ကျောက်ဖြူ-ကူမင်းပိုက်လိုင်း၏ ကွယ်ဝှက်ထားသော ဗျူဟာမြောက်တန်ဖိုးအကြောင်း တရုတ်ပါမောက္ခက တရုတ်ကျောင်းသားများကို ထည့်သွင်းသင်ကြားနေ
1612
အေဝိုင်အီး (NP News) - နိုဝင်ဘာ ၂၁
ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၏တန်ဖိုးသည် တည်ရှိနေခြင်း ထက်ပျက်စီးသွားမှသာ ဗျူဟာမြောက်တန်ဖိုးအဖြစ် ထွက်ပေါ်လာမည်ဖြစ်ကြောင်း တရုတ်တက္ကသိုလ် ပါမောက္ခအချို့က တရုတ်ကျောင်းသားများကို စာပေသင်ကြားမှုအတွင်း၌ ထည့်သွင်းပြောကြားနေကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုတွင်ရှိသော တက္ကသိုလ်တစ်ခု၌ မကြာသေးမီ လပိုင်းအတွင်းက ပြောကြား ခဲ့ခြင်းမျိုးဖြစ်ပြီး ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် လောင်စာဆီတင်ပို့မှုသည် တရုတ် နိုင်ငံလောင်စာဆီ လိုအပ် ချက်၏(၂)ရာခိုင်နှုန်းသာ ရှိနေကြောင်းလည်း ထည့်သွင်းပြောကြားသည်။ ‘‘တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့စကားက တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးရဲ့တန်ဖိုးက ပုံမှန်ရှိနေချိန် မဟုတ်ဘူး။ ပျက်စီးသွားမှသာ ဗျူဟာမြောက်တန်ဖိုး ထွက်လာမှာဆိုတာပဲ။ အဲဒီ ဗျူဟာ မြောက်တန်ဖိုးဆိုတဲ့စကားက တော်တော်လေး စဉ်းစားစရာဖြစ်သွားတယ်။ ဆိုလိုတာက ဘယ်နေ့မှာ ဘယ်သူက ပိုက်လိုင်းကြီးကို ဖောက်ခွဲဖျက် ဆီးမလဲ မသိနိုင်ဘူး။ အဲဒီလိုဖြစ်ပြီဆိုရင် တရုတ်ရဲ့အကျိုး စီးပွားကို တိုက်ရိုက်ထိခိုက်တာမို့လို့ တရုတ်အစိုးရက လုပ်စရာရှိတာလုပ်လို့ရပြီလေ။ သူက အဲဒီသဘော ပြောတာ။ ရှိနေတာက တန်ဖိုးမဟုတ်ဘူး။ ပျက်အောင် လုပ်မှသာ တန်ဖိုးက ထွက်လာမှာ။ အဲဒါ တော်တော် ကြောက်စရာကောင်းတဲ့စကား” ဟု တက္ကသိုလ် ပါမောက္ခ၏သင်ကြားချက်ကို ကိုယ်တိုင်နားထောင်ခဲ့ရ သူ မြန်မာပညာရှင်တစ်ဦးက NP News ကို ပြောသည်။
တရုတ်ပါမောက္ခ၏သင်ကြားချက်များကို နားထောင်ခဲ့ကြသော တရုတ်ကျောင်းသားများကလည်း မြန်မာမှ တစ်ဆင့် သွယ်တန်းထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ လောင်စာဆီဖြည့်တင်းနိုင်မှုအခြေအနေကို စိတ်ဝင်တစားရှိကြသည်ဟု ဆိုသည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏လောင်စာ ဆီလိုအပ်ချက်အတွက် ပြည်ပနိုင်ငံများမှ တစ်ဆင့် ဖြတ်သန်းရသည့်အရေးပါသော ပိုက်လိုင်းကြီးသုံးခုကို အထူးပြုလေ့လာကြခြင်းမျိုးဖြစ်ကာ မြန်မာနိုင်ငံကို ဖြတ်သန်းသော ပိုက်လိုင်းကဏ္ဍတွင် အဆိုပါ ပါမောက္ခ၏သုတေသနပြုဟောပြောချက်များထွက်လာခြင်းလည်း ဖြစ်သည်။ ‘‘မြန်မာပိုက်လိုင်းက တရုတ်အတွက် (၂)ရာခိုင်နှုန်းပဲရှိတယ်ဆိုတာ တကယ်လည်းတွက်ကြည့်လို့ရတယ်။ ကျွန်တော်ယူ ဆတာကတော့ ပိုက်လိုင်းကသေးတာရယ်၊ အရှေ့အလယ်ပိုင်းကနေ ရေနံတွေသင်္ဘောနဲ့သယ်လာပြီး တော့ ကျောက်ဖြူ မဒေးကျွန်းကနေတစ်ဆင့် ပိုက်လိုင်းအသုံးပြု တွန်းလွှတ်တာတွေက ကုန်ကျစရိတ်ပိုများတာ တွေကြောင့် ဖြစ်နိုင်တယ်။ ကျွန်တော့် အယူအဆကတော့ အစပိုင်းမှာ တရုတ်လည်းကောင်း မယ်ထင်ပြီးလုပ်လိုက် တာမျိုးဖြစ်နိုင်သလို လက်တွေ့မှာ တွက်ချေမကိုက်တော့တာမျိုးပေါ့။ တရုတ်က ပိုက်လိုင်းသုံးခုလုံး အဆင်မပြေဘူးလို့ ပါမောက္ခက ပြောတယ်” ဟု မြန်မာပညာရှင်က ပြောသည်။
လောင်စာဆီလိုအပ်ချက်အတွက် ပင်လယ်ပြင်မှသယ်ယူပို့ဆောင်ခြင်းအပြင် ရုရှားမှ ပိုက်လိုင်းတစ်ခု၊ ကာဇက် စတန်ဘက်မှ ပိုက်လိုင်း တစ်ခုနှင့် မြန်မာဘက်မှ ပိုက်လိုင်းတစ်ခုကို တရုတ်တို့က မဟာဗျူဟာမြောက် ဖောက်လုပ် ထားခဲ့သည်။ သို့သော်လည်း ပိုက်လိုင်းမှတစ်ဆင့် ရေနံတင်ပို့မှုများထက် ရေနံတင်သင်္ဘောကြီးများဖြင့် မလက္ကာရေ လက်ကြားကိုဖြတ်သန်း၍ တရုတ်ပြည်သို့ တင်သွင်းခြင်းက ပို၍ဈေးတွက်ကိုက်နေပြီး ကုန်ကျစရိတ်လည်း သက်သာ နေကြောင်း သုတေသနပြုထား ချက်များအရ ပါမောက္ခက အသိပေးခဲ့သည်ဟု ဆိုသည်။ ‘‘ မလက္ကာရေ လက်ကြား မှာတင် မကဘူး။ ဩစတြေးလျအပေါ်ဘက် ပင်လယ်ပြင်ကနေ အမေရိကန်စစ်သင်္ဘောတွေက ပိတ်ဆို့ရပ်တန့်ထားရင်ပဲ တရုတ်ကို လည်ပင်းညှစ်ထားသလိုဖြစ်နေပြီ။ ဒါကို တရုတ်က စိုးရိမ်တယ်။ တကယ်ဖြေရှင်းရမှာက ပင်လယ်ဘက်က ပြဿနာလို့ ပါမောက္ခကပြောတယ်ဗျ။ အဓိကကတော့ အရေးကြုံလာရင် တရုတ်ကို လည်ပင်းညှစ်မှာက မလက္ကာရေ လက်ကြားပဲ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။ တရုတ်နိုင်ငံ၏ လောင်စာဆီ တစ်ရက်စာ သုံးစွဲမှုလိုအပ်ချက်သည် ရေနံစည်ပေါင်း (၃ ဒသမ ၉) သန်းရှိသည်ဟု (၂၀၂၄) ခုနှစ် ဇွန်လအတွင်း သုံးစွဲခဲ့သောကိန်းဂဏန်းကိုအခြေပြု၍ US Energy Information Administration (EIA) က ဖော်ပြသည်။ မြန်မာနိုင်ငံကို