ရုရှားနဲ့စစ်ပွဲဖြစ်ပွားဖို့အတွက် အနောက်အုပ်စုနိုင်ငံတွေက အဆင်သင့်ဖြစ်မနေဘူးလို့ ယူကရိန်းစစ်ဘက်ဝေဖန်
665
Pika (NP News) - နိုဝင်ဘာ ၂၄
တန်ဖိုးကြီးတဲ့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ သိုလှောင်ထားမှုနည်းပါးမှုနဲ့အတူ အနောက်အုပ်စုနိုင်ငံ တွေဟာ ရုရှားလိုမျိုးနိုင်ငံတစ်နိုင်ငံနဲ့ ရှည်ကြာတဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေအတွက် ကြိုတင်ပြင်ဆင်ထား တာမျိုးမရှိဘူးလို့ ယူကရိန်းထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်း ဗလာရီဇာလူဇင်က ပြောကြားခဲ့ပါတယ်။
ဗလာရီဇာလူဇင်ဟာ Ukrainskaya Pravda အွန်လိုင်းသတင်းစာနဲ့ အင်တာဗျူးတစ်ခုအတွင်း ယခုလိုထုတ်ဖော် ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ရုရှားရဲ့ဒုံးကျည်တွေနဲ့ဒရုန်းတွေ အစင်းရေ (၁၈၀၀)ကျော်ဟာ ယူကရိန်းရဲ့စွမ်းအင်အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားခဲ့ပြီး နိုဝင်ဘာလမှာ ရုရှားက အသုံးပြုခဲ့တဲ့ဒရုန်းနဲ့ ဒုံးကျည်တွေဟာ အစင်းရေ(၃၀၀၀)ကျော်သွားပြီဖြစ်တယ်လို့ ဗလာရီဇာလူဇင်က ထပ်မံပြောကြားခဲ့ပါတယ်။
၎င်းက "ယနေ့ ဥရောပနိုင်ငံတွေ ဒါမှမဟုတ် ဗြိတိန်နိုင်ငံမှာတောင် ပဲ့ထိန်းဗုံးတွေကို ကြားဖြတ်ဟန့်တားဖို့ ပက်ထရီယော့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေအတွက် ဒုံးကျည်အစင်းရေ(၅၀၀၀)ပိုင်ဆိုင်တယ်လို့ မထင်မိပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် သံသယဖြစ်မိပါတယ်။ ကာလတို စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေ အတွက်ဆိုရင် ဥရောပနိုင်ငံတွေက အဆင်သင့်ဖြစ်နိုင်ခြေများပါတယ်။
ဒါပေမယ့် အရေးအကြီးဆုံးမေးခွန်းက သူတို့တွေ ကာလရှည်ကြာစစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေအတွက် အဆင်သင့်ပြင်ထားတာမျိုး ရှိလားဆိုတာပါပဲ" လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ကာလရှည်ကြာပဋိပက္ခတွေမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို လိုအပ်ပြီး ဒုံးကျည်သိုလှောင်မှု တွေက အကန့်အသတ်ရှိသလို အသစ်တစ်ခုထုတ်လုပ်ဖို့အတွက် ဈေးအရမ်းကြီးပြီး ရှုပ်ထွေးတာတွေကို ဗလာရီဇာ လူဇင်က အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်ထုတ် ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေမှာ အသုံးပြုတဲ့ PAC-3 ကြားဖြတ်ဒုံးကျည်တစ်စင်းတိုင်းဟာ အမေရိကန်ဒေါ်လာ(၄)သန်း ဝန်းကျင် ကုန်ကျတယ်လို့ အမေရိကန်စစ်ဘက်သတင်းရင်းမြစ်တွေရဲ့အဆိုအရ သိရပါတယ်။
