AA က ထိုးစစ်ဆင်နေသည့်တောင်ကုတ်တွင် စကခ ၅၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တို့ မကျသည့်အပြင် လာတိုက်သော သူပုန်များ လန်ကျနေ
1242
သုတကျော် (NP News) - နိုဝင်ဘာ ၂၃
AA က ထိုးစစ်ဆင်နေသော တောင်ကုတ်တွင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ၊ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တို့ မကျသည့်အပြင် လာတိုက်သောသူပုန်များ လန်ကျနေကြောင်း ဖြစ်စဥ◌်နှင့်ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
တောင်ကုတ်သို့ နိုဝင်ဘာလ ၄ ရက်မှ စတင်ကာ AA က စတင်တိုက်ပွဲဖော်လာပြီးနောက် တပ်မတော် နှင့် AA အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကာ တောင်ကုတ်မြို့ကိုမူ AA ဘက်က ယာယီထိန်းချုပ်နိုင်သော အနေအထားဖြစ်ကြောင်း သိရသည်။
"စကခ၅၊ ခမရ၅၄၄၊ ခမရ ၃၄၆ တပ်ရင်း ၃ရင်းလုံးမကျပါဘူး။ ရဲမေတွေကူတိုက်ပေးနေရတဲ့အနေအထားမရောက်ပါဘူး။ အပြင်စည်းမှာလည်း တပ်ရင်း တပ်ဖွဲ့ဝင်တွေ ရှိတယ်။ ဝင်လုံးတိုင်းတဖက်ရန်သူပြန်လန်ပြေးနေရပါတယ်" ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။