ရခိုင်နှင့် မလေး သို့ ပို့မည့် မူးယစ်ဆေးဝါး ငွေကျပ် ၂၅၇ ဒသမ ၁ဝ၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းမိ

583

ပီယ (NP News) - ဩဂုတ် ၂၃
ရခိုင်ပြည်နယ် နှင့် မလေးရှားနိုင်ငံသို့ ပို့မည့် မူးယစ်ဆေးဝါး ငွေကျပ် ၂၅၇ ဒသမ ၁ဝ၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၅ ရက် နံနက် ၆ နာရီခွဲတွင် သတင်းအရ ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးနှင့် ငါးကန်လမ်းထောင့်တွင် အောင်လင်း မောင်းနှင်လာသည့် CANTER BOX ယာဉ် နှင့် သောင်းထွန်း မောင်းနှင်လာသည့် SUBARU STELLA ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄ဝ အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများကို တာဝန်ခံသယ်ဆောင်ခိုင်းသူ ထွန်းသိန်းအား ယင်းနေ့ည ၇ နာရီ ၃ဝ မိနစ် တွင် ရွှေပြည်သာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ ဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း၊ TOYOTA RUSH ယာဉ်တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း (၎င်းဒေသ တန်ဖိုးငွေကျပ် ၂၁ ဒသမ ၈ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက်ညပိုင်း ၉ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများ ဖြစ်သည့် မောင်သိန်းချေနှင့် ကျော်စွာဝင်း (မှော်ဘီ) တို့အား မှော်ဘီမြို့နယ် နှောကုန်းကျေးရွာရှိ နေအိမ်၌ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် PORTER II မော်တော်ယာဉ်၊ ISUZU MAX မော်တော်ယာဉ် တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၁၀ ရက် ညနေ ၅ နာရီခွဲတွင် စိတ်ပြောင်းဆေးဝါးများအား မလေးရှား ရေပိုင်နက်နှင့် ရခိုင်ပြည်နယ်တို့သို့ တာဝန်ခံသယ်ဆောင်ပေးသူ ကျော်စွာဝင်း (ကွမ်းခြံကုန်း) နှင့် ပူးပေါင်းပါဝင်သူ စိုးပိုင်ဝင်းတို့ကို ထားဝယ်မြို့တွင် TOYOTA SUCCEED မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ် ၁၁ ရက် နံနက် ၂ နာရီ ၃ဝ မိနစ်တွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ညီညီစိုးခန့်ကို ကွမ်းခြံကုန်းမြို့နယ် ဝက်ကိုက်ကျေးရွာအုပ်စု အောင်ဇေယျ ကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ကွမ်းခြံကုန်းမြို့နယ် အောင်ဇေယျကျေးရွာရှိ ပုစွန်ကန်အနီးတွင် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်ရန်အတွက် ကျော်စွာဝင်း (ကွမ်းခြံကုန်း) မှ သိုဝှက်ထားရှိ သည့် စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁၈၉၉ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၉၄ ဒသမ ၉၅ ဘီလီယံ) ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၃ ရက်တွင် ကျော်စွာဝင်း (ကွမ်းခြံကုန်း) မှ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုရန် စီစဉ်ထားသည့် “အောင်စိုးလင်း” အမည်ပါ စက်လှေအား ထိန်းသိမ်းထားသူ ကျော်စိုးခိုင်နှင့်အတူ မြိတ်မြို့ မြိတ်မြို့ တောင်ကျေးရွာ နန်းသူဇာတံတားအနီးတွင် လည်းကောင်း၊ ကံကောင်း (ဖမ်းဆီးရန်ကျန်) မှ ဝယ်ယူပေးထားသည့် “ငွေကသစ်” နှင့် “ဆုမြတ်နိုင်” အမည်ပါ စက်လှေနှစ်စင်းနှင့် ငါးဖမ်းစက်လှေ တစ်စင်းတို့အား ဒေးဒရဲမြို့ နိဗ္ဗာန်ကွင်းရပ်ကွက် တိုးမြစ်ကမ်းဘေးရှိ လွန်းကျင်း၌လည်းကောင်း၊ “အောင်မြတ်ပိုင်” အမည်ပါ စက်လှေနှင့် ပဲ့ထောင်စက်လှေ တစ်စင်းတို့အား ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာ၌ လည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၄ ရက် နံနက် ၈ နာရီခွဲတွင် ကျော်စွာဝင်း (ကွမ်းခြံကုန်း)၏ ဖော်ထုတ်ချက်အရ မလေးရှားရေပိုင်နက်သို့ သယ်ဆောင်မည့် အိုက်စ် (မက်သ်အဖက်တမင်း) များအား ကွမ်းခြံကုန်းမြို့နယ် အောင်ဇေယျကျေးရွာ၊ လက်ခုပ်ကုန်းကျေးရွာနှင့် လက်ခုပ်ကုန်း-ဆယ်အိမ်ကုန်းရွာ သွားလမ်းတို့တွင် နေရာသုံးခုခွဲ၍ မြေမြှုပ်သိုဝှက်ထား ကြောင်း သိရှိရသဖြင့် ၎င်းနှင့်အတူ မြေမြှုပ်သိုဝှက်ထားရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကွမ်းခြံကုန်းမြို့နယ် ဝက်ကိုက်ကျေးရွာနေ အောင်ကျော် (ခ) အောင်ကျော်စိုး၊ ရာကျော် (ခ) ကိုရှိုင်းနှင့် ကျော်စိန်အောင် (ခ) ကျော်ကြီးတို့အား ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့လိုက်လံပြသသည့်နေရာများမှ အိုက်စ် (မက်သ်အဖက် တမင်း) ၅၆၁၄ ဒသမ ၂ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ် ၁၄၀ ဒသမ ၃၅၅ ဘီလီယံ) ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဩဂုတ် ၁၅ ရက် ည ၁၁ နာရီခွဲတွင် မလေးရှားရေပိုင် နက်သို့တင်ပို့မည့် အိုက်စ် (မက်သ်အဖက်တမင်း)များကို ကျော်စွာဝင်း (ကွမ်းခြံကုန်း)ထံ အပ်နှံထားခဲ့သူ မင်းချစ်အောင်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၁၈ ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
စစ်ဆေး ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် စိတ်ပြောင်းဆေးဝါး ကက်တမင်း တို့အား ရန်ကုန်တွင် သိုလှောင်စေပြီး ရခိုင်ပြည်နယ်နှင့် ပြည်ပသို့ သယ်ဆောင် ရောင်းဝယ်ရာတွင် အဓိက စီမံခန့်ခွဲသူမှာ ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာနေ စိုင်းစု (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏အစီအမံဖြင့် လှသောင်း (ဖမ်းဆီးရန်ကျန်) နှင့် စိုင်းရီ (ဖမ်းဆီးရန်ကျန်)တို့က စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရန်ကုန် မြို့တွင် ခေတ္တသိုလှောင်ပြီး ရခိုင် ပြည်နယ်မှတစ်ဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်ရန် တာဝန်ခံ ဆောင်ရွက်သူမှာ ထွန်းသိန်းဖြစ်ကြောင်း၊ ရန်ကုန်မှ ရခိုင်ပြည်နယ် မြေပုံမြို့သို့ တာဝန်ခံသယ်ဆောင်သူမှာ ဝင်းဇော်သိန်း (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်သူမှာ ဝင်းခိုင် (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရပြီး ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဝင်းခိုင်ထံသို့ စိတ်ကြွရူးသွပ်ဆေးပြားများ ရောက်ရှိပါက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ၎င်းတို့အဆင့် ဗိုလ်မှူးအဆင့်ရှိ ကိုရေး (အကောက်ခွန်မှူး) (ဖမ်းဆီးရန်ကျန်) ထံ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းခအဖြစ် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ လျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် အခွန်ပေးဆောင် ရသည်ဟု သိရှိရကြောင်း သိရသည်။
ရန်ကုန်မြို့မှတစ်ဆင့် မလေးရှားရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့်တင်ပို့မည့် သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များအား ပို့ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကံကောင်း (ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ၎င်း၏ စေခိုင်းချက်အရ မင်းချစ်အောင်မှ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ထံ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို သုံးကြိမ်ခွဲ၍ အပ်နှံခဲ့ကြောင်း၊ ထို့အပြင် ကျော်စွာဝင်း(ကွမ်းခြံကုန်း)သည် ကြည်ဖြူ (ခ) ကျော်ဝင်းဌေး၏ အစီအမံဖြင့် မလေးရှားရေပိုင်နက် သို့ မူးယစ်ဆေးဝါးများအား ကံကောင်း (ဖမ်းဆီးရန်ကျန်) ဝယ်ယူပေးထားသည့် စက်လှေများဖြင့် ပဲ့နင်းချစ်ကို(ဖမ်းဆီးရန်ကျန်)နှင့် ကိုလတ်(ဖမ်းဆီးရန်ကျန်) တို့က ရန်ကုန်မှ ပင်လယ်ဝသို့ သုံးကြိမ်၊ ကော့သောင်းမှ မလက္ကာရေလက်ကြားသို့ လေးကြိမ်ပို့ဆောင်ခဲ့ကြောင်း၊ ကြည်ဖြူ (ခ) ကျော်ဝင်းဌေးမှာ လည်း ကော့သောင်းမြို့တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉ တန်၊ ကက်တမင်း ၁ ဒသမ ၈၇ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း ဖမ်းဆီးရမိမှုတို့ဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ၁၃ ဦး၊ ဖမ်းဆီးရန်ကျန်တရားခံ ကိုးဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်ဖော်ထုတ် လျက်ရှိကြောင်းနှင့် ယင်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့သည် စိတ်ပြောင်းဆေးဝါးများကိုရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ် နှင့် မလေးရှားရေပိုင်နက်တို့သို့ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းတို့အား အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်မှု အကြိမ် ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ထိရောက်စွာအရေးယူနိုင်ရေးနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Zawgyi Version:
ရခိုင္ႏွင့္ မေလး သို႔ ပို႔မည့္ မူးယစ္ေဆးဝါး ေငြက်ပ္ ၂၅၇ ဒသမ ၁ဝ၅ ဘီလီယံ တန္ဖိုးရွိ မူးယစ္ေဆးမ်ားႏွင့္အတူ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕အား ဖမ္းမိ
ပီယ (NP News) - ဩဂုတ္ ၂၃