Zawgyi Version;
႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားဖို႔အတြက္ အေနာက္အုပ္စုႏိုင္ငံေတြက အဆင္သင့္ျဖစ္မေနဘူးလို႔ ယူကရိန္းစစ္ဘက္ေဝဖန္
Pika (NP News) - ႏိုဝင္ဘာ ၂၄
တန္ဖိုးႀကီးတဲ့ ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္ေတြ သိုေလွာင္ထားမႈနည္းပါးမႈနဲ႔အတူ အေနာက္အုပ္စုႏိုင္ငံ ေတြဟာ ႐ုရွားလိုမ်ိဳးႏိုင္ငံတစ္ႏိုင္ငံနဲ႔ ရွည္ၾကာတဲ့ စစ္ေရးထိပ္တိုက္ေတြ႕ဆုံမႈေတြအတြက္ ႀကိဳတင္ျပင္ဆင္ထား တာမ်ိဳးမရွိဘူးလို႔ ယူကရိန္းထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ေဟာင္း ဗလာရီဇာလူဇင္က ေျပာၾကားခဲ့ပါတယ္။
ဗလာရီဇာလူဇင္ဟာ Ukrainskaya Pravda အြန္လိုင္းသတင္းစာနဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း ယခုလိုထုတ္ေဖာ္ ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေအာက္တိုဘာလအတြင္း ႐ုရွားရဲ႕ဒုံးက်ည္ေတြနဲ႔ဒ႐ုန္းေတြ အစင္းေရ (၁၈၀၀)ေက်ာ္ဟာ ယူကရိန္းရဲ႕စြမ္းအင္အေျခခံအေဆာက္အဦးေတြကို ပစ္မွတ္ထားခဲ့ၿပီး ႏိုဝင္ဘာလမွာ ႐ုရွားက အသုံးျပဳခဲ့တဲ့ဒ႐ုန္းနဲ႔ ဒုံးက်ည္ေတြဟာ အစင္းေရ(၃၀၀၀)ေက်ာ္သြားၿပီျဖစ္တယ္လို႔ ဗလာရီဇာလူဇင္က ထပ္မံေျပာၾကားခဲ့ပါတယ္။
၎က "ယေန႔ ဥေရာပႏိုင္ငံေတြ ဒါမွမဟုတ္ ၿဗိတိန္ႏိုင္ငံမွာေတာင္ ပဲ့ထိန္းဗုံးေတြကို ၾကားျဖတ္ဟန႔္တားဖို႔ ပက္ထရီေယာ့ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြအတြက္ ဒုံးက်ည္အစင္းေရ(၅၀၀၀)ပိုင္ဆိုင္တယ္လို႔ မထင္မိပါဘူး။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ သံသယျဖစ္မိပါတယ္။ ကာလတို စစ္ေရးထိပ္တိုက္ေတြ႕ဆုံမႈေတြ အတြက္ဆိုရင္ ဥေရာပႏိုင္ငံေတြက အဆင္သင့္ျဖစ္ႏိုင္ေျခမ်ားပါတယ္။
ဒါေပမယ့္ အေရးအႀကီးဆုံးေမးခြန္းက သူတို႔ေတြ ကာလရွည္ၾကာစစ္ေရးထိပ္တိုက္ေတြ႕ဆုံမႈေတြအတြက္ အဆင္သင့္ျပင္ထားတာမ်ိဳး ရွိလားဆိုတာပါပဲ" လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ကာလရွည္ၾကာပဋိပကၡေတြမွာ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို လိုအပ္ၿပီး ဒုံးက်ည္သိုေလွာင္မႈ ေတြက အကန႔္အသတ္ရွိသလို အသစ္တစ္ခုထုတ္လုပ္ဖို႔အတြက္ ေဈးအရမ္းႀကီးၿပီး ရႈပ္ေထြးတာေတြကို ဗလာရီဇာ လူဇင္က အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ထုတ္ ပက္ထရီေယာ့ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြမွာ အသုံးျပဳတဲ့ PAC-3 ၾကားျဖတ္ဒုံးက်ည္တစ္စင္းတိုင္းဟာ အေမရိကန္ေဒၚလာ(၄)သန္း ဝန္းက်င္ ကုန္က်တယ္လို႔ အေမရိကန္စစ္ဘက္သတင္းရင္းျမစ္ေတြရဲ႕အဆိုအရ သိရပါတယ္။