ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
166
အေဝိုင်အီး (NP News) - နိုဝင်ဘာ ၂၁
ဖားကန့်ဒေသ ကျောက်တူးရာသီစတင်သည်နှင့် (၇)လခန့်သာရှိသော တစ်ရာသီအတွင်းပင်လျှင် လောင်စာဆီနှင့် ယန္တရားချောဆီခေါင်းစဉ် အောက်မှ အခွန်နှစ်မျိုးစာ ကောက်ခံငွေကျပ်သိန်း ပေါင်း(၁၀)သိန်းခန့် KIA က ရရှိနေပြီး လောင်စာဆီ နှင့် ယန္တရားဆီမျိုးစုံ တင်သွင်းသူများကလည်း မှောင် ခိုလမ်းကြောင်းမျိုးစုံမှတစ်ဆင့် တပ်မတော်ဂိတ်များကိုပါ ဖြတ်သန်း ၍ သယ်ဆောင်ပေးနေကြကြောင်း သတင်းရရှိသည်။
ဒေသအသီးသီးမှ ဖားကန့်မြို့သို့ ဝင်လာသော လောင်စာဆီနှင့် ယန္တရားချောဆီမျိုးစုံကို KIA တပ်ဖွဲ့ဝင်များနှင့် KIA အခွန်ဌာနက စောင့်ဆိုင်း စာရင်းပြုစု၍ အခွန်ငွေအဖြစ် ကောက်ခံနေခြင်းမျိုး ဖြစ်ပြီး ယခင်နှစ်များအတွင်းက ဆီတစ်ပေပါလျှင် ကျပ်(၃၀ဝဝဝ)အထိ ကောက်ယူခဲ့ကြောင်းလည်း သိရသည်။ တရုတ်ဘက်က နယ်စပ်ဂိတ်များ ပိတ်ပင်လိုက်သည့် ယခုနှစ်အတွင်း၌ လောင်စာဆီမျိုးစုံအပေါ် ကောက်ခံသည့်နှုန်းထားများလည်း နှစ်ဆနီးပါး တိုး မြင့်လာခဲ့ပြီး အပြောင်းအလဲဖြစ်လာခဲ့ကြောင်း သတင်းရင်းမြစ်အချို့က NP News ကို အတည်ပြုပြောကြားသည်။
"ကောက်တဲ့ပုံစံ နှစ်မျိုးရှိ တယ်။ ဆီတင်သွင်းလာတဲ့အခွန်(တင်သွင်းခွန်)ရယ်၊ အသုံးပြုခွန်ရယ်ဆိုပြီးတော့ပေါ့။ အရင်နှုန်းထားဆိုရင် တောင် တစ်ပေပါကို ကျပ်(၃၀ဝဝဝ)။ ဖားကန့်မှာက တစ်ရက်ကို ဆီပေပါ သောင်းချီသုံးတယ်။ တစ်ရက်ကို ဆီပေပါ (၅၀ဝဝ) သုံးရင်တောင် သိန်း(၁၅၀ဝ)။ တစ်လကို သိန်း(၄၅၀ဝဝ)။ တစ်ရာသီ (၇)လကို သိန်းပေါင်း(၃)သိန်းကျော်တယ်။ ဒါက စက်သုံးဆီ တစ်မျိုးတည်း တင်သွင်းခွန်အပေါ်မှာ ကောက်ခံနေတဲ့ ငွေ။ အသုံးပြုခ ကောက်ခံတာ သတ်သတ်ရှိသေးတယ်။ အသုံးပြုခကောက်ခံတာလည်း ဈေးအတူတူလောက်ပဲ။ တခြားဆီတွေဖြစ်တဲ့ အင်ဂျင်ဝိုင်၊ ဟိုက်ဒရောလစ်၊ အမဲဆီ အစရှိတဲ့ တခြားဆီတွေကိုပါ တင်သွင်းခနဲ့ သုံးစွဲခ နှစ်မျိုးပေါင်းကောက်ရင် တစ်ရာသီကို ကျပ်သိန်းပေါင်း သိန်းဆယ်ချီတယ်။ ဒီငွေတွေကို KIA ကရတယ်။ ကျောက်တူးတဲ့ကုမ္ပဏီတွေဆီ ကနေ စာရင်းနဲ့ကို တောင်းတာ"ဟု သတင်းရင်းမြစ်က ပြောသည်။