ဖြတ်သန်း၍သွယ်တန်းထားသော ပိုက်လိုင်း မှတစ်ဆင့် ကူမင်းသို့ ပို့ဆောင်နေသော ပမာဏမှာ တစ်နှစ်လျှင် ရေနံစိမ်းတန်(၁၂)သန်းခန့် တစ်နည်း အားဖြင့် ရေနံစည်ပေါင်း (၇ ဒသမ ၄၆) သန်းရှိသည် ဟု ဖော်ပြထားသည်။ ‘‘ယူနန်ရောက်ရင် သွားကြည့် လို့ရတယ်။ တကယ့် ဧရာမအကြီးကြီးအဖြစ် မြင်ရတဲ့ ရေနံချက်စက်ရုံတွေရှိတယ်။ ဒါပေမဲ့ အဲဒါတွေက တရုတ်တစ်နိုင်ငံလုံးအတွက်တော့ ဒါဘာမှမဟုတ် ဘူး။ သေးသေးလေးရယ်တဲ့ ’’ ဟု မြန်မာပညာရှင်က ထပ်ဆင့်ပြန်လည်ပြောကြားသည်။
(၂၀ဝ၇-၂၀ဝ၈) ခုနှစ်ကတည်းက တရုတ်တို့ စတင်စီစဉ်ခဲ့သော ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းသည် (၂၀၁၃) ခုနှစ်တွင် သဘာဝဓာတ်ငွေ့ များကို စတင်ပို့ ဆောင် ခြင်းဖြင့် လုပ်ငန်းစဉ်အောင်မြင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရေနံစိမ်းများကို စတင်ပို့လွှတ်နိုင်ခဲ့သည်။ အဆိုပါစီမံကိန်း၏ နောက်ကွယ်တွင် အခြားသော အကြီးစားစီမံကိန်းများကလည်း အသင့်စောင့်ကြိုနေ ပြီဖြစ်ပြီး ခေတ်အဆက်ဆက်အစိုးရများနှင့်ဆင့်ကဲ သဘောတူညီမှုများစွာ ဆက်လက်လုပ်ဆောင် နေရဆဲဖြစ်သည်။
zawgyi version
ေက်ာက္ျဖဴ-ကူမင္းပိုက္လိုင္း၏ ကြယ္ဝွက္ထားေသာ ဗ်ဴဟာေျမာက္တန္ဖိုးအေၾကာင္း တ႐ုတ္ပါေမာကၡက တ႐ုတ္ေက်ာင္းသားမ်ားကို ထည့္သြင္းသင္ၾကားေန
ေအဝိုင္အီး (NP News) - ႏိုဝင္ဘာ ၂၁
ေက်ာက္ျဖဴ-ကူမင္း ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕ပိုက္လိုင္း၏တန္ဖိုးသည္ တည္ရွိေနျခင္း ထက္ပ်က္စီးသြားမွသာ ဗ်ဴဟာေျမာက္တန္ဖိုးအျဖစ္ ထြက္ေပၚလာမည္ျဖစ္ေၾကာင္း တ႐ုတ္တကၠသိုလ္ ပါေမာကၡအခ်ိဳ႕က တ႐ုတ္ေက်ာင္းသားမ်ားကို စာေပသင္ၾကားမႈအတြင္း၌ ထည့္သြင္းေျပာၾကားေနေၾကာင္း သတင္းရရွိသည္။
တ႐ုတ္ႏိုင္ငံ၏ ျပည္နယ္တစ္ခုတြင္ရွိေသာ တကၠသိုလ္တစ္ခု၌ မၾကာေသးမီ လပိုင္းအတြင္းက ေျပာၾကား ခဲ့ျခင္းမ်ိဳးျဖစ္ၿပီး ေက်ာက္ျဖဴ-ကူမင္း ေရနံႏွင့္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွတစ္ဆင့္ ေလာင္စာဆီတင္ပို႔မႈသည္ တ႐ုတ္ ႏိုင္ငံေလာင္စာဆီ လိုအပ္ ခ်က္၏(၂)ရာခိုင္ႏႈန္းသာ ရွိေနေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။ ‘‘ေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းတဲ့စကားက တ႐ုတ္-ျမန္မာ ေရနံနဲ႔သဘာဝဓာတ္ေငြ႕ပိုက္လိုင္းႀကီးရဲ႕တန္ဖိုးက ပုံမွန္ရွိေနခ်ိန္ မဟုတ္ဘူး။ ပ်က္စီးသြားမွသာ ဗ်ဴဟာေျမာက္တန္ဖိုး ထြက္လာမွာဆိုတာပဲ။ အဲဒီ ဗ်ဴဟာ ေျမာက္တန္ဖိုးဆိုတဲ့စကားက ေတာ္ေတာ္ေလး စဥ္းစားစရာျဖစ္သြားတယ္။ ဆိုလိုတာက ဘယ္ေန႔မွာ ဘယ္သူက ပိုက္လိုင္းႀကီးကို ေဖာက္ခြဲဖ်က္ ဆီးမလဲ မသိႏိုင္ဘူး။ အဲဒီလိုျဖစ္ၿပီဆိုရင္ တ႐ုတ္ရဲ႕အက်ိဳး စီးပြားကို တိုက္႐ိုက္ထိခိုက္တာမို႔လို႔ တ႐ုတ္အစိုးရက လုပ္စရာရွိတာလုပ္လို႔ရၿပီေလ။ သူက အဲဒီသေဘာ ေျပာတာ။ ရွိေနတာက တန္ဖိုးမဟုတ္ဘူး။ ပ်က္ေအာင္ လုပ္မွသာ တန္ဖိုးက ထြက္လာမွာ။ အဲဒါ ေတာ္ေတာ္ ေၾကာက္စရာေကာင္းတဲ့စကား” ဟု တကၠသိုလ္ ပါေမာကၡ၏သင္ၾကားခ်က္ကို ကိုယ္တိုင္နားေထာင္ခဲ့ရ သူ ျမန္မာပညာရွင္တစ္ဦးက NP News ကို ေျပာသည္။
တ႐ုတ္ပါေမာကၡ၏သင္ၾကားခ်က္မ်ားကို နားေထာင္ခဲ့ၾကေသာ တ႐ုတ္ေက်ာင္းသားမ်ားကလည္း ျမန္မာမွ တစ္ဆင့္ သြယ္တန္းထားေသာ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ပိုက္လိုင္း၏ ေလာင္စာဆီျဖည့္တင္းႏိုင္မႈအေျခအေနကို စိတ္ဝင္တစားရွိၾကသည္ဟု ဆိုသည္။ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံ၏ေလာင္စာ ဆီလိုအပ္ခ်က္အတြက္ ျပည္ပႏိုင္ငံမ်ားမွ တစ္ဆင့္ ျဖတ္သန္းရသည့္အေရးပါေသာ ပိုက္လိုင္းႀကီးသုံးခုကို အထူးျပဳေလ့လာၾကျခင္းမ်ိဳးျဖစ္ကာ ျမန္မာႏိုင္ငံကို ျဖတ္သန္းေသာ ပိုက္လိုင္းက႑တြင္ အဆိုပါ ပါေမာကၡ၏သုေတသနျပဳေဟာေျပာခ်က္မ်ားထြက္လာျခင္းလည္း ျဖစ္သည္။ ‘‘ျမန္မာပိုက္လိုင္းက တ႐ုတ္အတြက္ (၂)ရာခိုင္ႏႈန္းပဲရွိတယ္ဆိုတာ တကယ္လည္းတြက္ၾကည့္လို႔ရတယ္။ ကြၽန္ေတာ္ယူ ဆတာကေတာ့ ပိုက္လိုင္းကေသးတာရယ္၊ အေရွ႕အလယ္ပိုင္းကေန ေရနံေတြသေဘၤာနဲ႔သယ္လာၿပီး ေတာ့ ေက်ာက္ျဖဴ မေဒးကြၽန္းကေနတစ္ဆင့္ ပိုက္လိုင္းအသုံးျပဳ တြန္းလႊတ္တာေတြက ကုန္က်စရိတ္ပိုမ်ားတာ ေတြေၾကာင့္ ျဖစ္ႏိုင္တယ္။ ကြၽန္ေတာ့္ အယူအဆကေတာ့ အစပိုင္းမွာ တ႐ုတ္လည္းေကာင္း မယ္ထင္ၿပီးလုပ္လိုက္ တာမ်ိဳးျဖစ္ႏိုင္သလို လက္ေတြ႕မွာ တြက္ေခ်မကိုက္ေတာ့တာမ်ိဳးေပါ့။ တ႐ုတ္က ပိုက္လိုင္းသုံးခုလုံး အဆင္မေျပဘူးလို႔ ပါေမာကၡက ေျပာတယ္” ဟု ျမန္မာပညာရွင္က ေျပာသည္။
