ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့(၅)ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ မျှော်လင့်ထားတယ်လို့ တရုတ်(တိုင်ပေ)သမ္မတ ပြော

 102

Pika (NP News) - သြဂုတ် ၂၃
(၂၀၃၀)ခုနှစ်မတိုင်ခင် ကာကွယ်ရေးအသုံးစရိတ်ဟာ ဂျီဒီပီရဲ့(၅)ရာခိုင်နှုန်းအထိ ရောက်ရှိလာဖို့ မျှော်လင့်ထား တယ်လို့ တရုတ်(တိုင်ပေ)သမ္မတလိုင်ချန်တေးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တရုတ်(တိုင်ပေ)အစိုးရဟာ (၂၀၂၆)ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့သုံးရာခိုင်နှုန်းကျော်အထိ မြှင့်တင်ဖို့စီစဉ်နေတယ်လို့ တရုတ် (တိုင်ပေ)ဝန်ကြီးချုပ် Cho Jung-tai က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလို ပြောဆိုချက် တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး စစ်ရေးနဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့မှုနဲ့အတူ အဲဒီလှုပ်ရှားမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)အစိုးရဟာ ၎င်းရဲ့ကိုယ်ပိုင်ကာကွယ်ရေးမှာ ပိုမိုသုံးစွဲဖို့ အမေရိကန်ထံက တောင်းဆိုမှုတွေ ကို ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုတွေ ပိုမိုမြင့်တက် လာမှုနဲ့အတူ (၂၀၂၃)ခုနှစ်မတိုင်ခင် ကာကွယ်ရေးအသုံးစရိတ်ဟာ ဂျီဒီပီရဲ့(၅)ရာခိုင်နှုန်းအထိ ရောက်ရှိလာဖို့ မျှော်လင့်ထားတယ်လို့ လိုင်ချန်တေးက ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
လိုင်ချန်တေးက “ဒါက အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့တင်မဟုတ်ဘဲ ဒီမိုကရေစီ၊လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး တွေကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဖြတ်မှုတွေကို သက်သေပြတာမျိုးလည်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ကာကြယ္ေရးအသုံးစရိတ္ကို ဂ်ီဒီပီရဲ႕(၅)ရာခိုင္ႏႈန္းအထိ ျမႇင့္တင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ တ႐ုတ္(တိုင္ေပ)သမၼတ ေျပာ
Pika (NP News) - ၾသဂုတ္ ၂၃
(၂၀၃၀)ခုႏွစ္မတိုင္ခင္ ကာကြယ္ေရးအသုံးစရိတ္ဟာ ဂ်ီဒီပီရဲ႕(၅)ရာခိုင္ႏႈန္းအထိ ေရာက္ရွိလာဖို႔ ေမွ်ာ္လင့္ထား တယ္လို႔ တ႐ုတ္(တိုင္ေပ)သမၼတလိုင္ခ်န္ေတးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္(တိုင္ေပ)အစိုးရဟာ (၂၀၂၆)ခုႏွစ္ ကာကြယ္ေရးအသုံးစရိတ္ကို ဂ်ီဒီပီရဲ႕သုံးရာခိုင္ႏႈန္းေက်ာ္အထိ ျမႇင့္တင္ဖို႔စီစဥ္ေနတယ္လို႔ တ႐ုတ္ (တိုင္ေပ)ဝန္ႀကီးခ်ဳပ္ Cho Jung-tai က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလို ေျပာဆိုခ်က္ ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားၿပီး စစ္ေရးနဲ႔ ႏိုင္ငံေရးအရ ဖိအားေပးမႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္လာခဲ့မႈနဲ႔အတူ အဲဒီလႈပ္ရွားမႈေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)အစိုးရဟာ ၎ရဲ႕ကိုယ္ပိုင္ကာကြယ္ေရးမွာ ပိုမိုသုံးစြဲဖို႔ အေမရိကန္ထံက ေတာင္းဆိုမႈေတြ ကို ရင္ဆိုင္ေနရတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တ႐ုတ္ႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈေတြ ပိုမိုျမင့္တက္ လာမႈနဲ႔အတူ (၂၀၂၃)ခုႏွစ္မတိုင္ခင္ ကာကြယ္ေရးအသုံးစရိတ္ဟာ ဂ်ီဒီပီရဲ႕(၅)ရာခိုင္ႏႈန္းအထိ ေရာက္ရွိလာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ လိုင္ခ်န္ေတးက ထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
လိုင္ခ်န္ေတးက “ဒါက အမ်ိဳးသားလုံၿခဳံေရးကို ကာကြယ္ဖို႔တင္မဟုတ္ဘဲ ဒီမိုကေရစီ၊လြတ္လပ္မႈနဲ႔ လူ႔အခြင့္အေရး ေတြကို ကာကြယ္ဖို႔ ကြၽန္ေတာ္တို႔ရဲ႕စိတ္ပိုင္းျဖတ္မႈေတြကို သက္ေသျပတာမ်ိဳးလည္းျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.