ရခိုင္ျပည္နယ္ ႏွင့္ မေလးရွားႏိုင္ငံသို႔ ပို႔မည့္ မူးယစ္ေဆးဝါး ေငြက်ပ္ ၂၅၇ ဒသမ ၁ဝ၅ ဘီလီယံ တန္ဖိုးရွိ မူးယစ္ေဆးမ်ားႏွင့္အတူ မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕အား ဖမ္းမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ထံက သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဩဂုတ္ ၅ ရက္ နံနက္ ၆ နာရီခြဲတြင္ သတင္းအရ ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္(၄)လမ္းမႀကီးႏွင့္ ငါးကန္လမ္းေထာင့္တြင္ ေအာင္လင္း ေမာင္းႏွင္လာသည့္ CANTER BOX ယာဥ္ ႏွင့္ ေသာင္းထြန္း ေမာင္းႏွင္လာသည့္ SUBARU STELLA ယာဥ္တို႔ကို ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ရာ ၎တို႔သယ္ေဆာင္လာသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား သိန္း ၄ဝ အား ဖမ္းဆီးရမိခဲ့ၿပီး အဆိုပါစိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို တာဝန္ခံသယ္ေဆာင္ခိုင္းသူ ထြန္းသိန္းအား ယင္းေန႔ည ၇ နာရီ ၃ဝ မိနစ္ တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္ (၄) ရပ္ကြက္ရွိ ဂိုေဒါင္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၇၈ သိန္း၊ TOYOTA RUSH ယာဥ္တစ္စီးတို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့သျဖင့္ စုစုေပါင္း စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၁၈ သိန္း (၎ေဒသ တန္ဖိုးေငြက်ပ္ ၂၁ ဒသမ ၈ ဘီလီယံ) အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ညပိုင္း ၉ နာရီခြဲတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူမ်ား ျဖစ္သည့္ ေမာင္သိန္းေခ်ႏွင့္ ေက်ာ္စြာဝင္း (ေမွာ္ဘီ) တို႔အား ေမွာ္ဘီၿမိဳ႕နယ္ ေႏွာကုန္းေက်း႐ြာရွိ ေနအိမ္၌ စိတ္ႂကြ႐ူးသြပ္ ေဆးျပားမ်ား သယ္ေဆာင္ရာတြင္ အသုံးျပဳခဲ့သည့္ PORTER II ေမာ္ေတာ္ယာဥ္၊ ISUZU MAX ေမာ္ေတာ္ယာဥ္ တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဩဂုတ္ ၁၀ ရက္ ညေန ၅ နာရီခြဲတြင္ စိတ္ေျပာင္းေဆးဝါးမ်ားအား မေလးရွား ေရပိုင္နက္ႏွင့္ ရခိုင္ျပည္နယ္တို႔သို႔ တာဝန္ခံသယ္ေဆာင္ေပးသူ ေက်ာ္စြာဝင္း (ကြမ္းၿခံကုန္း) ႏွင့္ ပူးေပါင္းပါဝင္သူ စိုးပိုင္ဝင္းတို႔ကို ထားဝယ္ၿမိဳ႕တြင္ TOYOTA SUCCEED ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဩဂုတ္ ၁၁ ရက္ နံနက္ ၂ နာရီ ၃ဝ မိနစ္တြင္ စိတ္ေျပာင္းေဆးဝါးမ်ား သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူ ညီညီစိုးခန႔္ကို ကြမ္းၿခံကုန္းၿမိဳ႕နယ္ ဝက္ကိုက္ေက်း႐ြာအုပ္စု ေအာင္ေဇယ် ေက်း႐ြာရွိ ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ၎၏ေဖာ္ထုတ္ခ်က္အရ ကြမ္းၿခံကုန္းၿမိဳ႕နယ္ ေအာင္ေဇယ်ေက်း႐ြာရွိ ပုစြန္ကန္အနီးတြင္ မေလးရွားေရပိုင္နက္သို႔ ပို႔ေဆာင္ရန္အတြက္ ေက်ာ္စြာဝင္း (ကြမ္းၿခံကုန္း) မွ သိုဝွက္ထားရွိ သည့္ စိတ္ေျပာင္းေဆးဝါး ကက္တမင္း ၁၈၉၉ ကီလို (၎ေဒသတန္ဖိုး ေငြက်ပ္ ၉၄ ဒသမ ၉၅ ဘီလီယံ) ထပ္မံ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဩဂုတ္ ၁၃ ရက္တြင္ ေက်ာ္စြာဝင္း (ကြမ္းၿခံကုန္း) မွ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ရာတြင္ အသုံးျပဳရန္ စီစဥ္ထားသည့္ “ေအာင္စိုးလင္း” အမည္ပါ စက္ေလွအား ထိန္းသိမ္းထားသူ ေက်ာ္စိုးခိုင္ႏွင့္အတူ ၿမိတ္ၿမိဳ႕ ၿမိတ္ၿမိဳ႕ ေတာင္ေက်း႐ြာ နန္းသူဇာတံတားအနီးတြင္ လည္းေကာင္း၊ ကံေကာင္း (ဖမ္းဆီးရန္က်န္) မွ ဝယ္ယူေပးထားသည့္ “ေငြကသစ္” ႏွင့္ “ဆုျမတ္ႏိုင္” အမည္ပါ စက္ေလွႏွစ္စင္းႏွင့္ ငါးဖမ္းစက္ေလွ တစ္စင္းတို႔အား ေဒးဒရဲၿမိဳ႕ နိဗၺာန္ကြင္းရပ္ကြက္ တိုးျမစ္ကမ္းေဘးရွိ လြန္းက်င္း၌လည္းေကာင္း၊ “ေအာင္ျမတ္ပိုင္” အမည္ပါ စက္ေလွႏွင့္ ပဲ့ေထာင္စက္ေလွ တစ္စင္းတို႔အား ကြမ္းၿခံကုန္းၿမိဳ႕နယ္ လက္ခုပ္ကုန္းေက်း႐ြာ၌ လည္းေကာင္း အသီးသီး သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ဩဂုတ္ ၁၄ ရက္ နံနက္ ၈ နာရီခြဲတြင္ ေက်ာ္စြာဝင္း (ကြမ္းၿခံကုန္း)၏ ေဖာ္ထုတ္ခ်က္အရ မေလးရွားေရပိုင္နက္သို႔ သယ္ေဆာင္မည့္ အိုက္စ္ (မက္သ္အဖက္တမင္း) မ်ားအား ကြမ္းၿခံကုန္းၿမိဳ႕နယ္ ေအာင္ေဇယ်ေက်း႐ြာ၊ လက္ခုပ္ကုန္းေက်း႐ြာႏွင့္ လက္ခုပ္ကုန္း-ဆယ္အိမ္ကုန္း႐ြာ သြားလမ္းတို႔တြင္ ေနရာသုံးခုခြဲ၍ ေျမျမႇဳပ္သိုဝွက္ထား ေၾကာင္း သိရွိရသျဖင့္ ၎ႏွင့္အတူ ေျမျမႇဳပ္သိုဝွက္ထားရာတြင္ ပူးေပါင္းပါဝင္ခဲ့သည့္ ကြမ္းၿခံကုန္းၿမိဳ႕နယ္ ဝက္ကိုက္ေက်း႐ြာေန ေအာင္ေက်ာ္ (ခ) ေအာင္ေက်ာ္စိုး၊ ရာေက်ာ္ (ခ) ကိုရႈိင္းႏွင့္ ေက်ာ္စိန္ေအာင္ (ခ) ေက်ာ္ႀကီးတို႔အား ဆက္လက္ ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔လိုက္လံျပသသည့္ေနရာမ်ားမွ အိုက္စ္ (မက္သ္အဖက္ တမင္း) ၅၆၁၄ ဒသမ ၂ ကီလို (၎ေဒသတန္ဖိုး ေငြက်ပ္ ၁၄၀ ဒသမ ၃၅၅ ဘီလီယံ) ကို ထပ္မံသိမ္းဆည္းရမိခဲ့ၿပီး ကြင္းဆက္အရ ဩဂုတ္ ၁၅ ရက္ ည ၁၁ နာရီခြဲတြင္ မေလးရွားေရပိုင္ နက္သို႔တင္ပို႔မည့္ အိုက္စ္ (မက္သ္အဖက္တမင္း)မ်ားကို ေက်ာ္စြာဝင္း (ကြမ္းၿခံကုန္း)ထံ အပ္ႏွံထားခဲ့သူ မင္းခ်စ္ေအာင္အား ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္ ၁၈ ရပ္ကြက္ရွိ ေနအိမ္တြင္ ဖမ္းဆီးရမိ ခဲ့ေၾကာင္း သိရသည္။
စစ္ေဆး ေဖာ္ထုတ္ခ်က္မ်ားအရ ဖမ္းဆီးရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ စိတ္ေျပာင္းေဆးဝါး ကက္တမင္း တို႔အား ရန္ကုန္တြင္ သိုေလွာင္ေစၿပီး ရခိုင္ျပည္နယ္ႏွင့္ ျပည္ပသို႔ သယ္ေဆာင္ ေရာင္းဝယ္ရာတြင္ အဓိက စီမံခန႔္ခြဲသူမွာ ေက်းသီးၿမိဳ႕နယ္ ဝမ္ဟိုင္းေက်း႐ြာေန စိုင္းစု (ဖမ္းဆီးရန္က်န္) ျဖစ္ၿပီး ၎၏အစီအမံျဖင့္ လွေသာင္း (ဖမ္းဆီးရန္က်န္) ႏွင့္ စိုင္းရီ (ဖမ္းဆီးရန္က်န္)တို႔က စိတ္ႂကြ ႐ူးသြပ္ေဆးျပားမ်ားအား ရန္ကုန္ ၿမိဳ႕တြင္ ေခတၱသိုေလွာင္ၿပီး ရခိုင္ ျပည္နယ္မွတစ္ဆင့္ ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္သို႔ သယ္ေဆာင္ရန္ တာဝန္ခံ ေဆာင္႐ြက္သူမွာ ထြန္းသိန္းျဖစ္ေၾကာင္း၊ ရန္ကုန္မွ ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕သို႔ တာဝန္ခံသယ္ေဆာင္သူမွာ ဝင္းေဇာ္သိန္း (ဖမ္းဆီးရန္က်န္) ျဖစ္ၿပီး ရခိုင္ျပည္နယ္မွ ဘဂၤလားေဒ့ရွ္နယ္စပ္သို႔ သယ္ေဆာင္သူမွာ ဝင္းခိုင္ (ဖမ္းဆီးရန္က်န္) ျဖစ္ေၾကာင္း သိရွိရၿပီး ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕ရွိ ဝင္းခိုင္ထံသို႔ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ေရာက္ရွိပါက AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ ၎တို႔အဆင့္ ဗိုလ္မႉးအဆင့္ရွိ ကိုေရး (အေကာက္ခြန္မႉး) (ဖမ္းဆီးရန္က်န္) ထံ ရခိုင္ျပည္နယ္သို႔ ျဖတ္သန္းခအျဖစ္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၀၀၀၀ လွ်င္ ေငြက်ပ္ သုံးသိန္းႏႈန္းျဖင့္ အခြန္ေပးေဆာင္ ရသည္ဟု သိရွိရေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ မေလးရွားေရပိုင္နက္သို႔ ပင္လယ္ေရေၾကာင္းျဖင့္တင္ပို႔မည့္ သိမ္းဆည္းရမိ အိုက္စ္ (မက္သ္အဖက္တမင္း) မ်ားအား ပို႔ေဆာင္ခိုင္းသူမွာ လားရႈိးၿမိဳ႕ေန ကံေကာင္း (ဖမ္းဆီးရန္က်န္)ျဖစ္ၿပီး ၎၏ ေစခိုင္းခ်က္အရ မင္းခ်စ္ေအာင္မွ ေက်ာ္စြာဝင္း(ကြမ္းၿခံကုန္း)ထံ သိမ္းဆည္းရမိ အိုက္စ္ (မက္သ္အဖက္တမင္း) မ်ားကို သုံးႀကိမ္ခြဲ၍ အပ္ႏွံခဲ့ေၾကာင္း၊ ထို႔အျပင္ ေက်ာ္စြာဝင္း(ကြမ္းၿခံကုန္း)သည္ ၾကည္ျဖဴ (ခ) ေက်ာ္ဝင္းေဌး၏ အစီအမံျဖင့္ မေလးရွားေရပိုင္နက္ သို႔ မူးယစ္ေဆးဝါးမ်ားအား ကံေကာင္း (ဖမ္းဆီးရန္က်န္) ဝယ္ယူေပးထားသည့္ စက္ေလွမ်ားျဖင့္ ပဲ့နင္းခ်စ္ကို(ဖမ္းဆီးရန္က်န္)ႏွင့္ ကိုလတ္(ဖမ္းဆီးရန္က်န္) တို႔က ရန္ကုန္မွ ပင္လယ္ဝသို႔ သုံးႀကိမ္၊ ေကာ့ေသာင္းမွ မလကၠာေရလက္ၾကားသို႔ ေလးႀကိမ္ပို႔ေဆာင္ခဲ့ေၾကာင္း၊ ၾကည္ျဖဴ (ခ) ေက်ာ္ဝင္းေဌးမွာ လည္း ေကာ့ေသာင္းၿမိဳ႕တြင္ အိုက္စ္ (မက္သ္အဖက္တမင္း) ၁ ဒသမ ၂၉ တန္၊ ကက္တမင္း ၁ ဒသမ ၈၇ တန္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၆ သိန္း ဖမ္းဆီးရမိမႈတို႔ျဖင့္ ၂၀၂၅ ခုႏွစ္ ဇူလိုင္ ၂၉ ရက္တြင္ ေထာင္ဒဏ္တစ္သက္ ျပစ္ဒဏ္ခ်မွတ္ခံထားရသူျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္တြင္ ဖမ္းဆီးရမိတရားခံ ၁၃ ဦး၊ ဖမ္းဆီးရန္က်န္တရားခံ ကိုးဦးတို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစ ေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈ က်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္ လ်က္ရွိေၾကာင္းႏွင့္ ယင္းမူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕သည္ စိတ္ေျပာင္းေဆးဝါးမ်ားကိုရွမ္းျပည္နယ္မွ ရခိုင္ျပည္နယ္ ႏွင့္ မေလးရွားေရပိုင္နက္တို႔သို႔ ကုန္းလမ္းႏွင့္ ပင္လယ္ေရေၾကာင္းတို႔အား အသုံးျပဳ၍ သယ္ေဆာင္ေရာင္းဝယ္မႈ အႀကိမ္ ႀကိမ္က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ထုတ္ရရွိသျဖင့္ ထိေရာက္စြာအေရးယူႏိုင္ေရးႏွင့္ ၎တို႔ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ထပ္မံအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။