ခန့်မှန်းတွက်ချက်ထားသော စာရင်းများအရ တစ်ရာသီလျှင် ဒီဇယ်ဆီပေပါပေါင်းတစ်သန်း ခန့်သုံးစွဲနေပြီး အခြားသော ယန္တရားဆီများနှင့် ပေါင်းစပ်ပါက KIA အတွက် အခွန်နှစ်မျိုးပေါင်း ကောက်ခံမှုသည် ကျပ်သိန်းပေါင်းဆယ်ချီရှိနေမည့်သဘောမျိုးဖြစ်သည်။ အဆိုပါကောက်ခံငွေများသည် ဖားကန့်မြို့သို့ဝင်လာသည့် လောင်စာဆီပေပါများ အပေါ်တွင် ကောက်ခံခြင်းမျိုးဖြစ်ပြီး လမ်းတစ် လျှောက်တွင်လည်း တပ်မတော်ဂိတ်များနှင့် KIA-PDF ဂိတ်များကို ဆီမှောင်ခိုသယ်ဆောင်သူများက အခကြေးငွေများ သီးသန့်ပေးချေရသည်ဟုကြား သိရသည်။
"တပ်ဂိတ်က ဆီဘောက်ဆာကားတစ်စီး ကို သောင်းဂဏန်းပဲ ကောက်တယ်။ PDF တွေက တော့ အခု ကားတစ်စီးကို နှစ်သိန်းလောက် ကောက် မယ်လို့ပြောနေတယ်။ လမ်းမှာလည်း ဂိတ်တွေက အများကြီးပဲ။ ဂိတ်တိုင်းကိုပေးရတယ်" ဟု သတင်းရင်းမြစ်က NP News ကို ပြောသည်။ အဆိုပါ လောင်စာဆီအားလုံးသည် ဖားကန့်ဒေသသို့ တရားဝင်တင်ပို့ခြင်းများထက် တရားမဝင် တင်ပို့ရောင်းချခြင်းများက ပိုမိုများပြားနေပြီး ကျောက်တူး ရာသီရောက်သည်နှင့် ဆီသယ်ဆောင်ရောင်းဝယ် ရေးသမားများက ဖားကန့်ဘက်သို့ အလုအယက်တက် လာကြကြောင်းဆိုသည်။
"ဥပမာဗျာ။ မိုးညှင်းမှာ ကျွန်တော်က ဆီဆိုင်တစ်ခု ဖွင့်ထားတယ်ဆိုပါစို့။ မိုးညှင်းမှာ တကယ်သုံးနိုင်တဲ့ပမာထက် ဆီဘောက် ဆာ ကားအစီးရေက ပိုများတယ်။ မိုးညှင်းမှာ တစ်လီ တာကို (၅၀ဝဝ)နဲ့ ရောင်းလို့ရရင် ဖားကန့်မှာ(၁၀ဝဝဝ)ပဲ။ ဒီတော့ မိုးညှင်းက ဆိုင်မှာ တစ်လကို လီတာ တစ်သိန်းရောင်းဖို့ စာရင်းပြထားနိုင်ရင် တကယ် ရောင်းတာက ထက်ဝက်လောက်ပဲရှိပြီးတော့ ကျန်တဲ့ ဆီက ဖားကန့်ကို တက်ကြတာ။ အကုန်လုံး မှောင်ခိုချည်းပဲ။ တပ်ဂိတ်တွေကလည်း ငွေယူပြီး လွှတ်ပေးတယ်။ KIA - PDF ကတော့ ပြောမနေနဲ့တော့"ဟု သတင်းရင်းမြစ်က ဥပမာပေး၍ ရှင်းပြသည်။
ဆီဘောက်ဆာကားများနှင့် ဆီပေပါများစွာ တင်လာသောကားများကို ဖြတ်သန်းသွားလာရာလမ်း တစ်လျှောက်ရှိ ဂိတ်အသီးသီးက ယင်းကဲ့သို့ ကောက်ခံနေသည့်အပြင် KIA အကောက်ခွန်ဌာနသို့ အသိပေးခြင်းမရှိဘဲ ဖားကန့်မြို့တွင်းသို့ မည်သည့် ဆီသယ်ကားသမားများမှ သယ်ဆောင်မှုမလုပ်ရဲ ကြကြောင်း ဆိုသည်။ ကားပေါ်တွင်ပါလာသော ဆီပေပါအလုံးရေကို အတိအကျပြောရသည့်အပြင် လိုတိုးပိုလျှော့လုပ်၍ လိမ်လည်မှုများလုပ်ပါက ကားသမားအတွက် အသက်အာမခံချက်မရှိတော့ကြောင်းလည်း သိရသည်။ အဆိုပါဆီပေပါစာရင်းနှင့် သုံးစွဲမည့် ကျောက် မျက်တူးဖော်ရေးကုမ္ပဏီအမည်ကို KIA အကောက်ခွန်ဌာနဘက်က စာရင်းပြုစုပြီးနောက် အခွန်နှစ်မျိုး အတွက် ကျသင့်ငွေကို ကုမ္ပဏီထံမှ တောင်းခံလေ့ရှိ သည်ဟု ဆိုသည်။ အကယ်၍ မပေးပါက ကုမ္ပဏီ၏အနာဂတ်မှာလည်း မည်သို့မျှ ရှင်သန်နိုင်မည်မဟုတ်ကြောင်း၊ ယင်းအခြေအနေကိုလည်း ဖားကန့် အခြေစိုက်ဗျူဟာတပ်စခန်းက ကူညီပေးနိုင်ခြင်း မရှိကြောင်းလည်း ကြားသိရသည်။ အခြားတစ်ဖက် တွင်မူ ဖားကန့်ရှိ ဗျူဟာတပ်စခန်းထိပ်ပိုင်းအရာရှိ အချို့ထံသို့ မယားငယ်ပေးသကဲ့သို့ သဘောမျိုးဆန် သော ခွဲတမ်းကြေးတစ်ခုပေးထားပြီးဖြစ်ကြောင်းနှင့် အကယ်၍ လက်မခံပါက KIA နှင့် တိုက်ပွဲဖြစ်ရန်သာ ရှိနေကြောင်းလည်း သတင်းရင်းမြစ်တို့က ဆိုသည်။ ဖားကန့်၏ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ ကို တည်ဆဲနစကအစိုးရက တရားဝင်ခွင့်ပြုထားခြင်း မရှိပေ။ သို့သော်လည်း နစက၏ အမိန့်သည် ဖားကန့် ဒေသအတွင်း၌ ဩဇာသက်ရောက်မှုမရှိဘဲ ပျက်ရယ် ပြုစရာအဖြစ် ပြောဆိုမှုများပင် ရှိနေကြောင်း တစ်ဦးထက်မကသော သတင်းရင်းမြစ်တို့က ဆို သည်။ သက်သေအဖြစ် သိသာသောအချက်မှာ နစကအစိုးရသက်တမ်းသုံးနှစ်ကျော်အတွင်း ဖားကန့် ကျောက်တူးရာသီကလည်း ရပ်နားထားခြင်းမရှိသည့် အပြင် တပ်မတော်ကိုပါ မထီမဲ့မြင်ပြုမှုများ ရှိလာနေသည်။ ဖားကန့်ဒေသ၏ တရားမဝင် ကျောက်မျက်တူး