ ခုႏွစ္က ေပက်င္းမွာ ေကာလိပ္အခန္းေဖာ္ လိုင္႐ူဘို ပူးတြဲတည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားနဲ႔ပတ္သက္ၿပီး အေမရိကန္၊ အိႏၵိယ အပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ Tiktok ဟာ ပိတ္ဆို႔ခံထားရပါတယ္။

Related news

© 2021. All rights reserved.