ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ အသုံးစရိတ် ကျပ်ဘီလျံ (၄၁၀ဝဝ) ကျော်ရှိနိုင်
52
မြူနစ် (NP News) - နိုဝင်ဘာ ၂၄
ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ နိုင်ငံတော်၏ အသုံးစရိတ် ငွေကျပ်ဘီလျံ (၄၁၀ဝဝ) ကျော်ရှိနိုင်ကြောင်း သိရ သည်။
နေပြည်တော်တွင် ယခုရက်ပိုင်းအတွင်း ပြုလုပ်သည့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာအစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
ဘတ်ဂျက်ဖြည့်စွက်ခွင့်ပြုငွေတွင် ကာကွယ်ရေး နှင့် လုံခြုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်တွင်းစားသုံး ဆီဖူလုံစေရေးတို့တွင် အဓိကဖြစ်စေသော အသုံးစရိတ်များကို ခွင့်ပြုသွားရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားကြောင်း သိရသည်။
‘ဘတ်ဂျက်ကတော့ တစ်နှစ်ပြီးတစ်နှစ် များလာတယ်ဗျ။ ဝင်ငွေနဲ့ သုံးငွေကိုချိန်ဆတယ်။ ချေးငွေ ဘယ်လောက် များလဲချေးငွေကို ပြန်ဆပ်ရတာ ရှိတာပေါ့။ အစိုးရအဆက်ဆက်ကလေ။ အဲဒီမှာ အသုံးစရိတ်တွေက ပုံမှန်ပါလာ ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့နှစ်နဲ့ နောက်နှစ်က သိပ်ပြီးတော့ အသုံးစရိတ်က များများမကွာလောက်ဘူး။ တစ်နည်းအားဖြင့် ရငွေက နည်းတဲ့အခါကျတော့ ဘတ်ဂျက်အမြဲတမ်း လိုငွေပြနေတာပေါ့။ အဲဒါမျိုးကြာကြာဖြစ် နေရင် နောက်အစိုးရတွေမှာ ဒီဟာရဲ့ဒဏ်ကိုခံရတာပေါ့။ အဲဒါမျိုးမဖြစ်အောင်တော့ အစိုးရအဆက်ဆက်က ကြိုးစားလုပ်ကြရတာ ပေါ့’ ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ၊ လွှတ်တော်အမတ်ဟောင်း ဒေါက်တာအေးမောင်က NP News သို့ သုံးသပ်ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ မူလခန့်မှန်း ခြေရငွေကို ငွေကျပ်ဘီလျံပေါင်း (၃၁၀ဝဝ)ကျော်ရှိ မည်ဟု ခန့်မှန်းခဲ့ပြီး သုံးငွေအနေဖြင့် ငွေကျပ်ဘီလျံ (၃၉၀ဝဝ)ကျော်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ ယခုအချိန်၌ ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းများအရ နိုင်ငံတော်၏ ရငွေသည် ငွေကျပ်ဘီလျံပေါင်း (၃၅၀ဝဝ) ကျော် ရှိလာမည်ဟု ခန့်မှန်းထားပြီး သုံးငွေပိုင်းတွင်လည်း ငွေကျပ်ဘီလျံ (၄၁၀ဝဝ)ကျော်ရှိမည်ဟု နစကဘက်က ခန့်မှန်းထားသည်။
ထို့ကြောင့် ယခုတွက်ချက်ပြီးဖြစ်သည့် နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(GDP)မှာ ငွေကျပ်ဘီလျံ (၁၅၅၅၄၃ ဒသမ ၅၃၄) ဖြစ်သည့်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ၏ GDP နှင့် လိုငွေ အချိုးမှာ (၃ ဒသမ ၉၁)ရာခိုင် နှုန်း ဖြစ်ကြောင်း နစကဘက်ကဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်ကာ ပြီးခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ နိုင်ငံတော်၏ ရငွေ၊ သုံးငွေပိုင်းတွင် ဆက်တိုက်ဆိုသကဲ့သို့ လိုငွေပြနေ လျက်ရှိသည်။
Zawgyi Version;