ဖော်ရေးလုပ်ငန်းများဆီသို့ လောင်စာဆီများ တရားဝင်တင်သွင်းခွင့်ပြုထားခြင်းမရှိသော်လည်း ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် ကသာ-မိုးညှင်းဆီသို့လည်းကောင်း၊ မိုးညှင်းမှတစ်ဆင့် နမ္မား-ဟိုပင်-ရွာသစ်-လုံးတုံ-ညောင်ပင် အစရှိသောလမ်းကြောင်းအတိုင်း လည်းကောင်း၊ မြစ်ကြီးနား-မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းပိုင်းမှလည်းကောင်း၊ ချင်းတွင်းမြစ် အတိုင်း အထက်ကိုဆန်တက်၍ ဟုမ္မလင်း၊ ထမံသီ၊ ခန္တီးအစရှိသော လမ်းကြောင်းများမှလည်းကောင်း လောင်စာဆီကားများက သွားလာမှုရှိနေသည်ဟု ကြားသိရသည်။ အခြားသော လူမသိသူမသိ လျှို့ဝှက် လမ်းကြောင်းများလည်း ရှိနိုင်ပြီး လောင်စာဆီ သာပိတ်ဆို့ထားနိုင်ပါက ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများလည်း အတိုင်းအတာတစ်ခုအထိ လျော့ သွားနိုင်ခြေရှိနေသည်။
" တစ်နိုင်ငံလုံးရဲ့လောင်စာဆီသုံးစွဲမှု ငါးပုံတစ်ပုံလောက်က ဖားကန့်မှာ သုံးနေတယ် လို့တောင် ပြောလို့ရတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။ စက်သုံးဆီ တင်သွင်းရောင်းချကြသူများ အနေဖြင့်လည်း မူရင်းဈေးထက် သုံးဆမက မြတ်စွန်း နိုင်သော ဖားကန့် လောင်စာဆီ လိုအပ်ချက်ဈေးကွက် အတွင်းသို့ တစ်နည်းတစ်ဖုံ လမ်းကြောင်းတစ်ခုခုဖြင့် ဝင်ရောက်ချုပ်ကိုင်ခြယ်လှယ်မှု မလုပ်ဟု မဆိုနိုင်ပေ။ KIA အနေဖြင့်လည်း လောင်စာဆီမျိုးစုံအပေါ် အခွန် နှစ်မျိုးကောက်ခံသည့်လုပ်ငန်းစဉ်တစ်ခုတည်း မှပင်လျှင် (၇)လအတွင်း ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း ရရှိနေပြီး စစ်စရိတ်အတွက်လည်း ပုံးပေါလအော သုံးခွင့်ရနေနိုင်သည်ဟု ကောက်ချက် ချစရာရှိလာသည်။ ယခုနှစ်ကျောက်တူးရာသီသည် မိုးကုန်မှုနောက်ကျသည့်အတွက် အောက်တိုဘာလ ကုန်ပိုင်းမှသာ စတင်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခင်ကာလများ အတွင်းကမူ (၉)လပိုင်းတွင် စတင်လေ့ရှိသည်ဟု ကြားသိရသည်။
