မုံရွာ-စစ်ကိုင်းလမ်းတွင် အရပ်သား ကားကို PDF က လက်နက်ငယ်များဖြင့် ပစ်သောကြောင့် ယာဉ်မောင်း သေဆုံးပြီး ခရီးသည်တစ်ဦး ဒဏ်ရာရ

 443

ပီယ (NP News) - ဩဂုတ် ၂၃
မုံရွာ-စစ်ကိုင်းလမ်းတွင် အရပ်သား ကားကို PDF က လက်နက်ငယ်များဖြင့် ပစ်သောကြောင့် ယာဉ်မောင်း သေဆုံးပြီး ခရီးသည်တစ်ဦး ဒဏ်ရာရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၂ ရက်က ဖြစ်စဉ်မှာ မုံရွာမြို့မှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာသော ယာဉ်မောင်း ဦးသန်းဌေးလင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ဦးမြတ်စိုးသူနှင့် ခရီးသွားပြည်သူ အမျိုး သား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးစီးနင်းလိုက်ပါသည့် ရွှေမြန်မာယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်ကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြားသို့အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကို သိရသဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ၏ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးသန်းဌေးလင်းတွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများရရှိကာ မော်တော်ယာဉ်ပေါ်တွင် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရပြီး ခရီးသွားပြည်သူအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိလျက်ရှိကြောင်း တွေ့ရှိရသဖြင့် အဆိုပါဒဏ်ရာရရှိသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော် ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
မုံ႐ြာ-စစ္ကိုင္းလမ္းတြင္ အရပ္သား ကားကို PDF က လက္နက္ငယ္မ်ားျဖင့္ ပစ္ေသာေၾကာင့္ ယာဥ္ေမာင္း ေသဆုံးၿပီး ခရီးသည္တစ္ဦး ဒဏ္ရာရ
ပီယ (NP News) - ဩဂုတ္ ၂၃
မုံ႐ြာ-စစ္ကိုင္းလမ္းတြင္ အရပ္သား ကားကို PDF က လက္နက္ငယ္မ်ားျဖင့္ ပစ္ေသာေၾကာင့္ ယာဥ္ေမာင္း ေသဆုံးၿပီး ခရီးသည္တစ္ဦး ဒဏ္ရာရသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ သိရသည္။
ျဖစ္စဥ္မွာ ဩဂုတ္လ ၂၂ ရက္က ျဖစ္စဥ္မွာ မုံ႐ြာၿမိဳ႕မွ မႏၲေလးၿမိဳ႕ဘက္သို႔ ထြက္ခြာလာေသာ ယာဥ္ေမာင္း ဦးသန္းေဌးလင္း ေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ျဖစ္သူ ဦးျမတ္စိုးသူႏွင့္ ခရီးသြားျပည္သူ အမ်ိဳး သား ၂ ဦး၊ အမ်ိဳးသမီး ၂ ဦး၊ စုစုေပါင္း ၆ ဦးစီးနင္းလိုက္ပါသည့္ ေ႐ႊျမန္မာယာဥ္လိုင္းမွ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ကို ယေန႔နံနက္ ၉ နာရီ ၃ဝ မိနစ္ခန႔္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕နယ္၊ နတ္ေရကန္ေက်း႐ြာႏွင့္ ေဂြးပင္ေတာေက်း႐ြာအၾကားသို႔အေရာက္၌ PDF အမည္ခံအၾကမ္းဖက္သမားမ်ားက လက္နက္ငယ္မ်ားျဖင့္ အေၾကာင္းမဲ့ ဝိုင္းဝန္းပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ကို သိရသျဖင့္ ျဖစ္စဥ္ျဖစ္ပြားရာေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္ခဲ့ရာ PDF အမည္ခံအၾကမ္းဖက္သမားမ်ား၏ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္ခဲ့မႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ ဦးသန္းေဌးလင္းတြင္ လက္နက္ငယ္က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိကာ ေမာ္ေတာ္ယာဥ္ေပၚတြင္ ေသဆုံးလ်က္ရွိသည္ကို ေတြ႕ရွိရၿပီး ခရီးသြားျပည္သူအမ်ိဳးသား ၁ ဦး ထိခိုက္ဒဏ္ရာရရွိလ်က္ရွိေၾကာင္း ေတြ႕ရွိရသျဖင့္ အဆိုပါဒဏ္ရာရရွိသူအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေခ်ာင္းဦးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈ ခံယူေစလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ အျပစ္မဲ့အရပ္သားျပည္သူမ်ား စီးနင္းလိုက္ပါလာသည့္ ခရီးသြားေမာ္ေတာ္ ယာဥ္အား ဆင္ျခင္တုံတရားမဲ့စြာ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားအား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.