ယခုဘ႑ာႏွစ္တြင္ ႏိုင္ငံေတာ္၏ အသုံးစရိတ္ က်ပ္ဘီလ်ံ (၄၁၀ဝဝ) ေက်ာ္ရွိႏိုင္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၄
ယခု (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္တြင္ ျပဳျပင္ၿပီး ခန႔္မွန္းေျခစာရင္းအရ ႏိုင္ငံေတာ္၏ အသုံးစရိတ္ ေငြက်ပ္ဘီလ်ံ (၄၁၀ဝဝ) ေက်ာ္ရွိႏိုင္ေၾကာင္း သိရ သည္။
ေနျပည္ေတာ္တြင္ ယခုရက္ပိုင္းအတြင္း ျပဳလုပ္သည့္ (၂၀၂၄-၂၀၂၅) ဘ႑ာေရးႏွစ္၊ ျပည္ေထာင္စု၏ ျဖည့္စြက္ခြင့္ျပဳေငြစာရင္းမ်ား တင္ျပျခင္းဆိုင္ရာအစည္းအေဝးတြင္ ဘ႑ာေရးဆိုင္ရာေကာ္မရွင္ ဒုတိယဥကၠ႒ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။
ဘတ္ဂ်က္ျဖည့္စြက္ခြင့္ျပဳေငြတြင္ ကာကြယ္ေရး ႏွင့္ လုံၿခဳံေရး၊ ျပည္သူတို႔၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုး တက္ေရး၊ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရး၊ ျပည္တြင္းစားသုံး ဆီဖူလုံေစေရးတို႔တြင္ အဓိကျဖစ္ေစေသာ အသုံးစရိတ္မ်ားကို ခြင့္ျပဳသြားရန္ ႏိုင္ငံေတာ္အႀကီးအကဲက လမ္းၫႊန္ထားေၾကာင္း သိရသည္။
‘ဘတ္ဂ်က္ကေတာ့ တစ္ႏွစ္ၿပီးတစ္ႏွစ္ မ်ားလာတယ္ဗ်။ ဝင္ေငြနဲ႔ သုံးေငြကိုခ်ိန္ဆတယ္။ ေခ်းေငြ ဘယ္ေလာက္ မ်ားလဲေခ်းေငြကို ျပန္ဆပ္ရတာ ရွိတာေပါ့။ အစိုးရအဆက္ဆက္ကေလ။ အဲဒီမွာ အသုံးစရိတ္ေတြက ပုံမွန္ပါလာ ၾကတာေပါ့။ ဘာပဲျဖစ္ျဖစ္ ၿပီးခဲ့တဲ့ႏွစ္နဲ႔ ေနာက္ႏွစ္က သိပ္ၿပီးေတာ့ အသုံးစရိတ္က မ်ားမ်ားမကြာေလာက္ဘူး။ တစ္နည္းအားျဖင့္ ရေငြက နည္းတဲ့အခါက်ေတာ့ ဘတ္ဂ်က္အၿမဲတမ္း လိုေငြျပေနတာေပါ့။ အဲဒါမ်ိဳးၾကာၾကာျဖစ္ ေနရင္ ေနာက္အစိုးရေတြမွာ ဒီဟာရဲ႕ဒဏ္ကိုခံရတာေပါ့။ အဲဒါမ်ိဳးမျဖစ္ေအာင္ေတာ့ အစိုးရအဆက္ဆက္က ႀကိဳးစားလုပ္ၾကရတာ ေပါ့’ ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒၊ လႊတ္ေတာ္အမတ္ေဟာင္း ေဒါက္တာေအးေမာင္က NP News သို႔ သုံးသပ္ေျပာၾကားသည္။
လက္ရွိဘ႑ာႏွစ္တြင္ ႏိုင္ငံေတာ္၏ မူလခန႔္မွန္း ေျခရေငြကို ေငြက်ပ္ဘီလ်ံေပါင္း (၃၁၀ဝဝ)ေက်ာ္ရွိ မည္ဟု ခန႔္မွန္းခဲ့ၿပီး သုံးေငြအေနျဖင့္ ေငြက်ပ္ဘီလ်ံ (၃၉၀ဝဝ)ေက်ာ္ရွိမည္ဟု ခန႔္မွန္းခဲ့သည္။ ယခုအခ်ိန္၌ ျပဳျပင္ၿပီး ခန႔္မွန္းေျခစာရင္းမ်ားအရ ႏိုင္ငံေတာ္၏ ရေငြသည္ ေငြက်ပ္ဘီလ်ံေပါင္း (၃၅၀ဝဝ) ေက်ာ္ ရွိလာမည္ဟု ခန႔္မွန္းထားၿပီး သုံးေငြပိုင္းတြင္လည္း ေငြက်ပ္ဘီလ်ံ (၄၁၀ဝဝ)ေက်ာ္ရွိမည္ဟု နစကဘက္က ခန႔္မွန္းထားသည္။
ထို႔ေၾကာင့္ ယခုတြက္ခ်က္ၿပီးျဖစ္သည့္ ႏိုင္ငံေတာ္၏ စုစုေပါင္းျပည္တြင္းထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈ တန္ဖိုး(GDP)မွာ ေငြက်ပ္ဘီလ်ံ (၁၅၅၅၄၃ ဒသမ ၅၃၄) ျဖစ္သည့္အတြက္ ျပဳျပင္ၿပီးခန႔္မွန္းေျခ၏ GDP ႏွင့္ လိုေငြ အခ်ိဳးမွာ (၃ ဒသမ ၉၁)ရာခိုင္ ႏႈန္း ျဖစ္ေၾကာင္း နစကဘက္ကဆိုသည္။ ျမန္မာႏိုင္ငံတြင္ ၂၀၁၁-၂၀၁၂ ဘ႑ာႏွစ္မွ စတင္ကာ ၿပီးခဲ့ေသာ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္အထိ ႏိုင္ငံေတာ္၏ ရေငြ၊ သုံးေငြပိုင္းတြင္ ဆက္တိုက္ဆိုသကဲ့သို႔ လိုေငြျပေန လ်က္ရွိသည္။