zawgyi version
ဖားကန႔္ေက်ာက္တူးရာသီ (၇)လအတြင္း ေလာင္စာဆီမ်ိဳးစုံအေပၚ အခြန္ႏွစ္မ်ိဳး ေကာက္ခံမႈတစ္ခုတည္းမွပင္လွ်င္ က်ပ္သိန္းေပါင္း(၁၀)သိန္းထက္မနည္း KIA တို႔ ရရွိေန
ေအဝိုင္အီး (NP News) - ႏိုဝင္ဘာ ၂၁
ဖားကန႔္ေဒသ ေက်ာက္တူးရာသီစတင္သည္ႏွင့္ (၇)လခန႔္သာရွိေသာ တစ္ရာသီအတြင္းပင္လွ်င္ ေလာင္စာဆီႏွင့္ ယႏၲရားေခ်ာဆီေခါင္းစဥ္ ေအာက္မွ အခြန္ႏွစ္မ်ိဳးစာ ေကာက္ခံေငြက်ပ္သိန္း ေပါင္း(၁၀)သိန္းခန႔္ KIA က ရရွိေနၿပီး ေလာင္စာဆီ ႏွင့္ ယႏၲရားဆီမ်ိဳးစုံ တင္သြင္းသူမ်ားကလည္း ေမွာင္ ခိုလမ္းေၾကာင္းမ်ိဳးစုံမွတစ္ဆင့္ တပ္မေတာ္ဂိတ္မ်ားကိုပါ ျဖတ္သန္း ၍ သယ္ေဆာင္ေပးေနၾကေၾကာင္း သတင္းရရွိသည္။
ေဒသအသီးသီးမွ ဖားကန႔္ၿမိဳ႕သို႔ ဝင္လာေသာ ေလာင္စာဆီႏွင့္ ယႏၲရားေခ်ာဆီမ်ိဳးစုံကို KIA တပ္ဖြဲ႕ဝင္မ်ားႏွင့္ KIA အခြန္ဌာနက ေစာင့္ဆိုင္း စာရင္းျပဳစု၍ အခြန္ေငြအျဖစ္ ေကာက္ခံေနျခင္းမ်ိဳး ျဖစ္ၿပီး ယခင္ႏွစ္မ်ားအတြင္းက ဆီတစ္ေပပါလွ်င္ က်ပ္(၃၀ဝဝဝ)အထိ ေကာက္ယူခဲ့ေၾကာင္းလည္း သိရသည္။ တ႐ုတ္ဘက္က နယ္စပ္ဂိတ္မ်ား ပိတ္ပင္လိုက္သည့္ ယခုႏွစ္အတြင္း၌ ေလာင္စာဆီမ်ိဳးစုံအေပၚ ေကာက္ခံသည့္ႏႈန္းထားမ်ားလည္း ႏွစ္ဆနီးပါး တိုး ျမင့္လာခဲ့ၿပီး အေျပာင္းအလဲျဖစ္လာခဲ့ေၾကာင္း သတင္းရင္းျမစ္အခ်ိဳ႕က NP News ကို အတည္ျပဳေျပာၾကားသည္။
"ေကာက္တဲ့ပုံစံ ႏွစ္မ်ိဳးရွိ တယ္။ ဆီတင္သြင္းလာတဲ့အခြန္(တင္သြင္းခြန္)ရယ္၊ အသုံးျပဳခြန္ရယ္ဆိုၿပီးေတာ့ေပါ့။ အရင္ႏႈန္းထားဆိုရင္ ေတာင္ တစ္ေပပါကို က်ပ္(၃၀ဝဝဝ)။ ဖားကန႔္မွာက တစ္ရက္ကို ဆီေပပါ ေသာင္းခ်ီသုံးတယ္။ တစ္ရက္ကို ဆီေပပါ (၅၀ဝဝ) သုံးရင္ေတာင္ သိန္း(၁၅၀ဝ)။ တစ္လကို သိန္း(၄၅၀ဝဝ)။ တစ္ရာသီ (၇)လကို သိန္းေပါင္း(၃)သိန္းေက်ာ္တယ္။ ဒါက စက္သုံးဆီ တစ္မ်ိဳးတည္း တင္သြင္းခြန္အေပၚမွာ ေကာက္ခံေနတဲ့ ေငြ။ အသုံးျပဳခ ေကာက္ခံတာ သတ္သတ္ရွိေသးတယ္။ အသုံးျပဳခေကာက္ခံတာလည္း ေဈးအတူတူေလာက္ပဲ။ တျခားဆီေတြျဖစ္တဲ့ အင္ဂ်င္ဝိုင္၊ ဟိုက္ဒေရာလစ္၊ အမဲဆီ အစရွိတဲ့ တျခားဆီေတြကိုပါ တင္သြင္းခနဲ႔ သုံးစြဲခ ႏွစ္မ်ိဳးေပါင္းေကာက္ရင္ တစ္ရာသီကို က်ပ္သိန္းေပါင္း သိန္းဆယ္ခ်ီတယ္။ ဒီေငြေတြကို KIA ကရတယ္။ ေက်ာက္တူးတဲ့ကုမၸဏီေတြဆီ ကေန စာရင္းနဲ႔ကို ေတာင္းတာ"ဟု သတင္းရင္းျမစ္က ေျပာသည္။
ခန႔္မွန္းတြက္ခ်က္ထားေသာ စာရင္းမ်ားအရ တစ္ရာသီလွ်င္ ဒီဇယ္ဆီေပပါေပါင္းတစ္သန္း ခန႔္သုံးစြဲေနၿပီး အျခားေသာ ယႏၲရားဆီမ်ားႏွင့္ ေပါင္းစပ္ပါက KIA အတြက္ အခြန္ႏွစ္မ်ိဳးေပါင္း ေကာက္ခံမႈသည္ က်ပ္သိန္းေပါင္းဆယ္ခ်ီရွိေနမည့္သေဘာမ်ိဳးျဖစ္သည္။ အဆိုပါေကာက္ခံေငြမ်ားသည္ ဖားကန႔္ၿမိဳ႕သို႔ဝင္လာသည့္ ေလာင္စာဆီေပပါမ်ား အေပၚတြင္ ေကာက္ခံျခင္းမ်ိဳးျဖစ္ၿပီး လမ္းတစ္ ေလွ်ာက္တြင္လည္း တပ္မေတာ္ဂိတ္မ်ားႏွင့္ KIA-PDF ဂိတ္မ်ားကို ဆီေမွာင္ခိုသယ္ေဆာင္သူမ်ားက အခေၾကးေငြမ်ား သီးသန႔္ေပးေခ်ရသည္ဟုၾကား သိရသည္။
"တပ္ဂိတ္က ဆီေဘာက္ဆာကားတစ္စီး ကို ေသာင္းဂဏန္းပဲ ေကာက္တယ္။ PDF ေတြက ေတာ့ အခု ကားတစ္စီးကို ႏွစ္သိန္းေလာက္ ေကာက္ မယ္လို႔ေျပာေနတယ္။ လမ္းမွာလည္း ဂိတ္ေတြက အမ်ားႀကီးပဲ။ ဂိတ္တိုင္းကိုေပးရတယ္" ဟု သတင္းရင္းျမစ္က NP News ကို ေျပာသည္။ အဆိုပါ ေလာင္စာဆီအားလုံးသည္ ဖားကန႔္ေဒသသို႔ တရားဝင္တင္ပို႔ျခင္းမ်ားထက္ တရားမဝင္ တင္ပို႔ေရာင္းခ်ျခင္းမ်ားက ပိုမိုမ်ားျပားေနၿပီး ေက်ာက္တူး ရာသီေရာက္သည္ႏွင့္ ဆီသယ္ေဆာင္ေရာင္းဝယ္ ေရးသမားမ်ားက ဖားကန႔္ဘက္သို႔ အလုအယက္တက္ လာၾကေၾကာင္းဆိုသည္။
"ဥပမာဗ်ာ။ မိုးညႇင္းမွာ ကြၽန္ေတာ္က ဆီဆိုင္တစ္ခု ဖြင့္ထားတယ္ဆိုပါစို႔။ မိုးညႇင္းမွာ တကယ္သုံးႏိုင္တဲ့ပမာထက္ ဆီေဘာက္ ဆာ ကားအစီးေရက ပိုမ်ားတယ္။ မိုးညႇင္းမွာ တစ္လီ တာကို (၅၀ဝဝ)နဲ႔ ေရာင္းလို႔ရရင္ ဖားကန႔္မွာ(၁၀ဝဝဝ)ပဲ။ ဒီေတာ့ မိုးညႇင္းက ဆိုင္မွာ တစ္လကို လီတာ တစ္သိန္းေရာင္းဖို႔ စာရင္းျပထားႏိုင္ရင္ တကယ္ ေရာင္းတာက ထက္ဝက္ေလာက္ပဲရွိၿပီးေတာ့ က်န္တဲ့ ဆီက ဖားကန႔္ကို တက္ၾကတာ။ အကုန္လုံး ေမွာင္ခိုခ်ည္းပဲ။ တပ္ဂိတ္ေတြကလည္း ေငြယူၿပီး လႊတ္ေပးတယ္။ KIA - PDF ကေတာ့ ေျပာမေနနဲ႔ေတာ့"ဟု သတင္းရင္းျမစ္က ဥပမာေပး၍ ရွင္းျပသည္။