ေလာင္စာဆီလိုအပ္ခ်က္အတြက္ ပင္လယ္ျပင္မွသယ္ယူပို႔ေဆာင္ျခင္းအျပင္ ႐ုရွားမွ ပိုက္လိုင္းတစ္ခု၊ ကာဇက္ စတန္ဘက္မွ ပိုက္လိုင္း တစ္ခုႏွင့္ ျမန္မာဘက္မွ ပိုက္လိုင္းတစ္ခုကို တ႐ုတ္တို႔က မဟာဗ်ဴဟာေျမာက္ ေဖာက္လုပ္ ထားခဲ့သည္။ သို႔ေသာ္လည္း ပိုက္လိုင္းမွတစ္ဆင့္ ေရနံတင္ပို႔မႈမ်ားထက္ ေရနံတင္သေဘၤာႀကီးမ်ားျဖင့္ မလကၠာေရ လက္ၾကားကိုျဖတ္သန္း၍ တ႐ုတ္ျပည္သို႔ တင္သြင္းျခင္းက ပို၍ေဈးတြက္ကိုက္ေနၿပီး ကုန္က်စရိတ္လည္း သက္သာ ေနေၾကာင္း သုေတသနျပဳထား ခ်က္မ်ားအရ ပါေမာကၡက အသိေပးခဲ့သည္ဟု ဆိုသည္။ ‘‘ မလကၠာေရ လက္ၾကား မွာတင္ မကဘူး။ ဩစေၾတးလ်အေပၚဘက္ ပင္လယ္ျပင္ကေန အေမရိကန္စစ္သေဘၤာေတြက ပိတ္ဆို႔ရပ္တန႔္ထားရင္ပဲ တ႐ုတ္ကို လည္ပင္းညႇစ္ထားသလိုျဖစ္ေနၿပီ။ ဒါကို တ႐ုတ္က စိုးရိမ္တယ္။ တကယ္ေျဖရွင္းရမွာက ပင္လယ္ဘက္က ျပႆနာလို႔ ပါေမာကၡကေျပာတယ္ဗ်။ အဓိကကေတာ့ အေရးႀကဳံလာရင္ တ႐ုတ္ကို လည္ပင္းညႇစ္မွာက မလကၠာေရ လက္ၾကားပဲ’’ဟု ၎က ဆက္လက္ေျပာၾကားသည္။ တ႐ုတ္ႏိုင္ငံ၏ ေလာင္စာဆီ တစ္ရက္စာ သုံးစြဲမႈလိုအပ္ခ်က္သည္ ေရနံစည္ေပါင္း (၃ ဒသမ ၉) သန္းရွိသည္ဟု (၂၀၂၄) ခုႏွစ္ ဇြန္လအတြင္း သုံးစြဲခဲ့ေသာကိန္းဂဏန္းကိုအေျချပဳ၍ US Energy Information Administration (EIA) က ေဖာ္ျပသည္။ ျမန္မာႏိုင္ငံကို ျဖတ္သန္း၍သြယ္တန္းထားေသာ ပိုက္လိုင္း မွတစ္ဆင့္ ကူမင္းသို႔ ပို႔ေဆာင္ေနေသာ ပမာဏမွာ တစ္ႏွစ္လွ်င္ ေရနံစိမ္းတန္(၁၂)သန္းခန႔္ တစ္နည္း အားျဖင့္ ေရနံစည္ေပါင္း (၇ ဒသမ ၄၆) သန္းရွိသည္ ဟု ေဖာ္ျပထားသည္။ ‘‘ယူနန္ေရာက္ရင္ သြားၾကည့္ လို႔ရတယ္။ တကယ့္ ဧရာမအႀကီးႀကီးအျဖစ္ ျမင္ရတဲ့ ေရနံခ်က္စက္႐ုံေတြရွိတယ္။ ဒါေပမဲ့ အဲဒါေတြက တ႐ုတ္တစ္ႏိုင္ငံလုံးအတြက္ေတာ့ ဒါဘာမွမဟုတ္ ဘူး။ ေသးေသးေလးရယ္တဲ့ ’’ ဟု ျမန္မာပညာရွင္က ထပ္ဆင့္ျပန္လည္ေျပာၾကားသည္။
(၂၀ဝ၇-၂၀ဝ၈) ခုႏွစ္ကတည္းက တ႐ုတ္တို႔ စတင္စီစဥ္ခဲ့ေသာ ေက်ာက္ျဖဴ-ကူမင္း ပိုက္လိုင္းသည္ (၂၀၁၃) ခုႏွစ္တြင္ သဘာဝဓာတ္ေငြ႕ မ်ားကို စတင္ပို႔ ေဆာင္ ျခင္းျဖင့္ လုပ္ငန္းစဥ္ေအာင္ျမင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္တြင္ ေရနံစိမ္းမ်ားကို စတင္ပို႔လႊတ္ႏိုင္ခဲ့သည္။ အဆိုပါစီမံကိန္း၏ ေနာက္ကြယ္တြင္ အျခားေသာ အႀကီးစားစီမံကိန္းမ်ားကလည္း အသင့္ေစာင့္ႀကိဳေန ၿပီျဖစ္ၿပီး ေခတ္အဆက္ဆက္အစိုးရမ်ားႏွင့္ဆင့္ကဲ သေဘာတူညီမႈမ်ားစြာ ဆက္လက္လုပ္ေဆာင္ ေနရဆဲျဖစ္သည္။