ဆီေဘာက္ဆာကားမ်ားႏွင့္ ဆီေပပါမ်ားစြာ တင္လာေသာကားမ်ားကို ျဖတ္သန္းသြားလာရာလမ္း တစ္ေလွ်ာက္ရွိ ဂိတ္အသီးသီးက ယင္းကဲ့သို႔ ေကာက္ခံေနသည့္အျပင္ KIA အေကာက္ခြန္ဌာနသို႔ အသိေပးျခင္းမရွိဘဲ ဖားကန႔္ၿမိဳ႕တြင္းသို႔ မည္သည့္ ဆီသယ္ကားသမားမ်ားမွ သယ္ေဆာင္မႈမလုပ္ရဲ ၾကေၾကာင္း ဆိုသည္။ ကားေပၚတြင္ပါလာေသာ ဆီေပပါအလုံးေရကို အတိအက်ေျပာရသည့္အျပင္ လိုတိုးပိုေလွ်ာ့လုပ္၍ လိမ္လည္မႈမ်ားလုပ္ပါက ကားသမားအတြက္ အသက္အာမခံခ်က္မရွိေတာ့ေၾကာင္းလည္း သိရသည္။ အဆိုပါဆီေပပါစာရင္းႏွင့္ သုံးစြဲမည့္ ေက်ာက္ မ်က္တူးေဖာ္ေရးကုမၸဏီအမည္ကို KIA အေကာက္ခြန္ဌာနဘက္က စာရင္းျပဳစုၿပီးေနာက္ အခြန္ႏွစ္မ်ိဳး အတြက္ က်သင့္ေငြကို ကုမၸဏီထံမွ ေတာင္းခံေလ့ရွိ သည္ဟု ဆိုသည္။ အကယ္၍ မေပးပါက ကုမၸဏီ၏အနာဂတ္မွာလည္း မည္သို႔မွ် ရွင္သန္ႏိုင္မည္မဟုတ္ေၾကာင္း၊ ယင္းအေျခအေနကိုလည္း ဖားကန႔္ အေျခစိုက္ဗ်ဴဟာတပ္စခန္းက ကူညီေပးႏိုင္ျခင္း မရွိေၾကာင္းလည္း ၾကားသိရသည္။ အျခားတစ္ဖက္ တြင္မူ ဖားကန႔္ရွိ ဗ်ဴဟာတပ္စခန္းထိပ္ပိုင္းအရာရွိ အခ်ိဳ႕ထံသို႔ မယားငယ္ေပးသကဲ့သို႔ သေဘာမ်ိဳးဆန္ ေသာ ခြဲတမ္းေၾကးတစ္ခုေပးထားၿပီးျဖစ္ေၾကာင္းႏွင့္ အကယ္၍ လက္မခံပါက KIA ႏွင့္ တိုက္ပြဲျဖစ္ရန္သာ ရွိေနေၾကာင္းလည္း သတင္းရင္းျမစ္တို႔က ဆိုသည္။ ဖားကန႔္၏ ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းမ်ား ကို တည္ဆဲနစကအစိုးရက တရားဝင္ခြင့္ျပဳထားျခင္း မရွိေပ။ သို႔ေသာ္လည္း နစက၏ အမိန႔္သည္ ဖားကန႔္ ေဒသအတြင္း၌ ဩဇာသက္ေရာက္မႈမရွိဘဲ ပ်က္ရယ္ ျပဳစရာအျဖစ္ ေျပာဆိုမႈမ်ားပင္ ရွိေနေၾကာင္း တစ္ဦးထက္မကေသာ သတင္းရင္းျမစ္တို႔က ဆို သည္။ သက္ေသအျဖစ္ သိသာေသာအခ်က္မွာ နစကအစိုးရသက္တမ္းသုံးႏွစ္ေက်ာ္အတြင္း ဖားကန႔္ ေက်ာက္တူးရာသီကလည္း ရပ္နားထားျခင္းမရွိသည့္ အျပင္ တပ္မေတာ္ကိုပါ မထီမဲ့ျမင္ျပဳမႈမ်ား ရွိလာေနသည္။ ဖားကန႔္ေဒသ၏ တရားမဝင္ ေက်ာက္မ်က္တူး ေဖာ္ေရးလုပ္ငန္းမ်ားဆီသို႔ ေလာင္စာဆီမ်ား တရားဝင္တင္သြင္းခြင့္ျပဳထားျခင္းမရွိေသာ္လည္း ဧရာဝတီျမစ္ေၾကာင္းမွတစ္ဆင့္ ကသာ-မိုးညႇင္းဆီသို႔လည္းေကာင္း၊ မိုးညႇင္းမွတစ္ဆင့္ နမၼား-ဟိုပင္-႐ြာသစ္-လုံးတုံ-ေညာင္ပင္ အစရွိေသာလမ္းေၾကာင္းအတိုင္း လည္းေကာင္း၊ ျမစ္ႀကီးနား-မိုးေကာင္း-ကာမိုင္း-ဖားကန႔္လမ္းပိုင္းမွလည္းေကာင္း၊ ခ်င္းတြင္းျမစ္ အတိုင္း အထက္ကိုဆန္တက္၍ ဟုမၼလင္း၊ ထမံသီ၊ ခႏၲီးအစရွိေသာ လမ္းေၾကာင္းမ်ားမွလည္းေကာင္း ေလာင္စာဆီကားမ်ားက သြားလာမႈရွိေနသည္ဟု ၾကားသိရသည္။ အျခားေသာ လူမသိသူမသိ လွ်ိဳ႕ဝွက္ လမ္းေၾကာင္းမ်ားလည္း ရွိႏိုင္ၿပီး ေလာင္စာဆီ သာပိတ္ဆို႔ထားႏိုင္ပါက ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းမ်ားလည္း အတိုင္းအတာတစ္ခုအထိ ေလ်ာ့ သြားႏိုင္ေျခရွိေနသည္။
" တစ္ႏိုင္ငံလုံးရဲ႕ေလာင္စာဆီသုံးစြဲမႈ ငါးပုံတစ္ပုံေလာက္က ဖားကန႔္မွာ သုံးေနတယ္ လို႔ေတာင္ ေျပာလို႔ရတယ္" ဟု သတင္းရင္းျမစ္က ေျပာသည္။ စက္သုံးဆီ တင္သြင္းေရာင္းခ်ၾကသူမ်ား အေနျဖင့္လည္း မူရင္းေဈးထက္ သုံးဆမက ျမတ္စြန္း ႏိုင္ေသာ ဖားကန႔္ ေလာင္စာဆီ လိုအပ္ခ်က္ေဈးကြက္ အတြင္းသို႔ တစ္နည္းတစ္ဖုံ လမ္းေၾကာင္းတစ္ခုခုျဖင့္ ဝင္ေရာက္ခ်ဳပ္ကိုင္ျခယ္လွယ္မႈ မလုပ္ဟု မဆိုႏိုင္ေပ။ KIA အေနျဖင့္လည္း ေလာင္စာဆီမ်ိဳးစုံအေပၚ အခြန္ ႏွစ္မ်ိဳးေကာက္ခံသည့္လုပ္ငန္းစဥ္တစ္ခုတည္း မွပင္လွ်င္ (၇)လအတြင္း က်ပ္သိန္းေပါင္း(၁၀)သိန္းထက္မနည္း ရရွိေနၿပီး စစ္စရိတ္အတြက္လည္း ပုံးေပါလေအာ သုံးခြင့္ရေနႏိုင္သည္ဟု ေကာက္ခ်က္ ခ်စရာရွိလာသည္။ ယခုႏွစ္ေက်ာက္တူးရာသီသည္ မိုးကုန္မႈေနာက္က်သည့္အတြက္ ေအာက္တိုဘာလ ကုန္ပိုင္းမွသာ စတင္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ယခင္ကာလမ်ား အတြင္းကမူ (၉)လပိုင္းတြင္ စတင္ေလ့ရွိသည္ဟု ၾကားသိရသည္။